Update ရပ်ကွက်(၂)

Опубликовано 27.12.2012 shweyoat

Update ရပ်ကွက်(၂)

“လမ်းပေါ်တွင်ဖဲရိုက်ခွင့်ပေးပါ”
ကလေးလေးယောက်ကစာလုံးမပီကလာပီကလာလက်ရေးနှင့်ရေးထားသော ဗလာစာရွက်ကို
ဝါးခြမ်းပြားဖြင့်ညှပ်ကာငုတ်တုတ်လေးတွေထိုင်နေကြသည်။ကလေးတွေရှေ့တွင် နောက်ကလေး
တစ်ယောက်က ဗလာစာအုပ်ကို ခဲတံထက်ပိုင်းကျိုးနှင့်ထောက်ကာ ထိုင်နေလေသည်။ ရွှေရုပ်က ရပ်ကွက်ရှေ့တွင် အခွန်လွတ်ဈေးမှ ဈေးဝယ်ပြီးအပြန်တွင် ထိုမြင်ကွင်းအားမြင်လိုက်ရသောကြောင့်
ခဏကြာမှင်သက်သွားခဲ့မိလေသည်။ သို့သော် ဘာကိစ္စမဆို သိချင်စိတ်ပြင်းထန်သောကြောင့် (စပ်စုလိုတာမဟုတ်ပါ)
“ကလေးတို့ဘာလုပ်နေတာလဲ..”
နှပ်တွဲလောင်းနှင့်ကလေးက ရွှေရုပ်အား လှည့်ကြည့်ကာ
“ဆန္ဒပြတိုင်းကစားနေတာ..”
အမယ် တယ်ဟုတ်ပါလား… ဒီလိုလုပ်ရမည်ဟု မည်သူတွေသင်ပေးသလဲတော့မသိ။ ရွှေရုပ်တို့ ရပ်ကွက်မှကလေးများသည် Update ကျကျ ကစားနည်းမျိုးကို မျက်စိရှေ့တွင်ကစားနေ တော့သည်။ ထိုမှ အိမ်အပြန်လမ်းတွင် ကလေးများသည် လမ်းလယ်ခေါင်တွင် သူတို့၏ အရုပ်ကတ်
လေး(ကလေးကားတွန်းတွင်ပါသော ဇာတ်ကောင်များကိုကထ္ထူစက္ကူတွင်ပုံနှိပ်ထားသောကတ်လေး
များ)များပေါ်တွင် ပါသောဂဏန်းများကို ထပ်ကာ ဂဏန်းအကြီးဆုံးက ပုံတွေအကုန်ယူရသော ကစားနည်းကို ဖဲကစားသလိုပင် ..
“လာကွာ….. ရှစ်….. ”
“လာကွာ…. ကိုး…”
သြော်… Update ဖြစ်ကြလေခြင်းနော်။ ထို့ထက် ထက်ပြီးသွားသောအခါ ခြေတံရှည်အိမ်အောက်တွင် လူကြီးများစုရုံးစုရုံးဖြင့် တိုးတိုးတိတ်တိတ်ဂဏန်းပေါင်းနေကြပြန်သည်။
ရွှေရုပ်သည် ငယ်ငယ်ကဖတ်ဖူးသော အလောင်းစားမြို့တော်ကြီးထဲကိုရောက်သွားသလိုခံစားရ သည်။ ထို့ပြင် ကောင်မလေးတစ်ယောက်က ဦးလေကြီးတစ်ယောက်ကို လှမ်းမေးသောအသံတွေ ကြောင့် ရှော့ဖြစ်ချင်သလိုကိုဖြစ်လာရသည်
“ ဦး.. ”
“ဟေလကွယ်..”
“ဒီနေ့ ဘယ်အလုံးကောင်းလဲ..”
ရွှေရုပ်သည် ကြားရသည့်စကားကြောင့် ဘုရားတမိသည်။ ထို့ပြင်ထပ်ကြားရသော စကားများမှာ
“ဘယ်အလုံးကောင်းတာထက် ဦးခံစားမိတာတော့ ခွချင်တာဘဲ..”
“ဟင် ..ဟုတ်လို့လား ဟိုဘက်က အန်တီပြောလိုက်တာတော့ ဒီနေ့ ညီကိုဆင်းရင်ဆင်းမဆင်းရင် ပူးမှာဆို..”
“ဟယ် ညည်းက သူများပြောတာယုံနေတာလား ငါ ညည်းကိုပြောပြသင်ပေးနေလို့ တဲ့ဝင်ဝင်သွားတာ ဘယ်နှစ်ခါရှိပြီလဲ..”
“ဟုတ်တော့ ဟုတ်ပါတယ် …. အင်း… ကုန်တာတွေလဲများပြီ ဦးရ အဲ့တော့ ဒီနေ့တော့ ဦးပြောတဲ့ အခွကို တည့်ဝင်အောင် ဆော်လိုက်တော့မယ်..”
ရွှေရုပ် သူတို့၏ နှစ်လုံးထီ Update စကားများကိုလိုက်မမှီသောကြောင့် ဘုရားကို အကြိမ်တစ်ရာမက တကာ အိမ်ကိုပြန်လာတော့သည်။အိမ်ရောက်လို့ ဆိုင်ခန်းပြီးသော်
“အမ ဖုန်းဆက်ချင်လို့…”
“ဟင်… ဟုတ်…ဆက်လေ… ဘယ်ကိုခေါ်ပေးရမလဲ”
ထိုကောင်မလေးသည် ခပ်၀၀လေးဖြစ်ကာ မျက်လုံးကို လိုင်နာအမဲတွေနဲ့ကွပ်ပြီး ဆံပင်နီကျဲကျဲကို ဘီးစပတ်လိမ်ထားသည်။ မျက်နှာတွင်တော့ သနပ်ခါးတွေအပြည့်လိမ်းထားသည်။ ဘယ်နိုင်ငံမှ နည်းပညာလဲ မသိပေမယ့် တော်တော် Update ကျတာဘဲတွေးမိပြန်သည်။ ထိုကောင်မလေးက
“၀၉၅၀…….”
ရွှေရုပ်ခေါ်ပေးတော့ လိုင်းဝင်သွားလေသည်။ တစ်ဖက်မှ “ဟဲလို” ဟူသော အမျိုးသားတစ်ဦးထူးသံကိုကြားရလေသည်။ထိုကောင်မလေးမှလဲ…
“ဟဲလို…မောင်လား… ငြိမ်းပါ… မောင်နေကောင်းလားဟင်…. ဟင် …မောင်နေမကောင်းဘူးလား … ငြိမ်းပြောပါတယ် …ဂရုစိုက်ပါဆို… သြော်… စိုက်ပါတယ် လုပ်မနေနဲ့လေ …ခုတော့ အဖျားဝင်ပြီမဟုတ်လား… အခုအဖျားဘယ်လောက်ရှိလဲ … တော်တော်ကြီးနေပြီလား..”
ထိုကောင်မလေး၏ သူ၏ ချစ်သူ အပေါ်စိုးရိမ်စကားတွေက ရွှေရုပ်ချစ်သူလဲ အဖျားဝင်
နေပြီဟု မနေ့က ပြောသွားသည်ကို သတိရမိသွားသည်။ သူလဲ အဖျားတော်တော်ကြီးနေပြီ ထင်သည်။ ထို့နောက် ကောင်မလေး၏ အသံ အာရုံထဲ ပြန်ရောက်လာလေသည်။
“မောင်က အဖျားကိုမွေးထားမလို့လား … ၁၀၃ဆိုတာ နည်းလို့လား … မောင့်အဖျားကို ခုဖြတ်နော်… ငြိမ်းကိုချစ်ရင် အဖျားကိုဖြတ်ပါမောင်ရယ်…”
ဟုတ်သည်။ ရွှေရုပ်ချစ်သူလဲ ဒီနေ့ထိဖုန်းဆက်ပုံမထောက်ရင် သူလဲ အဖျားတော်တော်ကြီးဝင်နေပြီထင်သည်။ သူ့အဖျားကိုလဲ ဖြတ်ရန် ဖုန်းဆက်ပြောရမည်ဟု စဉ်းစားလေသည်။ ထိုအချိန်တွင် ငြိမ်းဆိုသောကောင်မလေး သူ့ချစ်သူအား အဖျားဖြတ်ရန် အကြောင်း ပြောပြီးပြီဖြစ်သည်။ထိုအခါ ရွှေရုပ်မှ ကျသင့်သောငွေတွက်ရန်ဖုန်းကိုယူသောအခါ
“အမ ဒီနံပါတ်လေးကိုခေါ်ပေးဦး…”
ရွှေရုပ်သည် သူမပေးသော ဖုန်းနံပါတ်ကိုခေါ်လိုက်သည်
“၀၉၇၃၀….”
“ဟဲလို ကိုကိုလား…”
ရွှေရုပ်သည် စာအုပ်တွေစီနေရင်းမှ စိတ်ထဲတွင် “ဗုဒ္ဓေါရေ…”
ကောင်မလေးသည် ရွှေရုပ်အား ဂရုမစိုက်စွာ ဆက်ပြောလေသည်။
“ကိုကို မနေ့က ငြိမ်းကိုပုံပြင်ပြောသွားတာလား… ငြိမ်းကိုကို့ကိုစောင့်နေတာ တော်တော်ကြာတယ် …နောက်ဆုံးမှ ငြိမ်းပြန်လာတာ …. ကိုကိုတွေ့ချင်တယ်ဆိုလဲ ငြိမ်းဆီရောက်အောင်လာလေ….”
ထိုကောင်မလေးသည် သူ၏ ကိုကိုနဲ့ တော်တော်လေးစကားပြောပြီးနောက် နောက်ထက် စာရွက်ပိုင်းလေးတစ်ရွက်ကိုထုတ်လိုက်ပြီး
“ဒါလေးခေါ်ပေးဦးနော် အမ…”
“၀၉၄၂၀….”
“ဟဲလို….ကိုကြီးလား….”
ရွှေရုပ်လက်ထဲမှ စာအုပ်များအောက်ကိုပြုတ်ကျကုန်သည်။ သြော်… သူမလဲတော်တော် Update ဖြစ်နေပါလား တွေးမိသည်။
“ကိုကြီးက ချစ်ဖို့ကောင်းလိုက်တာ … ငြိမ်းအသံကိုမှတ်မိတယ်နော် … အင်းပေါ့… ငြိမ်းမှာ ပိုက်ဆံပြတ်နေတယ်လေ… ငြိမ်းဘယ်လိုအပြင်ထွက်မလဲ…. ဟယ် ….ကိုကို အဲလေ… ကိုကြီးတကယ်ပြောတာနော် …. ငြိမ်းလာယူမှာနော်… အဟက်ဟက်… ကိုကြီး …အာဘွား…. ပြွတ်ပြွတ်…. ဖလိုင်းကစ်…”
ရွှေ့ရုပ်ကောင်မလေးကိုကြည့်လိုက်သည်။ နောက်ထပ်ထပ်ဆက်ဦးမလားဆိုပြီးလေ … ထိုအခါ ကောင်မလေးက
“ကုန်ပြီ…”
“သြော်…. ကုန်သွားပြီလား…”
“အင်း…”
ထိုကောင်မလေးက ခပ်တည်တည်ပင်… ရွှေရုပ်လဲ လျှင်မြန်စွာ ဖုန်းဖိုးတွေ တွက်ပေးလိုက်တော့သည်။ ဖုန်းဖိုးတော့ တော်တော်လေးရလိုက်တော့သည်။ ကောင်မလေးကတော့ ရွှေရုပ်ရဲ့ဖုန်းနံပါတ်ကို ယူသွားကာ
“အမ ..ငြိမ်းဒီဖုန်းနံပါတ်ကို သူတို့တွေကိုပေးထားမယ်နော် … အဲ့ဒါ ဖုန်းလာရင် ငြိမ်းကိုခေါ်ပေးလို့ရလား …”
“ရတောပေါ့ ဘယ်မှာနေတာလဲ …”
“ဟိုအခန်းကိုပြောင်းလာတာ..”
ကြည့်လိုက်တော့ ရွှေရုပ်တို့အိမ်ရှေ့မှ အိမ်ခန်းငှားလိုင်းခန်းတွဲလေး ။ ရွှေရုပ်ပျော်သွားသည်။ ဟုတ်တယ်လေ… ဒီလို ဖုန်းဖောက်သည်ကတော့ မလိုချင်ဘဲ ဘယ်သူရှိမလဲနော်။ ထိုကောင်မလေးဆိုင်ထဲကနေထွက်သွားတော့ ရွှေရုပ်မှာ မှိုရတဲ့မျက်နှာကိုဖြစ်လို့ နဂိုမျက်နှာလှလှမှာ အပြုံးကြီးတစ်ခုတွဲခိုနေမှာ ကိုယ့်ကိုယ်ကိုယ်သိလေတော့သည်။ (အဟီး….ဟီး&hellip
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်….

Обсуждение

на 01.01.0001 сказал:

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← upat ရပ်ကွက်   Вернуться в блог   update အကယ်ဒမီ (၂၀၁၁) →
© 2013-2024 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.