ကျပျောက်လို ပြန်ကောက်တွေ့ ရတဲ့ အခါ

Posted on 28.1.2010 by nyeinmahaw08

    တခါ က  ကျပျောက်ဖူးတယ် သိုးမွေးထိုး အပ်လေးတစ်ချောင်း 

အရမ်းကို စိတ်ညစ်မိတယ်  ကျပျောက်မှန်းလဲ သိတယ်ဘယ်နားမှာကျမှန်းလဲမသိတာမျိုးပေါ့  ................

ပြန်ဝယ်လို့ လဲ ရတယ် ဆိုတဲ့ အသိလေးရှိပေမယ့် ဒီအပ်လေးကိုမှ လို ချင်တာမျိုးပေါ့

ခံဖူးမှာပါ  ............. ကျပျောက်တာကို မှ ပြန်လိုချင်တဲ့ ဆန္ဒ မျိုး က လူကို တခါတရံနှိပ်စက်တတ်တယ်နော်....................... အဲဒီကျပျောက်သွားတဲ့  အပ်လေးကို လိုချင်စိတ်နဲ့ ပြန်ရှာ မိတဲ့   ကိုယ်စိတ်ကို လဲ ရီချင်တယ် ......  

      ဒါပေမယ့်ထူးဆန်း တာ  က မျှော်လင့်စိတ်နဲ့ ပြန်ရှာ ကြည့်မိတဲ့ အခါ ထူးထူးဆန်းဆန်းပြန်ရှာတွေ့ မိတဲ့  အခါ ပျော်တဲ့ အပျော်မျိုး က ရင်ကိုတမျိုး လူပ်ခတ်စေတယ်....................။   တကယ်တော့တန်ဖိုးလဲမရှိပါဘူး .... 

   ပြန်လဲဝယ်နိုင်တယ် ဒါပေမယ့်လူစိတ်အစွဲ လမ်း နဲ့  ခံစားမူဆိုတာ က တမျိုးလေ

မရနိုင်ဘူးဆိုတာမျိုး မှ  မဖြစ်နိုင်တော့ဘူး ဆိုတာမျိုးမှ  ပျောက်သွားပြီး ပျက်သွား ပြီ  ဆိုတာမျိုး ဆို မှ ပိုလိုချင်တာ ပိုတန်ဖိုး ထားလာတာ မျိုးလား ။  

             တခါလေသိပ်ကိုမုန်းတီးနေပါတယ်တဲ့ လူ သေဆုံးတဲ့ သတင်းကို ကြားမှ ခွင့်လွတ်ချင်တတ်သေးတဲ့ လူတွေ ပါပဲ နော်.................. ။ 

 ထူးဆန်းတဲ့ လူစိတ်က လူတွေ ပဲနားလည်နိုင်မယ်ထင်ပါတယ် တခါတရံ ခံစားချက်

က မဖြစ်နိုင် ပါဘူးဆိုမှ  အတင်း လုပ်ကြည့်မယ် ကြံသေးတာလေ။ မရဘူးဆို ပိုလိုချင်တာမျိုး ခက်ခဲ တာကို မှတန်ဖိုးထားသလို တန်ဖိုးကြီးမှ ပဲ တန်ဖိုး ရှိသလိုမျိုးတွေးတတ်သေးတာမျိုး။ တခါတလေကျ တော့ ဘာမှတန်ဖိုး မရှိတာလေးက ကိုယ်တွက်တန်ဖိုးရှိသွားတာမျိုး ကလဲရှိသေးတယ် ......  ။   ကျွန်မ ကျောင်းသူ ဘ၀က  ကျောင်းသားတစ်ယောက်က ဘတ်စ်ကား  စီး  တဲ့ အခါ သူ့ ဖိနပ်တဖတ်တွက်နဲ့ ကားပေါ်က ခုန်ချခဲ့ လို့ သေဆုံးခဲ့ ရတယ် ။   ဘယ်လောက်ထိ လူ့   စိတ်တွေ ရဲ့   ဆန်းကျယ်မူ ဟာာာ  တခါတရံ ဘာမှမဟုတ်တာနဲ့ လဲ မိမိအသက်နဲ့ လဲမိသလိုမျိုး ကလဲ ရှိတတ်သေးပါတယ်။

 

         ကျပျောက်လို့ ပြန်ကောက်တွေ့ ရတဲ့ ခံစားမူ တွေ ကို ခံစားရတိုင်း ကျွန်မ တွက်ခံစားမူအစစ်မှန်တွေ ပေးနေသလိုပဲ ။                                      အရာရာ က အဲဒီအချိန်အတွင်းမှာကိုယ်ရင်ထဲက အမှန်တရားကိုလင်းခနဲ့ လက်ခနဲ ခံစားမူကိုမိမိရရဆုပ်ကိုင်မိလိုက်သလိုမျိုး သင်ကြုံတွေ့ ဖူးပါသလား၊၊?

      ကျွန်မကတော့ ကျပျောက်လို့ ပြန်ကောက်တွေ့ ရတဲ့ အခါတိုင်း  ခံစားရတဲ့ ခံစားမူ ကို အမှတ်ရလျှက်....................။

Discussion

on 1.1.0001 says:
seagull17 on 14.2.2010 says:

မမရေမတွေ.တာကြာပြီနော်.။။

ဟုတ်တယ်မမ.။။လူတိုင်းလူတိုင်းကိုယ်တန်ဖိုးထားတဲ.အရာပျောက်ဆုံးသွားလို.ပြန်၇ှာတွေ.ရင်

စစ်မှန်တဲ.ခံစားမှုခံစားရမှာအမှန်ပါပဲ။။။ညီမလေးကတော.်ပစ္စည်းတခု ခုပျောက်သွားတာထက်စာရင်

မိမိတန်ဖိုးထားတဲ.အရာတခုပျောက်သွားမှာကိုပိုစိုးရိမ်မိတယ်.။တန်ဖိုးထားတဲ.ပစ္စည်းဆိုတာငွေနဲတန်ဖိုး

ကြီးကြီးပေးဝယ်မှတန်ဖိုးတားရတာလို.မဆိုလိုချင်ဘူး။ ဥစ္စာပစ္စည်းဆိုတာပျောက်သွားရင်ပြန်အစားထိုး

ဝယ်သုံးနိင်ပေမယ်.အစားထိုးလို.မရတာခံစားမှူပဲ.။။တခါတလေမှာ မိမိတန်ဖိုးထားတဲ.အရာကိုဘယ်လောက်ပဲထိန်းသိမ်းထားပေးမယ်.တခါတရံမမျော်လင်.တဲ.အခြေအနေ

မှာပျောက်ဆုံးသွားတတ်တယ်။။ ခံစားမှူပျောက်ဆုံးသွားရင်ဘာနဲ.မှပေးဝယ်လို.မရနိင်ပါဘူး.။။။

ပျောက်ဆုံးနေချိန်မှာ

လဲဘယ်အရာနဲ.မှအစားထို.ကြည်.လို.ရနိင်မှာမဟုတ်ဘူး။ ပျောက်သွားလို.ပြန်၇ှာတွေ.ရင်လဲ နဂိုမူလတိုင်း ပြန် တန်ဖိုးထား မိလိမ်.မှာပဲ..။

ညီမလေးအတွက်ကတော.ကိုယ်ကိုတိုင်တန်ဖိုးထားရတဲ.ခံစားမှု.မျော်လင်.ချက်. ယုံကြည်ချက်တွေ

ပျောက်ဆုံးသွားမှာကိုပဲ အကြောက်ဆုံးပဲ။။။  ဒါကြောင်.အတတ်နိင်ဆုံး ကိုယ်တန်ဖိုးထားရတဲ.အရာတွေကို ပိုင်ပိုင်နိင်နိင် ထိန်းသိမ်းသင်.တယ်။။

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← မာန    Return to blog   Real love →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.