ပြဇာတ်မဟုတ်တဲ့အိမ်မက်
Posted on 2.4.2010 by
mylove001
လေညှင်းတွေကြွေတဲ့ ညမှာ
အလွမ်းတွေလည်းဝေခဲ့ရတယ်။
Venus ရယ်ပြောပြလိုက်စမ်းပါကွယ်
ငါ့ရင်ထဲက အလွမ်းတွေကို။
ပြီးတော့မီးဖိနပ်စီးပြီးတော့ ကခဲ့ရတဲ့
ငါ့ရဲ့ ခါးသက်သက် တစ်ခန်းရပ်
အသည်းကွဲ ပြဇာတ်လမ်းတွေကို။
ကြယ်တွေ ပွင့်နေချိန်မှာတောင်
ငါ့ရင်ထဲက ကြွေနေသံတွေကို
ငါပြန်ကြားနေရတယ်။
ညမြို့ရိုးရဲ့ တစ်ဖက်ကျိုးကြားကနေ
တိုးထွက်လာတဲ့ ရောင်နီအပျို့ မှာ
ညမွှေးပန်းလေးက ငါ့ကိုလာပြီး
ခပ်တိုးတိုးလေး ပြောသွားတယ်
"မင်းအခု အိမ်မက်ခါးခါးတွေမက်နေတယ်"တဲ့
( လမင်းသစ်)