စိတ်ရင်းကောင်း ဆိုတာ

Опубликовано 11.11.2009 nyeinmahaw08

တနေကုန်ထိုင်ပြီး တစိမ့် စိမ့် ကြည့် ..............တဲ့ 

သီချင်း လေး က  ...........  နဖူး လေးက အစ ခြေဖျားလေး

 ထိ ချစ်တယ်တယ်တဲ့  ...........  ဒီသီချင်းလေး က  ကျွန်မ ကို ပြုံးမိစေပါတယ် ........ဘာလို့  လဲ

ဆိုတော့ တခုခု ဆို  ဖလော် သမားမလို့ လားမသိဘူး

တစိမ့် စိမ့် တွေးမိတာပါ ပဲ................

  ကျွန်မတွေးမိတာ ကတော့  စိတ်ရင်းကောင်း ဆိုတာပါပဲ ........ ကျွန်မ တို့  ဟာ  အဲဒီသီချင်းလေးအတိုင်း ကိုယ့် စိတ်ကို ကိုယ်  တနေ ကုန် ထိုင်ပြီး တစိမ့် စိမ့် ကြည့်ဖူးပါသလား............ 

 အရာ ရာ ကိုမြင်နိုင်ရတဲ့ ကျွန်မတို့ ရဲ့  မျက်စိတစုံ က

အနီးဆုံး ဖြစ်တဲ့  မျက်ချေး ကို ပြန်မမြင် ရသလို  အရာရာ ကို သိပါတယ် ဆိုတဲ့  စိတ်က အနီးဆုံးဖြစ်တဲ့ 

နီဝရဏ  ကို မသိပါ။  

  နီဝရဏ ဆို တာ ဘာလဲ  သိပါသလား  ......

နီဝရဏ ဆို က တော့    တပ်မက်ခြင်း ၊ အမျက်ထွက်ခြင်း၊   ပျင်းရိခြင်း၊ စိတ်ပျံလွင့်ခြင်း၊

မသိခြင်း ၊ ယုံမှား ခြင်း တွေ ကို ခေါ်တာပါ။ 

 ကန်ရေပြင် ဆို တာ ပကတိ  အားဖြင့် တည်ငြိမ်ကြည်လင်အေးမြခြင်းရှိသလို ကျွန်မတို့ ရဲ့ 

စိတ်တွေ ကလဲ  ကန်ရေပြင်အတိုင်းပါ  ပကတိ အားဖြင့်

တည်ငြိမ်ကြည်လင်အေးမြခြင်း ရှိ ပါတယ်။ ကန်ရေပြင်

ကို ခဲ တလုံးပစ်ချကြည့်တဲ့ အခါ နောက်ကျူ လှုတ်ခတ်သွားပါတယ် ။အဲဒီ သဘော တရားအတိုင်းထင်ပါတယ်  ကြည်လင် တည်ငြိမ်နေတဲ့

စိတ်ကို နီဝရဏ က နောက်ကျူ လှုတ်ခတ် စေပါတယ်။

 မီးကြောင့်ရေ ဟာ ဆူပွက်ရသလို  ဒေါသကြောင့် လူ

ဟာ ဆူပွက်ရ ပါတယ်။။။  ရေ ဆိုတာ ပကတိအားဖြင့်

မြင့် ရာမှ နိမ့် ရာ သို့ စီးဆင်းရသကဲ့  စိတ်က လဲ 

တည်ငြိမ် ရာမှ  လှုတ်ခတ် ရာကို သူ့ အလိုလို စီးဆင်းသွား

တတ်ပါတယ်။ 

 ရေမှာ ပျော်ရွင်နေတဲ့ ရေသတ္တ၀ါ ကိုကုန်းပေါ် သို့ပစ်တင်

ပါက   ဆွေ့ ဆွေ့ ခုန် ခံစားရခက်သလို  ကာမဂုဏ်

မှာပျော်မွေ့ နေတဲ့  စိတ်ကို လဲ  တရားဘာဝနာပေါ်သို့ 

ပစ်တင်ကြည့်ပါက ဆွေ့ ဆွေ့ ခု န်ခံစားရခက်ပါတယ်။  

  မျက်စိနဲ့ ဘယ်လိုမှ မမြင်နိုင်တဲ့  ကျွန်မ တို့ ရဲ့ စိတ်

 အစဉ် ကို ပြန်ကြည့် ချင် ကြည့်နိုင်တဲ့ နည်း တခု ပဲ

ရှိပါတယ် ။  ဥာဏ်ပညာ နဲ့ ကြည့် နိုင်ပါတယ် ။

 စိတ် သည်အာရုံတခု မှာအမြဲ မရှိပါဘူး  ပြေးလွား ပေါ့

ပါး  ရောက်ချင်ရာရောက်နေတတ်ပါတယ် ။

ပူပန်လိုက် ၊ ကြောင့်ကြလိုက်၊တောင့်တလိုက်၊

လိုချင်လိုက်၊ ၀မ်းနည်းလိုက်၊ ၀မ်းသာလိုက်၊ ချစ်လိုက်၊

မုန်းလိုက်၊  ငြူစူ လိုက်၊ ၀န်တို လိုက်၊  လွမ်းလိုက်၊

ကြွားလိုက်၊ မဲ့ ရွဲ့ လိုက်ရူတ်ချလိုက်၊ အထင်ကြီးလိုက်၊

အထင်သေးလိုက်၊ နောင်တရလိုက်၊ ထိုင်းမှိုင်းလိုက်၊ ပျင်းရိလိုက်၊ ယုံမှားလိုက်၊ .ယုံကြည်လိုက်၊ သတိရလိုက်၊ ရှက်လိုက်၊ကြောက်လိုက်၊ ငြီးငွေ့ လိုက်၊

သိမ်မွေ့ လိုက်၊မိုက်ရိုင်းလိုက်၊ ယဉ်ကျေးလိုက်၊သိမြင်လိုက်၊  သနားလိုက်၊ နှစ်သက်လိုက်၊ ဥပေက္ခာပြုလိုက်နဲ့    စိတ်သည်အစဉ်

သည်အမြဲ ထိန်းသိမ်း ရတာခက်ခဲ ပါတယ် ၊ ပညာနဲ့ 

ကြည့်ပြီး ပညာနဲ့ ပဲ ထိန်း သိမ်းဆုံးမ နေရမယ်ဖြစ်ပါတယ်။  

 ကျွန်မ တို့ ဟာ မဖြစ်သေးတဲ့ အကုသိုလ် ကို မဖြစ်အောင်   ဖြစ်ပြီးသွားတဲ့ အကုသိုလ်ကို ပပျောက်အောင်  မဖြစ်သေးတဲ့  ကုသိုလ်ကိုလဲဖြစ်အောင်

ဖြစ်ပြီးသွားတဲ့ကုသိုလ်ကိုလဲပွားများနိုင်ရအောင်

မိမိစိတ်ကိုမိမိ ထိန်းသိမ်းနိုင်ဖို့  အားထုတ်သင့်ပါတယ်။

ထိန်းသိမ်းထားတဲ့  စိတ် သည် ကန်ရေပြင် ကဲ့သို့ 

ပကတိတည်ငြိမ်နေပါလိမ့်......... ယုံမှားကင်းပြီးမမေ့

လျှော့ ပေါ့ဆမူမရှိသတိရှိသော စိတ်သည် 

 သေခြင်း နာခြင်း အိုခြင်း ကိုလဲ သိနိုင်သလို   .......

စိတ်ရင်းကောင်း ဆိုတာ ကိုနားလည်ပြီး  စိတ်ရင်းကောင်းကို မွေးမြူ ထား သော ပညာရှိ

သူတော်ကောင်းများ ဖြစ်ပါစေလို့ ဆုတောင်းရင်း ........ 

          


Обсуждение

на 01.01.0001 сказал:

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← အတိတ်    Вернуться в блог   ကျွန်မကိုပျော်ရွှင်စေသောအရာများ →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.