ိုနာဖျားနေသော နုလုံးသား
Опубликовано 10.01.2011
tharhtootbr
နာဖျားနေသော နုလုံးသား
အေးစက်စက်နှင့် နံရံပေါ်က
မင့်နာမည်ကို ကြည့်ရင်း
မချိုမြတဲ့ အတွေးတွေ
ဝင်မလာဖို့ ကြိုးစားနေမိတယ်...။
ခေတ်ဟောင်းသီချင်းတစ်ပုဒ်ကို
ညီးမိတော့ အစရပြီး
အလယ်နဲ အဆုံးမေ့နေတယ်...။
"မင်း ကိုချစ်တယ်...။"
စကားတစ်ခွန်းသာ ပြောထွက်ပေမဲ့
"ဘယ်လောက်ချစ်တယ်..
ဘယ်လိုခံစားရတယ်..။"ဆိုတဲ့ အရာတွေ
ပြောပြဖို့ ငါ့နှုတ်ဖျားတွေ အေးစက်နေမိတယ်...။
ငါအကြိုက်ဆုံး ကဗျာတွေကို
ပြန်ဖတ်မိတော့ "ရသ" တွေ
ပျောက်ကွယ်နေသလို...။
အကောင်းဆုံးဆိုတဲ့...,
သူငယ်ချင်း နှင့် သီချင်းတွေက
ပျော်ရွှင်မှူ့ကို မဖြည့်စွမ်းနိုင်တော့ပါ့လား...။
ဒီလိုနဲ့...!
အေးစက်စက်နဲ့
ငါ့နုလုံးသားလေး
အထီးကျန်စွာ
နာဖျားနေပါသည်....။
TBR(လင်း)