မျှော်လင့်ခြင်းမျာစွာနဲ့ 
Posted on 20.11.2009 by
nyeinmahaw08
'' မျှော်လင့်ခြင်းဆိုသည်မှာ လမ်းလျှောက်နေသည့် အိမ်မက်ဖြစ်သည်''
( အရစ္စတိုတယ်)
ကျွန်မ အဲဒီအဆိုကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ ပါတယ်။ မကြိုက်ဘူး (သူနဲ့ မတွေ့ ခင်အချိန်အထိ)။ ကျွန်မ ဟာ မျှော်လင့်ချက်တွေ ကို ခပ်ပြုံးပြုံး နှစ်သက်စွာ စားသုံးနေတဲ့ သူ ။ မျှော်လင်ချက် နဲ့ မှ အသက်ဆက်ချင်သူ။ ကျွန်မ တကိုယ်လုံး မျော်လင့်ချက်တွေနဲ့  တနင့်တပိုး ထုတ်ပိုးထားတာ။ မျှော်လင့်ချက်သာမရှိ ခဲ့ ရင်အသက်ရှင်ရတာ ဘာအဓိပ္ပယ်မှမရှိဘူးလို ကျွန်မ ထင်တယ်လေ ။
မနက်အိပ်ယာကထတိုင်းမျှော်လင့်ချက်တွေ ကို ရင်ဘတ်ထဲ ထည့်ပြီး တနေ့ တာကို ဖြတ်သန်းနေတာ အခုချိန်ထိပဲ.။
မျှော်လင့်ခြင်း ဟာာ ကျွန်မ ဘဝ
မျှော်လင့်ခြင်းဟာ အချစ်
မျှော်လင့်ခြင်းဟာ မျှော်လင့်ခြင်း
မျှော်လင့်ခြင်းဟာ ကစားပွဲ
မျှော်လင့်ခြင်းဟာ စိန်ခေါ်ပွဲ
မျှော်လင့်ခြင်းဟာ နောက်ဆုံးထွက်သက်ပေါ့။
ကျွန်မ မှာ မျှော်လင့်ခြင်း တွေ စက္ကန့် လိုက် ၊ မိနစ်လိုက်၊ နာရီအလိုက် ဒီဂရီ တက်ခဲ့ရတာ။ မှတ်မိပါသေးတယ်.......... ကျွန်မ ခပ်ငယ်ငယ်တုန်းကပေါ့ ကျွန်မ ဖေဖေ ကို စိတ်ကူး နဲ့ ပုံဖော် ပြီးလွမ်းတိုင်း ကျွန်မ အဖေကို တွေ့ ခွင့် ရမယ့် မျှော်လင့်ချက် ..........။
ကျွန်မ ရှစ်တန်း ကျောင်းသူ ........... သင်္ချာ ဟာ နဲ့ ကျွန်မ ဟာ
မဟာမိတ်ဖြစ်ခဲ့ ရတိုင်း ............ ကျက်စာ တွေ သမိုင်းနဲ့ ပထ၀ီတွေ ကို မမြင်ချင်ရောင်ဆောင်ခဲ့ လို့ (အမှတ်ကောင်းကောင်း နဲ့ အောင်တိုင်းဆုချတတ်တဲ့
အဘိုးကို သတိပြေးရတာနဲ့ ) ခေါင်းကို တဗျင်းဗျင်းကုတ်လိုက် စာတွေ ကို အော်ကျက်ခဲ့ ရတိုင်း ကျွန်မ စက်ဘီးတစင်း ကို ပုံဖော် ပြီးလိုချင်တိုင်း စက်င်္ဘီး စီးခွင့် ရမယ့် မျှော်လင့်ချက်.......................................။
အခုတော့လဲ မျှော်လင့်ချက် တခု ၀င်လာပြီကိုး။ နေ့ တိုင်းစားလဲ ဒီစိတ် အဲဒီစိတ်၊ အိပ်လဲအဲဒီစိတ်၊ နောက်ဆုံး အိမ်မက်ထဲတောင် အဖေရယ် ကျွန်မ ရယ် စာအတူတူ အော်ကျက် ခဲ့ တယ်တဲ့ .............။
ဒီလိုနဲ့ စာမေးပွဲလဲ ပြီးရော စက်ဘီး ပေါ် တက်ခွင့်နဲ့  ...........အဖေ က စက်ဘီးစီးသင် ပေး မယ် ဆို တဲ့ မျှော်လင့်ချက်..........။ (မရခင် က CRAZY)ဖြစ်ခဲ့ ၇ပေမယ့် ............................။
ဒါပေမယ့်  စက်ဘီးသော်လည်းကောင်း .......... အဖေ သော်လည်းကောင်း..
အဲဒီမျှော်လင့် ချက် ပြည့်စုံ ပြီးနောက်ပိုင်းမှာ........ တော့ ....။
သူနဲ့ တွေ့ လိုက်တိုင်း အရာရာ က သေးသေးလေးတွေတွေဖြစ်ဖြစ်နေတဲ့ အထိ မယုံနိုင်စရာတွေ အချစ်ကို စတွေ့ ရခဲ့ ရတဲ့ မျှော်လင့်ချက်.................. ။
သူ နဲ့ စတွေ့ တာ မဆန်းပေမယ့်လဲ ရိုးလဲမရိုးပါဘူး။ သူနဲ့ အနေနီးခဲ့ ရတာ ကျွန်မ တစ်ယောက်တည်းမဟုတ်လား(ကျွန်မ အထင်ပြောရတာပါ) ဒါပေမယ့်နီးလျက်နဲ့ ဝေးခဲ့ ရတာကိုတော့နောက်မှ သိလိုက်ရတယ်။
သူ ရဲ့  အသံ ၊ စိတ်မရှည်တတ်တဲ့  သူ ပုံစံ .......... ဒါတွေ ကျွ့န်မ ကို နှစ်သက်စေတဲ့ ကာရန် တခု.။ အတွယ်တာ နဲ့  အချစ်တွေ က ကျွန်မ တွက်မျော်လင့်ခြင်း ပါရမီဖြည့် ခွင့်ရမယ့် လို့ ထင်ခဲ့ တာ ( အဲဒါကျွန်မအမှား)
အဲဒီနေ့ က ကျွန်မ ဝေဒနာ ကို ဖုန်းထဲ ကနေ တစ်ဆင့် သူ့ ကို ပြောပြလိုက်တယ်
နား နဲ့ မနာ နှလုံး သားနဲ့ နာပါတော့လို့ ...........
ယုံပါ ကျွန်မ ရှင့်ကို ချစ်ခဲ့ တယ် ဒါပေမယ့် ...........
ဗြုန်းဆို ဖုန်းချသွားတဲ့  နောက် အရာရာ ပြီးဆုံး ခဲ့ ပြီ။
'' လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ '' တဲ့  ကဲ ။
အဲဒီနေ့ က စပြီး သူနဲ့ စကားမပြောဖြစ်တော့ဘူး ။ လုံးဝမပြောဖြစ်ခဲ့ ရင်ကောင်းမှာ ..............အခုတော့ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ..........
သူမ က ယဉ်ယဉ်ကျေးကျေး ပြောတာ ပါ ပဲ ဒါပေမယ့် ကျွန်မ နှလုံး သား နံရံတိုင်းမှား အဲဒီ အသံတွေ ပဲ့ တင် ထပ်ထပ်နဲ့  ရင်ခုန်သံတွေ ချော်လဲခဲ့ ရပြီ.။
တမြေ့ မြေ့  ဆွေးမြေ့  ပြီး ကျွန်မ မျော်လင်ချက် သွေးပျက်ခဲ့ ရပြီ..။
အဆိုးဝါးဆုံး ရိုက်ချက် တခု က '' လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ တဲ့  ''
နောက်ထပ်ဆက်ပြီး သူ ကိုဘာမှမပြောဖြစ်ခဲ့ တော့ပါဘူး .......။
သူနဲ့ လဲမတွေ့ တော့ပါဘူး .........။ ကျွန်မ နှလုံး သားကတော့ သူ့ ရင်ခွင့် ကို
မခိုလုံ နိုင်ခဲ့ ပေမယ့် သူ့ ကို တော့ ထာဝရ မျော်လင့်နေတုန်းပါပဲ။
'' မျော်လင်းခြင်းဆိုသည်မှာ လမ်းလျှောက်နေသည့် အိမ်မက်ဖြစ်သည်''
ကျွန်မ အဲဒီအဆို ကို ခါးခါးသီးသီး လက်ခံ လိုက်ပါပြီ။