အကယ်၍ သင်သာဆိုလျှင်

Опубликовано 27.11.2009 yb

လူတစ်ယောက်က အကူအညီတစ်ခုလိုလာတဲ့အခါ၊ ဒါမှမဟုတ် အခက်အခဲကြုံလာတဲ့အခါ၊ တစ်ချို့ ကိစ္စတွေမှာ တစ်ယောက်တည်း ဖြေရှင်းလို့ရပါတယ်။ တစ်ချို့ ကိစ္စတွေမှာ တစ်ဘက်သူရဲ့ အကူအညီ ကို ရယူမှ ပြီးမြောက်မယ့် ကိစ္စမျိုးတွေ ရှိပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ချို့ ဆွေးနွေးဖြစ်ကြ တာလေးက တာဝန်သိမှု နဲ့ တာဝန်ပိမှု နဲ့ တာဝန်ရှိမှု ဆိုတဲ့ စကားလုံးလေးတွေအကြောင်းပါ။ မိသားစု တစ်စုမှာ ဆိုရင် တာဝန်ရှိသူက တစ်မျိုးသတ်သတ်ပါ။ တာဝန် သိတတ်တာကတော့ မိသားစုဝင် အားလုံးနဲ့ သက်ဆိုင်လိမ့်မယ်ထင်ပါတယ်။ ဒီလိုပါပဲ တာဝန်သိလာရင်တော့ သိတတ်သလောက် တာဝန်ပိလာပါလိမ့်မယ်။ တာဝန်မသိရင်တော့ မသိသလောက် ပေါ့ပေါ့ပါးပါး နေနိုင်ကြပါတယ်။ သို့သော်လည်း တာဝန်သိတတ်သော သူနဲ့ တာဝန်မသိတတ်သောသူ အဘယ်သူသည် လောကကြီးအတွက် ပိုအသုံးဝင်သလည်းဆိုတာ လေး စဉ်းစားကြည့်ကြစေချင်ပါတယ်။ ဒီလိုပါပဲ မိသားစုဝင်တင်မဟုတ်ပါဘူး ပြင်ပလောကမှာလည်း ထပ်တူပါပဲ။ လူအားလုံး၊ ကိစ္စအားလုံးအတွက် လူတစ်ယောက်ထဲက ဘယ်လိုမှ တာဝန်ယူနိုင်မယ်မထင်ပါဘူး။ ဒါပေမယ့်က မ္ဘာကြီးအတွက်မိမိကျရာ နေရာကနေ ရှင်သန်လှုပ်ရှားနေတာကတော့ တာဝန်ရှိမှုလို့ ဆိုချင်ပါတယ်။ အဲဒီကြား ထဲကမှ မိမိတတ်နိုင်သလောက် လောကကြီးအတွက် ပံ့ပိုးပေးရင်း ရှင်သန်နေထိုင်တာက တာဝန်သိမှု လို့ အမည်တပ်ချင်ပါတယ်။ အဲ...အဲဒီလိုပါပဲ တာဝန်သိမှုတွေ များလာတာနဲ့အမျှ တာဝန်တွေ ယူမိပြီဖြစ်လို့ တာဝန်တွေပိလာမှာတော့ အသေအချာပါပဲ၊ ခင်မင်လို့ဖြစ်ဖြစ်၊ သနားလို့ဖြစ်ဖြစ်၊ အားနာလို့ဖြစ်ဖြစ်၊ လုပ်သင့်တယ်ထင်လို့ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တာဝန်ယူလိုက်ပြီးရင်တော့ တာဝန်သိတဲ့ သူအတွက် အလုပ် တစ်ခုပိုလာမှာပါ။ အဲဒါဆိုရင် နောက်တစ်ခုနောက်တစ်ခုနဲ့ ယူထားတဲ့ တာဝန်တွေများလာမှာပါ။ ဥပမာ တစ်ခုအနေနဲ့ ပြောပြပါမယ်။ လူတစ်ယောက်က အခက်အခဲတစ်ခုကို လူနှစ်ယောက်ကို ကြေငြာတယ် ဆိုပါဆို့။ တစ်ယောက်သောသူက အဲဒီပြောသူရဲ့ အခက်အခဲအတွက် ကိုယ်ထိလက်ရောက် ဘာမှ လုပ်မပေးနိုင်ရင်တောင် အနည်းဆုံး ခေါင်းထဲ ထည့် စဉ်းစားပြီး အကြံဥာဏ်လေး တစ်ခုနှစ်ခုလောက်တော့ ပေးလိုက်ပါမယ်။ နောက်တစ်ယောက်သော သူကတော့ နားထောင်ပြီး ဒီလိုပါပဲဗျာ စသဖြင့် တစ်ဘက်သူအတွက် အသုံးမ၀င်သော စကားလေး တစ်ခွန်းနှစ်ခွန်း လောက်ပြောပြီးထွက်သွားမယ်။ အဲဒီလို အဖြစ်အပျက်ကလေးမှာတောင် မိတ်ဆွေတို့ စဉ်းစားကြည့်ရင် အဖြေပေါ်လောက်ပါတယ်။ အကယ်၍ သင်တတ်နိုင်သော ကူညီမှု တစ်ခု ပုံပိုးမှုတစ်ခု တာဝန် ယူဆောင်ရွက်လာဖို့ရှိခဲ့ရင် ဘယ်လိုစဉ်းစားမလဲ၊ နောက်တစ်ခု နောက်တစ်ခု ထပ်လာတဲ့အခါ ဘယ်လိုစဉ်းစားမလဲ၊ တစ်ခုချင်းစီကို တာဝန်ယူဖို့ လွယ်တဲ့ အကူအညီပေးမှု ပံ့ပိုးမှုများ များပြားလာတဲ့ အခါ ဘယ်လိုစဉ်းစားမလဲ ဘယ်လို ဖြေရှင်းမလဲ သိပါရစေ။ vzo ညီအစ်ကို မောင်နှစ်မများ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။

“ဒီနေရာကလေးမှာ” လည်း ၀င်ရောက် ဆွေးနွေးနိုင်ကြပါတယ်။

Обсуждение

на 01.01.0001 сказал:
yb на 28.11.2009 сказал:

 

khinemw:

ကျွန်မရဲ့ အတွေးအမြင်ရ ........................

..............ဒါတွေက ကျွန်မရဲ့ အတွေးအမြင်ပါ။

ု့khinemw

 

ဝိုင်းဝန်းဆွေးနွေးကြတဲ့ မောင်နှမတွေအားလုံး ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အဲဒီလို အမြင်လေးတွေ ဖလှယ်နိုင်အောင် ဒီကိုလာလည်ကြပါလားခင်ဗျာ၊ ဖိတ်ခေါ်အပ်ပါတယ်။

www.nyeainchaneain.com ဒီနေရာလေးကို ကလစ်လုပ်ပြီးလည်း လာလို့ရပါတယ်။

yb на 28.11.2009 сказал:

 

titfortat:

for fri

            ဒီအဖြေက ဖြေရတာ ရှင်းမလိုလိုနဲ့တော့ အခက်သား။ ..................

............... ကူညီပေးတဲ့သူကို ကျေးဇူးမကန်းမိအောင်ရယ် မိမိကလဲ သူများအကူညီပေးချင်အောင်နေတတ်ဘို့ရယ်ပါ။

ဝိုင်းဝန်းစဉ်းစားပေးတဲ့အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ တစ်ချို့တစ်ချို့သော လေးနက်တဲ့ အကြောင်းအရာတွေအတွက် ဆက်ပြီး ဆွေးနွေးချင်ပါသေးတယ် ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ www.nyeainchaneain.com ပါ ။ အခုမှ စတင်မှာပါ။ ကျွန်တော်တို့လို လူငယ်တွေ အမြင်ချင်းဖလှယ်နိုင်အောင် စတင် ကြိုးစားနေတဲ့ ၀ဘ်ဆိုတစ်ခုပါ။ အခုမှ စတင်မှာပါ

 

khinemw на 27.11.2009 сказал:

ကျွန်မရဲ့ အတွေးအမြင်ရ လောကကြီးထဲမှာ ပေးဆပ်တဲ့သူ(တာဝန်သိတတ်သူ) ရယူတဲ့သူ(တာဝန်မသိ

တတ်သူ) နှစ်မျိုးစားဘဲ တွေ့ရပါတယ်။တာဝန်သိတတ်သူကတော့ မြင့်မြတ်တဲ့စိတ်ဓါတ်နဲ့ လောကကြီး

မီမီပတ်ဝန်းကျင်း မီသားစုရဲ့ အကျိုးစီးပွါးအတွက် အမြဲဦးစားပေးစဉ်းစားမယ်။တာဝန်မသိတတ်သူက

တော့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ မိမိကိုယ်ကျိုးအတွက်ပဲဦးစားပေးမယ်။ဒါတွေက လူတွေရဲ့ စိတ်

ဓါတ်ရေးရာ၊အကျင့်စရိုက်တွေပါ။

     ဘယ်သူကလောကကြီးအတွက် ပိုပြီးအင်္သုးဝင်လဲဆိုတာကတော့ တာဝန်သိတတ်သူနဲ့တာဝန်မဲ့သူက တစ်ဦးနဲ့တစ်ဦး သက်ရောက်မှူရှိကြပါတယ်။တာဝန်မသိတတ်သူ

တွေတာမရှိခဲ့ရင် တာဝန်သိတတ်သူတွေ ပေါ်လာစရာ မရှိဘူလို့ထင်ပါတယ်။ဒါပေမယ့် တာဝန်မသိ

တတ်တဲ့သူတွေကြောင့် တာဝန်သိတတ်တဲ့သူတွေက ပိုပြီးအင်္သုးဝင်လာရပါတယ်။လောကမှာ

အကောင်းနဲ့အဆိုးက ဒွန်းတွဲနေပါတယ်။ဒါတွေကလည် လောကကြီးရဲ့ သဘာဝတရားတွေပါ။

      တစ်ကယ်လို့ တတ်နိုင်သောကူညီမှူတစ်ခု င်္ပ့ပိုးမှူတစ်ခုတာဝန်ယူဆောင်ရွက်လာခဲ့ရင်

တာဝန်သိတတ်သူက အတတ်နိုင်င်္ဆုးနဲ့အကောင်းင်္ဆုးနည်းလမ်းများရှာပြီး သူဖြေးရှင်းပေးမှာပါ။

ဒီလိုပဲ နောက်ထပ် တစ်ခုပြီးတစ်ခု အကူအညီပေးမှူ၊င်္ပ့ပိုးမှူတွေများလာတိုင် သူကဒီနည်းလမ်း

ကိုပဲ ကျင့်င်္သုးမှာပါ။ဘာဖြစ်လို့လဲဆိုတော့ သူရဲ့အတွင်းစိတ်ဓါတ်ကိုက တာဝန်သိတတ်သူနေရာ

မှာရှိနေတယ်လေ။ဒါတွေက ကျွန်မရဲ့ အတွေးအမြင်ပါ။

ု့khinemw

titfortat на 27.11.2009 сказал:

for fri

            ဒီအဖြေက ဖြေရတာ ရှင်းမလိုလိုနဲ့တော့ အခက်သား။ ဒါပေမယ့် ကျွန်တော်နားလည်သလိုပြောကြည့်မယ်လေ။ ခင်မင်မှု အတိုင်းအတာ တစ်ခုအရကူတယ်ဆိုပေမယ့် အခက်ခဲဖြစ်နေသူက ဘယ်လောက်ထိဖြစ်တာလဲ တကယ်တမ်း အတွင်းသိပြီးကြာကြာပေါင်းနေတဲ့သူကတော့ သူ့စိတ်ထားပေါ်မူတည်ပြီးကူညီပေးမယ်လို့ထင်ပါတယ်။ တစ်နည်းအားဖြင့် သူက ရိုးသားလို့၊ငွေမရှိလို့ ဆိုပြီးကူညီတယ် ရှိလာမယ်တောင် မကျန်ဘူး အံတုချင်တာမျိုး ကျေးဇူးမသိတာမျိုးဆိုရင်တော့ မကူညီချင်ကြတော့ပါဘူး။ ကျေးဇူးသိတတ်သူကိုသာ ရေရှည်ကူညီချင်ကြတာပါ။ အဲကျေးဇူးဆိုတာ အများကြီးပြန်ပေးစရာမလိုတဲ့အရာပါ။သိတတ်မှုတစ်ခုပဲလိုတာပါ။ မိသားစုမှာကတော့ မိသားစုကိုစာနာပြီး မိဘနေရာကို ၀င်ခံစားနိုင်သူကသာ မိသားစုတာဝန်ကိုယူတတ်တာပါ။အထက်မှာ ငြိမ်းချမ်း ပြောခဲ့သလိုပဲ တစ်ချို့တွေက တစ်ခွန်းလောက်နဲ့ ဖြေသိမ့်တတ်တယ်ဆိုပေမယ့် ကူညီချင်တဲ့စိတ်ရှိတယ် စကားများများမပြောတတ်တာ မျိုးလည်းရှိတယ်၊ တစ်ချို့ကလည်းဟန်ဆောင်ပန်ဆောင် မင်းသားရှုံးအောင်ပြောတတ်ပြီး နောက်ကွယ်မှာ ပစ်ထားတတ်တာမျိုးလည်းရှိတတ်ပါတယ်။အဓိက ကတော့ ကူညီပေးတဲ့သူကို ကျေးဇူးမကန်းမိအောင်ရယ် မိမိကလဲ သူများအကူညီပေးချင်အောင်နေတတ်ဘို့ရယ်ပါ။

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← ကျွန်တော်နှင့် ပျော်စရာများ   Вернуться в блог   ပြုံးတော်မူ →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.