အော်.... ဘဝ ဘဝ
Posted on 30.10.2009 by
phoaung008
ရန်ကုန်ဘူတာကြီးကို နေ့လည်နှစ်နာရီကြီး ကျွန်တော်ရောက်တော့ ပိုက်ဆံကလည်း သိပ်မကျန်တော့ဘူးလေ။ ဒီတော့ တက်စီမပြောနဲ့ ဆိုက်ကားတောင်စီးဘို့်စိတ်ကူးမရှိပါဘူး။ ကိုယ်သွားရမဲ့နေရာကလဲ လမ်း၄၀ စာတိုက်ကြီးဘေးဆိုတော့ မဝေးလှပါဘူး။
ဒါနဲ့ ကိုယ်ခရီးဆောင်အိတ်ကြီးကို တနင့်တပိုး ထမ်းပြီး လာခဲ့တာပေါ့။ နေပူကျဲကျဲ ချွေး၈ွှဲ၈ွဲးမှာ ဘဝကိုလဲ ညည်းချက်ထုတ်မိသေးတယ်။ ကျွန်တော်ဘေးကလူတွေကိုလည်းကြည့်ပါအုံး တိုက်တွေကားတွေ ဟန်းဖုန်းတွေနဲ့ အဆင်ကို သိပ်ပြေနေကြလို့ပေါ့။ ငါ့မှာတော..........။ ဒီလိုနဲ့ပဲ ဆက်ေ၈ှာက်သွားခဲ့ပါတယ်။ နောက်တော့ ကောင်မကလေးနဲ့ အမကြီးတစ်ယောက် တူအရီးထင်ပါတယ် ။ ကောင်မကလေးက သေးသေးညှပ်ညှပ်ပေါ့ ဟော့ေ၈ှာနဲ့ ထုပ်ထားတဲစတိုလ်ကိုတောင် အားနာရလောက်အောင် ကျွန်တော်ခရီးဆောင်အိပ်ထက်ကြီးတဲ့ အိတ်ကြီးကို တူအရီးနှစ်ယောက် ဝေစုခွဲးပြီး မနိုင်မနင်း မနေကြပုံပါပဲ။ ကျွန်တော်ထက်တောင် သနားဘို့ကောင်းတယ်။
ချွေးသံ၈ွဲး၈ွဲးနဲ့ ကျွန်တော်လဲ မောဘို့တောင် မေ့နေပြီး စည်ကားတဲ့လူတွေရဲ့ အလည်မှာ စိတ်မထိမ်းနိုင်ပဲ ရယ်မိခဲ့သေးတယ်။ ဒါဟာလဲ ဘဝပဲပေါ့နော်။
နောက်ဆက်လျှောက်လာရင်း လမ်းမှာ ၃၈ လမ်းနာမရောက်ခင်ပေါ့ ။ မသန်မစွမ်း ကောင်းကောင်းလမ်းမလျှောက်နိုင်ပဲ ပလက်ဖေါင်းပေါ်မှာ ခွက်ကလေးကိုချပြီး တောင်းနေတဲ့လူကို တွေ့တယ်။ အော် ဘဝ ဘဝ သူဒုက္ခကလဲ မသေးပါလားနော်။ သူကုသိုလ်ကလဲ တော်တော်ဆိုးတယ်နော်။ သူခများ အထုပ်အပိုးထမ်းဘို့မပြောနဲ့ ကိုယ်ဘဘဝ ကိုယ့်ခန်ဓာကို ကေင်းကောင်းမသယ်နိုင်ပဲ လူတွေရှပ်တဲ့ မြို့လည်ခေါင်မှာ ဝမ်းရေးအတွက် ပင်ပင်ပန်းပန်း အောက်ကျနောက်ကျ နေရရှာရရှာတယ်နော်။ တော်တော်သနားစရာကောင်းတာပဲ ဒါဟာ မကောင်းမှု အကုသိုလ်ကြောင့်ပဲနေမှာ။ သြော်... အကုသိုလ် အကုသိုလ် နည်းရင်လဲမကောင်း များရင်လဲ ကြောက်စရာကောင်းလှပါလားနော်။