ကိုယ်တိုင်ရေးတဲ့ကိုယ်ေ၇းရာဇ၀င် RSS Available

"ခဏတာတွေ့၊ဘ၀တစ်ကွေ့မှာ ကြုံလာဆုံလာ၊မိတ်သဟာရေ မင်္ဂလာပါ....................။" လမင်းသစ်

(no title)

Posted on 1.1.0001 by

Read article   Add Comment

ရေထဲမှာသာတဲ့လ

Posted on 6.12.2010 by mylove001

လသာတဲ့ညတွေမှာဆို

ရေထဲမှာသာတဲ့လမင်းကိုတော့

မင်းလည်းတွေ့ဖူးမှာပေါ့...........။

 

ကောင်းကင်မှာသာတဲ့လနဲ့

ရေထဲမှာသာတဲ့လ

ဘယ်လကမင်းနဲ့ပိုနီးတယ်လို့ခံစားရလည်း။

 

ကောင်းကင်မှာသာတဲ့ လမင်းကတော့

မင်းဘယ်လိုပဲတွေးတွေး

ရေထဲကလမင်းလေးထက်တော့

မင်းနဲ့ပိုဝေးပါတယ်.........။

 

ဒါပေမယ့်ချစ်သူရယ်

မင်းနဲ့ဝေးချင်ဝေးပါစေ

ရေထဲကလမင်းလေးတော့ငါမဖြစ်ချင်ဘူး။

 

မင်းနဲ့ဝေးဝေးမှာနေရပေမယ့်

မင်းအတွက်အလင်းလေးပေးနိုင်တဲ့

ကောင်းကင်ကလမင်းလေးပဲငါဖြစ်ချင်ပါတယ်...........။

                                       (လမင်းသစ်)       

Read article   Add Comment

နိဒါန်းမရှိတဲ့စာကိုယ်

Posted on 29.11.2010 by mylove001

ဖျားလို့ရယ် နာမကျန်းကာမှ

ကြင်ဖော်ရယ် တစ်မြေစီဝေးနေတော့

ကိုယ်ကိုယ်တိုင်ခေါက်ဆွဲတောင် ထပြုပ်မစားနိုင်တဲ့

အခုလိုဒီအချိန်မျိုးမှာလေ ပိုပြီးတော့တမ်းတမိလိုက်တာ

ကိုယ့်ဘ၀ရဲ့ကြင်ဖော်လေးကိုလေ.............။

 

ကဲပါလေ ကိုယ့်ဘ၀နဲ့ကိုယ်ပေမို့

မနေ့ကကျန်နေတဲ့ ကိတ်မုန့်ခြောက်မာကျွတ်ကျွတ် လေးကို

မနက်ကတည်ထားတဲ့ ဒီရေနွေးအေးစက်စက်နဲ့ပဲ

ဆေးသောက်ဖို့ အစာခံအောင်လို့

ကိုယ့်အားကိုကိုယ်ကိုးပြီး

(မြန်မာလူမျိုးပီသအောင်)

ကိုယ်ထူးကိုယ်ထ ထပြီးတော့တီးရတော့မှာပဲ..........။

 

ဒီလိုနဲ့ဆေးသောက်ခါနီးမှ

လိုနေတယ်ဆေးတစ်မယ်ရယ်ကြောင့်

ဆေးရောင်းတဲ့ဈေးဆိုတဲ့ဆိုင်ကို

ထပြီးတော့ပြေးရဦးမှာပေါ့

မွေမေမေပေးထားတဲ့

ကိုယ့်ခြေထောက်ကိုယ်သုံးပြီးတော့လေ.......... ။

့်

ခေါင်းထဲမှာမူးနောက် အမြင်အာရုံတွေတိမ်းမှောက်လို့

မညီမညာ ကတ္တရာလို့မည်တဲ့လမ်းမှာ

တိုက်မိတဲ့ဒီခလုပ်ကလည်း

ခြေထောက်တောင် ပုတ်တော့မယ် ..........။

 

ခြေထောက်ကလေးတွဲ့ ယိုင်တိုင်တိုင်ဒီခြေလှမ်းတွေနဲ့

ကယိမ်းကယိုင်သာလျှောက်ကာနေနိုင်တယ်

ကားတစ်မှတ်တိုင်သာသာဝေးဆေးရောင်းတဲ့ဆိုင်ကလေးကိုလေ

တော်တော်နဲ့မရောက်နိုင်ပုံများ

ကိုယ့်ကိုယ်ကို ကမ္ဘာပါတ်နေသလားတောင်ထင်မိတယ်.........။

 

ဆေးသောက်လို့အပြီး ဆောင်ခြုံပြီးကွေးမယ်ဆိုတော့လည်း

ရက်စက်တဲ့ဆောင်းလေညှင်းရယ်က

တိုးဝှေ့ကာဝင်လာပြန်တယ်..........။

သြ...တွေးမိပြန်တယ်လေ ဒီအတွေးတွေက

ငါ့ချစ်သူသာငါ့နံဘေးမှာရှိရင်တော့ကွာ

သူငါ့ကိုနှစ်သိမ့်ပေး ဖတ်ပြီးတော့

အနွေးဓါတ်လေး သူပေးမှာပဲ.........။

 

ချစ်သူကဝေးကွာဆောင်းလေပြေဆော့သရမ်းတာကြောင့်

စောင်ခေါင်းမူးခြုံထားလည်း ခိုက်ခိုက်ကယ်တုန်နေဆဲမို့

ကဲမထူးပါဘူးလေဆိုပြီးထ အဲ့ဒီလို ဒုက္ခတွေထဲက

အမြတ်ကလေးရအောင်ဆိုပြီး ကိုယ့်ဘ၀နဲ့ကိုယ့်အကြောင်းကို

အိပ်မရမယ့်အတူတူ ကဗျာလေးတစ်ပုဒ်လောက်လုပ်ယူလိုက်ဦးမှလို့တွေး

တတ်သလောက်မှတ်သလောက် တစ်ထွာတစ်မိုက်ဥာဏ်လောက်ကလေးနဲ့ပဲ

ဒီကဗျာလေးကို ကိုယ်တတ်သလောက်လေးရေးလိုက်တယ်...........။

 

ကျွန်တော့ဘ၀ဒီဒုက္ခတွေကို

ကျွန်တော့လိုများ နောင်လာနောင်သား

နောက်လူများလည်း မကြုံရမဆုံရလေအောင်

ဒီရင်မှာပေါင်း စေသနာကောင်းတွေနဲ့

ဒီကမ္ဘာမှာ ချစ်သောသူအပေါင်း

နီးနိုင်ကြပါစေကြောင်း ဒီကဗျာလေးထဲကနေ

ထပ်လောင်းပြီးဆုတောင်း ပေးလိုက်ရပါသတည်း...................။

                                                (လမင်းသစ်)

Read article   Add Comment

မီးစိမ်းကလေး

Posted on 26.11.2010 by mylove001

ငါ့အချစ်ကိုမင်းက
ခပ်ဆိုးဆိုးလို့ထင်ထားမယ်ဆိုရင်တောင်
ငါ့အနေနဲ့တော့ အိမ်မက်ဆိုးတွေမက်နေရလည်း
တစ်သက်မနိုးတမ်းချစ်နေမှာကိုတော့ယုံပါ........။

ငါမင်းကိုအချစ်ကြီးချစ်မိလို့
မင်းအနေနဲ့အညစ်ကြီးညစ်နေမယ်ဆိုလည်း
မင်းငါ့ကိုပြစ်ပြီးရင်းပြစ်နေတာထက်စာရင်
ငါမင်းကိုချစ်ပြီးရင်ချစ်နေတာကသာပါတယ်။

ငါ့ရင်ထဲကို မင်း Sign In နဲ့ဝင်လိုက်

Sign Out နဲ့ထွက်လိုက် လုပ်နေရင်တောင်
မင်းအထွက်မို့ ငါဘယ်တော့မှ
connection down မနေပါဘူး။

မင်းအတွက်လိုအပ်မယ်ဆိုရင်လေ
ငါအမြဲတမ်း အစိမ်းရောင်မီးလေးနဲ့
အွန်လိုင်းမှာပဲနေပေးနေမှာပါ......။

မင်းအတွက်ဆိုငါက
အနီရောင်အလင်းပေးတဲ့
Busy Sign လည်း မဖြစ်စေရဘူး....။

လိမ္မော်ရောင်မီးလေးပြပြီး ဝေးဝေးပြေးမယ့်
Idle လေးလည်း ငါမလုပ်ဘူး။

မင်းအတွက်ငါ အရှုပ်ထုပ်ဖြစ်နေမယ်ဆိုရင်သာ
တိတ်တိတ်လေးနဲ့ထွက်ခွာပေး
မင်းလိုလာမယ့်အချိန်လေးကို
Invisible လေးလုပ်ပြီး
off လိုင်းကနေတိတ်တခိုးလေးသာ
စောင့်မျှော်နေမိတာပါ။
(လမင်းသစ်)

Read article   Add Comment

အိမ်မက်မက်သူ

Posted on 7.11.2010 by mylove001

သတိရလွန်းလို့

တိမ်မြုပ်ပျောက်ကွယ်သွားတော့မယ့်

အိမ်မက်ခပ်ဝါးဝါးတွေကို

အလွမ်းခြင်းကြားနဲ့ငါ

ဆယ်ယူဖို့ကြိုးစားနေမိတာလည်း

မကြာခဏပါပဲ...............။

 

မင်းရဲ့နှလုံးသားထဲမှာ

ငါနေရာယူချင်မိတာလည်း

အချစ်ရဲ့တစ်ကိုယ်စာလေးပါပဲ

တစ်သက်စာပါမစ်နဲ့

ငြိမ်းချမ်းစွာနေထိုင်ခွင့်လေးရအောင်ပဲ

ငါကြိုးစားနေမိတာပါ........။

 

ကမ္ဘာကြီးသာ ရွာကြီးတစ်ရွာဆိုရင်တော့

လောလောဆယ် ကမ္ဘာ့ရွာကြီးထဲမှာ

ငါရွာလည်နေတယ်ချစ်သူ..........။

တစ်ခန်းရပ်ပြဇာတ်တွေကိုပဲ

ငါလေကပြနေရလွန်းတော့လည်း

မင်းပေးခဲ့တဲ့အိမ်မက်ရှည်လေးကိုပဲ

ငါ့မှာတမ်းတမ်းတတနဲ့ အိမ်မက်ထဲမှာပဲ

မနိုးတမ်းနေချင်နေမိတဲ့

အိပ်ပုပ်ကြီးတဲ့ ကောင်လေးတစ်ယောက်ဟာ

ငါပဲဆိုပါတော့..........။

                                 (လမင်းသစ်)

Read article   Add Comment

ကဗျာ

Posted on 16.7.2010 by mylove001

ကဗျာဆိုတာ

ငါ့အတွက်တော့

ကိုယ်ရေးခဲ့တဲ့

ကောက်ကြောင်းတွေနဲ့

ကိုယ့်ကိုကိုယ် ပြန်ပိမိနေတဲ့အချိန်မှာ

ထွက်ပေါက်တစ်ခုအနေနဲ့

ကာရန်ကျကျ ရေးချပြတဲ့

အချောသတ်စီထားတဲ့ စကားစုတွေကို

မျက်ရေတွေ ခံစားချက်တွေ

အလွမ်းတွေ အချစ်တွေနဲ့

မန်းမှုတ် အသက်သွင်း ထားတာပေါ့.........။

                                    (လမင်းသစ်)

Read article   Add Comment

အမှတ်တရ

Posted on 8.6.2010 by mylove001

ချစ်သူသိလေ.........

အမှတ်တရတအလွမ်းတဲ့

တစ်လှမ်းမှမလှမ်းရသေးတဲ့

ခြေလှမ်းတွေနဲ့

မင်းရှိမယ့်လမ်းတွေဆီ

မှန်းဆပြီးလွမ်းနေတယ်...........။

 

ချစ်သူသိလေ.........

အမှတ်တရအနမ်း တဲ့

အခါမှမနမ်းရသေးတဲ့

ချစ်သူရဲ့ ပါးတစ်ပြင်ကို

အမှတ်တရအနမ်း အနေနဲ့

ခပ်ဖွဖွလေးနမ်းချင်တယ်..........။

 

ချစ်သူသိလေ.............

အမှတ်တရဇာတ်လမ်းတွေကတော့

မင်းနဲ့စတွေ့တဲ့ နိဒါန်းတွေကနေ

အခု အချိန်အထိတော့

တမ်းတအလွမ်းတွေနဲ့

အချစ်ရဲ့မှတ်တမ်းလေးတွေပါပဲ ...........။

 

                                           (လမင်းသစ်)

Read article   Add Comment

ဘာဘာညာညာ

Posted on 22.5.2010 by mylove001

ဟိုဟာဒီဟာလေ

ဘာဘာညာညာဖြစ်တော့

ဟိုတစ်ယောက်ဒီတစ်ယောက်က

ဘာဘာညာညာတွေပြောကုန်ကြတာပေါ့

အဲ့ဒါကြောင့်ပြောတာပေါ့

ဟိုလိုဒီလိုမလုပ်ပါနဲ့လို့

အခုတော့ဘာတွေညာတွေဖြစ်ကုန်ပြီ

အင်းခက်တော့တာပဲဘာတွေလည်းကိုမသိတော့ဘူး

နောက်တစ်ခါဘာဘာညာညာတွေမကြားရအောင်

ဘယ်မှမသွားတော့ဘူး

နားတွေငြီးလာပြီ ရက်ကွက်ထဲက

MEDIA တွေနဲ့ဝေးရာကိုပြေးပြီဗျို့

တာ့တာနော်..........။

(လမင်းသစ်)

Read article   Add Comment

DREAM ANGLE

Posted on 11.5.2010 by mylove001

သူဟာလေ

တိတ်ဆိတ်တဲ့ ညအမှောင်မှာ

ညဥ့်ချုံလွှာနဲ့ လရိပ်ဆောင်းပြီး

ငါမခေါ်ပါဘဲနဲ့ ငါ့အိမ်မက်တံခါးကို

လာလာပြီး ခေါက်တတ်တယ်။

 

ငါ့နှလုံးသားအထိ ၀င်ရောက်သိမ်းပိုက်ပြီး

ငါမေ့မရနိုင်တဲ့ သူ့ပုံရိပ်တွေနဲ့

အိမ်မက်တွေတစ်ပွေ့စာပေးပြီး

မိုးမလင်းခင်လေးမှာပဲ

ငါမနှင်ရပါပဲနဲ့

တိတ်တစိတ်သူလေထွက်ခွါသွားတတ်တယ်။

 

သြော် နေရောင်တောင်လာပါပေါ့

ဒါပေမယ့်ကွယ် မင်းထားခဲ့တဲ့ပုံရိပ်တွေနဲ့

ငါ့အတွက်တော့အခုအချိန်အထိ

မိုးမလင်းသေးပါဘူးကွယ်

မင်းပေးခဲ့တဲ့အိမ်မက်တွေ

ဆက်မက်လို့ကောင်းနေတုန်းပါပဲ............။

 

                                              (လမင်းသစ်)

Read article   Add Comment

Photos

No Title
0
La Min Thit
0
La Miin Th…
0
La Miin Th…
0

Tags

Latest comments

24.10.2009 MY BIRTHDAY
ဟုတ်ကဲ့ပေးတဲ့ဆုနဲ့ပြည့်ပါစေ............။အခုလိုဆုတောင်းပေးတဲ့အတွက်ကျေးဇူးပါ.......။ကျွန်တော်ရဲ့ ၂၄နှစ်မြောက်မွေးနေ့ပါ။ခင်မင်လျှ…
24.10.2009 MY BIRTHDAY
SALEISHA: ဘာကြီးလည်းမသိဘူး။ မွေးနေ.ပဲပြောပြီးအသက်ဘယ်နှစ် နှစ်မြောက်လည်းကျတော့မပြောပြဘူး။ သွား...လူဆိုး(လမင်းသစ်)။ ကျွန်ုပ်…
အားနာမိသူ
ခင်ဗျားက တစ်ယာက်တည်းကြိတ် တိတ်တိတ်ကလေး မကျေမနပ် ဖြစ်နေတယ်ပေါ့လေ။ ဒီလိုမလုပ်ပါနဲ့ဗျာ စိတ်ရောဂါရနေအုံးမယ်နော်။
ဧတေနသစ္စ၀ဇ္ဇေန
ကျွန်တော့အတွက် အခုလိုဆုတောင်းပေးတာ ကျေးဇူးပါ မမငြိမ်း..........။                 &nbs…
ဧတေနသစ္စ၀ဇ္ဇေန
မှန်ကန်သောသစ္စာ စကား က  အချစ်တခု ကိုရနိုင် ပါ့မလား ကိုယ့်က မှန်ကန်စွာ ချစ်ပေမယ့် သူစိတ်က မချစ်ခဲ့ ရင်  ရော &nbs…
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.