Valentine Day (or) Kiss me quick flower story
Posted on 17.9.2009 by
mylove001
Mood: happy .
Music: သူလေးအိပ်နေမယ်.
Tags: good sleep and sweet dream, ကျွန်တော်သိသမျှ မျှဝေချင်ရုံသက်သက်ပါ, ဒီပုံပြင်လေးက ကျွန်တော့ချစ်သူအတွက်အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်သလိ
ဟိုးရှေးရှေးတုန်းက ကန္တာရတိုင်းပြည်တစ်ခုမှာ Valentine ဆိုတဲ့ပုဒ်ရဟန်းမင်းကြီးတစ်ပါးရှိတယ် .......။အဲဒိခေတ်အဒီအခါက သူတို့တိုင်းပြည်ကရှင်ဘုရင်တွေဟာ စစ်မက်ကိုလိုလားကြသတဲ့......။အဲဒိလိုစစ်တိုက်ထွက်နေရတာကြာလာတော့ Valentine တို့တိုင်းပြည်ကရဲမက်တွေဟာ အိမ်လွမ်းသူလွမ်း၊ မိန်းမနဲ့သားသမီးလွမ်းသူလွမ်း၊ ချစ်သူကိုလွမ်းသူလွမ်းနဲ့ စစ်တိုက်ရတာကိုငြီးငွေ့လာကြတယ်.........။နောက်ပိုင်းမှာ စစ်တိုက်တိုင်း Valintine တို့တိုင်းပြည်ကစစ်ရှုံးတော့တာပါပဲ....။ဘုရင်ကစစ်ရှုံးရခြင်းအကြောင်းအရင်းကိုစုံစမ်းလိုက်တော့ စစ်သည်တွေကနောက်ပိုင်းမှာ ကျန်နေခဲ့တဲ့ သားမယားတွေကို လွမ်းပြီးစစ်မတိုက်နိုင်လို့ပဲဆိုပြီး တိုင်းပြည်မှာ အမိန့်တစ်ခုထုပ်ပြန်လိုက်တယ်.............။အဲဒီအမိန့်ကတော့ တိုင်းပြည်မှာရှိတဲ့ပြည်သူပြည်သားတွေ စစ်တိုက်နိုင်တဲ့အရွယ်တွေအိမ်ထောင်မပြု၇တဲ့ အမိန့်အားဖီဆန်ပါကသေဒါဏ်တဲ့လေ...........။ဒီအမိန့်ထုပ်ပြန်လိုက်တဲ့အချိန်ကစပြီးတိုင်းပြည်မှာ ရှိတဲ့ချစ်သူစုံတွဲတွေ စိတ်ဆင်းရဲဒုက္ခေ၇ာက်ရတာပေါ့........။ချစ်သူစုံတွဲတိုင်း ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ချင်ကြတာပဲလေ............။အဲဒိအချိန်မှာချစ်ချင်းမေတ္တာကိုတန်ဖိုးထားတဲ့ Valentineပုဒ်ရဟန်းမင်းကြီး ကချစ်သူစုံတွဲတွေကို ခိုးပြီးလက်ထပ်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်.....။သူက ချစ်သောသူတိုင်း ကိုပေါင်းဖက်စေချင်တယ်လေ။သူရဲ့မွန်မြတ်တဲ့အလုပ် ကို စတင်အကောင်အထည်ဖော်ပြီး နောက်ပိုင်းမှာတော့ တိုင်းပြည်မှာရှိတဲ့စုံတွဲတော်တော် များများဟာ ပေါင်းဖက်ခွင့်ရကြတယ်.......။ဒီလိုနဲ့တစ်နေ့မှာတော့ ဘုရင်ကြီးကဒီအကြောင်းတွေကို သိသွားတဲ့အခါမှာတော့ Valentine ကို အာဏာဖီဆန်မှုနဲ့ ဖမ်းဆီးစေပြီး စံပြ ပြစ်ဒါဏ်ပေးတဲ့အနေနဲ့ ရင်ခွဲသက်စေ အလောင်းအားတိုင်းပြည်အနှံ့လှည့်လည်ပြသစေလို့ အမိန့်ချခဲ့တယ် .....။သနားစရာကောင်းတဲ့ Valentine ပုဒ်ရဟန်းမင်းကြီးဟာ သူမသေခင်မှာ ဆုတစ်ခုတောင်းခဲ့တယ် သူသေပြီးသွားရင် သူဟာပန်းတစ်ပွင့်ဖြစ်စေ........။ဒီပန်းကိုစောင့်တဲ့အဆူးတွေနဲ့အတူ အဆူးမှာပါတဲ့ အဆိပ် ကလည်းဒီပန်းလေးကိုနမ်းမှပြေစေ လို့ပေါ့.........။အဲသူ့ကိုသတ်ပြီး၊သူသေပြီးနောက်ပိုင်းမှာ အလောင်းကိုတိုင်းပြည်အနှံ့လှည့်လည်ပြသတဲ့နေရာတိုင်း မှာသူ့ရဲ့သွေးတွေဟာတစ်စက် တစ်စက်နဲ့ကျကျန်နေခဲ့တယ်....။သူ့သွေးကျတဲ့နေရာတိုင်းမှာလည်း ပန်းပင်တစ်မျိုးဟာ အပွင့်တွေဝေေ၀ဆာဆာနဲ့ပွင့်လာတယ်.......။သူ့သွေးတွေကတိုင်းပြည် အနှံ့ကျခဲ့တာဆိုတော့ ပန်းပင်တွေကလည်း တိုင်းပြည်အနှံ့ပေါက်နေတော့တာပေါ့ နန်းတော်ကနေစပြီးတော့လေ........။အဲ့ဒိပန်းမျိုးကို တစ်ခါမှမမြင်ဖူးတော့ရှင်ဘုရင်ကစပြီးတိုင်းသူပြည်သားအဆုံး ပန်းပင်ကို စိတ်ဝင်တစ်စားနဲ့သွားကိုင်ကြည့်ကြတယ။အဲဒိအခါမှာတော့ပန်းပင်မှာရှိတဲ့အဆူးတွေကလူတိုင်းကိုဆူးကုန်တာပေါ့။
ဘုရင်ကစပြီး တိုင်းသူပြည်သားအဆုံးအဆိပ်တတ်ကုန်ကြသတဲ့။အဲဒိအချိန်မှာ Valentine ရဲ့ ၀ိညာဉ်ကပေါ်လာပြီးပြောသတဲ့ ပန်းပွင့်လေးကိုမြန်မြန် နမ်းပါအဆိပ်ပြေသွားပါလိမ့်မယ်တဲ့......။ဒီအချိန်ကစပြီးပန်းပင်ကအဆိပ်မိတဲ့ သူတိုင်းဟာပန်းပွင့်လေးကိုမြန်မြန်နမ်းကြရသတဲ့.........။နောက်ပိုင်းမှာတော့ အဲဒိအဖြစ်အပြက်လေးကြောင့် ပန်းပွင့်လေးကို Kiss me quick လို့အမည်ပေးခဲ့တယ် ပန်းပွင့်လေးရဲ့ ပုံစံကလည်း နှတ်ခမ်းလေးတစ်စုံက အနမ်းခံချင်နေတဲ့ပုံလေ.......။နောက်ပိုင်လူတွေကတော့ဒီလူတွေကနေပြီးဆင့်ကဲဆင့်ကဲဆင်းသက်လာတဲ့အတွက် အဆိပ်မမိကြတော့ဘူးတဲ့..........။Valentine လက်ထပ်ပေးခဲ့တဲ့ စုံတွဲတွေက Valentine ကိုသတိ၇လွမ်းဆွတ်တဲ့အထိမ်းအမှတ်နဲ့ ကော သူတို့ရဲ့ချစ်ချင်းမေတ္တာကို ပြန်ပြောင်းအောက်မေ့တဲ့အနေနဲ့ကော Valentine သေတဲ့နေ့ကို Valentine Day အဖြစ်သတ်မှတ် ပြီးနှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာဒီနေ့အထိပါပဲ...........။
မှတ်ချက် ။ ။ကျွန်တော်ကစာရေးဆရာမဟုတ်သောကြောင့် အေ၇းအသားမညက်ညောမှုနှင့် အမှားအယွင်းများပါခဲ့ရင်ခွင့်လွှတ်ပါ...........။
လမင်းသစ်