အထီးကျန်လွမ်းချင်း

Posted on 19.9.2009 by mylove001
Tags: ဒီကဗျာကိုရေးတဲ့သူက ကျွန်တော့သူငယ်ချင်းကောင်မလေးတစ်ယောက်ပါ.......

ညတစ်ညရဲ့ကောင်းကင်မှာ

 ကြယ်ကလေးတွေ ဖြာနေတာပေါ့

ငါ့စိတ်ကကော သူတို့လိုကြည်သာရဲ့လား ။ ။

မိုးလေကင်းလို့ တိမ်စိုင်ခဲလေးတွေက

လမင်းလေးကို အဖော်ပြုနေချိန်မှာ

ငါ့ကို အဖော်ပြုမယ့်သူကော ရှိရဲ့လား ။ ။

လေနုအေးလေးက ပြေပြေလေးတိုက်ပြီး

သစ်ရွက်လေးကို ကျီစယ်နေချိန်မှာ

ငါ့ကို ကျီစယ်မဲ့ သူကကော ဘယ်နေရာမှာလဲ . . .

မင်းစဉ်းစားပေးပါ . . .

အထီးကျန်နေတဲ့ ငါ့ဘ၀ကို

မင်းကိုယ်ချင်းစာကြည့်ပေးပါလား ။ ။

                                            ကဗျာရေးပြီးပို့ပေးတဲ့သူငယ်ချင်းမကိုယ်စား(လမင်းသစ်)

Discussion

on 1.1.0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ကိုးမရှိတဲ့န၀င်း   Return to blog   သေစားသေစေ →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.