အမေ....

Опубликовано 12.06.2010 tharhtootbr

  အမေ.......!

            အမေ ..!  ချိုချို စို့ ရင်းလည်း အမေရင်မှာ အိပ်ပျော်ဖူးတယ် အမေ..။
            အမေ...!  အမေ့ရဲ့ မေတ္တာ လက်ဝါး နုနု လေးတွေရဲ ပွတ်သက်ခြင်းတွေနဲလည်း အိပ်ပျော်ဖူးတယ် အမေ..။
            အမေ...!  အမေ့ရဲ  ပုခတ်လွဲ တေးသံတွေနဲ့လည်း အိပ်ပျော်ဖူးတယ် အမေ..။
            အမေ...!  အမေ ခြုံပေးတဲ့ စောင်နွေးနွေးလေးနဲ့ လည်း အိပ်ပျော်ဖူးတယ် အမေ..။
                           အမေ့ ရဲ့ မေတ္တာရိပ်မှာ အိပ်စက်ရင်း အသက်ကြီးခဲ့တယ် အမေ..။
 သား ငယ်ငယ်တုန်းက သူငယ်ချင်းတွေရဲ့ နောက်ပြောင်းခြင်းကို ခံရတော့ ----
        အမေ ''သားက ဘာလိုရုပ်ဆိုးတာလဲ''  ဆိုတဲ့မေးခွန်းမေးတော့..!
                               "သားက ယောကျာင်္းလေး လေ..၊ ရုပ်ဆိုးတာ စိတ်ညစ်စရာမလိုပါဘူး..။ ယောကျာင်္းဆိုတာ ဘုန်းရှိဖို့က အဓိက  ငါသားမွေးတုန်းက ပခုက္ကူဆေရုံးမှာ အချန်အရန်တွေနဲ မွေးတာ ပြီးတော ငါသားမွေးတဲ့နေ့မှာပခုက္ကူ ဆေးရုံ လျှက်စစ်မီး  စရတဲ့ နေ့လေ..။ ငါသားက ဘုန်းနဲ့ တန်ခိုးနဲ မွေးလာတာ အဲဒါကြောင့် ငါသားနာမည်ကို  လင်းလင်းထွန်းလိုပေးထားတာပေါ့ "လို အမေ နစ်သိမ့်ခဲ့တယ်..။
   "အမေ သားနာမည် ဖိုးသာထူးလို ဘာလိုပေးတာ လဲ သားကို သူငယ်ချင်းတွေက နောက်ကျတယ်"လို ကျွန်တော် သူငယ်ချင်းတွေအပြောင်ခံရတိုင်း မေးတော့ ။ အမေက -- ဦးသာထူးက ခေါင်းဆောင်ကာ ရပ်ရွာကောင်းကျိုး သယ်ပိုးတာ  ဆိုတဲ ကဗျာပိုက်ကို ရွတ်ပြ ပြီး  ငါသားက နောက်ကျရင် ခေါင်းဆောင်ကောင်းဖြစ်မှာမို့ အမေက ဖိုးသာထူး လိုပေးထားတာပေါ့..။  တကယ်တော့ အမေ့ သားက "သာထူး" သူများထက် သာပြီး ထူးမှာ ၊ ပြီးတော အမေ့အတွက် "သားထူး"  ၊  လို နှစ်သိမ့်ခဲ့တယ်..။  အိပ်ယာထဖို့ နိုးတိုင်း "သားထူးလေး ရေ ထတော့  ကျောင်းသွားရမှာ.. "လို အမေ အမြဲနိုးခဲ့တယ်..။  ဆရာဆရာမ က ကျွန်တော်ကို အထင်သေးတဲ့ အကြည့် နဲ  စာညံ့ လို အပြစ်တင်ဆဲဆိုတိုင်း အမေရဲ ရင်ခွန်မှာ မျက်ရည်တွေ သွန်ချခဲ့တော "ငါသားက အခုညံ့ပေမဲ့ နောင်ကျရင် တော်မှာပါ  စိတ်မညစ်နဲနော်  ငါသားက သာထူး သားထူးပါ"တဲ့ အမေ့ရဲ့ နှစ်သိမ့်မူ့တွေနဲ့ ကျွန်တော်ပတ်ဝန်းကျင်ကို စိတ်ဓါတ်မကျဘဲ  ကျွန်တော် ရှင်သန်နိုင်ခဲ့ရတယ် အမေ..။ စိတ်ဓါတ်ကျတဲ့ အချိန်တိုင်း အမေ့၇ဲ့  သားထူး သာထူးဆိုတဲ အားပေးစကား အာဟာရတွေ ဖြစ်ခဲ့ရပါတယ်အမေ..။
         သား နေမကောင်းတော့  အမေကြီးတို့အိမ်မှာ ဆေးစားရင်း အမေကြီးရဲ့ အပြုစု ကို ခံတုန်းကပေါ့  အမေက ဖျားနေတဲ့ ကျွန်တော်ကို  အိမ်ကို ပြန်မလာပဲ မေကြီးအိမ်မှာသွားနေတဲ့ ကျွန်တော်ကို စိတ်ဆိုးဆိုးနဲ  ငါက မင့်အမေ မင့် အမေရှိတယ်ဆို တာ မင်းမသိဘူးလား ဖျားရင် မင့်အမေဆီ ဘာလိုပြန်မလာတာလဲလို အူမကိုလိမ်ဆွဲရင်းမေးခဲ့တယ် အတွေးအခေါ် မရင်ကျက်သေးတဲ့ ကျွန်တော်က အမေက အလုပ်များနေတာ ကျွန်တော်ကို ပြုစုနိုင်မှာမဟုတ်ဘူးး အမေကြီးက ဘာယာဆေးကောရောင်းတယ် အမေင်္ကြီး ပြုစုတာပိုကောင်းတယ်လို ကျွန်တော်ဖြေခဲ့ဘူးတယ် အမေ..။ ကျွန်တော် အမေ့ရဲ သားအပေါ်ပေးနိုင်တဲ့ အချိန်တွေကို သားမသိခဲ့ဘူး..။ သားးး အမေ့ရဲ့ ခံစားချက်ကို မမြင်ခဲ့ဘူး အမေ..။  သား ဘောလုံးကန်လို ခြေထောက်မကောင်းတော့ ၂လ လုံးလုံးသား နဘေးနားမှာအမေ မမောတမ်းပြုစုခဲ့တယ်လေ..။ အမေ သားအတွက် အချိန်တွေကို ပေးနိုင်ခဲ့တယ်လေ..။  သားကို ပြုစုရတာ အမေ မမောခဲ့ဘူးနော်..။
       သားကိုယ်ရင် ဘဝနဲ သာသနာ ဘောင်ဝင်တုန်းက သားကြိုက်တဲ့ ဟင်းတွေကို မနက် ၅နာရီး အမိကပ်ဖို့စောစောထပြှီး ဟင်းချက်ခဲ့တာ ၂လကြီးတောင်နော်  အမေ အိပ်ရေးပျက်တယ်လို  မပြောခဲ့ဘူးနော်..။ အမေ သားရဲ့ သင်္ကန်းဝါဝါလေးကို လက်အုပ်ဆယ်ဖျာ ဦးခိုင်းတိုင်းက အမေ့ရဲ့ ပိတိ အပြုံးတွေကို သားမြင်ခဲ့ဖူးတယ် ဘာကြောင့်လဲဆိုတာ မရင့်ကျက်သေးတော မတွေးမိခဲ့ဘူး အမေ..။ အမေ့သား သင်္ကန်းအမြဲတမ်းဆီး ထားရင် အမေ အမြဲပျော်နေမှာလား မသိ...!။
       သားခရီးသွားရင် သိုမဟုတ် ကျောင်းသွားတတ်ရင် အမေ အမြဲတမ်းလုပ်ပေးတတ်တဲ  ဇီးဗျူ သနပ် ၊ မုန်လာချဉ် မကြီးရွက်ချဉ်နဲ့ ချဉ်ပေါင်ရွက်ကြော်တွေက အစားထိုးလို မရတဲ့ အမေ့ရဲ့ ပင်တိုင်းလက်ရာတွေမို့ အဝေးရောက်နေတဲ့သား  အမေ့လက်ယာတွေလွမ်းနေပါပြီးး။ အမေ ချက်တဲ့ ပဲဟင်း ချိုချို လေးလဲ မစားရတာကြာပြီးအမေ  သားကိုတိုင် ချက်တဲ့ ပဲဟင်းက အမေ့ လက်နဲ ထည့်တဲ့ ဆား လိုနေတယ်အမေ အပေါ့ အငန် မတဲ့ ဘူး ..။ အမေ့လက်နဲ မွှေတဲ့ ယောင်းမ လိုနေတယ်အမေ..။
      အမေ အမေ့ ရဲ့   အပြုံးတွေကြောင့် ကျွန်တော် ကမ္ဘာ သာခဲ့တယ်အမေ လမင်းမျက်နှာက အမေမျက်နှာလို ခွန်အားတွေမပါဘူးအမေ..။ အမေ့မျက်နှာမှာ ခွန်းအားတွေပါတယ်..။ စကားလုံးတွေပါတယ်..။ပြီး ပညာရှိတို့ရဲ့ အဆိုအမိန့်တွေပါတယ်..။ နှစ်သိမ့် တတ်တဲ့ လက်ဝါးလေးတွေပါတယ်..။ လဲကျရင် ဆွဲထူတတ်တဲ လက်အစုံးတွေလည်းပါတယ်..။ အထီင်္းကျန်ရင် အဖော်ပြုတတ်တဲ့  တေးသီချင်းတွေကောပါတယ်..။  အောင်မြင်မူတိုင်းမှာ ဂုဏ်ယူတတ်တဲ့  လက်ခမောင်းတွေကောပါတယ်..။  နာဖျားတဲ့အခါ ကုသပေးတဲ့ ဆေးလုံးတွေပါတယ်..။ တကယ်တော အမေဆိုတဲ့  အရာနဲ့ သား ဘဝပြည့်စုံခဲ့ပါပြီး အမေရှိရင် လမင်းရှိပါတယ် အမေရှိရင် အိပ်မက်ရှိပါတယ်..။ အမေရှိရင် ကမ္ဘာရှိတယ်..။  အခုတော့ အဝေးရောက်နေတဲ့ သား  အမေ့မျက်နှာမမြင်ကြာခဲ့ပြီးမို့ အမေကို အရမ်းလွမ်းပါတယ်..။ ပြီးတော အမေကို ပြောဖို့မေ့နေခဲ့တဲ စကားလေး တစ်ခွန်းကို  အကြိမ်က်ြမ်ပြန်ပြောနေမိတယ်..။။  အမေ့ ကို သားချစ်တယ်..။ အမေ့ ကို သားသတိရတယ် .. အမေ့ကို သားလွမ်းတယ်..။ အမေ အသံတွေတုန်းနေပြီလား  ။ ခါးကိုင်းနေပြီလား အသားအရေ တွေ တွန့်လိပ်နေပြီလား..။ အမေမျက်အိမ်ထဲက မျက်ချေးတွေ အမေပြောင်အောင်သုပ်နိုင်းသေးရဲ့လား..။ အမေ သားအမေ့ကို လွမ်းတယ်..။ သားအမေ့ကို အရမ်းချစ်တယ်..။သားပြန်လာချင်တယ် အမေ..။ အမေ့ မနက်ထ ထမှိုက်လှဲ ရင် သားက ထမှိုူက် ကူလှဲပေးမယ် ထမှိုက်ကြုံးပေးမယ်..။ အမေ သစ်ပင်တွေရေလောင်းရင် သားက ရေသယ်ပေးမယ်..။ အမေ ထမင်းချက်ရင် သားက မီးထိုးပေးမယ်..။ အမေ အသီးအရွက်ဝယ်ရင် သားက ကူပြီးရွေးပေးမယ်..။ အမေ အဝတ်လျှော်၇င် သားက ရေငင်ပေးမယ်..။ အမေ သနပ်ခါးလိမ်းရင် သားက သနပ်ခါးသွေးပေးမယ်..။ သား အမေ့ဘေးနားမှာ အဖော်လုပ်ပေးပါရစေ အမေ..။ သား အမေအလုပ်တွေကို ကူလုပ်ပါရစေ အမေ..။
 
 
        အဝေးရောက်သား ..~ သားထူး
                                                                                     TBR (လင်း)
ဖြတ်သန်းရာ ဘဝချင်းမတူတော့ အတွေး အခေါ် တူချင်မှာ တူလိမ့်မည်..။ အမှားပါရင် ခွင့်လွှတ်ပေးပါ..။
                      tharhtootbr@gmail.com

Обсуждение

на 01.01.0001 сказал:
yb на 14.06.2010 сказал:

မိဘကို ချစ်တဲ့ကိစ္စ ဘာလို့အမှားပါရမှာတုန်း။ ဒီစာရေးတဲ့အတွက် ဘယ်သူ့ကိုမှ ကြိုတင်တောင်းပန်ထားစရာမလိုပါဘူး။ ရဲရဲသာ ဆက်ရေးပါ။ ကိုယ့်ခံစားချက်က ဘယ်သူ့ကိုမှ မထိခိုက် သေးဘူးဆိုရင် အဲဒီအချိန်အထိ မမှားသေးဘူး။ မိဘကို လူတိုင်းချစ်တယ်လို့ပဲပြောတတ်တာ။ ဘယ်လို လွမ်းရလဲဆိုတာ လူတော်တော်များများမသိသေးဘူး။ ဒါကြောင့် ရေးသာရေး။ အားပေးတယ်။

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← လေလွင့်သူ   Вернуться в блог    နောက်ကျခြင်း →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.