၂၀၁၁ ခုနစ်အတွက် ကျွန်မရဲ. ပုံပြင်လေးတစ်ပုဒ်

Опубликовано 24.03.2011 thidange

'' မိန်းမဖြစ်ရတဲ့ ဘ၀ ''

သတိပေးချက်။    ။သံဃာတော်များ ၊အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများ နှင့် ယဉ်ကျေးသိမ်မွေ. အရှက်အကြောက်ကြီးသော မြန်မာမိန်းကလေးများ မဖတ်ကြပါရန် ။

တစ်ခုသော တနင်္ဂနွေနေ.လေး တစ်နေ.မှာ အလုပ်ပိတ်ရက်လည်းဖြစ်၍ ကျွန်မမှာ
အိမ်မှုကိစ္စများ လုပ်ဆောင်အပြီးတွင် ကွန်ပြူတာရှေ.သို. ရောက်ပြီး ကျွန်မရဲ. Gmail ရှိ
inbox  ထဲတွင် မလေးရှား မှ ကျွန်မရဲ. သူငယ်ချင်းဖြစ်သူ ကိုစောသူရ ပေးပို.လိုက်သော( Mail )
စာများအား ဘာရယ်မဟုတ် ဖတ်နေမိပါသည်။

 

ထိုစာလေးအား ဖတ်အပြီးတွင် ကျွန်မရဲ. ခေါင်းထဲသို. အတွေးများစွာက

မဖိတ်ခေါ်ဘဲ တောက်လျှောက် ထိုးဖောက် ၀င်ရောက်လာပါတော့သည်။အဲဒီလို အတွေးများထဲ

တွင် ကျွန်မရဲ. သူငယ်ချင်း တစ်ယောက်ဖြစ်သော ကိုဇော်လတ် ရဲ. စကားများစွာကို လည်းပြန်

လည် အမှတ်ရမိပါသည်။ ကျွန်မမှာ ထိုစာလေးအား ဖတ်အပြီးတွင် သြော်.....ဒို.မြန်မာနိုင်ငံမှာ

လည်း အဲဒီလိုပဲ တရားဝင် လက်မထပ်ရသေးဘဲ ကုတင်ပေါ်သို. အတူတူ တက်ပြီးသွားသလို ၊

လက်ထက်ပြီးသား တရားဝင်ကာမပိုင် လင်ယောကျာင်္း ရှိသော်လည်း နောက်မီးလင်း ဖောက်ပြန်

မှုတွေ ရှေးအရင်းကတည်းက ရှိခဲ့ပေမဲ့ ဒီဘက်ခေတ်မှာ ပိုပြီးများလာသလိုပဲ ဟုကျွန်မ တွေး

တောနေမိပါသည် ။ “  ဖက်ပေါ် ဆူးကျလဲ ဖက်ပဲပေါက်သလို ၊ဆူးပေါ် ဖက်ကျလဲ ဖက်ပဲ ပေါက်

ပါတယ် '' ဆိုသကဲ့သို. ကျွန်မတို. မိန်းမသားဘ၀မှာ နာစရာရှိရင် ကိုယ်တွေကပဲ နစ်နာတာပါ ။

ယခုခေတ် မြန်မာမိန်းကလေးတွေ ခေတ်မှီလာတာကတော့ အဲဒီလိုမျိုး မဟုတ်တဲ့နေရာမှာ

ထူးချွန်ပါပေတယ် ။ထားလိုက်ပါတော့လေ.....ကျွန်မသူငယ်ချင်း ပေးပို.လိုက်တဲ့ စာလေးအား

အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

တိုက်ဆိုင်လိုက်တာ

 

ရတနာထွန်း

အတွဲ ၂၆ ၊ အမှတ် ၅၀၉ (၁၁ - ၁၇ ၊ ၃ ၊ ၂၀၁၁)
လူတစ်ယောက်က စားသောက်ဆိုင် တစ်ခုရဲ့ဘားမှာထိုင်ပြီး ၀ိုင်နီ တစ်ခွက် မှာပါတယ်။

သူ့နံဘေးကမိန်းမက ကျွန်မလည်း အဲဒါပဲမှာလိုက်တာလို့ ပြောတော့

သူက"ကျွန်တော်ကတော့ပျော်စရာကြုံလို့ ဂုဏ်ပြုတဲ့အနေနဲ့သောက် မှာ"လို့ ဆိုပါတယ်။

အမျိုးသမီးကလည်း"တိုက်ဆိုင်လိုက်တာရှင်။ ကျွန်မလည်း ပျော်စရာရှိ နေလို့ ၀ိုင်နီ

မှာသောက်တာ"လို့ဆိုတော့ အမျိုးသားက ဘာများလဲလို့ မေးတော့"ကျွန်မတို့လင်မယားက

အိမ်ထောင်ကျတာကြာပြီ။ ဒါပေမယ့် ကလေးမရဘူး။ ဒီနေ့ ဆရာဝန်က ကျွန်မမှာကိုယ်ဝန်

ရှိနေပြီလို့ ပြော လိုက်တာနဲ့ ပျော်နေတာ"လို့ ဆိုပါတယ်။

အဲဒီအခါမှာအမျိုးသားက "တိုက်ဆိုင်လိုက်တာဗျာ။ကျွန်တော်က ကြက် မွေးမြူရေးလုပ်တာပါ။

ကျွန်တော့ကြက်မတွေ ဥမဥတာကြာပြီ။ ဒီနေ့ ကြက်မတွေ ဥပြန်ဥလို့ ပျော်နေတာ"လို့ဆိုတော့

အမျိုးသမီးက"ရှင်က ဘယ်လိုနည်းလမ်းသုံးလိုက်လို့တုံး"လို့ မေးပါတယ်။

ဒီတော့သူက "ကျွန်တော်လား၊ ကြက်ဖတွေလဲလိုက်တယ်လေ။ ခင်ဗျားရော"လို့ မေးလိုက်တော့

အမျိုးသမီးက "အို၊ တိုက်ဆိုင်လွန်း လိုက်တာရှင်"တဲ့။

 ( မှတ်ချက် ။     ။ ထိုစာလေးမှာ မြန်မာတိုင်းဂျာနယ် အတွဲ ၂၆  ၊အမှတ် ၅၀၉ မှ နားနားနေနေ

စိတ်အပန်းဖြေ ခေါင်းစဉ်အောက်ရှိ တိုက်ဆိုင်လိုက်တာ ဆိုတဲ့ ဟာသ အကြောင်းအရာလေး

အား ကျွန်မ ဖတ်ရန်အလို.ငှါ ၄င်းမှ သူငယ်ချင်းကောင်း ပီသစွာ အားအားရားရားဖြင့် ပေးပို.

လာတာပါ ) ။

အောက်ဖော်ပြပေးမဲ့ စာသားများသည် ကိုဇော်လတ် တွေ.ကြုံခဲ့မှုများနှင့် ကျွန်မရဲ. အတွေ.

အကြုံများကို ပေါင်းစပ်ပြီး ရေးသားထားခြင်းပါ ။

တစ်ခု မှာကြားချင်တာကတော့ ဒီနေရာမှ စတင်ပြီး အစ္စလာမ်ဘာသာဝင်များ ဖတ်၈ှုရန် မသင့်

တော်၍ စာရေးသူ ကျွန်မ အနေဖြင့် များစွာ များစွာဖြင့် တားမြစ်ပါသည် ။တားမြစ်ချက်အား

မလိုက်နာဘဲ ဖတ်၈ှုလိုက်မိပါက ကောင်းသည်ဖြစ်စေ ၊ဆိုးသည်ဖြစ်စေ ကျွန်မနှင့် လုံးဝ လုံးဝ

မသက်ဆိုင်ပါကြောင်း ။

အချိန်ကာလမှာ ကျွန်ုပ် ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရောက်ရန် စောင့်မျှော်နေတဲ့

ကြားကာလလေးပါ ။ကျွန်ုပ်မှာ ၁၉၉၆ ခုနစ်တွင် ဆယ်တန်းအောင်သောကြောင့် ကံဆိုးချင်တော့

မြန်မာနိုင်ငံရဲ. နိုင်ငံရေး အခြေအနေကြောင့် တက္ကသိုလ်များအား ပိတ်ထားသော အချိန်နှင့်

သွားတိုက်ဆိုင်နေပါသည် ။ကျွန်ုပ် ဇော်လတ်မှာ တက္ကသိုလ်တက်ရောက်ရန် (ဆင် -ီး ခွေးမျှော်

သလို ) စောင့် နေပါသော်လည်း အစိုးရမှ ရက်အကန်.အသတ်မရှိ ပိတ်ထားလိုက်သောကြောင့်

လွန်စွာမှ အားရားနေတဲ့ ကျွန်ုပ်အား ဖခင်မှ '' ဟေ့ကောင်...ဒီခေတ်က နည်းပညာတိုးတက်

လာတဲ့ခေတ်ဖြစ်တဲ့ အတွက်ကြောင့် ကွန်ပြူတာ သင်တန်းတက်ကွာ ။အင်္ဂလိပ်စာ ၊အင်္ဂလိပ်စကား

ပြော သင်တန်းလဲတက်အုံးကွ ။နောက်ပြီး လူဆိုတာ အတတ်ပညာတစ်ခုခု တတ်ထားရင် ထမင်း

မငတ်နိုင်ဘူးကွ ။ဒါကြောင့် ကားမောင်း ၊ကားပြင်သင်တန်းလဲတက်ကွ ''  ဆိုပြီး ကျွန်ုပ်ရဲ. အားရား

ပြီး ၁၀၉ ၊၁၁၀  အလုပ်မရှိ ၊အကိုင်မရှိ ၊ကျောင်းသားဆိုလဲ ပြောလို.မရတော့တဲ့ ဖားတစ်ပိုင်း၊

ငါးတစ်ပိုင်း ဖြစ်စဉ်ကို လွန်စွာ မျက်စီနောက်လှသောကြောင့် သင်တန်းတစ်ခုပြီး တစ်ခုတက်ခိုင်း

လေတော့သည် ။

အဲဒီလိုပဲ သင်တန်းတစ်ခုပြီး တစ်ခုတက်ရင်း ၊တစ်ဖက်မှ ကျွန်ုပ်ဖခင်ရဲ. စီးပွါးရေးဖြစ်သော

စားသောက်ဆိုင်ကလေးမှာ ၀ိုင်းကူလုပ်ရင်း အချိန်တွေဟာ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးလာရင်း

၂၀၀၀ ခုနစ်မှပဲ တက္ကသိုလ်တက်ရန် ကျောင်းများပြန်လည် ဖွင့်ပါတော့လေသည်။ကျွန်ုပ်မှာ

ထိုသတင်းကြားရလျှင် ကြားရချင်းပဲ ပျော်ရွှင်သွားတော့သည်။အဘယ်ကြောင့်ဆိုသော် မွေးချင်း

မောင်နှမ ငါးယောက်ထဲမှာမှ အထွေးဆုံး(အငယ်ဆုံး) ဖြစ်သော ကျွန်ုပ်တစ်ယောက်ထဲသာ

ဆယ်တန်းအောင်ပြီး တက္ကသိုလ်သို. တက်ရောက်နိုင်သော အတွက်ကြောင့်သော်လည်းကောင်း၊

ကျောင်းတက်ရတော့မယ်ဆိုတော့ ဖခင်ရဲ. အလုပ်ကို ၀ိုင်းလုပ်ပေးစရာ မလိုတော့တဲ့ အတွက်

ကြောင့် သော်လည်းကောင်း ၊ဆွေမျိုးများထဲတွင်လည်းကောင်း ၊ရပ်ကွက်ထဲတွင်လည်းကောင်း

မျက်နှာငယ်လေးနှင့် တစ်ယောက်လာလဲ ကိုးတန်းနှင့် ကျောင်းထွက်၊နောက်တစ်ယောက်လာလဲ

ဆယ်တန်းနှစ်ခါ၈ှုံးပြီး ကျောင်းထွက်နှင့် ပညာရေးဘက်မှာ လွန်စွာမှ အသုံးမကျသော ကျွန်ုပ်ရဲ.

အစ်ကို ၊အစ်မတွေရဲ. အရိပ်မည်းကို ကျွန်ုပ်တစ်ယောက်တည်းသာလျှင် ဘွဲ.ဓါတ်ပုံချိတ်ကာ

ကုန်သည်မျိုးရိုးဖြစ်တဲ့ ပညာရေးကို အားမပေးတဲ့ ကျွန်ုပ်မိသားစုကလေးမှာ ကျွန်ုပ်ကြောင့်လူတွေ

အထင်သေးချင်မှ ကင်းလွှတ်ခဲ့တဲ့အတွက်ကြောင့် ကျွန်ုပ်မိခင် ဒေါ်မာလာမှာ တစ်ရပ်ကွက်လုံးသို.

လိုက်လံကြွားဝါ နေတော့လေသည်။( ကျွန်ုပ် ဆယ်တန်းအောင်တဲ့နေမှာလည်း ကျွန်ုပ်မိခင်မှာ ထ

ကပြီး တစ်ရပ်ကွက်လုံးသို. မမောတမ်း ၊မပန်းတမ်း လိုက်လံကြွားခဲ့ပြီးပါပြီ ) ။

နောက်နေ.နံနက်စောစောတွင် တစ်ရပ်ကွက်ထဲ အတူတူနေတဲ့ သူငယ်ချင်းလည်းဖြစ်သော ၊

အလယ်တန်းမှ စပြီး ဆယ်တန်းဖြေပြီးတဲ့အထိ ကျောင်းတစ်ကျောင်းထဲတွင် အခန်းတူလည်းဖြစ်

သော ၊မောင်နှမ အရင်းကဲ့သို. ပွင့်ပွင့်လင်းလင်းဖြင့် ဆိုးပေ့ ၊ကောင်းပေ့ တိုင်ပင်ဖော်တိုင်ပင်ဖက်

ကျွန်ုပ်ရဲ. အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ မအေးအေးသက် တို. မုန်.ဟင်းခါး ဆိုင်လေးသို.

ထွက်လာခဲ့လေသည် ။( ဤနေရာတွင် အေးအေးသက်ရဲ. အကြောင်းကို အနည်းငယ် ဖော်ပြပါ

ရစေ )။

အေးအေးသက် တို.အိမ်မှာ ကျွန်ုပ်တို. အိမ်နှင့် ရှစ်လုံးမြောက်တွင် ရှိပါသည် ။၎င်းဖခင်ဦးအောင်မြင့်

မှာ ဆက်သွယ်ရေးဝန်ကြီးဌါနတွင် အစိုးရ၀န်ထမ်း စာပို.သမား တစ်ဦးပါ ။၎င်းမိခင်ဒေါ်သန္တာအေး

မှာအရင်ကတော့ အလယ်တန်းပြကျောင်းဆရာမပါ ။ယခုတော့ ထိုအလုပ်မှထွက်ကာ မှီခိုသူပါ ။

၎င်းအေးအေးသက်တွင် လွန်စွာချောမောလှပသော ခြူးခြူးနွယ် ဆိုသော ညီမလေးတစ်ယောက်ထဲ

သာရှိသည် ။ သာမန်အစိုးရ၀န်ထမ်း ၄င်းဖခင်တစ်ဦးတည်းရဲ. ၀င်ငွေကိုသာ မှီခိုနေရတဲ့အတွက်ကြောင့်

အေးအေးသက်တို. မိသားစုမှာ ချောင်ချောင်လည်လည်မရှိလှပါ ။ကံတရားရဲ.မျက်နှာသာ မပေးမှု

ကြောင့် ၄င်းဖခင်ဦးအောင်မြင့်မှာ မနှစ်က အရက်သောက်များမှုကြောင့် အသည်းရောဂါဖြင့် ကွယ်လွန်

ခဲ့လေသည် ။၎င်းတို.ရဲ.မိသားစုတွင် ရွှေတောင်ကြီးပြိုလဲခဲ့သောကြောင့် စားဝတ်နေရေးအတွက်

အထက်တွင်ဖော်ပြခဲ့သလို ကျွန်ုပ်တို.ရဲ.လမ်းထိပ်တွင် မုန်.ဟင်းခါးဆိုင်လေးဖွင့်ကာ သားအမိသုံး

ယောက်သား လူ.ဘ၀ကို ပင်ပန်းဆင်းရဲ.စွာဖြင့် ရုန်းကန်ခဲ့ရလေသည် ။အေးအေးသက်မှာ အသား

ညိုကာ အရပ်ရှည်၍ ပိန်ပါသည် ။၎င်းတို.ကျန်တဲ့ မိသားစုအားလုံးမှာ အသားဖြူ၍ အရုပ်ပုသော

ကြောင့် ရပ်ကွက်ထဲမှ လွန်စွာရင်းနှီးသောသူများက ၄င်းအား  မွေးစားသမီးဆိုပြီးလည်းကောင်း ၊

သိပ်မရင်းနှီးလှသောသူများက ညိုမ ဆိုပြီးလည်းကောင်း ခေါ်ဝေါ်ကြလေသည် ။ကျွန်ုပ်မှာတော့

ထိုကဲ့သို. ၄င်းအားမခေါ်ဘဲ ကျောင်းနာမည်ဖြစ်သော အေးအေးသက် ဟုသာခေါ်ပါသည် ။၎င်းရဲ.

ညီမဖြစ်သူ ခြူးခြူးနွယ်မှာတော့ ဒီနှစ်မှာ ဆယ်တန်းကျောင်းသူလေးပါ ။ခြူးခြူးနွယ်သည် ယခုခေတ်

တက်သစ်စ ရုပ်ရှင်မင်းသမီးလေး ၀တ်မှုန်ရွှေရည်လိုမျိုး လူကောင်ပုပုသေးသေး ဖြူဖြူဖွေးဖွေးဖြင့်

ချစ်စရာကောင်းသောကြောင့် ရပ်ကွက်ထဲမှကာလသားများသာမက အခြားသောရပ်ကွက်မှကာလ

သားများပါလာရောက်ပိုးပန်းကြလေသည် ။သူကလည်း သူပါပဲ။ရုပ်ရည်အားကိုးနှင့် ရည်းစားထည်လဲ

တွဲပါကြောင့် ရပ်ကွက်ထဲမှာတော့ နာမည်ကြီးသူတစ်ဦးပါ ။ထားပါတော့လေ....အထက်တွင်ဆိုခဲ့သလို

ကျွန်ုပ်မှာ အေးအေးသက်တို.ဆိုင်ကိုရောက်တော့ မနက်စောစော ဆိုင်စဖွင့်စဆိုတော့ ခုံလွတ်တစ်ခုကို

ဆွဲယူလိုက်ပြီး ၀င်ထိုင်လိုက်လေသည် ။

 

အေးအေးသက်မှာ ကျွန်ုပ်အားမြင်လျှင် မြင်ခြင်းပင် '' ဟဲ့...ဇော်လတ် နင်ကျောင်းအပ် ပြီးပြီလား ။

ဘာမေဂျာရတာလဲ ။အစရှိသဖြင့်မေးပါလေတော့သည် ။ '' ကျွန်ုပ်မှ ကျောင်းအပ်ပြီး၍ သတ္တဗေဒ

အဓိကဘာသာရကြောင်းပြောသောအခါ သူမလည်းကျောင်းအပ်ပြီး၍ ရူပဗေဒဘာသာရကြောင်း

တောက်လျှောက်ပြောလေသည် ။ကျွန်ုပ်တို.နှစ်ယောက် စကားပြောကောင်းမယ်ရုံရှိသေး တစ်ဖက်

ဝိုင်းသို. လူသုံးယောက် ရောက်ရှိလာပြီး မှာစရာရှိ၍ သူမအားလှမ်းခေါ်လေသည် ။ထိုအခါသူမမှ

ဇော်လတ် နင်ဘာစားမလဲ ။ထုံးစံအတိုင်း ဗူးသီးကြော်နဲ.မုန်.ဟင်းခါး မဟုတ်လား ဆိုတော့ ကျွန်ုပ်မှ

အေး....ဆိုပြီးပြန်ဖြေလိုက်လေသည် ။ပြီးနောက်သူမမှ တစ်ဖက်ဝိုင်းသို. လာပြီ လာပြီ ဟုဆိုကာ

သွားလေသည် ။တဖက်ဝိုင်းသို. အေးအေးသက်ရောက်သွားသောအခါ ဘာမှာမလဲ အစ်ကိုတို. ဟု

မေးသောအခါ လူတစ်ယောက်မှ ဟေ့...ငါ နင်ကိုခေါ်နေတာ အခွန်းတစ်ရာမကတော့ဘူး ။မင်း

နားလေးနေသလားကွ ဆိုပြီးပြောလေသည် ။အေးအေးသက်မှ တစ်ခြားဝိုင်းမှလည်းမှာကြားနေ၍

မကြားမိတာကို စိတ်မရှိနှင့်လို. တောင်းပန်လေသည် ။ထိုအခါ ထိုသူမှ ခါးကြားမှ အရက်ပုလင်းဆွဲ

ထုတ်ကာ စားပွဲပေါ်သို.တင်လိုက်လေသည် ။ထိုလူသုံးယောက်ပုံစံမှာလည်း မနေ.ညကတည်းက

တစ်ညလုံးသောက်ထားတဲ့ ပုံစံပေါက်နေကာ မူးရူးနေပါသည် ။ထိုအခါ အေးအေးသက်မှ ဟို...ဟို

အစ်ကိုတို. စိတ်မရှိနဲ.နော် ။ဒီဆိုင်က မုန်.ဟင်းခါးပဲရောင်းတဲ့ ဆိုင်ဆိုတော့ ဒီမှာအရက်သောက်လို.

မရဘူးနော် ဆိုတော့ ထိုသူမှ ဟေ့...သောက်လို.မရဘူးလား မရတော့လည်းပြီးတာပဲဆိုပြီး ၄င်းရဲ.

ခါးကြားထဲသို.ပြန်ထိုးထဲ့လိုက်ပြီးမှ အစ်ကို.အတွက် ကြက်သွန်ကြော်နဲ.မုန်.ဟင်းခါးတစ်ပွဲပေးကွာ

ဟေ့ကောင်တွေ...မင်းတို.ရောဘာနဲ.စားကြမလဲဆိုပြီး ကျန်တဲ့၎င်းရဲ.သူငယ်ချင်းအား မေးလေသည်။

ထိုအခါ အနီးအနားမှကျွန်ုပ်မှာ ၄င်းတို.အုပ်စုကို သေသေချာချာကြည့်လိုက်သောအခါ တဖက်ရပ်ကွက်

မှ နာမည်ဆိုးဖြင့်ကျော်ကြားသော လူမိုက်သားကြီးတို. အုပ်စုဖြစ်နေသည်။ ခုနက အရက်ပုလင်း

ထုတ်ကာမိုက်မိုက်ရိုင်းရိုင်းဖြင့် ပြုမှုနေသူမှာ ထိုလူမိုက်သားကြီးဖြစ်ပေသည် ။ပြီးနောက်၎င်းရဲ.

ဘေးနားမှလူတစ်ယောက်မှ ညီမလေးရေ...အစ်ကိုအတွက် ဘေးနားက လက်ဖက်ရည်ဆိုင်မှာ

ကော်ဖီမစ် ပလိန်းတစ်ခွက်မှာပေးပါ ။ မုန်.ဟင်းခါးတစ်ပွဲ ဘာအကြော်မှမထဲ့နဲ.နော်...

နောက်ပြီးကြက်သွန်ဆီကျက်တို. ၊နံနံပင်တို. ၊ပူစီနံတို. ဘာညာတွေ ဘာမှမထဲ့နဲ.ကွာ ။

ဘယ်လိုပြောရမလဲ...ခုနကမှာသလိုကော်ဖီလိုမျိုး မုန်.ဟင်းခါး ပလိန်းတစ်ပွဲပေးကွာ ဆိုပြီး အဆီအငေါ့

မတဲ့သောစကားမျိုးဖြင့် မှာကြားလေတော့သည် ။၎င်းရဲ.ဘေးနားရှိတတိယမြောက်လူ မုတ်ဆိတ်မွှေးများ

နှင့် မွတ်ဆလင်ကုလားမှ  ဒီလိုညီမလေးရေ...စိတ်မရှိနဲ.နော် ၊ဒီကောင်က အဲဒီလိုမျိုး ကော်ဖီသောက်

တော့လည်းပလိန်းမှ ၊ဟိုအိမ်သွားလို. ဟိုကအပျက်မတွေနဲ.အိပ်တော့လည်း ပလိန်းမှ ဘယ်တော့မှ

အဖော်တို. ၊အစွတ်တို. မသုံးဘူး ၊လုံချည်ဝတ်တော့လည်းအဆင်တွေ ၊အကွက်တွေမပါတဲ့ ပလိန်း

နဲ.မှ ၊အခုလည်းကြည့်လေ မုန်.ဟင်းခါးစားတော့လည်း ပလိန်းတဲ့ ပေါက်ပေါက်ရှာရှာကွာ...

ဒါကြောင့်ဒီကောင်ကို အစ်ကိုတို.အုပ်စုက မောင်မောင်မြင့် လို.မခေါ်ဘဲ ပလိန်းမောင်မောင်လို.

ခေါ်တာကွ ။အေး...ငါ့အတွက် အီကြာကွေးနဲ.တစ်ပွဲ ညီမလေးရော မုန်.ဟင်းခါးစားရင် အဲဒီလို

အီကြာကွေးမျိုး အချောင်းကြီးကြီးနဲ.စားရတာ မကြိုက်ဘူးလားဆိုပြီး  ၄င်းရဲ. မုတ်ဆိတ်ကို ဆွဲနေကာ

မချိုမချဉ်မျက်နှာ နဲ. အသီးသီးမှာကြားလေသည် ။

အဲဒီလို မသိသာဆိုးရွားလှပြီး ၊မောင်နှမချင်း ကိုယ်ချင်းမစာနာ ၊တိရစ္ဆာန်ကဲ့သို. ရိုင်းစိုင်းလှသော

ထိုသူသုံးဦးသားမှာ အေးအေးသက်အား အမျိုးမျိုးမဖုံဖုံ စိတ်အနှောက်အယှက် ပေးပြီးမှ ထပြန်

ကြလေတော့သည် ။ထိုသူတို. ပြန်သွားမှ အေးအေးသက်မှာ ပန်းကန်ခွက်ယောက်များ သိမ်းဆည်း

ကာ ပန်ကန်းဆေးမည့်နေရာတွင် ပန်းကန်ခွက်ယောက်များအား ဆေးကြေားနေရင်းမှ ၄င်းမိခင်အား

  အမေရယ်...သမီးတို.လို မရှိလို. ရိုးရိုးသားသားနဲ. ရှာဖွေစားသောက်တာကို လူတွေက အထင်သေး

ချင် ၊စော်ကားချင်ကြတယ် ။သြော်...လူတွေဟာ မြေနိမ့်ရာလှံစိုက် ဆိုသလိုပဲ ပိုက်ဆံမရှိရင် အရမ်းပဲ

နှိမ်ချင်ကြတယ် ။တကယ်လို. အခုနေများ သမီးတို. ရွှေဆိုင်လား ၊ပွဲရုံလား ၊ကုမ္ပဏီလား တစ်ခုခု

ပြောင်းဖွင့်ကြည့်ပါလား ခုနကလိုမျိုး ဘယ်သူမှ လာစော်ကားရဲမှာ မဟုတ်ဘူး ။နောက်ပြီးအဆိုးဆုံး

ကတော့ အမေ သမီးကို   ဘာဖြစ်လို. ယောင်္ကျားလေးဆိုပြီး မမွေးခဲ့တာလဲ ။တကယ်လို. သမီးဟာ

ယောင်္ကျားတစ်ယောက်ဖြစ်ခဲ့ရင်လဲ စောစောတုန်းလိုမျိုး စော်ကားခံထိမှာ မဟုတ်ဘူး ။ဒါမမှဟုတ်ရင်

လဲ သမီးတို.မွေးချင်း မောင်နှမမှာ ကျားကျားရားရား အစ်ကို တစ်ယောက်လောက် ဒါမှမဟုတ်

မောင်လေးတစ်ယောက်လောက် ရှိခဲ့ရင်လဲ အရမ်းကောင်းမှာပဲနော် လောကကြီးဟာ လုံးဝ မတရား

ပါလားဆိုပြီး ၄င်းရဲ.မျက်ရည်များ ပန်းကန်ဆေးဇလုံထဲသို. ပေါက်ပေါက် ပေါက်ပေါက်ကျကာ

 ငိုယိုလေတော့သည် ။ထိုအခါ ဘေးနားမှ ကျွန်ုပ်မှာ ကြားဖူးတာကတော့ ပြိတ္တာတို. မျက်ရည်မြေ

မကျကောင်းလို. ရပ်ကွက်ထဲတွင် ကြားဖူးခဲ့သော်လည်း ယခုငိုကြွေးနေသူမှာ ပြိတ္တာတစ်ကောင်

မဟုတ်ဘဲ ကျွန်ုပ်ရဲ. အချစ်ဆုံးသူငယ်ချင်း အေးအေးသက် ဆိုတဲ့လူသတ္တာဝါ တစ်ယောက်ပါ ။ကျွန်ုပ်

မှာ ၄င်းငိုနေတာကို ငေးစိုက်ကြည့်နေရုံမှ တစ်ပါးဘာမှ အကူအညီမပေးနိုင်ခဲ့၍ စိတ်မကောင်းဖြစ်မိ

ပါသည် ။အဲလိုဖြစ်ပျက်ပြီး နောက်နှစ်လခန်.အကြာတွင် အေးအေးသက်တို.မိသားစု သုံးယောက်သား

၎င်းတို. အဒေါ်ရှိသော မန္တလေးမြို.သို. အပြီးအပိုင် ပြောင်းရွေ.သွားကြလေသည် ။အစပိုင်း သုံး လေး

လ အထိ ကျွန်ုပ်နှင့် စာအဆက်အသွယ် ၊ဖုန်းအဆက်အသွယ်ရှိသေးခဲ့ပေမဲ့ နောက်ပိုင်းတွင် ကျွန်ုပ်ထံ

သို. စာလည်းမရေးတော့ ၊ဖုန်းလည်း မဆက်တော့ပါ ။အဲဒီလိုနဲ.ပဲ ကျွန်ုပ်လည်း ပြည်ပနိုင်ငံခြားသို.

ထွက်ခွါလာသဖြင့် ၄င်းနှင့် လူချင်းပြန်မဆုံတော့တာ ယနေ.ထက်ထိတိုင်အောင်ပင် ဖြစ်ပါတော့

လေသည် ။သြော်...အချစ်ဆုံးသူငယ်ချင်း အေးအေးသက်ရေ...အခုထက်ထိတိုင်အောင်ပဲ မင်းကို

သတိရနေတယ်ဆိုတာကို မင်းသက်ရှိထင်ရှားလူ.ပြည်မှာရှိနေသေးခဲ့ရင် အခုငါရေးတဲ့ စာကိုဖတ်ပြီး

မင်းသိနိုင်လောက်ပြီလေ ။သြော်...တစ်ခုအရေးကြီးတဲ့ စကားတစ်ခုမင်းကို မှာစရာရှိတယ် ။ငါ့အသိ

မိတ်ဆွေတွေကို မင်းသိပ်ဖြစ်ချင်တဲ့ ယောကျာင်္းလေးဘ၀ကို နောက်ဘ၀မှာ မင်းလူပြန်ဖြစ်ခဲ့ရင်

အခွင်အရေးရှိတဲ့ နည်းလမ်းကွ ။စပ်စုတယ်လို. အထင်နဲ.နော် မင်းအခုအိမ်ထောင်ကျပြီးပြီလား ။

တကယ်လို. မင်းမှာ အခု ကာမပိုင်လင်ယောကျာင်္းရှိခဲ့ရင် မင်းရဲ.ယောကျာင်္းကို မယားဝတ်နှင့် အညီ

ချစ်ကြောက်ရိုသေလေးစားစွာနှင့် ပြုမူမယ်ဆိုရင် နောက်ဘ၀မှာ မင်းလူပြန် ဖြစ်ရင် ယောကျာင်္လေး

ဘ၀ကိုရနိုင်မယ်တဲ့ ။(နောက်တာနော်.....ဟီး ဟီး) ။မင်း အခုယောကျာင်္းမရသေးရင်လည်း ခပ်မြန်မြန်

လေးရှာယူလိုက်တော့ ဟာ ။ငါ့လို ခန်.ချော၊ သဘောကောင်း၊ ငွေကြေးအသင်တင့်ရှိ ၊ပညာတတ် ၊

မျိုးရိုးကောင်း ၊မသောက်မစား လောင်းကစား မလုပ်တဲ့လူမျိုးကို ယူပေါ့ နော်။ဟား...ဟား...ဟား

( မှတ်ချက် ။     ။အထက်တွင်ဖော်ပြခဲ့ပြီးသော စာများမှာ ကျွန်မရဲ.သူငယ်ချင်း ဖြစ်သော ကိုဇော်လတ်

ရဲ. စာများဖြစ်ပါသည် ။၎င်းစာတွင် အေးအေးသက်ဆိုသော ထိုအမျိုးသမီးမှာ ပြင်ပတွင် သက်ရှိထင်ရှား

ရှိခဲ့သေးပါ လျှင်ဒီ ပို.(စ်) လေးကို ဖတ်ပြီးလောက်ပါပြီ ။ယခုမှာတော့ ကိုဇော်လတ်လဲ ကွယ်လွန်သွားခဲ့

ပြီး ဖြစ်သောကြောင့် အမရေ...အမကိုတော့ ကိုဇော်လတ်က သတိရကြောင်း အမြဲတမ်းပြောပြော

တယ် ။အမရဲ. ခွင့်ပြုချက်မပါဘဲ နာမည်အစစ်အမှန်သုံးပြီး ရေးသားဖော်ပြခဲ့တာကို နားလည်ပေးပါနော်။

အဲ.......အရမ်းအရေးကြီးဆုံးတစ်ခုကို ကျွန်မမေ့သွားခဲ့တယ် ။အဲဒါကတော့ ယခုစာတွင် ပါဝင်သော 

မအေးအေးသက်လဲ ကိုဇော်လတ်လိုပဲ ဒီလောကကြီးထဲမှာ မရှိတော့ဘူးဆိုလျှင် ခုနက  ကျွန်မ

ရေးခဲ့သော မအေးအေးသက်အား  ကိုဇော်လတ် အမြဲတမ်းသတိရပါတယ်ဆိုတဲ့ စကားကိုတော့

ကျွန်မ နေထိုင်မကောင်းဖြစ်စဉ် အိမ်မက်မက်နေတုန်း သွေးလေခြောက်ခြား ကယောင်ကတမ်း

ဖြစ်နေတုန်းရေးသားထားတဲ့ စာများပဲလို.သာ ။                       မှ........စာရေးသူ   ) ။

 

တစ်ခုသော ကျွန်ုပ်ရဲ. ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားဘ၀ရဲ. နေ.ကလေးတစ်နေ.ပါ ။ထိုနေ.ကလဲ

တိုက်တိုက်ဆိုင်ဆိုင်ပင် မြန်မာနိုင်ငံရှိ မူစလင်ဘာသာဝင်များရဲ. ရိုးရာပွဲတော်နေ.ကလေးတစ်နေ.ပါ ။

ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်တဲ့ကျွန်ုပ်မှာ မူစလင်သူငယ်ချင်းများရှိခဲ့သော်လည်း ကျွန်ုပ်သိထားသည်မှာ

၎င်းတို.တွင် ပွဲတော်ကြီး(အသားအစ်)နှင့် ပွဲတော်လေး(မုန်.အစ်) နှစ်နေ.သာဖြစ်ပါသည် ။ကျန်တဲ့၎င်း

တို.တွင် အခြားသော ပွဲတော်နေ.များရှိခဲ့သေးပါလျှင် ဗဟုသုတနည်းပါးလှသော ကျွန်ုပ်ရဲ. အားနည်း

ချက်အား ၀န်ခံပါရစေ ။ကျွန်ုပ်သိထားသော  ၄င်းတို.ရဲ. အစ်နေ.ပွဲတော်များကိုလည်း အောက်တွင်

အနည်းကျဉ်းဖော်ပြပေးလိုက်ပါတယ် ။

Burma/Myanmar

Eid ul-Fitr lasts for only one day among Burmese Muslims, who call the day Eid Nei’ (Nei’=day) or Eid Ka Lay (Ka Lay=small) or Shai Mai Eid (Shai Mai=a meal of sweet vermicelli served with fried cashews, coconut shreds, raisins, and milk that is traditionally eaten by Burmese Muslims during Eid). Burmese Muslims predominantly follow the Hanafi school of jurisprudence in Sunni Islam.

During Ramadan, in the small towns and big villages with significant Muslim populations, Burmese Muslim youth organize singing teams called Jago (in Urdu and Hindi), which means "wake up." Jago teams usually do not use musical instruments apart from the occasional use of harmonica mouth organs.[27] These youth will walk throughout the neighborhoods before sunrise to wake up the fellow Muslims for Suhoor (pre-dawn meal), which precludes the day of fasting.

The roving groups of singers will take the tunes of popular Hindi movie songs, replaced with Burmese lyrics and invocations about fasting, the do's and don’ts of Islam and about the benefits of Salaat.[28] These songs could also be called Qawwali, which are popular in India and Pakistan. Sometimes these Jago groups will also visit Muslim homes on the Eid day, where they are welcomed with food and monetary donations for the team with Eidi or Duit Raya.

Although Eid ul-Fitr is not a public holidays in Burma, most employers have an understanding of the festival and are usually willing to accommodate days off for Muslim staff. Some may even take time off during office hours to visit with Muslim staff at their homes, usually accompanied by other non-Muslim coworkers. As there is no single Islamic authority in Burma to make official decisions on moon-sighting, it is sometimes difficult to reach consensus on the start and end of Ramadan. This often results in Eid being celebrated on different days in small towns and villages.

The Eid al-Adha "Festival of Sacrifice" or "Greater Eid" is a public holiday in Burma as this event falls annually on the 10th day of the month of Dhu al-Hijjah (ذو الحجة) in the lunar Islamic calendar. Unlike Muslim countries that observe a three-day festival, Eid al-Adha is only observed on one day in Burma. During both Eids, the traditional greeting is merely the common Islamic greeting of Assalamualaikum, and Eid Mubarak is only seldom heard. The greeting is followed by placing the right hand on the forehead (as if giving a salute); there is no shaking of hands and rarely only includes a formal embrace.

Gifts and food are frequently given to the elder relatives and even to non-Muslim employers and government authorities. New clothes are traditionally given to family members and coworkers, but Burmese Muslims elders will give Eidi gifts to children. Children will receive at least token amounts of money, even from strangers, especially if they went around the neighborhoods in groups just to collect Eidi. It is common for children and young people to go around giving greetings of "salaam" to parents, elder relatives and other elders in the community. During Eid, Burmese Muslims ask forgiveness from parents and elders and themselves try to forgive and forget any misunderstandings that may have occurred amongst one other.

Sometimes Burmese Muslims pray or perform Eid salah (called Eid Namaz) at an Eidgah at in open spaces outdoors. Burmese Muslim women typically do not attend the mosque or join with the men at an Eidgah.

As Burmese Muslims are discouraged by the religious authorities from decorating their homes with lights, lamps or colorful bulbs, sending Eid cards, and more recently, sending e-cards through the internet, is fairly common. Children and adults are also urged not to celebrate the religious festival with fireworks firecrackers.

 

ထိုနေ.က ကျွန်ုပ်မှာ ပျင်းရိလှသောကြောင့် နံနက်ပိုင်းတွင် အတန်းမတက်ဘဲ နေ.လယ်နှစ်နာရီမှသာ

ကန်.မတ်စထရီ ကလယ်တီကယ် သွားတက်မည်ဟု စိတ်ကူးထားပြီး အိမ်တွင် မဂ္ဂဇင်းစာအုပ်တစ်အုပ်

ကို အားရားစွာဖြင့်  လျှောက်ဖတ်နေတော့သည် ။ထိုနေ.ကလည်း ကျွန်ုပ်မိခင် ဒေါ်မာလာမှာ ခွင့်ယူထား

သဖြင့် ကျွန်ုပ်တို. သားအမိနှစ်ယောက်သား ကျွန်ုပ်ကြိုက်နှစ်သက်လှသော အုန်းထမင်းနှင့်ကြက်သား

ဟင်းဆီပြန် ကျက်စားကြပါသည် ။အချိန်မှာ နံနက် ဆယ်နာရီကျော်ကျော်လေး တွင်ဖြစ်မည် ။ကျွန်ုပ်မှာ

ဘုရားခန်းထဲတွင် ဘုရားဝတ်ပြုနေသော မိခင်အား ထမင်းလက်စုံစားရန် အတွက် ကျွန်ုပ်မိခင်အား

ဧည့်ခန်းထဲတွင် ထိုမဂ္ဂဇင်းလေးအား ဖတ်ကာ စောင့်နေပါတော့လေသည် ။

ထိုအချိန်မှာပင် အိမ်ရှေ.တံခါးခေါက်သံနှင့် အတူ ဆရာမလေး...ဆရာမလေး ဆိုသော အသံပါ

ဆက်တိုက်ထွက်ပေါ်လာသည် ။ကျွန်ုပ်မှာ အိမ်ရှေ.တံခါးအားဖွင့်ပေးလိုက်သော အခါတွင် သုံးဆင့်

ချိုင့် စတီးချိုင့်လေးအား လက်တစ်ဖက်တွင် ကိုင်ကာ ကုလားမကြီးတစ်ဦးအား တွေ.လိုက်

ရလေသည် ။ထိုအမျိုးသမီးကြီးမှ ကောင်လေးရေ....ဒီအိမ်က ဆရာမလေး ရင်စိန် တို.အိမ်ပါလား

ဟု မေးသောအခါ ကျွန်ုပ်မှ ဟုတ်မှန်ကြောင်း နှင့် အိမ်ထဲဝင်ထိုင်ရန် ဖိတ်မန္တကပြုရလေသည် ။

အမျိုးသမီးကြီးမှ ဧည့်ခန်းထဲတွင် ၀င်ထိုင်လိုက်ပြီး ၄င်းယူဆောင်လာသော ချိုင့်လေးအား စားပွဲ

ပေါ်သို.တင်လိုက်ပြီး ကျွန်ုပ်အား ဆရာမလေး ရော မတွေ.မိပါလား ဟုမေးသောအခါ

ကျွန်ုပ်မှ အမေ ဘုရားဝတ်ပြုနေ၍ ခဏလေးစောင့်ပါရန် ပြောပြီး၎င်းနဲ. ခပ်လှမ်းလှမ်းတွင် ထိုင်

လိုက်ပါသည် ။ထိုအမျိုးသမီးကြီးမှာ သြော်.....သားက ဆရာမလေးရဲ. သားလားဆို

တော့ ဟုတ်ပါတယ်လို. ကျွန်ုပ်မှ တိုတို တုတ်တုတ်ပင် ပြန်ဖြေလိုက်လေသည် ။

ကျွန်ုပ်တို.အိမ်ရဲ. ဘုရားခန်းမှာ ဧည့်ခန်းနှင့် ကပ်လျှက်ဖြစ်သောကြောင့် ဧည့်ခန်းမှ လှမ်းကြည့်ပါ

လျှင် လိုက်ကာပါးပါးလေးသာ ကာထားသောကြောင့် ကျွန်ုပ်မိခင်အား လှမ်းမြင်ရပါသည် ။တစ်အောင့်

လောက်အကြာတွင် ကျွန်ုပ်မိခင်မှာ ဘုရားရှိခိုးခြင်းပြီး၍ ဘုရးခန်းမအထွက် ဧည့်ခန်းတွင်ထိုင်နေသော

ထိုအမျိုးသမီးအားမြင်လိုက်သောအခါ ၄င်းရဲ.လူနာအား မှတ်မိစွာဖြင့် အို....အမာ ပါလား ဘာကိစ္စနဲ.

ကျွန်မဆီ လှည့်လာတာလဲ ဆိုပြီး ကျွန်ုပ်မိခင်မှ မေးလိုက်လေသည် ။အဲဒီအခါ ထိုအမာ ဆိုသော

မူဆလင် ကုလားမကြီးမှ  ဟုတ်တယ်ဆရာမလေးရေ...ဒီနေ.က ကျွန်မတို. အစ်တဲ့နေ.လေ ၊ဒါကြောင့်

ဆရာမလေးတို. စားဖို.မုန်.လာပို.တာ ဟုဆိုပြီး ကျွန်ုပ်မိခင်အား ၄င်း.ယူလာသောချိုင့်လေးအား လှမ်း

ပေးလိုက်လေသည် ။ကျွန်ုပ်မိခင်မှ သားရေ...ချိုင့်အားပေးလိုက်ပါအုံး ၊ပြီးတော့ဒီက အမာသောက်ဖို.

တစ်ခုခု လုပ်ပေးပါအုံး ဟုပြောက ကျွန်ုပ်အား ချိုင့်လှမ်းပေးလေသည် ။

ကျွန်ုပ်မှမိခင်လှမ်းပေးသောချိုင့်အား ယူလိုက်ပြီး မီဖိုချောင်ထဲသို.၀င်ကာ သာကူနှင့်အလွန်တူသော

၎င်းတို.အခေါ် ဆမိုင်မုန်.အား ဇလုံတစ်ခုထဲသို. ပြောင်းထဲ့ ၊ကျန်တဲ့ မုန်.အချိုလုံးကလေးများကို

လည်း ပန်းကန်ပြားလွတ်ပေါ်သို.ပြောင်းထဲ့လိုက်ပြီး ၄င်းရဲ.ချိုင့်လေးအား ဆေးကြောလိုက်ပြီး ၄င်း

အတွက် ကော်ဖီတစ်ခွက် ဖျော်ပြီး ဧည့်ခန်းသို. ပြန်ထွက်လာလေသည် ။ကျွန်ုပ်ထွက်လာတာကို မြင်တဲ့

ကျွန်ုပ်မိခင်မှ သားရေ....ဒီက အမာက လွန်ခဲ့တဲ့ သုံးလလောက်တုန်းက အမေ ကလေးမွေးပေးလိုက်တဲ့

အမေရဲ.လူနာလေး ဟုမိတ်ထပ်ဆက်ပေးပြန်ပါသည် ။ကျွန်ုပ်မှ ဟုတ်ကဲ့ တွေ.ရတာဝမ်းသာပါတယ်ဟု

မုန်.မျက်နှာကြောင့် ပြောလိုက်ရလေသည်။ ( ထိုအမျိုးသမီးကြီးမှ ကျွန်ုပ်မိခင်အား ဆရာမလေး ၊

ဆရာမလေး ဟု ခေါ်နေခြင်းမှာ ကျွန်ုပ်မိခင်မှာ ကျွန်ုပ်တို. နယ်မြို.လေးရဲ. သူနာပြု ဆရာမလေးပါ ။ထို

ခေတ်အချိန်ကာလတွင်  လူနာများမှာ ဆရာဝန် ၊ဆရာမနှင့် သူနာပြုဆရာမများကို အလွန်ပင်အားကိုး

ပြီး ချစ်ကြောက် ရိုသေကြပါသည် ။ထို ခေတ်အချိန်တုန်းကလည်း ပညာတတ်များအလွန်ပင်ရှားပါး

သောကြောင့် စေတနာခေတ်လို.လူကြီးများမှ ပြောဆိုကြပြီး ယခုခေတ်တွင်မူ ပညာတတ်များအလွန်များ

လာပြီး အဿပြာ (ပိုက်ဆံ) ခေတ်သို.ရောက်လာမှန်း မသိရောက်လာခဲ့ပါပြီး ) ။

ထိုနောက် မူဆလင်အမျိုးသမီးကြီးမှ ၄င်းရဲ.ချိုင့်လေးအား ပြန်ယူလိုက်ပြီး အိမ်ပြန်ရန် ထရပ်လိုက်

လေသည် ။ပြီးနောက် ဧည့်ခန်းမှ ကျွန်ုပ်တို. ဘုရားခန်းသို. မျက်လုံးဝေ့လိုက်ပြီး ကျွန်ုပ်မိခင်

အား ဆရာမလေးရေ စိတ်မရှိနဲ.နော် ဆရာမလေးတို. ဘုရားခန်းကို ကျွန်မ ကြည့်လို.ရမလားဆိုပြီး

ခွင့်တောင်းလေသည် ။ကျွန်ုပ်မိခင်မှ အို...အမာ ကလည်းဘာလုပ်မလို.လဲ ဆိုပြီးမေးလိုက်သောအခါ

အဲဒီမူဆလင်ကုလားမကြီးမှ ဟို ...စပ်စုတယ်လို.တော့မထင်နဲ. ခဏလေးဖြစ်ဖြစ်ဝင်ကြည့်ချင်လို.ပါ ။

ထိုအခါ ကျွန်ုပါမိခင်မှ အမာကြည့်ချင်သပဆိုရင် ခဏမဟုတ်ဘူး ကြိုက်သလောက်ကြည့်လို.ရတယ် ဟု

ပြောပြီး ကျွန်ုပ်မိခင်မှ ဦးဆောင်ပြီး ဘုရားခန်းထဲသို. ခေါ်လေသည် ။ဘုရားခန်းထဲသို.ရောက်သော်

ထိုအမာမှ အို...ဆရာမလေးတို. ဘုရားခန်းလေးက ကျယ်ကျယ်ဝန်းဝန်းနဲ. သပ္ပါယ်လိုက်တာနော် ။အိုး..

ဒါနဲ.ဆရာမလေးတို.ကိုးကွယ်တဲ့ ဘုရားက ဘာဘုရားပါလိမ့် ။အစိမ်းရောင်နဲ. ဖန်ပုလင်းခေါင်းပွနဲ.

ပါလားဆိုပြီး မေးလေတော့သည် ။ကျွန်ုပ်မိခင်မှ ဟုတ်တယ်အမာရေ... ကျွန်မအမျိုးသား ထိုင်းနိုင်ငံကို

အလည်သွားတုန်းက ပင့်လာ (၀ယ်လာ)ခဲ့တဲ့ ဘုရားပါ ။သူပြောတာတော့ မြဘုရားလို.ပြောတာပဲ ။

ထိုအခါ ထိုအမာဆိုသော မူဆလင်ကုလားမကြီးမှာ အို...ကျွန်မ တစ်သက်နှင့်တစ်ကိုယ် ဒီလို မြ ဘုရား

မျိုး တစ်ခါမှ မတွေ.ဖူးဘူး ။သပ္ပါယ်လိုက်တာဆိုပြီး ၄င်းလက်ထဲမှ ချိုင့်ကလေးအား ကြမ်းပြင်ပေါ်သို.

ချလိုက်ပြီး ၄င်းလည်း ကြိမ်းပြင်ပေါ်သို.ထိုင်ချလိုက်ကာ ထိခြင်းငါးပါးဖြင့် မြတ်စွာဘုရားအား ရှိခိုးလေ

ကန်တော လေတော့သည် ။ထိုဖြစ်ရပ်အား သားအမိနှစ်ဦးစလုံးက မှင်သက်စွာဖြင့် ဘယ်နှယ့် မူဆလင်

ကုလားမကြီးမှ ကျွန်ုပ်တို. ဘုရားအား ထိုင်ကန်တော့ နေရပါသလဲဆိုတာပါ ။

၎င်းသည် မြတ်စွာဘုရားအား ကန်တော့ပြီးနောက် မတ်တပ်ရပ်လိုက်ပြီးမှ ဆရာမလေးရေ

ကျွန်မတွေ.ဖူးတဲ့ ဘုရားတွေကတော့ ကြေးနဲ.ထုထားတဲ့ဘုရား ၊ရွှေနဲ.ထုထားတဲ့ ဘုရား ၊

စကျင်ကျောက်နဲ. ထုထားတဲ့ ဘုရား ၊သစ်သားအမျိုးမျိုးနဲ.ထုတားတဲ့ ဘုရား တို.ဒါတွေပဲ

တွေ.ဖူးတယ် ။   နောက်ပြီး  ဆရာမလေးတို. ဘုရားစင်ရဲ. ထူးခြားချက်က

တစ်ခြားသော အိမ်တွေကလို ဘာနတ်မှ မကိုးကွယ်တဲ့ အတွက်ကြောင့် ဘာနတ်ရုပ်မှမတွေ.

ရဘဲ ရှင်းရှင်းလင်းလင်း မြတ်စွာဘုရားတစ်မျိုးတည်းသာ ကိုးကွယ်တဲ့ ကောင်းသော ၊စစ်မှန်

သော ကိုးကွယ်မှုပါ ။နောက်ပြီး အိမ်မှာ ဘုရားဆင်းထုကိုးကွယ်တယ်ဆိုတာ တတ်သိနားလည်

တဲ့ ကျောင်းထိုင် ဆရာတော်ကြီးတွေမှာရော ဆရာမလေးရဲ. အမျိုးသားရဲ. မွေးနေ. ၊မွေးနံနဲ.ရော

ကိုက်ညီမှုရှိမရှိ မေးမြန်းကြည့်ဖူးပါသလား ။နောက်ပြီး အဲဒီလိုသစ်သီးကပ်လှုပူဇော်တော့လည်း

ပန်းသီးကို အလုံးလိုက် ဘုရားအားမကပ်ဘဲ အကယ့်အပြင်မှာ လူတွေစားသလိုမျိုး အခွံနွာ ခွဲခြမ်း

ပြီးမှ ကပ်လှုရင် ပိုကောင်းတယ်တဲ့ နောက်ပြီး.........

၎င်းရဲ. ရေပက်မ၀င် တောက်လျှောက်ပြောနေခြင်းကို ကျွန်ုပ်တို. သားအမိနှစ်ဦးမှုာ လက်ကလေး

ပိုက်ကာ နားထောင်နေမိပါသည် ။နောက်ပြီး နောက်ပြီး ဆိုကာဆက်ပြောမလို. အရှိန်ယူနေတုန်း

ကျွန်ုပ်တို.သားအမိ နှစ်ဦးဘာမှ ပြန်မပြောသဖြင့် ၄င်းမှာ အခုမှ သတိပြန်ဝင်လာပြီး ကျွန်ုပ်မိခင်

အား အိုး......မှားသွားလို. ၊ဆရာမလေးရေ တောင်းပန်ပါတယ်နော် ၊ကန်တော့နော် ဆိုပြီး လက်အုပ်

လေးချီကာ ကျွန်ုပ်မိခင်ကာ တောင်းပန်လေတော့သည် ။ထိုအခါမှ ကျွန်ုပ်လည်း အလွန်သိချင်

လှသောမေးခွန်းအား ကျွန်ုပ်မိခင်မှ ထို မူဆလင်ကုလားမကြီးအား  အမာက...ဘာဖြစ်လို. ကျွန်မတို.

ဗုဒ္ဓမြတ်စွာဘုရားကို ခုနတုန်းက ထိုင်ကန်တော့ရတာလဲ ။နောက်ပြီး ကျွန်မတို.ရဲ. ဗုဒ္ဓ အကြောင်းတွေ

ကိုသိနေရတာလဲ ဟုမေးလိုက်သောအခါ ၄င်းမှာ ကျောင်းအိမ်စာ မလုပ်လာခဲ့၍ အပြစ်ရှိသော

ကျောင်းသားမှာ ဆရာမရှေ.တွင် ကြောက်နေတဲ့ ပုံစံကဲ့သို. တုန်ုတုန်ရင်ရင်နဲ. မျက်ရည်များကျလာကာ

၎င်းမှ တကယ်တော့ ကျွန်မဟာ ဆရာမလေးတို. ထင်သလိုမျိုး မူစလင်ကုလားစစ်စစ်တစ်ယောက်

မဟုတ်ပါဘူး ။ကျွန်မဟာ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ မိရိုးဖလားဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ် မိဘ

နှစ်ပါးမှ မွေးဖွားလာတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေး စစ်စစ်တစ်ယောက်ဖြစ်နေလို.ပါပဲ ဟု၎င်းရဲ.

ပြန်ဖြေလိုက်စကားကို ကြားလိုက်ရသော ကျွန်ုပ်တို. သားအမိနှစ်ယောက်စလုံးမှာ တိုင်ပင်မထားဘဲ

ဗျာ  ၊ရှင်  ဆိုပြီး အံ့သြလွန်း အာမေဍိတ် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့သည် ။

ပြီးနောက် ထိုအမာက ၄င်းရဲ. ဘ၀ဖြစ်ကြောင်းများအား အောက်ပါအတိုင်း ရင်ဖွင့်ပါတော့လေသည် ။

သူမရဲ.အမည်အရင်းမှာ အေးမိစံ ဖြစ်ပြီး ၄င်းရှစ်တန်းကျောင်းသူ ဘ၀ကတည်းက ၄င်းအား

အသည်းအသန်ဖြင့် လိုက်ကြိုက်နေသော ကိုစိန်ဝင်းဆိုသော အစ္စလာမ်ဘာသာဝင် မူစလင်

ကုလားတစ်ယောက်ရှိခဲ့လေသည် ။

ကိုစိန်ဝင်းမှာ အခြားသော မူစလင်ကုလားများကဲ့သို. အသားမဲမဲ ၊ရုပ်ဆိုးဆိုးနှင့် မုတ်ဆိတ်

တကားကားနဲ. ကုလားတစ်ယောက် မဟုတ်ပါ ။အများပြောကြတဲ့ ပန်းသေးကုလားဖြစ်တော့

ကိုစိန်ဝင်းမှာ အရပ်မြင့်ပြီး ပိန်ပိန်ရှည်ရှည်ဖြင့် အသားလဲဖြူသောကြောင့် ရုတ်တရက်

ကြည့်လိုက်ပါက ကုလားဟု မထင်ရပါ ။

သူမ ဘယ်သွားသွား ၊အရိပ်ကဲ့သို. တကောက်ကောက်ဖြင့်နောက်မှလိုက်နေတတ်ပြီး

သူမတို. အုပ်စုရဲ. အနွံတာအခံရဆုံး သူတစ်ယောက်လည်း ဖြစ်ပါသည် ။

ဥပမာ ။     ။ အေးမိစံတို. သူငယ်ချင်းတစ်စု ၀က်သားတုတ်ထိုးဆိုင်တွင် စားကြတဲ့အခါ

၎င်းကိုစိန်ဝင်းအား တစ်ယောက်ယောက်မှ ကိုစိန်ဝင်းရေ...ကျွန်မ သူငယ်ချင်းကို

တစ်ကယ်ချစ်ရင် ၀က်သားစားရမည် လာစားလေဟုဆိုကာ ခေါ်သောအခါ ၄င်းမှ

အေးမိစံ မျက်နှာလေးကြည့်ကာ ပြုံးတတ်ပြီး ရပါတယ်ဗျာ...တစ်ကယ်ချစ်တော့လဲ

စားပေးရမှာပေါ့ ဟုဆိုကာ တစ်ကယ်ပဲ ၀က်သားတုတ်ထိုး ၀င်စားခဲ့ပါသည် ။

တိုတိုပဲပြောရပါလျှင် အေးမိစံထက် အသက်သုံးနှစ်လောက်ကြီးသော ကိုစိန်ဝင်းနှင့်

အေးမိစံမှာ ဒုတိယနှစ်မှာပင် သမီးရည်းစားဘ၀သို.ရောက်ခဲ့ကြလေသည် ။

အချိန်တန်လို. ဘွဲ.ကိုယ်စီရခဲ့ကြပြီး မိဘများမှာလည်း သိရှိခဲ့ကြလို. အေးမိစံတို.ဘက်မှ

ကိုစိန်ဝင်းမှာ မူစလင်ဖြစ်သောကြောင့် သဘောမတူကာ ကန်.ကွက်ကြပါတော့သည် ။

ထိုအခါ အေးမိစံမှ သံယောဇဉ်ဖြင့် သနားချစ် ချစ်ခဲ့မိသော ကိုစိန်ဝင်းအား မိမိကို

တစ်ကယ်ချစ်ရင် ဗုဒ္ဓဘာသာဝင် ပြောင်းပါက လက်ထပ်မည်ဟု ပြောသော

အခါ ကိုစိန်ဝင်းမှ ရပါတယ် လုပ်မယ်ဟုဆိုပြီး သိမ်တက်ကာ ဦးဇင်းဝတ်

လိုက်လေတော့သည် ။

အဲဒီလိုနဲ.ပဲ ၄င်းတို.ပေါင်းသင်းလာခဲ့ကြပြီး နှစ်နှစ်ခန်. အကြာတွင်

သားလေးတစ်ယောက် ထွန်းကားခဲ့လေသည် ။ထိုကလေး

စကားပြောတတ်စအရွယ် ၊လမ်းလျှောက် တတ်စအရွယ်တွင်

တစ်ခုသော သောကြာနေ. တစ်နေ.တွင် ကိုစိန်ဝင်းမှာ သားလေးနှင့် အတူ

အပြင်မှ ပြန်လာကြလေသည် ။အပြင်မှ ပြန်လာသော ကိုစိန်ဝင်းတို.

သားအဖ  ကိုယ်စီဆောင်းလာသော ခေါင်းပေါ်က ဦးထုပ်လေးကြောင့်

အေးမိစံမှ ကိုစိန်ဝင်းဘယ်က ပြန်လာသလဲဟု မေးလေသည် ။ထိုအခါ

ကိုစိန်ဝင်းမှ အေး.....ငါတို.သားအဖ အခုပဲ ဗလီကနေပြန်လာကြတာ၊

နောင်ကို ငါ့သားလေးကို အစ္စလာမ်ဘာသာကိုပဲ ကိုးကွယ်ရမယ် ။

နင်လဲ ဒီနေ.ကစပြီး ငါတို.ဘာသာထဲ ၀င်ရင်ဝင် မ၀င်ရင် အိမ်ပေါ်က

ဆင်းပေတော့ ဟုဆိုပြီး ၄င်းရဲ. ဗလီဦးထုပ်ကလေးအား ခေါင်းပေါ်မှ

ချွတ်လိုက်ပြီး ပြောလေသည် ။ အဲဒီတော့မှ အေးမိစံမှာ

'' ကျောချမှ ဓါးမြမှန်းသိ '' ဆိုသကဲ့သို. လုံးဝပြင်လို. မရတော့တဲ့

တစ်သက်စာဘ၀အမှားအား အချိန်လွန်မှ နောင်တကြီးစွာ သိခဲ့ရ

လေတော့သည် ။ မြန်မာအမျိုးသမီးတစ်ယောက် အနေဖြင့် တစ်လင်

တစ်မယားစနစ်ကို စောင့်ထိန်းမှုကြောင့် အေးမိစံမှာ ဆက်လက်သည်းခံပြီး

၎င်းနှင့် ပေါင်းသင်းလာတာ အခုချိန်ထိပါပဲဟု ဆိုပြီးမူစလင်ကုလားမကြီး

တစ်ဖြစ်လဲ မြန်မာမဖြစ်သူ ဒေါ်အေးမိစံမှာ ရှိုက်ကြီးတစ်ငင်ဖြင့်

ငိုကြွေးလေတော့သည် ။ထိုအခါ ကျွန်ုပ်အမေမှ ဒေါ်အေးမိစံအား ၄င်းရဲ.

ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး  ဤကဲ.သို. နှစ်သိမ့်လိုက်လေသည်။

ကျွန်မတို. မိန်းမသားဘ၀တွေဟာ အမှားတစ်ခု လုပ်ခဲ့ပြီးရင်

အဲဒီအမှားအတွက် ဘာများတတ်နိုင်ပါ့မလဲ ။ကံ...ကံရဲ. အကျိုးပေးလို.သာ

အောက်မေ့ပြီး  ၀ဋ်ကြွေးရှိလို ဖြစ်ရတယ်လို.သာ  သတ်မှတ်

လိုက်ပါတော့ဟု ဆိုလိုက်လေသည် ။

ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်မဟာ ဘုရားသို.သွားတိုင်း ကျွန်မ မနှစ်သက်သော
စာတမ်းလေး တစ်ခုရှိပါသည် ။ အဲ့ဒီစာတမ်းလေးကတော့ 
" အမျိုးသမီးများ မတက်ရ  '' ဆိုတဲ့
စာတမ်းလေးပါ ။ဆိုတော့.....ဘုရားရွှေသင်္ကန်းတို. ၊ရွှေဆိုင်းများချချင်ပါက
မိမိကိုယ်တိုင် လုပ်ခွင့်မရှိတဲ့ ကျွန်မတို.ရဲ.မိန်းမသားဘ၀ပါ ။
ကျွန်မ ဖားအောက်တောရတွင် တရားစခန်းဝင်ခဲ့စဉ်က မယ်သီလရှင် ဆရာလေး
တစ်ပါးပြောခဲ့သော စကားလေးအား အမှတ်ရမိပါသည် ။
စကားပုံ တစ်ခုရှိတယ် ..." ကျိုးစားကဘုရားဖြစ်နိုင်တဲ့ '' အဲ့ဒီစကားပုံလေးက
ကျွန်မတို. မိန်းမသားတွေနှင့် လားလားမှ မသက်ဆိုင်ပါ ။ဒါ့ အပြင် ထိုဆရာလေးမှ
မိန်းမတို.မရနိုင်သော ဘ၀မျိုး ငါး ဘ၀ ရှိသေးတယ်တဲ့ ။အဲဒါတွေကတော့........
(၁) ဘုရားအဖြစ်
(၂) ဗြဟ္မာမင်းကြီးအဖြစ်
(၃) သိကြားမင်းကြီးအဖြစ်
(၄) စကြာဝတေးမင်းအဖြစ်
(၅) မာ(ရ်)နတ်မင်းအဖြစ် တို. ရှိတယ်ဆိုပြီး မိန်းမဘ၀နဲ. ဘယ်လောက်ကျိုးကျိုးစားစား
လုပ်လဲ ဘယ်တော့မှ မရရှိနိုင်ဘူးဆိုပြီး ပြောခဲ့လေသည် ။
ကျွန်မလဲ တစ်နေ.မှာတော့ မြတ်စွာဘုရားရှင်အား တပည့်တော်မ နောင်ဘ၀တွေမှာ
လူပြန်ဖြစ်ခဲ့ပါလျှင် ယောင်္ကျားလေး ဖြစ်ရလို၏ အရှင်ဘုရားလို. သွားဆုတောင်းမယ်
ဆိုပြီး စဉ်စားမိကာ ဤပို.(စ်)လေးအားရေးသားဖြစ်ပြီး တကယ်လို. ကျွန်မ ယောင်္ကျားလေး
ဖြစ်ခဲ့ပါက ဘယ်တွေများလုပ်မိမလဲဆိုတာကို အောက်ဖော်ပြပါ Beyonce
ရဲ. If I were a boy သီချင်းလေးအား သံစဉ်လေးအတိုင်း လိုက်ညည်းရင်ဖြင့်
စိတ်ကူးယဉ် နေတော့လေသတည်း ။
----- If I were a boy even just for a day I'd roll outta bed in the morning
And throw on what I wanted then go drink beer with the Guys and chase
after girls I'd kick it with who I wnated and I'd never get confronted for it.
Cause theyd stick up for me.
CHO : If I were a boy I think I could understand How it feels to love a girl
I swear I'd be a better man I'd  listen to her cause I know how it hurts
When you lose the one you wanted Cause he's taken you for granted And
everything you had got destroyed
If........I........were........a........boy .
စာရေးသူ အမှာစာ ။     ။ ဤ ပို.(စ်)လေးအား ဖြစ်မြောက်ရန် အဘက်ဘက်က ကူညီ
ပေးခဲ့ကြသော သူငယ်ချင်းများ အထူးသဖြင့် အငြိမ်းစားယူသွားပြီး အသက် ( ရ၆ )နှစ်
ရှိုပြီး ဖြစ်သော အဘွားစိန်အား အထူးကျေးဇူးတင်ရှိပါသည် ။ကျွန်မမှ ၄င်းတို.ရဲ.
အကြောင်းအား စာရေးလိုပါတယ်လို. အဘွားစိန်အား ခွင့်တောင်းခဲ့ပြီးပါသော်လည်း
ကံယကံရှင်ဖြစ်တဲ့ လူလောကကြီးမှ ထွက်ခွါသွားပြီး ဖြစ်သော ဒေါ်အေးမိစံတို.
လင်မယားအား တမလွန်မှ ကျွန်မအား ခွင့်လွတ်ပေးပါရန် မျှော်လင့်မိပါတော့သည် ။
လွန်ခဲ့သော နှစ်ပေါင်း (၄၀)လောက်က တကယ့်ဖြစ်ရပ်မှန်အား အခုလို ရေးသားခဲ့မိတဲ့
ကျွန်မအား ၄င်းတို.နှင့် သက်ဆိုင်သော မိသားစုဝင် တစ်စုံတစ်ယောက်ယောက်ကများ
ဖတ်မိခဲ့ပါလျှင် ကျွန်မအပြစ်မဟုတ်ဘဲ အဘွားစိန်မှ တာဝန်ယူပါတယ်ဆိုတော့ အဘွားစိန်
အားသွားရောက်ဖြေရှင်းရန်နှင့် ကျွန်မအား နားလည်ခွှင့်လွှတ်မယ်လို. မျှော်လင့်ခြင်းများစွာ
ဖြင့် ကျွန်မရဲ. ပို.(စ်) လေးအား ဤတွင် အဆုံးသတ်လိုက်ပါတယ် ။
Written By :
THIDA MOE PHYU ( Macau / Hong Kong )

Обсуждение

на 01.01.0001 сказал:
kobo1988 на 26.07.2011 сказал:

ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← မိန်းကလေးများရဲ. အရှက်အား ဘယ်အ…   Вернуться в блог   ၂၀၁၂ ခုနစ်အတွက် ကျွန်မရဲ. ပြုံ… →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.