နှစ်လွန်းတင်တဲ့ကြိုး
Posted on 22.9.2009 by
mylove001
တစ်ခြားသူတွေရဲ့အချစ်လို
ေ၇ခဲစိမ်ထားတဲ့အချစ်တွေလဲ
ငါမင်းကို မပေးခဲ့ဖူးဘူး........။
ငါမင်းကိုပေးခဲ့တာက
နှလုံးသားခြံထွက်
လက်ဆက်တဲ့အချစ်တွေပါ........။
တစ်ခြားသူတွေရဲ့အချစ်လို
အလိုရမက်တွေနဲ့လည်း
ငါမင်းကိုတွယ်ပတ်ခဲ့တာမဟုတ်ဘူး........။
ငါမင်ကိုတွယ်ပတ်ခဲ့တာက
နှလုံးမှာ သန္တေတည်တဲ့
အချစ်ဆိုတဲ့ကြိုးနွယ်နဲ့ပါ.............။
တစ်ကယ်တော့ချစ်သူ
လူတွေက သုံးလွန်းတင်မှကြိုးလို့ပြောကြပေမယ့်
မင်းရဲ့အချစ်သာစစ်ပါစေ
တို့တွေနှစ်လွန်းတည်းနဲ့
ကြိုးတစ်ချောင်းကျစ်ကြမယ်
သုံးလွန်းတင်တဲ့ကြိုးထက်ပိုပြီးတော့ခိုင်မြဲပါတယ်.........။
(လမင်းသစ်)