ဥရုဝေလမှအပြန်
Опубликовано 28.05.2014
tuntunaye_tongkyo
Настроение: .
Музыка: rock.
Метки: ရယ်စရာပေါ့ပေါ့ပါးပါး
ဥရုဝေလမှအပြန်
အဝေး ကကြည့်လိုက်လျှင် လူစုလူဝေး စုစုရုံးရုံး မြူနှင်းတွေကြားမသဲမကွဲ တစ်ခုခုကိုကြိုးစားပမ်းစား
လုပ်နေပုံ ရသည်။ ဆရာဖြစ်ဟန်တူသူက တပည့်များ ကိုအခြေအနေကြည့်၍ကြီးကြပ်နေပုံ လူပုံက
တည်တည်တန့်တန့် မုတ်ဆိတ်ကျ ဉ်စွယ်နှင့် လက်ပိုက်ပြီးကြည့်နေပုံ များ တော်ရုံတန်ရုံ လူတွေ
ဒူးထောက်သွားလောက်အောင် ခန့်ငြားလှသည်။တပည့် တပန်းတွေပေါများသလောက် တော်ရုံတန်ရုံ
ပေါ့ပျက်ပျက်တပည့်မျိုး ကိုဆိုလျှင် လက်မခံ ခံယူချက်ပြင်းပြင်းဖြင့် ၀ီရိယရှိသော တပည့်မျိုးကိုသာ လက်
ခံလေ့ရှိ၏။ သူ၏အမည် က ဥရုဝေလ ကဿပ ..ထိုနယ်တစ်ဝိုက်တွင်တော့ ဆရာကြီး တစ်ပါး မသိသူ
မရှိ ကန်တော့ စရာဦးဦးဖျားဖျား လေးတွေဆိုလျှင် အရှင် ကဿပ ဆီ အရင်ရောက်သည့် ကန်တော့်ခံ
ပူဇော်ခံလူစားမျိုး..လက်ရွေးစဉ်တပည့် ငါးရာခြံရံလျှက် ထိုတောအုပ်ကို အပိုင်စားရထားသည်။
ဥရုဝေလ တောအုပ်၏အေးမြလှသောဆောင်းရာသီ အချိန် ရေထဲမှာ ခိုက်ခိုက်တုန်နေသော တပည့်တွေက
ဆရာ၏နှုတ်မှ အသံကို နားစွင့်ရင်း ရေထဲငုတ်လိုက် မွန်းကြပ်လာတော့မှ ရေပေါ်မှာလေတစ်ဝရှူ သွင်း
လိုက် လုပ်နေကြ သည်။နေကိုမော့ကြည့်လိုက်ရင်း ဥရုဝေလ နှုတ်မှစကားအများကြီးထွက်မလာ "ဆွမ်း
စားကြ လော့" ဟူသောအသံကိုကြားလိုက်သည်နှင့် ကမ်းစပ်ပေါ်အသီးသီးတက်လာပြီး မီးဖိုသူကဖို
ဆရာကြီး အတွက်စားစရာပြင်သူပြင် ..အလုပ်ကိုယ်စီဖြင့် ယောက်ယက်ခတ်နေကြသည်ကို ဥရုဝေလ
ကျောက်တုံးတစ်တုံးပေါ်မှ ထိုင်ကြည့်ရင်း မိမိ ၏အရင်ကအချိန်များကို စဉ်းစားလိုက်မိသည်။ ဤကျောက်တုံး
ပေါ်၌မိမိထိုင်ခဲ့သည်မှာနှစ်ပေါင်း မနည်းတော့ ဒီအကျင့်အကြံတွေကျင့်ကြံခဲ့တာကလည်း အတော်ကြာခဲ့ပြီ
မိမိသီလတွေလည်း တစ်ပါးသူတွေထက်ဖြူစင်လို့သာ ဆရာနေရာကို ရနေခြင်းမဟုတ်ပါလော..ဟုတွေးရင်း
ပီတိဖြစ်ကာ ပြုံးမိလိုက်၏။သို့ပေမယ့် ကဿ ပစိတ်ထဲတွင် ဆရာ့ဆရာကြီးများသင်ကြားခဲ့သော နည်းများ
ပင်ဖြစ်လင့်ကစား ဒီကျင့်ကြံမှုများတွင် တစ်စုံတစ်ရာလိုအပ်ချက်ရှိနေသလို စိတ်ထဲမှာအမြဲ ဖြစ်ပေါ်
လျှက်ရှိ နေသည်။မိမိဘာသာ ရဟန္တာ ဖြစ်ပြီဟု သမုတ်ထားသော်ငြားလည်း မယုံမရဲစိတ်တွေ တစ်ခါတစ်
ရံဖြစ်ပေါ်လျှက်ရှိသည်။......................
ဒီနေရာတွင်ကလစ်၍ ဆက်လက်ဖတ်ရှု ရန်