ကိုယ်တိုင်ရေးတဲ့ကိုယ်ရေးရာဇ၀င်
Posted on 18.9.2009 by
mylove001
Mood: :O.
Tags: ဒါပေမယ့် လူတွေလက်မခံနိုင်တာလည်းအကောင်းဆုံးပါပဲ, လူတွေကလိုချင်ကြတာတော့အကောင်ဆုံးပါပဲ.........., လူတွေလက်ခံ မကျင့်သုံးနိုင်ကြတာလည်းအဲဒိ အကောင်းဆုံးပါပါပဲ။
ကိုယ့်ကျောက်စာကိုယ်ထွင်းလို့
ကိုယ့်သမိုင်းကိုကိုယ်ချည်ကြသည်
ကိုယ့်သမိုင်းကြောင်းလှဖို့အရေး
စာသားလှလှ၊စကားလုံးလှလှလေးတွေနဲ့
စာစီတတ်ရုံနဲ့ ကိုယ့်ရာဇ၀င်ကလှလာမှာမှမဟုတ်ဘဲ
ကိုယ့်လမ်းကိုယ်အကောင်းဆုံးဖောက်
လိုရာခရီးရောက်ဖို့အရေး
စိတ်ထားလှလှ၊စိတ်ကူးလှလှ
လုပ်ဆောင်ချက်လှလှ လေးတွေနဲ့ထုဆစ်မှ
ကိုယ်တိုင်ရေးတဲ့ကိုယ်ရေးရာဇ၀င် ကလည်းလှမှာပေါ့။
လမင်းသစ်