နှလုံးသားနဲ့လူ
Posted on 15.9.2009 by
mylove001
Mood: normal.
Music: ချစ်ခွင့်ရချင်ပြီ.
Tags: ချစ်မိသွားပါလိမ့်မယ်, လူတစ်ဦးဟာတစ်ခါတော့ တစ်ေ, (သို့)
ပင်ယံထက်မှာဝေပြီး
မြေပြင်ထက်မှာကြွေတဲ့
ခရေပွင့်တွေကလည်း
ကိုယ်မဟုတ်ဘူးခင်.......။
လူတကာအနင်းချေခံ
မြေမှာဝပ်နေဟန်နဲ့
ကျိမ်စာသင့်နေပြန်တဲ့
မြေစာမြက်တွေကလည်း
ကိုယ်မဟုတ်ဘူးခင်.........။
ကြိုးဆွဲရာလိုက်က
ခြေလှုပ်ခေါင်းလှုပ်လှုပ်ပြရတဲ့
ရုပ်သေးရုပ်တွေကလည်း
ကိုယ်မဟုတ်ဘူးခင်..........။
ကိုယ်ကကံညွှန်ရာစေစားလှုပ်ရှားလို့ရုန်းကန်
လောကဓံကိုရင်ဆိုင်ရင်းချစ်တတ်မုန်းတတ်
ရင်ခုံတတ်တဲ့ နှလုံးသားနဲ့လူပါ.........။
လမင်းသစ်