ကျပျောက်လို ပြန်ကောက်တွေ့ ရတဲ့ အခါ
Išsiųsta 2010-01-28 iki
nyeinmahaw08
တခါ က ကျပျောက်ဖူးတယ် သိုးမွေးထိုး အပ်လေးတစ်ချောင်း
အရမ်းကို စိတ်ညစ်မိတယ် ကျပျောက်မှန်းလဲ သိတယ်ဘယ်နားမှာကျမှန်းလဲမသိတာမျိုးပေါ့  ................
ပြန်ဝယ်လို့ လဲ ရတယ် ဆိုတဲ့ အသိလေးရှိပေမယ့် ဒီအပ်လေးကိုမှ လို ချင်တာမျိုးပေါ့
ခံဖူးမှာပါ ............. ကျပျောက်တာကို မှ ပြန်လိုချင်တဲ့ ဆန္ဒ မျိုး က လူကို တခါတရံနှိပ်စက်တတ်တယ်နော်....................... အဲဒီကျပျောက်သွားတဲ့  အပ်လေးကို လိုချင်စိတ်နဲ့ ပြန်ရှာ မိတဲ့  ကိုယ်စိတ်ကို လဲ ရီချင်တယ် ......
ဒါပေမယ့်ထူးဆန်း တာ က မျှော်လင့်စိတ်နဲ့ ပြန်ရှာ ကြည့်မိတဲ့ အခါ ထူးထူးဆန်းဆန်းပြန်ရှာတွေ့ မိတဲ့  အခါ ပျော်တဲ့ အပျော်မျိုး က ရင်ကိုတမျိုး လူပ်ခတ်စေတယ်....................။ တကယ်တော့တန်ဖိုးလဲမရှိပါဘူး ....
ပြန်လဲဝယ်နိုင်တယ် ဒါပေမယ့်လူစိတ်အစွဲ လမ်း နဲ့  ခံစားမူဆိုတာ က တမျိုးလေ
မရနိုင်ဘူးဆိုတာမျိုး မှ မဖြစ်နိုင်တော့ဘူး ဆိုတာမျိုးမှ ပျောက်သွားပြီး ပျက်သွား ပြီ ဆိုတာမျိုး ဆို မှ ပိုလိုချင်တာ ပိုတန်ဖိုး ထားလာတာ မျိုးလား ။
တခါလေသိပ်ကိုမုန်းတီးနေပါတယ်တဲ့ လူ သေဆုံးတဲ့ သတင်းကို ကြားမှ ခွင့်လွတ်ချင်တတ်သေးတဲ့ လူတွေ ပါပဲ နော်.................. ။
ထူးဆန်းတဲ့ လူစိတ်က လူတွေ ပဲနားလည်နိုင်မယ်ထင်ပါတယ် တခါတရံ ခံစားချက်
က မဖြစ်နိုင် ပါဘူးဆိုမှ အတင်း လုပ်ကြည့်မယ် ကြံသေးတာလေ။ မရဘူးဆို ပိုလိုချင်တာမျိုး ခက်ခဲ တာကို မှတန်ဖိုးထားသလို တန်ဖိုးကြီးမှ ပဲ တန်ဖိုး ရှိသလိုမျိုးတွေးတတ်သေးတာမျိုး။ တခါတလေကျ တော့ ဘာမှတန်ဖိုး မရှိတာလေးက ကိုယ်တွက်တန်ဖိုးရှိသွားတာမျိုး ကလဲရှိသေးတယ် ...... ။ ကျွန်မ ကျောင်းသူ ဘ၀က ကျောင်းသားတစ်ယောက်က ဘတ်စ်ကား စီး တဲ့ အခါ သူ့ ဖိနပ်တဖတ်တွက်နဲ့ ကားပေါ်က ခုန်ချခဲ့ လို့ သေဆုံးခဲ့ ရတယ် ။ ဘယ်လောက်ထိ လူ့  စိတ်တွေ ရဲ့  ဆန်းကျယ်မူ ဟာာာ တခါတရံ ဘာမှမဟုတ်တာနဲ့ လဲ မိမိအသက်နဲ့ လဲမိသလိုမျိုး ကလဲ ရှိတတ်သေးပါတယ်။
ကျပျောက်လို့ ပြန်ကောက်တွေ့ ရတဲ့ ခံစားမူ တွေ ကို ခံစားရတိုင်း ကျွန်မ တွက်ခံစားမူအစစ်မှန်တွေ ပေးနေသလိုပဲ ။ အရာရာ က အဲဒီအချိန်အတွင်းမှာကိုယ်ရင်ထဲက အမှန်တရားကိုလင်းခနဲ့ လက်ခနဲ ခံစားမူကိုမိမိရရဆုပ်ကိုင်မိလိုက်သလိုမျိုး သင်ကြုံတွေ့ ဖူးပါသလား၊၊?
ကျွန်မကတော့ ကျပျောက်လို့ ပြန်ကောက်တွေ့ ရတဲ့ အခါတိုင်း ခံစားရတဲ့ ခံစားမူ ကို အမှတ်ရလျှက်....................။