သခွားသီးတွင် ဘက်တီးရီးယား ပါဝင်မှုနှင့် ပတ်သက်၍ ဥရောပနိုင်ငံများ အကြား အငြင်းပွား ၊ ဂျာမနီတွင် “အီကိုလိုင်” ရောဂါပိုးကပ်ငြိသော သခွားသီး များကြောင့် လူ ၁၀ ဦးသေဆုံး ၊ အခြေခံပညာ ကျောင်းများ၌ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို စီမံချက်ဖြင့် ထိုးပေးမည်
Опубликовано 10.07.2011 pothi
  1. သခွားသီးတွင် ဘက်တီးရီးယား ပါဝင်မှုနှင့် ပတ်သက်၍ ဥရောပနိုင်ငံများ အကြား အငြင်းပွား ၊
  2. ဂျာမနီတွင် “အီကိုလိုင်” ရောဂါပိုးကပ်ငြိသော သခွားသီး များကြောင့် လူ ၁၀ ဦးသေဆုံး ၊
  3.  အခြေခံပညာ ကျောင်းများ၌ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို စီမံချက်ဖြင့် ထိုးပေးမည် ၊
  4.  ဥရောပတွင် မျိုးဗီဇပြောင်း E. coli ရောဂါပိုးသစ် ပျံ့နှံ့  ၊
  5. နား​ရွက်အတွင်း​ ပုရွက်ဆိတ်များ​ အသိုက်လုပ်​​နေထိုင်ခဲ့​သဖြင့်​ ဒုက္ခ​တွေ့​ရသည့်​ ထိုင်ဝမ်မိန်း​က​လေး​  ၊
  6. လူတစ်ဦး၏သက်တမ်းကို သွေးစစ်ခြင်းဖြင့် ခန့်မှန်းနိုင်ဖွယ်ရှိ  ၊
  7. ဆီးချိုသွေးချိုရောဂါ ထိန်းသိမ်းမှုအတွက် ၁၀ မိနစ်အချိန်ပေးပါ ၊
  8.  "နေကြာစေ့က စားသင့်သော အကြောင်းရင်း" ၊
  9.  ကော်ဖီသောက်ခြင်းက အမျိုးသားများအတွက် ကျန်းမာရေး​အထောက်အပံ့ဖြစ်လာနိုင်  ၊
  10. အသားဓာတ် ဖြည်ထားတဲ့ အာလူး ၊
  11.  သွေးကို မသုံးဘဲ မျက်ရည်ကိုသာ အသုံးပြုသည့် ဆီးချိုစစ်ဆေးသည့် ကိရိယာ တီထွင် ၊
  12.  ဆေးသောက်ခြင်း၏ ဆိုးကျိုး ကြောက်သူ အမျိုးသားများ အတွက် ဗိုင်ရာဂရာကွန်ဒုံးကို တီထွင်ထုတ်လုပ် ၊
  13. အရက်သမား​များ​အတွက် အဆင်​ပြေ​စေမည့်​ ကွန်ဒုံး​တစ်မျိုး​ တီထွင်  ၊
  14. အမျိုးသမီးတို့ အရိုးကျန်းမာရေး ၊
  15. သင့် ဟမ်းဖုန်းကြောင့် သင့်ကို ကျန်းမာရေး ပြဿနာ ဖြစ်စေနိုင် သလား  ၊
သခွားသီးတွင် ဘက်တီးရီးယား ပါဝင်မှုနှင့် ပတ်သက်၍ ဥရောပနိုင်ငံများ အကြား အငြင်းပွား
b4910
ဂျာမနီနိုင်ငံတွင် သခွားသီး၌ ပါသော E.coli ဘက်တီးရီးယားကြောင့် သေဆုံးသူ ၁၄ ဦး အပါအ၀င် ဥရောပတစ်ဝန်းရှိ နိုင်ငံများတွင် လူရာပေါင်းများစွာ နေထိုင်မကောင်း ဖြစ်ခဲ့ရာ ယင်းဘက်တီးရီးယား စတင်ပျံ့နှံ့သည့် နေရာနှင့် ပတ်သက်၍ ဥရောပ နိုင်ငံများအကြား အငြင်းပွားမှု ဖြစ်ခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ရုရှားသည် စပိန်၊ ဂျာမနီမှ ဟင်းသီးဟင်းရွက်များ တင်သွင်းမှုကို ပိတ်ပင်ရန် စဉ်းစားနေကြောင်း သိရသည်။ သြစတြေးလျတွင် ဈေးဝယ်ကုန်တိုက်များရှိ စပိန်မှ တင်သွင်းလာသော ဟင်းသီးဟင်းရွက်များကို စစ်ဆေးရန် တာဝန်ရှိသူများအား စေလွှတ်ခဲ့ပြီး ဘက်တီးရီးယား ကူးစက်မှု ရှိပါက ဖယ်ရှားရန် ညွှန်ကြားခဲ့သည်။ အီတလီကလည်း စပိန်၊ နယ်သာလန်နှင့် အခြား ဥရောပ နိုင်ငံများမှ သံသယဖြစ်ဖွယ် ဟင်းသီးဟင်းရွက် တင်သွင်းမှုကို မေ ၁၈ ရက် နောက်ပိုင်းမှစ၍ စောင့်ကြည့်ခဲ့သည်။
ဂျာမနီနိုင်ငံ တာဝန်ရှိသူများ၏ ပြောကြားချက် အရ စပိန်နိုင်ငံ၊ အယ်လ်မာရီယာနှင့် မာလာဂါမြို့မှ တင်သွင်းလာသော သခွားသီးများမှ တစ်ဆင့် ယင်းဘက်တီးရီးယား စတင် ပျံ့နှံ့လာနိုင်ခြင်း ဖြစ်ကြောင်း ဥရောပသမဂ္ဂ အလုပ်သမားအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပီယာအက်ဟ်ရင်ကီလ်ဒီဟန်ဆင်န်က ပြောကြားခဲ့သည်။ ယခင်ကမူ နယ်သာလန်၊ ဒိန်းမတ်နိုင်ငံတို့မှ စတင် ပျံ့နှံ့လာခြင်း ဖြစ်နိုင်ကြောင်း သံသယ ရှိထားပြီး စုံစမ်း စစ်ဆေးမှု ပြုလုပ်နေသည်။
စပိန်နိုင်ငံမှ သယ်ဆောင်လာသော သခွားသီး တင်ပို့သည့် လမ်းကြောင်းမှာ ရှည်လျားသည့် အတွက် ခရီးလမ်း မည်သည့် နေရာတွင်မဆို ယင်းဘက်တီးရီးယား ကူးစက်နိုင်ကြောင်း ဥရောပသမဂ္ဂမှ အမည်မဖော်လိုသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းဘက်တီးရီးယား ကူးစက်ပျံ့နှံ့မှုမှာ စပိန် ဟင်းသီးဟင်းရွက်များမှ တစ်ဆင့် စတင်သည် ဆိုခြင်းမှာ သက်သေ မရှိကြောင်း၊ စပိန်နိုင်ငံမှလာသည်ဟု ဆိုသော နိုင်ငံများ အနေဖြင့် ခိုင်မာသော သက်သေပြရန် စပိန် အစိုးရက တောင်းဆိုခဲ့သည်။
ယင်းဘက်တီးရီးယား ကူးစက်ပျံ့နှံ့မှုမှာ ကျယ်ပြန့်ပြီး ပြင်းထန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးခဲ့ပြီး ပြဿနာရင်းမြစ်ကို သိရှိနိုင်ရန် အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ EHEC ဟု လူသိများသော enterohaemorrhagic E.coli ဘက်တီးရီးယားကြောင့် ဆိုးဆိုးရွားရွား ၀မ်းပျက်ဝမ်းလျော ဖြစ်မှုမှာ ဒိန်းမတ်၊ ဆွီဒင်၊ ပြင်သစ်၊ ဗြိတိန်၊ နယ်သာလန်၊ ဆွစ်ဇာလန် နိုင်ငံတို့တွင်လည်း ဖြစ်ပွားခဲ့ကြောင်း WHO က ထုတ်ပြန်သည်။
ဘက်တီးရီးယား စတင် ပျံ့နှံ့ရာ ဇစ်မြစ်ကို သိရှိနိုင်ရန် အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ကြောင်း၊ သက်သေ အထောက်အထား မရှိဘဲ မစွပ်စွဲသင့်ကြောင်း စပိန် ကျန်းမာရေးဝန်ကြီး က ပြောကြားသည်။
ဂျာမနီတွင် “အီကိုလိုင်” ရောဂါပိုးကပ်ငြိသော သခွားသီး များကြောင့် လူ ၁၀ ဦးသေဆုံး
ဂျာမနီနိုင်ငံတွင် ရောဂါပိုးကပ်ငြိသော သခွားသီးများစားမိရာမှ “အီကိုလိုင်” (E.Coli) ရောဂါပိုးကြောင့် ရောဂါ ဖြစ်ပွား နေပြီး သေဆုံးသူဦးရေ ၁၀ ဦး ရှိသွားပြီ ဖြစ်သည်။
ရောဂါဖြစ်ပွားစေသော သခွားသီးများမှာ စပိန်နိုင်ငံမှ တင်သွင်းသည်ဟု ယုံကြည်ရပြီး ပြင်းထန်သော “အီကိုလိုင်” (E.Coli) ရောဂါလက္ခဏာ ဟီမိုလစ်တစ် ယူရီမစ် စင်ဒရုမ်း (HUS – Hemolytic Uremic Synorome) ကို ဖြစ်ပေါ်စေသည်။ လူများ ရာနှင့်ချီ၍ နာဖျားမကျန်း ဖြစ်ကြသည်ဟု ကြားသိရသည်။
ချက် သမ္မတနိုင်ငံ (Czech Republic) ၏ စိုက်ပျိုးရေးနှင့် အစားအစာစစ်ဆေးရေး အာဏာ ပိုင်အဖွဲ့တစ်ခုဖြစ်သော Czech Agriculture And Food Inspection Authority ၏ ပြောရေးဆိုခွင့်ရှိသူ မီချာလ် စပါစီးလ် (Michal Spacil) က AFP- Agence France- Press သတင်းဌာနအား ပြောကြားရာတွင် ချက် သမ္မတနိုင်ငံ (Czech Republic) အပြင် သြစတြီးယား (Austria)၊ ဟန်ဂေရီ (Hungary) နှင့် လာက်ဇမ်းဘတ်ဂ် (Luyemburg) နိုင်ငံများသို့လည်း သခွားသီး တင်ပို့မှု ရှိသည်။
အီကိုလိုင် (E.Coli) ကြောင့်ဖြစ်သော ယခုကဲ့သို့ရောဂါမျိုးသည် ကျောက်ကပ်နှင့် ဗဟိုအာရုံ ကြောစနစ် (Central Nervous System) အား ထိခိုက်ပျက်စီးစေသည်။
ဂျာမနီ၊ ဟန်းဘတ်မြို့
ဟန်းဘတ် (Hamburg) မြို့အနီး ပတ်ဝန်းကျင် တစ်ဝိုက်တွင် ရောဂါဖြစ်သူများပြားသည်။ ဆွီဒင်နိုင်ငံအခြေစိုက် ဥရောပ တိုက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနဖြစ်သည့် European Centre For Prevention မှ ပြောကြားရာတွင် ယခုအကြိမ် HUS ဖြစ်ပွားခြင်း သည် ကမ္ဘာပေါ်တွင် အများဆုံးထဲတွင် ပါဝင်ပြီး ဂျာမနီတွင် ဖြစ်ပွားခဲ့မှုများတွင် အများဆုံး ဖြစ်သည်။
၎င်းဌာန၏ပြောကြားချက်အရ HUS သည် ငါးနှစ်အောက်ကလေးများတွင် အဖြစ်များသော် လည်း ယခုတွင်မူ ၈၇% မှာ လူကြီးများဖြစ်သည်။
ရောဂါဖြစ်ပွားသူများတွင် ၆၈% မှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။
HUS (Hemolytic Uremic Syndrome) သည် ဖြစ်ပွားမှု အစီရင်ခံချက်များ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန် နှင့် ဗြိတိန်တို့တွင်လည်း ရှိရာ ဂျာမန်နိုင်ငံသားများ ခရီးသွားလာ မှုနှင့် ဆက်စပ်နေသည်။
ရောဂါဖြစ်ပွားမှု ဒုတိယ အဆင့်အနေဖြင့် ရောဂါရှိသူမှ အခြားသူများအား ကူးစက်ခြင်း ဖြစ်နိုင်သေးသည်။ ၎င်း ဒုတိယအဆင့်ရောဂါပြန့်ပွားမှုမှာ ကာကွယ် တားဆီးနိုင်သဖြင့် တစ်ကိုယ်ရေသန့်ရှင်း ရေး (Personal Hygiene) အား ပိုမိုဂရုစိုက် ရမည်ဟု မန်စတာ တက္ကသိုလ် (Munster University) မှ သိပ္ပံပညာရှင် ဟယ်လ်ဂီ ကာ့ခ်ျ (Helge Karch) က ပြောသည်။
အီကိုလိုင် ရောဂါပိုး
သခွားသီးများတွင် ရောဂါပိုး ကပ်ငြိခြင်း သည် စိုက်ပျိုး ထုတ်လုပ်စဉ်ကဖြစ်သည် သို့မဟုတ် သယ်ယူပို့ဆောင်စဉ် ဖြစ်သည် အား ရှင်းလင်းတိကျစွာ မသိရသေးပါ။
မသင်္ကာဖြစ်ဖွယ်ရှိသော သခွားသီး တင်ပို့ သည့် အဖွဲ့အစည်းနှစ်ခုအား စပိန်နိုင်ငံက တားမြစ်ထားသည်ဟု ကြေညာသည်။
အီကိုလိုင် (E.Coli) မှာ အက်ရှရီကီယာ ကိုလိုင် (Escherichia Coli) ၏ အတိုကောက် ဖြစ်သည်။
၎င်းဘက်တီယမ်(Baterium) ရောဂါပိုးအားတွေ့ရှိသူ ဂျာမန်ကလေးရောဂါကု ဆရာဝန် (Pediatrician) သီအိုဒို အက်ရှရီကီယာ (Theodor Eschtirichia) အား အစွဲပြု၍ခေါ်သော အမည်ဖြစ်သည်။ ဧကဝုစ် (Singular) မှာ Bacterium ဖြစ်ပြီး ဗဟုဝုစ် (Plural) မှာ Bacteria ဖြစ်သည်။
Ref : Internet
Germany: Ten die from E.coli-infected cucumbers (BBC News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)
အခြေခံပညာ ကျောင်းများ၌ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို စီမံချက်ဖြင့် ထိုးပေးမည်
ရန်ကုန် ၊ မေ ၃၁
လက်ရှိ မြန်မာနိုင်ငံ လူဦးရေ၏ ၁၂% ကူးစက်ခံနေရပြီ ဖြစ်သော အသည်းရောင် အသားဝါ ဘီ ဗိုင်းရပ်စ်ကို ကာကွယ်ရန် အခြေခံပညာ ကျောင်းများတွင် မူလတန်းမှ စတင်၍ ကာကွယ်ဆေးမထိုးရသေးသူ ကလေးငယ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေး ထိုးပေးသွားရန် စီစဉ်နေကြောင်း ကြားသိရသည်။
အဆိုပါ အစီအစဉ်ကို ကျန်းမာရေး ၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ အသည်းရောင် အသားဝါ ကာကွယ်ဆေး စက်ရုံမှ ဖော်ဆောင်သွားမည် ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံ ပညာကျောင်းများမှ စတင်သွားမည်ဟု ကြားသိရသည်။
ကုန်ကျစားရိတ် အနေဖြင့် လူဦးရေ ၅၀ နှင့် အထက်အတွက် တပြိုင်နက် မှာယူပါက တစ်ဦးလျှင် ၄၅၀၀ ကျပ်သာ ကျသင့်ကြောင်း၊ သုံးကြိမ် ထိုးရုံဖြင့် အသည်းရောင် အသားဝါ ဘီ ရောဂါမှ ကာကွယ်နိုင်ပြီ ဖြစ်ကြောင်း၊ အသည်းရောင် အသားဝါ ကာကွယ်ဆေး စက်ရုံမှ ပြည်တွင်း လိုအပ်မှု အတွက် တစ်နှစ်လျှင် ကာကွယ်ဆေး အလုံးရေ နှစ်သိန်းခွဲခန့်အထိ ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း၊ စက်မှု (၁) ထုတ် ကာကွယ်ဆေးသည် ပြည်ပမှ ၀င်လာသော ကာကွယ်ဆေးများနှင့် တန်းတူ အာနိသင်ကောင်းပြီး ဈေးအဆမတန် သက်သာကြောင်း ကာကွယ်ဆေး စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြည်တွင်း၌ လူအများ တပြိုင်နက် အသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေး ထိုးခြင်းကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် နေပြည်တော်ရှိ အစိုးရ၀န်ထမ်းများမှ စတင်ခဲ့ပြီး ယခုအခါ ထိုသူများ အားလုံး ကာကွယ်ဆေး အပြည့်ထိုးနှံပြီး ဖြစ်ကြောင်း သိရှိရသည်။
ဥရောပတွင် မျိုးဗီဇပြောင်း E. coli ရောဂါပိုးသစ် ပျံ့နှံ့
“ဘက်တီးရီးယား မျိုးဗီဇ ပေါင်းစည်းမှုဟာ အသစ်ဖြစ်ပြီး သေလောက်အောင် ပြင်းထန်စေတဲ့ ပေါင်းစည်းမှုလည်း ဖြစ်နေပါတယ်”
ဥရောပတွင် မျိုးဗီဇပြောင်း E. coli ရောဂါပိုးသစ် ပျံ့နှံ့
ဥရောပတွင် E. coli ရောဂါပိုး ပျံ့နှံ့မှုဂယက်မှာ ပိုမိုပြင်းထန်လာစေခဲ့သည်။ ဆိုးရွားသော ဝမ်းရောဂါကို ပေါ်ပေါက်စေသည့် ဘက်တီးရီးယား ပိုးမွှားသစ်သည် ယခုအခါ ဂျာမနီကို ကြီးကြီးမားမား ခြိမ်းခြောက်နေပြီဟု ကျန်းမာရေး ၀န်ထမ်းများကဆိုသည်။ အာဖရိကတွင် အဖြစ်များသော E. coli ဘက်တီးရီးယားသည် မျိုးဗီဇ အသစ်တစ်ခုအနေနှင့် ပြောင်းလဲပြီး ဥရောပသို့ ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ E. coli၏ သက်ရောက်မှုသည် သွေးနှင့် ကျောက်ကပ်များကို ထိခိုက်စေနိုင်ကြောင်း သိရသည်။
E. coli
(E. Coli ဗိုင်းရပ်စ်ပိုး)
ဥရောပတွင် လူပေါင်း(၁၅၀၀)မျှ ကူးစက်ခံရပြီး (၁၈)ဦးထိ သေဆုံးခဲ့သည်။ သေဆုံးသူ (၁၇)ဦးမှာ ဂျာမနီမှဖြစ်ပြီး (၁)ဦးမှာ ဆွီဒင်မှဖြစ်သည်။ ဗြိတိန်တွင်လည်း ရောဂါပိုးရှိသူ (၇)ဦး တွေ့ရပြီး ဗြိတိန်နိုင်ငံသား (၃)ဦးဖြစ်သည်။ ထိုရောဂါပိုး ကူးစက်မှုသည် ဂျာမနီနှင့် ဆက်စပ်နေမည်ဟု ယူဆရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဥရောပတွင် ယခင်က e. coli ပျံ့နှံ့မှု ထိုမျှကျယ်ပြန့်သည်ကို ယခင်က မတွေ့ကြုံခဲ့ဖူးကြောင်း ကြေညာခဲ့သည်။
E. coli
(E. coli ရောဂါပိုး ပျံ့နှံ့မှုနှင့် သေဆုံးမှုအခြေအနေ)
ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု အေဂျင်စီက ယခု E. Coliသည် ရှားပါးသော O104မှ ဗီဇပြောင်းပြီး လူအများကို လျင်မြန်လွယ်ကူစွာ ကူးစက်စေခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားထားသည်။ လန်ဒန် အင်ပီရီရယ်လ် ကောလိပ်မှ ပါမောက္ခ ဂတ်ဒ်ဖရန်ကယ်လ်က “ဘက်တီးရီးယား မျိုးဗီဇ ပေါင်းစည်းမှုဟာ အသစ်ဖြစ်ပြီး သေလောက်အောင် ပြင်းထန်စေတဲ့ ပေါင်းစည်းမှုလည်း ဖြစ်နေပါတယ်”ဟု ရှင်းပြခဲ့သည်။ ယခုအခါ ဥရောပ နိုင်ငံအများစုတွင် e. coliခိုအောင်းနေသည်ဟု ယူဆရသည့် ဟင်းသီးဟင်းရွက် တင်ပို့ရောင်းချမှုများကို ကန့်သတ်ပိတ်ပင်နေပြီဖြစ်သည်။
E. coli
(ဥရောပတွင် ပျံ့နှံ့လျက်ရှိသည့် E. coli ရောဂါပိုးမှာ အသီးအနှံများတွင် အဓိက ခိုးအောင်းနေသည်)
ရောဂါပိုး ပျံ့နှံ့မှုသည် ဂျာမနီကို ဗဟိုပြုပြီး လူပေါင်း (၁၀၆၄)ဦးတို့မှာ ဆိုးဆိုးရွားရွား ၀မ်းရောဂါ ခံစားနေရသလို (၄၇၀)တို့သည် ကျောက်ကပ်နှင့် သွေးတို့တွင် ထိခိုက်ယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ အဘာဒင်း တက္ကသိုလ်မှ ပါမောက္ခ ဟုဂ်ျပန်နင်တန်က “ဒီကူးစက်မှုဟာ ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ပုံစံမျိုးပါ။ ဒါပေမယ့် ကလေးတွေမှာ ပိုပြီးအဖြစ်များတယ် ဆိုတာမျိုး အထောက်အထားတော့ မတွေ့ရပါဘူး”ဟု ရှင်းပြခဲ့သည်။ ယခင်က (၅)နှစ်အောက် ကလေးများတွင် e. coli နှိပ်စက်မှု ခံရပါက အလွန်ခက်ခဲကြမ်းတမ်းသော အခြေအနေမျိုး ဖြစ်သော်လည်း ယခုအခါ ကလေးများစုသည် ဆိုးရွားသော အခြေအနေတွင် မရှိကြောင်း၊ ယင်းသည် စားသောက်သည့် အစားအစာ၏ သဘာဝနှင့် ဆက်စပ်မှုလည်း ရှိနိုင်ကြောင်း ပါမောက္ခကြီးက မှတ်ချက်ပြု ပြောကြားသွားသည်။
Source: BBC
နား​ရွက်အတွင်း​ ပုရွက်ဆိတ်များ​ အသိုက်လုပ်​​နေထိုင်ခဲ့​သဖြင့်​ ဒုက္ခ​တွေ့​ရသည့်​ ထိုင်ဝမ်မိန်း​က​လေး
Monday, 23 May 2011 14:18
E-mail Print
alt
နား​ရွက်အတွင်း​ ပုရွက်ဆိတ်များ​ အသိုက်လုပ်​​နေထိုင်ခဲ့​သဖြင့်​ ဒုက္ခ​တွေ့​ရသည့်​ ထိုင်ဝမ်မိန်း​က​လေး​ © dailymail
ထိုင်ဝမ်မှ မိန်း​က​လေး​ငယ် တစ်ဦး​သည် ၎င်း၏ နား​ရွက်များ​အတွင်း​ ပုရွက်ဆိတ်များ​က အသိုက်လုပ် ​နေထိုင်ခဲ့​ခြင်း​ကြောင့်​ ဒုက္ခများ​နေ​ကြောင်း​ သိရသည်။
အသက် ၁၆ နှစ်ရှိပြီဖြစ်သည့်​ မိန်း​က​လေး​သည် နား​အတွင်း​ မခံမရပ်နိုင်​အောင် ကိုက်ခဲမှု​ကြောင့်​ ​ဆေး​ခန်း​သွား​ပြရာမှ ထိတ်လန့်​အံ့​ဩဖွယ် အဆိုပါ ဖြစ်ရပ်ကို ​ဖော်ထုတ်လာနိုင်ခြင်း​ဖြစ်သည်။ ထိုင်​ပေမြို့​တွင် ​နေထိုင်​သော မိန်း​က​လေး​ကို ထိုင်​ပေမြို့​တော် ​ဆေး​ရုံရှိ နား​၊​ နှာ​ခေါင်း​၊​ လည်​ချောင်း​ အထူး​ကု ​ဒေါက်တာဟန်ယွန်ဆန်း​က လက်ခံကုသ​ပေး​ခဲ့​သည်။
သူမ၏ ညာဖက်နား​ထဲတွင် ပုရွက်ဆိတ် အ​ကောင် ၂၀ မျှကို ​တွေ့​ခဲ့​ရပြီး​ ဘယ်ဖက်နား​တွင်လည်း​ ​ကောင်​ရေအနည်း​ငယ် ​တွေ့​ခဲ့​ရ​ကြောင်း​ ​ဒေါက်တာဟန်ကဆိုသည်။ မိန်း​က​လေး​က သူမ၏ နား​ထဲတွင် ပုရွက်ဆိတ်အချို့​ ​တွေ့​ခဲ့​ဖူး​သော်လည်း​ အမှတ်မထင်ပင် ရှိ​နေခဲ့​ကြောင်း​ ဝန်ခံခဲ့​သည်။
သူမ၏ နား​များ​သည် နီရဲ​ရောင်ရမ်း​နေပြီး​ အ​ခြေအ​နေ အ​တော်ဆိုး​နေခဲ့​သော်လည်း​ ကုသချိန် ​စောခဲ့​သဖြင့်​ သူမ၏ နား​စည်များ​ မပျက်စီး​အောင် ကာကွယ်နိုင်ခဲ့​ကြောင်း​ သိရှိရသည်။
လူတစ်ဦး၏သက်တမ်းကို သွေးစစ်ခြင်းဖြင့် ခန့်မှန်းနိုင်ဖွယ်ရှိ
alt
လူတစ်ဦး၏သက်တမ်းကို သွေးစစ်ခြင်းဖြင့် ခန့်မှန်းနိုင်ဖွယ်ရှိ © dailymail
လူတစ်ဦး၏ သက်တမ်းကို သွေးစစ်မှုဖြင့် ခန့်မှန်းနိုင်လာဖွယ် ရှိနေကြောင်း သိရသည်။
အကယ်၍ လူတစ်ဦးသာ မတော်တဆမှုကဲ့သို့ ကိစ္စများဖြင့် အချိန်မတိုင်မီ သေဆုံးခြင်း မရှိပါက ၎င်း၏ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို သွေးစစ်ကာ လေ့လာပြီး ကျန်ရှိသော သက်တမ်းကို အလွန်နီးစပ်စွာ ခန့်မှန်းနိုင်သည့် နည်းလမ်းအား ဗြိတိန်တွင် ယခုလကုန်ပိုင်းအတွင်း စတင်စမ်းသပ် သုံးစွဲလာဖွယ် ရှိနေသည်။ ဒေါ်လာ ၇၀၀ ဝန်းကျင်မျှ ကုန်ကျမည့် သွေးစစ်စမ်းသပ်မှုတွင် လူတစ်ဦး၏ သွေးအတွင်းရှိ Chromosomeများ၏ သက်တမ်းကို အခြေတည် လေ့လာကာ လူသား၏ သက်တမ်းကိုပါ တွက်ချက်ဟောကိန်းထုတ်နိုင်မည်ဖြစ်သည်။
Chromosomeများ သက်တမ်းတိုတောင်းခြင်းသည် လူသားတစ်ဦးအတွက် ရောဂါဝင်ရောက်ရန် ပိုမိုလွယ်ကူပြီး အသက်တိုစေနိုင်မည်ဟု သိရသည်။ ယခုသွေးစစ်မှုတွင် သွေးအတွင်းရှိ Chromosomeများ၏ သက်တမ်းအပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ အယ်ဇိုင်းမားနှင့် ကင်ဆာရောဂါဆိုင်ရာ အချက်အလက်များကိုပါ လေ့လာဆန်းစစ်ပေးသွားမည်ဖြစ်သည်။
ဟားဗက်ဆေးကျောင်းမှ နိုဘယ်ဆုရှင် ဒေါက်တာ ကာရိုဂရီဒါက ယခုကဲ့သို့ လူတစ်ဦး၏ ဖြစ်နိုင်ခြေရှိသော သက်တမ်းကို ခန့်မှန်းတွက်ချက်နိုင်ခြင်းသည် ကြိုဆိုရမည့် ကိစ္စမျိုးဖြစ်ကြောင်း၊ လူတစ်ဦးသည် မိမိ၏ နေထိုင်စားသောက်မှု ပုံစံကို ဆင်ခြင်ခြင်းဖြင့် အသက်ရှည်ရှည် နေနိုင်ရန် လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းပြသွားသည်။
ဆီးချိုသွေးချိုရောဂါ ထိန်းသိမ်းမှုအတွက် ၁၀ မိနစ်အချိန်ပေးပါ
ဆီးချိုသွေးချိုရောဂါရှိသူတို့အနေနဲ့ နောက်ဆက်တွဲပြဿနာ မခံစားရစေဖို့နေ့စဉ် ၁၀ မိနစ် တော့ အချိန်ပေးဖို့ လိုအပ်ပါတယ်။
တံခါးဝဘေးရှိ ဖိနပ်စင်မှာ ဖိနပ်ချွတ်ပါ
တစ်မိနစ် အချိန်ပေးပါ။ အပြင်ကနေပြန် လာရင် အိမ်တံခါးဝဘေးမှာရှိတဲ့ ဖိနပ်စင်မှာ ဖိနပ်ချွတ်ပြီး အိမ်ထဲမှာစီးတဲ့ ဖိနပ်ပါးပြောင်း စီးပါ။ အိပ်ရာပေါ်မှာကလွဲလို့ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို ဖိနပ်စီးထားတာဟာ ခြေထောက်ထိခိုက်ဒဏ်ရမရအောင် ကာကွယ်ပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ကို စစ်ဆေးပါ
နှစ်မိနစ် အချိန်ပေးပါ။ နေ့တိုင်း ရေချိုးပြီး ချိန်မှာ သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ခေါင်းက နေ ခြေဖျားအထိ စစ်ဆေးကြည့်ရှုပါ။ ကူးစက်ပိုးဝင်တဲ့ လက္ခဏာရပ်တွေဖြစ်တဲ့ အရေပြားခြောက်သွေ့ခြင်း၊ နီရဲခြင်းနဲ့ နာကျင်ခြင်းတွေ ရှိ၊ မရှိ သတိထားပါ။
အစိုဓာတ်ရှိနေပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ပွားနိုင်တဲ့ ချိုင်းကြား၊ ရင်သား၊ ခြေချောင်းတွေကြားနဲ့ တံကောက်ကြော နေရာတွေကို သေချာ စစ်ဆေးပါ။ သင့်ခန္ဓာကိုယ် တစ်ခုလုံးကို မြင်နိုင်ဖို့ မှန်သုံးသင့်ရင် သုံးပါ။
အရေးပေါ် သရေစာမုန့် ပြင်ဆင်ပါ
တစ်မိနစ် အချိန်ပေးပါ။ အပြင်သွားတဲ့ အခါ သွေးတွင်းသကြားဓာတ်လျော့နည်းတဲ့ အခြေအနေဖြစ်ပေါ်ခဲ့ရင် စားနိုင်ဖို့ သကြား လုံးငါးလုံး၊ ခြောက်လုံးထုပ်ကို ဆောင်ထား ပါ။
သွေးတွင်းသကြားဓာတ် လျော့ကျသွား တဲ့အခါ ဆာလောင်ခြင်း၊ မူးဝေခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း စတဲ့ ဝေဒနာတွေ ခံစားရ တတ်ပါတယ်။ အဲဒီအချိန်မှာ အဆင်သင့်စားနိုင်ဖို့ သရေစာမုန့် ပြင်ဆင်ထားဖို့ လိုပါတယ်။
ရေသောက်ပါ
တစ်မိနစ် အချိန်ပေးပါ။ သွေးတွင်း သကြား ဓာတ်များခြင်းဟာ ခန္ဓာကိုယ်ကနေ အရည်ဓာတ်ဆုံးရှုံးစေပြီး အရေပြား ခြောက်သွေ့နေစေပါတယ်။ အရေပြား ခြောက်သွေ့ပြီး ယားယံနေရင် ကူးစက်ပိုး ဝင်လွယ်စေပါတယ်။
အရေပြား ကူးစက်ပိုး မဝင်လွယ်အောင် ရေနဲ့ တခြား သစ်သီးဖျော်ရည် များများသောက်ပါ။
ရှေးဦးသူနာပြု သေတ္တာငယ် ပြင်ဆင်ပါ
တစ်မိနစ် အချိန်ပေးပါ။ ဆီးချိုသွေးချို ရောဂါကြောင့် နောက်ဆက်တွဲ ပြဿနာ ဖြစ်ပေါ်တာဟာ အသေးအမွှား ထိခိုက် ဒဏ်ရာကနေ ကြီးမားတဲ့ ပြဿနာ ဖြစ်လာတာမျိုးပါ။
ဒါကြောင့် အသေးအမွှား ထိခိုက်ဒဏ်ရာ ရပြီဆိုတာနဲ့ ရှေးဦးပြုစုနိုင်ဖို့ ရှေးဦးသူနာပြု သေတ္တာငယ်တစ်လုံး ပြင်ဆင်ထားရှိပါ။
ပါဝင်သင့်တဲ့ ပစ္စည်းတွေကတော့ - အနာသန့်စင်ဖို့အတွက် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် (Hydrogen Peroxide)၊ စုတ်ပြဲဒဏ်ရာအတွက် ပဋိဇီဝ ပိုးသတ်ဆေး လိမ်းဆေးခရင်မ်၊ အနာကို ဖုံးအုပ်ဖို့အတွက် ပိုးသတ်ထားတဲ့ ပတ်တီးစ စတာတွေဖြစ်ပါတယ်။
အားကစားလုပ်ရန် ပြင်ဆင်ပါ
နှစ်မိနစ် အချိန်ပေးပါ။ တစ်နေ့ကို မိနစ် ၃၀ အားကစားလုပ်ဆောင်တာဟာ ဆီးချို သွေးချိုရောဂါ ထိန်းချုပ်မှုအတွက် အရေးပါ တဲ့ အစိတ်အပိုင်းပါ။ ဒါပေမယ့် အလုပ်များ နေရင်တော့ အားကစားလုပ်ဖြစ်ဖို့ အချိန်မရ နိုင်တာမျိုး ဖြစ်တတ်ပါတယ်။
အားကစားလုပ်ဖို့ ကြိုတင်ပြင်ဆင်မှု ရှိထား ရင်တော့ အားကစားလုပ်ဖြစ်ဖို့ အခွင့်အလမ်းများတဲ့အတွက် ညကတည်းက အားကစား ဝတ်စုံ၊ အားကစားဖိနပ် စတာတွေကို သေချာပြင်ဆင်ထုပ်ပိုးထားပါ။
သွေးတွင်း သကြားဓာတ် စစ်ဆေးပါ
နှစ်မိနစ် အချိန်ပေးပါ။ နံနက်ခင်းနဲ့ ညအိပ်ရာမဝင်ခင်မှာ သွေးတွင်း သကြား ဓာတ်ကို သိရှိနိုင်ဖို့ တိုင်းတာ စစ်ဆေးပါ။ ဒါမှသာ သွေးတွင်း သကြားဓာတ် ပုံမှန် မဟုတ်ရင် ဆရာဝန်နဲ့ တွေ့ဆုံကုသနိုင်မှာ ဖြစ်ပါတယ်။
Ref : Good Health
သကြားဓာတ်မှာ ရောဂါပိုးများကို တိုက်ဖျက်ရာတွင် အထောက်အပံ့ဖြစ်စေ
ဂလူးကို့စ်နှင့် ဖရက်တို့စ် သကြားဒြပ်ပေါင်းများသည် ကိုယ်ခံအားစနစ်ကို ဖြည့်တင်းပေးမည့် ပိုးမွှားကာကွယ်ဆေးများကို ပိုမိုအာနိသင် သက်ရောက်စေကြောင်း ပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့
Posted on May 20 11 - 09:50 AM | Hits : 277
သကြားဓာတ်မှာ ရောဂါပိုးများကို တိုက်ဖျက်ရာတွင် အထောက်အပံ့ဖြစ်စေ
သင့်တော်မျှတသော သကြားပမာဏသည် ရောဂါပိုးများကို တိုက်ဖျက်ရာတွင် အစွမ်းထက်သည့် ထောက်ပံ့မှုမျိုး ဖြစ်ပေါ်စေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဂလူးကို့စ်ဓာတ်သည် ရောဂါပိုးမွှားများကို တန်ပြန်တွန်းလှန် တိုက်ခိုက်သည့် ကိုယ်ခံစနစ်များကို ပိုမိုအားကောင်းစေတတ်ကြောင်း သိရသည်။ ဂလူးကို့စ်နှင့် ဖရက်တို့စ် သကြားဒြပ်ပေါင်းများသည် ကိုယ်ခံအားစနစ်ကို ဖြည့်တင်းပေးမည့် ပိုးမွှားကာကွယ်ဆေးများကို ပိုမိုအာနိသင် သက်ရောက်စေကြောင်း ပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ကပ်ပါးအသွင်ဖြင့် ခန္ဓာကိုယ်တွင်း တွယ်ငြိနေသည့် ရောဂါပိုးများကို ကာကွယ်ဆေးများက ချေဖျက်ရာတွင် သကြားဓာတ်များက အထောက်အပံ့ပေးကြောင်း ဘော်စတွန် တက္ကသိုလ်မှ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သည်။ အီးကိုလိုင်ကဲ့သို့ ဘက်တီးရီးယားများဖြင့် စမ်းသပ်မှုအရ သကြားဓာတ် ဖြည့်တင်းပေးထားသော ကိုယ်ခံဆေးဝါးများသည် ရောဂါပိုးများကို (၂)နာရီအတွင်း တိုက်ဖျက်နိုင်ခြေ (၉၉.၉)ရာခိုင်နှုန်းထိရှိကြောင်း သိရသည်။ အကယ်၍ သကြားဓာတ် မပါဝင်ပါက ယင်းထက် အချိန်ပိုကြာသလို အချို့ဆေးဝါးများသည် ရောဂါပိုးများကို ထိရောက်စွာ ချေမှုန်းနိုင်ခြင်း မရှိကြောင်း သုတေသီများ၏ အဆိုကို ကိုးကားပြီး Natureဂျာနယ်က ဖော်ပြခဲ့သည်။ ယခုအခါ အဆိုပါ သုတေသီအဖွဲ့သည် တီဘီရောဂါပိုးကို တိုက်ဖျက်ရာတွင် မည်သည့်အတိုင်းအတာထိ သကြားဓာတ် ဖြည့်တင်းခြင်းက အကျိုးထူး ဖြစ်စေနိုင်မည်ကို လေ့လာရန် စီစဉ်နေကြောင်းလည်း သတင်းရရှိသည်။
"နေကြာစေ့က စားသင့်သော အကြောင်းရင်း"
04/27/2011 - 18:43
နေကြာစေ့ကို စားပေးတာကြောင့် ရရှိစေနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ သွေးတွင် မကောင်းတဲ့ ကိုလက်စထရောကို လျောကျစေတာ၊ ရောင်ရမ်းမှုကို တားဆီးပေတာ၊ သွေးကြောတွေကို သန့်စင်စေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတာကြောင့် အာဟာရရှိတဲ့ သရေစာ အဖြစ် စားပေးနိုင်တာ ဖြစ်ပါတယ်။ နေကြာစေ့ထဲမှာ ဘယ်လို ထူးကဲတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေနဲ့ ညီညွတ်ရသလဲ ဆိုတာကို သိနိုင်စေဖို့ နေကြာစေ့ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အာနသင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
မပြည့်ဝဆီနှစ်မျိုး(Polyunsaturated and Monounsaturated Fats)
နေကြာစေ့ကြောင့် ကျန်းမာရေး အကျိုးကျေးဇူး ရရှိစေတာက သူ့မှာ ပါဝင်တဲ့ မပြည့်ဝဆီ နှစ်မျိုးဖြစ်တဲ့ Polyunsaturated နဲ့ Monounsaturated တို့ကြောင့် ဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေက သွေးလွှတ်ကြောတွေကို ပိတ်ဆို့မှု ကင်းဝေးစေတာ၊ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ တခြားအဆီတွေကို လျော့ကျစေတာ စတဲ့ နည်းအမျိုးမျိုး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နေကြာစေ့မှာ မပြည့်ဝဆီ ၉၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် သွေးတွင်း ကောင်းတဲ့ အဆီကို တိုးမြင့်စေပါတယ်။
ဆီလီနီယမ်
နေကြာစေ့ထဲမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဆီလီနီယမ်နဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် အာနိသင်ကို တိုးမြင့်စေကာ ကင်ဆာဆဲလ်တွေရဲ့ ဖြစ်ပေါ်မှုကို ကာကွယ်တားဆီးပေးနိုင်ပြီး နှလုံးရောဂါ ဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။ ဆီလီနီယမ်ဟာ မျိုးဗီဇ DNA ကို ပြုပြင်ပေးပြီး ပျက်စီးနေတဲ့ ဆဲလ်တွေကို ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။
ဗီတာမင် အီး
နေကြာစေ့မှာ ဗီတာမင် အီး များစွာ ပါဝင်နေပါတယ်။ ဗီတာမင် အီးဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းဝေးစေပါတယ်။ ဖရီးရာယ်ဒီကယ် တွေဟာ နှလုံးသွေးကြော ကျဉ်းတာကို ကင်းဝေးစေပြီး နှလုံးရောဂါ အန္တရာယ်ကို လျော့ပါးစေပါတယ်။ နေကြာစေ့မှာ ပါဝင်တဲ့ ဗီတာမင် အီးဟာ အင်တီအောက်ဆီးဒင့် အာနိသင်ရှိပြီး သွေးမကျဲအောင်နဲ့ အနာကျက်အောင် ကူညီနိုင်ကာ သွေးလှည့်ပတ်မှုစနစ်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ နေကြာစေ့ရဲ့ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်ဟာ အဆစ်ရောင်နာ ရောဂါလက္ခဏာတွေကို လျော့ကျစေပါတယ်။
ပရိုတင်းဓာတ်
နေကြာစေ့မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အမိုင်နိုအက်စစ်ကို ထောက်ပံ့ပေးတာကြောင့် တစ်သျှူးတွေရဲ့ တည်ဆောက်မှု၊ ကြီးထွားမှု နဲ့ ပြုပြင်မှုတွေမှာ မရှိမဖြစ် အရေးပါနေပါတယ်။
ဖောလိတ်ဓာတ်
ဖောလစ်အက်စစ်လို့ ခေါ်ကြတဲ့ ဖောလိတ်ဓာတ်ဟာ ဗီတာမင်ဘီတစ်မျိုး ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအတွက် မရှိမဖြစ် အရေးပါကာ သန္ဓေသားရဲ့ ကြီးထွား ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဆဲလ်အသစ်ကို ထုတ်လုပ်ရာမှာ ပါဝင်ကူညီနေပါတယ်။ ဖောလိတ်ဓာတ်နဲ့ ဗီတာမင်ဘီတွဲလ်တို့ အတူတူ ပေါင်းပြီး သွေးနီဥထဲမှာ ဟေမိုဂလိုဗင်ကို ဖြစ်စေပါတယ်။ ဖောလိတ်ဓာတ်ကို မှီဝဲတာက နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။
ကော်ဖီသောက်ခြင်းက အမျိုးသားများအတွက် ကျန်းမာရေး​အထောက်အပံ့ဖြစ်လာနိုင်
alt
ကော်ဖီသောက်ခြင်းက အမျိုးသားများအတွက် ကျန်းမာရေး​အထောက်အပံ့ဖြစ်လာနိုင်​ © dailymail
ကော်ဖီသောက်ခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။
ကော်ဖီသည် ဆီးကြိတ်ကင်ဆာဖြင့် အသက်အန္တရာယ် ဆုံးရှုံးနိုင်သော အခြေအနေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း အမေရိကန် အမျိုးသား ငါးသောင်းကျော်ကို လေ့လာပြီးနောက် သုတေသီများကဆိုသည်။ တစ်နေ့လျင် ကော်ဖီ ခြောက်ခွက်နှင့်အထက် သောက်သော အမျိုးသားများသည် ဆီးကြိတ်ကင်ဆာ မျိုးကွဲအားလုံးတို့ ဖြစ်ပွားနိုင်ခြေ သာမန်ထက် ၂၀ ရာခိုင်နှုန်းမျှ လျော့နည်းနေတတ်ကြောင်း သိရသည်။
ထို့အပြင် ဆီးကြိတ်ကင်ဆာ ဖြစ်ပြီးပါကလည်း ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့မှုကို ၆၀ ရာခိုင်နှုန်းမျှ လျော့နည်းစေသည်ဟု လေ့လာမှု စစ်တမ်းများက ဖော်ပြခဲ့သည်။ လက်တွေ့အရ ယခုရလဒ်ကို အမေရိကန် အမျိုးသား ကင်ဆာ ပညာရေးဌာနက အတည်ပြုခဲ့သော်လည်း အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးဟုဆိုသည်။
ပညာရှင်များက ဆီးကြိတ်ကင်ဆာကို ကြိုတင်ကာကွယ်နိုင်မည်ဆိုသော မျှော်လင့်ချက်ဖြင့် ကော်ဖီ အမြောက်အမြား ပုံမှန်သောက်ခြင်းကို မထောက်ခံကြောင်းလည်း ပြောကြားသွားသည်။
ဆီးကြိတ်ကင်ဆာ ပြင်းအားကို လျော့နည်းခြင်းသည် ကဖိန်းဓာတ်နှင့်လည်း မသက်ဆိုင်ဘဲ ကဖိန်းပါသော ကော်ဖီနှင့် ကဖိန်းထုတ်ထားသော ကော်ဖီ နှစ်မျိုးလုံးတွင် တူညီသော အာနိသင် ရှိနေသည်ဟု ဆီးကြိတ်ကင်ဆာ ရန်ပုံငွေအဖွဲ့မှ ဒေါက်တာဟာလန်ရစ်ပွန်က ရှင်းပြခဲ့သည်။
သူမက အဆိုပါ သက်ရောက်မှုသည် ကော်ဖီတွင် ပါဝင်နေသည့် အမည်မဖော်ပြနိုင်သေးသော ဓာတ်ပေါင်းတစ်ခုခုနှင့် ဆက်နွယ်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့သည်။
အသားဓာတ် ဖြည်ထားတဲ့ အာလူး
jeffypotatoo1.jpg
အိန္ဒိယ သုတေသီများက မျိုးရိုး ဗီဇ ပြုပြင်သည့် နည်းကို သုံး၍ အသား ဓာတ် ၆၀ ရာခိုင်နှုန်း အထိ ပါဝင် သောအာလူးကိုဖန်တီး နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ထိုအာလူးတွင် အမိုင်နို အက်စစ်များလည်း ပိုမိုပါဝင်လာမှာ ဖြစ်ပါတယ်။ သုတေသီများဟာ Amaranth  အမည်ရှိ အရသာ ကောင်းသော အသီးတစ်မျိုးမှ မျိုးရိုး ဗီဇကို ကူးယူဖန်တီးထားခြင်း ဖြစ်ပါ တယ်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံ များမှာကော၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှာပါ လူအများစု စားသုံးနေကြတဲ့ အစား အစာထဲမှာ အာလူးသည် အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ   ကြောင်း၊ ဒါကြောင့် အာဟာရဓာတ် တန်ဖိုး ဖြည့်စွက်ထားသည့် အာလူး အခြေခံ အစားအစာများကို ထုတ်လုပ် ခြင်းအားဖြင့် လူသားတို့၏ ကျန်းမာ ရေးကို ပိုမိုကောင်း မွန်စေသော အကျိုး ကျေးဇူးရ ရှိနိုင်ပါကြောင်း သုတေသီ များက ပြောပါတယ်။ amaranth ဆိုတာ မြင့်မားပြီး အရွက်ဖားဖားများ ရှိသည့် အပင်တစ်မျိုးဖြစ်ကြောင်း၊ သေးငယ်သော အစေ့အဆန်လေးများ ကို ထုတ်လုပ် ပေးနိုင်ကြောင်း သိရပါ တယ်။
ဒီအစေ့ဟာ aztecs  နှင့် စောစောပိုင်း အမေရိကန်ယဉ်ကျေးမှု တွင် အဓိကကျသော အစားအစာ တစ်ခုဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုတွင် ၁၉၈၀ ပြည့်နှစ်များ မှစ၍ နှံစားသီးနှံအဖြစ် စတင်စိုက်ပျိုး ခဲ့ကြောင်း သိရပါတယ်။ Amaranth Albumin 1 (ALA1) လို့ ခေါ်တဲ့ ဗီဇ သည် စိုက်ပျိုးရေးရှုထောင့်အရ အရေး ကြီးကြောင်း၊ ၎င်းဗီဇကြောင့် အစေ့ ထဲတွင် အသားဓာတ် ပါဝင်မှုများပြီး မရှိမဖြစ် အမိုင်နိုအက်စစ်များလည်း မြင့်မားစွာ ပါဝင် ရခြင်းဖြစ်ကြောင်း သိရပါတယ်။ အဲဒီ ဗီဇကို အာလူးအမျိုးအစား ၇ မျိုးထဲ တွင် ထည့်သွင်းပြီး ၂နှစ်ကြာ စိုက် ပျိုးခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီမျိုးပြောင်း ထားတဲ့ အာလူးအသစ်ထဲမှာ အသား ဓာတ် ၃၅ မှ ၆၀ ရာခိုင်နှုန်းအထိ ပိုမိုပါဝင် ပါတယ်။ အာလူးထဲတွင် အနည်းငယ် မျှသာ ပါလေ့ရှိတဲ့ အမိုင်နိုအက်စစ် အချို့လည်း မျိုးပြောင်းထားသော အာလူးထဲတွင် ပိုမိုများပြားစွာ ပါဝင် ပါတယ်။ ကြွက်နှင့် ယုန်များကို ကျွေး ကြည့်ရာ ဘေးထွက်ဆိုးကျိုးများ မရှိ ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် အာလူး စားသုံးသူ သန်းတစ်ထောင်ကျော် ရှိကြောင်း သိရပါတယ်။
Ref: Medical News
သွေးကို မသုံးဘဲ မျက်ရည်ကိုသာ အသုံးပြုသည့် ဆီးချိုစစ်ဆေးသည့် ကိရိယာ တီထွင်
funny2.gif
အမေရိကန် အင်ဂျင်နီယာများ သည် ဆီးချို စစ်ဆေးရာတွင် သွေးကို အသုံးမပြုဘဲ မျက်ရည်ကိုသာ အသုံးပြု သည့် ကိရိယာ တစ်မျိုးကို တီထွင်နိုင်ခဲ့ရာ  လူနာများအတွက် နာကျင်မှုမှ သက်သာ စေတော့မည် ဖြစ်ကြောင်း မတ်လ ၂၁ ရက်နေ့ သတင်းများက ဖော်ပြသည်။ ယင်းကို အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ အင်ဂျင်နီယာအဖွဲ့က သုတေသနပြုကာ တီထွင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို အမျိုးအစား ၁ နှင့် အမျိုးအစား-၂  ဆီးချိုရောဂါ လူနာ များအတွက် အသုံးပြုနိုင်မည် ဟု ဆိုသည်။ ယခင် အသုံးပြုနေသော ဆီးချိုစစ်ဆေး နည်းမှာ လက်ထိပ်များကို ဖောက်ရသော ကြောင့် လူနာကို နာကျင်မှု ဖြစ်ပေါ်စေ သည်။ သို့သော် ယင်းကိရိယာကို ဈေးကွက်သို့ မတင်မီ စမ်းသပ် စစ်ဆေးမှုများ စွာ ပြုလုပ်ရန် လိုသေးကြောင်း သိရသည်။
ဆေးသောက်ခြင်း၏ ဆိုးကျိုး ကြောက်သူ အမျိုးသားများ အတွက် ဗိုင်ရာဂရာကွန်ဒုံးကို တီထွင်ထုတ်လုပ်
အမျိုးသားများ ခံစားရလေ့ရှိသော ပန်းညှိုးရောဂါအတွက် အထောက်အကူပြု ပစ္စည်းတစ်ခု အဖြစ် ဗိုင်ရာဂရာကွန်ဒုံး (Viagra Condom) ဟု အမည်ပေးထားသော ကွန်ဒုံးတစ်မျိုးကို တီထွင်ထုတ်လုပ် လိုက်ပြီ ဖြစ်ကြောင်း Daily Mail သတင်းများ အရ သိရသည်။
ပန်းသေးပန်းညှိုးရောဂါများတွင် သောက်သုံးရသော ဗိုင်ရာဂရာခေါ် ဆေးအမည်ကို တင်စား၍ ဝေါဟာရပြုထားသော အဆိုပါ ကွန်ဒုံး၏ Gel တွင် သွေးလှည့်ပတ်မှု အထူး ကောင်းမွန်စေသော အာနိသင်ရှိသော ရင်ဘတ်အောင့် နှလုံးသွေးကြောပိတ်ရောဂါ (Angina) ကုသသည့် ဆေးတစ်မျိုး ပါရှိသည့်အတွက် စွမ်းရည်ပြည့်ဝသော အမျိုးသား သဘာဝကို ပိုမို ကြာရှည်ခံစွာ ရရှိနိုင်စေကြောင်း လက်တွေ့ စမ်းသပ်ချက်များ အရ သိရသည်။
ဤနည်းလမ်းသည် သောက်ဆေးမဟုတ်ဘဲ လိမ်းဆေးသဘောမျိုး ဆောင်သည့်အတွက် သောက်ဆေး၏ ဆိုးကျိုးများ ဖြစ်သော ခေါင်းကိုက်ခြင်း၊ သွေးပေါင် တက်/ ကျခြင်း၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါ ရှိသူများ သောက်သုံးရန် မသင့်ခြင်း စသည့် ဆိုးကျိုး အားနည်းချက်များ ကင်းဝေးသလို လိင်ဆက်ဆံရာ၌ ကွန်ဒုံး အသုံးပြုလိုစိတ် နည်းသူများ အတွက်လည်း ဆွဲဆောင်မှု တစ်မျိုး ဖြစ်စေကာ လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ (STIs) ကူးစက်နှုန်း ကိုလည်း လျှော့ချပေးနိုင်မည်ဟု သိရသည်။
ဗိုင်ရာဂရာ ကွန်ဒုံးကို မော်ဒယ်လ် တစ်ဦးမှ ပြသနေစဉ်
ထို့အတူ သန္ဓေတားလိုသူများ အတွက်လည်း အိမ်ထောင်ရေး အထောက်အကူ ရရှိစေမှုဖြင့်လည်း ဆွဲဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း၊ ထိုဆေးပါသော ဂျယ်လ်သည် ပုံမှန်ဂျယ်လ်များနှင့် မကွဲပြားဘဲ ကွန်ဒုံး၏ ကြံ့ခိုင်မှုကို မထိခိုက်သည့် အတွက် ကွန်ဒုံး စုတ်ပြဲသွားမည်ကို မစိုးရိမ်ရကြောင်း၊ ကွန်ဒုံးသုံးသည့်အတွက် တောင့်တင်းမှု ထိခိုက်ခြင်း ကြုံတွေ့နေသူများ အတွက်လည်း အဖြေတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ သို့သော် ကွန်ဒုံး ဖြစ်နေ၍ အသုံးပြုရန် လုံလောက်သော အတန်ငယ်တောင့်တင်းမှုမျိုးတော့ ရှိနေရန် လိုအပ်ကြောင်း၊ ဗိုင်ရာဂရာ ဆေးကဲ့သို့ ပန်းလုံးဝသေနေသူများ အတွက်တော့ အသုံးဝင်မည် မဟုတ်ဘဲ ပန်းညှိုးနေသူများနှင့် ဆန္ဒ မပြည့်ဝသူများ အတွက်သာ အသုံးဝင်မည် ဖြစ်ကြောင်း တီထွင်သူဖြစ်သည့် ဗြိတိန်နိုင်ငံရှိ Future Medical ကုမ္ပဏီမှ ဂျိမ်းစ်ဘာဒါက သူ၏ တီထွင်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
လူအများ သုံးစွဲရန် သင့်တော်ကြောင်း စစ်ဆေး အတည်ပြုမှုများ ရရှိပြီးသည်နှင့် ယခုနှစ်အတွင်း ဗြိတိန်ပြည်တွင်း ဈေးကွက်၌ စတင်ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
အရက်သမား​များ​အတွက် အဆင်​ပြေ​စေမည့်​ ကွန်ဒုံး​တစ်မျိုး​ တီထွင်
alt
အရက်သမား​များ​အတွက် အဆင်​ပြေ​စေမည့်​ ကွန်ဒုံး​တစ်မျိုး​ တီထွင် © dailymail
အ​မေရိကန်မှ လက်သမား​ဟောင်း​ တစ်ဦး​သည် အရက်သမား​များ​အတွက် အဆင်​ပြေ​စေမည့်​ ကွန်ဒုံး​တစ်မျိုး​ကို တီထွင်လိုက်ပြီး​ ​အောင်မြင်မှုများ​ ရ​နေ​ကြောင်း​ သိရသည်။
မီယာမီတွင် ​နေထိုင်​သော ဗျူသွမ်ဆင်က ဝတ်ဆင်ရာတွင် အဆင်​ပြေ ခိုင်ခံ့​စေမည့်​ သိုင်း​ချည်​ထောက်ပံ့​ပေး​သော ကွန်ဒုံး​တစ်မျိုး​ကို ဒီဇိုင်း​ထုတ် ​ရောင်း​ချလျက်ရှိသည်။ ၎င်းက ယင်း​ကွန်ဒုံး​အား​ ကိုယ်​တွေ့​ အခက်အခဲနှင့်​ယှဉ်ပြီး​ တီထွင်ခဲ့​ခြင်း​ဟု ရှင်း​ပြခဲ့​သည်။
Metroနှင့် ​ အင်တာဗျူး​တွင် သွမ်ဆင်က အရက်မူး​နေသူ တစ်ဦး​အ​နေနှင့်​ လိင်ဆက်ဆံမည်ဆိုလျင် ကွန်ဒုံး​စွပ်ရန် အလွန်ခက်ခဲ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ​မှောင်နှင့်​မည်း​မည်း​ ဖြစ်​နေချိန်တွင် ပိုဆိုး​ကြောင်း​၊​ မိမိလည်း​ ယင်း​သို့​ကြုံဖူး​ပြီး​ ကွန်ဒုံး​စွပ်ရန် ပြူတင်း​ပေါက်ကိုဖွင့်​ကာ လမ်း​မီး​ရောင်၏ အကူအညီကို ယူခဲ့​ရ​ကြောင်း​၊​ သို့​သော်လည်း​ မည်သည့်​အရာကိုမျှ ရှင်း​ရှင်း​လင်း​လင်း​ မမြင်ခဲ့​ရ​ကြောင်း​ အမှတ်တရ ​ပြောဆိုခဲ့​သည်။
ထိုဖြစ်ရပ်ကို နမူနာယူပြီး​ ကွန်ဒုံး​ဒီဇိုင်း​သစ် တစ်ခုကို တီထွင်ခဲ့​ကြောင်း​၊​ အရက်မူး​ခြင်း​နှင့်​ ​မှောင်မိုက်ခြင်း​ကြား​တွင် ဒုက္ခများ​နေသူများ​ကို ယခုကွန်ဒုံး​က အ​ကောင်း​ဆုံး​ ကူညီနိုင်မည်ဖြစ်​ကြောင်း​ သွမ်ဆင်က ​ကြွေး​ကြော်သွား​သည်။ ၎င်းသည် အဆိုပါ ကွန်ဒုံး​မျိုး​ အခု ၂ သန်း​ကျော်ကို အ​မေရိကန် တဝှမ်း​သို့​ တင်ပို့​ရောင်း​ချခဲ့​ပြီး​ဖြစ်​ကြောင်း​ သိရသည်။
အမျိုးသမီးတို့ အရိုးကျန်းမာရေး
အမျိုးသမီးများတွက် အတွက် အရေးကြီးသော ကျန်းမာရေး များထဲတွင် အရွယ်မရွေး သတိပြုကြရမည်မှာ အရိုးများသန်စွမ်းရေးဖြစ်သည်။ လစဉ်ဓမ္မတာ ကိစ္စများသည် အသက်အရွယ် ရလာသည်နှင့် အမျှ အရိုး၏ဖွဲ့ စည်းမှုကို တစ်စစ ခြိမ်းခြောက် လာကြမည်ဖြစ်သည်။ ကျန်းမာရေးအသိ ရှိရှိဖြင့် မိမိကိုယ် ကို ကာကွယ်စောင့် ရှောက်လိုသူများအတွက် အကျိုးများစေရန် အရိုးကျန်းမာရေးအတွက် အစားအစာနှင့် ကျန်းမာရေးဆောင်းပါးကို ဖော်ပြပေးလိုက်ပါသည်။
သန်မာသောအရိုး အတွက် နို့ တစ်ခွက် 
အမျိုးသမီးများ အနေ ဖြင့် အပျိုဖော်ဝင်ချိန်မှ အသက် ၅၀အထိနောက်ပိုင်းကာလများအထိ တစ်နေ့ လျှင်သန်စွမ်းသော အရိုးများအတွက်လိုအပ်သော ထုံးဓါတ် (calcium)ပမာဏ မှာ 1000 မိလီဂ၇မ် အသက်၅၀ကျော် နှောင်းပိုင်းများတွင်တော့ ၁၂၀၀ မိလီဂ၇မ် နေ့ စဉ်လို အပ်ပါသည်။မိမိနှင့် သင့် တော်ရာ နို့  ကို ပုံမှန်သုံးဆောင်ပါ။ နို့ ဖန်ခွက်တစ်ခွက်သည် 300 မိလီဂ၇မ် ထုံးဓါတ် (calcium)ပမာဏနှင့် ညီမျှပါသည်။
ဒိန်ချဉ်နှင့် ဒိန်ခဲ
နို့  ထွက်ပစ္စည်းများဖြစ်သော ဒိန်ချဉ်နှင့် ဒိန်ခဲများသည်လည်း ထုံးဓါတ် (calcium)ပမာဏ ကို နို့  သုံးဆောင်ရန်အခက်အခဲရှိသူများ အဆင်ပြေစေပါသည်။
အစိမ်းရောင်နှင့်
ထုံးဓါတ် (calcium)
နို့ မကြိုက်သူများအတွက်
မုန်ညင်းဖူးများ၊ ဂေါ်ဖီထုတ်များကို  ချက်ပြုတ်ထားသော တရုတ်ထမင်းစားပန်းကန်လုံး တစ်လုံးသည် 200 မိလီဂ၇မ် ထုံးဓါတ် (calcium)ပမာဏနှင့် ညီမျှပါသည်။
ပြုပြင်စီမံထားသော တို့ ဟူးပန်းကန်လုံးတစ်ဝက် (သို့ ) တို့ ဟူးတို့ တွင်
258 မိလီဂ၇မ် ထုံးဓါတ် (calcium)ပမာဏနှင့် ညီမျှပါသည်။အမျိုးသမီးများတွင်အဖြစ်များသော အရိုးပွရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါသသည်။
ဆားလျှော့စားပြီး ထုံးဓါတ် (calcium)ပမာဏဆုံးရှုံးခြင်းကို ကာကွယ်ပါ။
ဆားအလွန်အကျွံစားသုံး ခြင်းသည် ဆီးသွားသောအခါ ကယ်လ်စီယမ်  ပမာဏ တော်များများကို ဆုံးရှုံးသွားစေပါသည်။
နေရောင်ခြည်နှင့် အရိုးများ ဆက်စပ်မှု
နေရောင်ခြည်က စားလို့ တော့မရပါဘူး၊ဒါပေမယ့် နေရောင်ခြည်က လှုံဆော်ပေးလိုက်တဲ့ ဗိုက်တာမင်ဒီ များက အစားအစာများမှ ကယ်လ်စီယမ်စုပ်ယူမှုကို အထောက်အကူများစွာ ဖြစ်စေပါသည်။
အလေးချိန် အတန်အသင့် ကို ထိန်းသိမ်းကစားရသော အားကစားများကို အရိုးသန်မာ မှုအတွက်အသုံးချပါ။
အရိုးများကို အထောက်အကူ ပြုစေသော အားကစားများတွင် လမ်းအမြန်လျှောက်ခြင်း၊ တင်းနစ် ၊ ယောဂနှင့် ကခုန်ခြင်းများသည် အရိုးများသန်မာ မှုအတွက်များစွာ အထောက်အကူ ဖြစ်စေသည်။ Probe by : လွယ်အိတ်
သင့် ဟမ်းဖုန်းကြောင့် သင့်ကို ကျန်းမာရေး ပြဿနာ ဖြစ်စေနိုင် သလား
လေ့လာမှုအသစ်တွေအရ Cell Phone ကို အချိန်များများ အသုံးပြုသူ (တစ်နေ့ကို မိနစ် ၃၀ ဒါမှမဟုတ် ဒါထက် အချိန်ပိုများသူ) တွေရဲ့ ဦးနှောက်  ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားမှု ဆက်စပ်တယ်လို့ တွေ့ရှိခဲ့ ပါတယ်။ အမျိုးသား ကျန်းမာရေး အဖွဲ့မှ နောက်ဆုံး လေ့လာမှု အသစ်အရ Cell Phone Antenna မှ ထွက်လာတဲ့ Electromagnetic ရောင်ခြည်တွေကြောင့် Cell Phone နဲ့ နီးစပ်တဲ့ ၀န်းကျင်မှာ ဦးနှောက် ဂလူးကို့စ်တွေ မြင့်တက် လာတယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ အဲဒါကြောင့် ကျန်းမာရေးမှာ ဘာထိခိုက်မှု ရှိတယ် ဆိုတဲ့ ပြဿနာကို တော့  မသိသေးပါဘူး လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဓာတ်ရောင်ခြည် နဲ့ ထိတွေ့မှု နည်းအောင် သိပ္ပံပညာရှင်တွေ က အောက်ပါ အတိုင်း အကြံ ပေးထား ကြပါတယ်။
*စကားပြောစဉ်မှာ Cell Phone နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင် ရှောင်ပါ။
စပီကာဖုန်း ဒါမှမဟုတ် Hand Free ၀ိုင်ယာကို အသုံးပြုပါ။ ၀ိုင်ယာမဲ့ Bluetooth တွေ အနေနဲ့ ဓာတ်ရောင်ခြည်ကို လျှော့ချ နိုင်ပေမယ့် ဓာတ်ရောင်ခြည်ကို တော့ မဖယ်ရှား နိုင်ပါဘူး။
*ဖုန်းပေါ်မှ အချက်ပြဘား (Bar) ကို လိုက်နာပါ။
Обсуждение
на 01.01.0001 сказал:
Добавить комментарий
Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ေ…   Вернуться в блог   ဂဏန်း များနှင့် ဒေါင်းလှလှလေးေ… →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.