၂၀၁၁ အမိုက်စားငိုချင်း
Опубликовано 22.08.2011
shweyoat
အို
ကျမမောင်
မောင်သာစည်ပင်ဆို
ကျမက ကားလမ်းဘေးမျာ ဓါတ်ကြိုးမလွတ်တဲ့သစ်ပင် ဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို..
မောင်ကျမကိုခုတ်ထွင်ရှင်းလင်းပြီးဖြစ်၏။
မောင်သာမုဆိုးဆို
ကျမကသားကောင်ရှေ့က တောကြမ်းလမ်းတစ်ခုဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို
မောင်ကျမကို ခုတ်ထွင်ကာ လမ်းရှင်းပြီးဖြစ်၏။
မောင်သာအိမ်တစ်လုံးပိုင်ရှင်ဆို
ကျမက ထိုအိမ်ကိုအုပ်မိုး ရုပ်ဆိုးစွာပြိုကျဟန်တူတဲ့ သစ်ပင်အိုကြီး တစ်ပင်ဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို
မောင်က ကျမကိုခုတ်ထွင် အိမ်အတွက်ပင် ရှင်းပြီးဖြစ်၏။
မောင်သာ သိုက်တူးသူဆို
ကျမကမောင့်သိုက်ရဲ့ ဂူအပေါက် ပိန်းပိန်းပျောက်အောင် လုပ်တဲ့ခြုံပုတ်ကြီး တစ်ခုဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို
မောင်ကျမကိုခုတ်ထွင်ဂူထဲဝင်ပေလိမ့်မည်။
အိုဘယ့်
ဘယ်လိုပင်ဆိုစေကာမှု
သစ်တစ်ပင်ကောင်းမောင်တစ်ယောက်သာနားနိုင်သည်ကို ခုတ်ထွင်၏ အဟင့်......
နွယ်မြက်သစ်ပင်ဆေးဘက်ဝင်သည်ကိုမောင်ဖျက်စီး၏ အဟင့်........
ခုဆို...
ကျမရဲ့သံယောဇဉ်တော ဟောလို့ဟင်းလင်း ဟာလာဖြစ်လို့ ထိုးထိုးထောင်ထောင်နဲ့ မီးလောင်ပြီးနေရာအလား အဟင့်.......
ဒီမှာမောင်...
သစ်တစ်ပင်စိုက် အကြိုက်ခူးစားနိုင်အောင် နှစ်ချီ ကြိုးစားရတာမသိပေဘူးလား
သစ်တစ်ပင်ရဲ့အောက်ဆီဂျင် လူအတွက်အသုံးဝင်တယ်ဆိုတာ သိပေဘူးလား
အား.......ဟား..........ဟား..........(ငိုတာနော်)
အခုတော့ ကျမငိုချင်းချ
အနှစ်သုံးဆယ်နီးပါး မွေးတဲ့သံယောဇဉ်တော မောင်ရဲ့ရှင်းလင်းခြင်းသဘောအရ တောလဲပြုန်း တောင်လဲကတုံးဖြစ် ခဲ့ရပြီ...အဟင့်........
တောင်ကတုံးလဲ နေရှိန်ရင်ပူ လေတိုက်ရင်အေး သြော် မောင်အမွေပေးခဲ့ပေါ့..........
ခုတော့လေ
ကံအထာမကျ နှစ်သုံးဆယ်နီးပါး သံသရာက ကျမလေ တောင်ကတုံးမ....
ဝါးးးးးးးးးးးးးး ၀ါးးးးးးးးးးးးးးးး လုပ်ရက်လိုက်လေခြင်း.......................
------------------------------------------------------------------
ပြုံးပျော်နိုင်ပါစေ
“မောင်ရဲ့ သံယောဇဉ်ဖြတ်ကပ်ကျေးကြောင့် ကျမရဲ့ကြွက်မြီးတိုချိန်၌ စပ်သော ၂၀၁၁ ငိုချင်း..”
ရွှေရုပ်
ရွှေရုပ်