မင်းလက်ထဲ က အရာ က မင်းတွက် အရာရာ ဖန်းဆင်းပေးနိုင် ပါလိမ့် မယ်
Опубликовано 28.07.2009
nyeinmahaw08
ပုံပြင်လေး တပုဒ် ပြောပြချင်တယ် နားထောင်မယ် ဟုတ် ...................
ကဲ နားထောင် နော်
ဟိုးရှေးရှေး တုန်းက ပေါ့ အရာရာ ကို ဘာမဆိုမေးရင်ဖြေနိုင်တဲ့ ပညာရှိ ဘိုးဘိုး ကြီး တယောက်ရှိသတဲ့ ကွဲ့ .......
အဲဒီ ဘိုးဘိုးကြီး က ဘယ်လောက်တော်သလဲဆိုရင် ဘာမေးမေးအကုန်ဖြေနိုင်သတဲ့ 
ကလေးတို့ ရော မမေးကြည့် ချင်ဘူး လား (ဟဲဟဲ ဗေဒင်ဟုတ်ဘူးနော်) မေးတဲ့ မေးခွန်းကို သူဖြေနိုင်အောင်ပညာရှိတာကိုပြောတာ ... အင်း အဲလို ဖြေနိုင်တော့
ကလေး တို့ လိုမျိုးအရာရာကိုစူးစမ်းချင်တဲ့  ကလေးတွေ က စု ပြီး အကြံထုတ်သတဲ့ ဘယ် လိုအကြံ ထုတ်သလဲ ဆိုရင် ... အင်းဒီ ဘိုးဘိုး ကြီး ကိုဖြေရင်ဘယ်လိုဖြေဖြေမှားအောင်လုပ်နိုင်တဲ့ အကြံတခု ကို ကလေးတစု က အကြံ ထုတ်ပြီး အဲဒီဘိုးဘိုးကြီး ဆီကို သွား ကြ သတဲ့  ... ကလေး က တယောက်ကဘယ်လို လုပ်သလဲ ဆို ရင်ငှက်တကောင်ကိုဖမ်းတယ် ပြီး ရင်လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားသတဲ့  ပြီး တော့ ဘိုးဘိုးခင်ဗျား တဲ့ ဒီ ငှက်က အသေလား အရှင် လား တဲ့  မေး လိုက်တယ် တဲ့  ......... အဲဒီတော့ ဘိုးဘိုး ကြီး က ဖြေသတဲ့  ကလေး ရယ် ငှက်ကလေးရဲ့ သေခြင်းရှင်းခြင်းဆို တာ မင်းလက်ထဲ မှာ ပဲ ရှိ တာပဲ ကွယ် ငါ့ က ရှင်တယ်ပြောရင်မင်း ကငှက်လေးကို ညှစ်သတ်လိုက်မယ် ငါ ကသေတယ်ပြောရင်မင်း က ငှက်လေး ကို လွှတ်ပေးမယ်မဟုတ်လား လို့ ဖြေသတဲ့  ..... မင်းလက်ထဲမှာ ပဲ ရှင်ခြင်းသေခြင်း ဆိုတာ ရှိနေတာပေါ့ကလေး ရယ်လို့ ဖြေသတဲ့  ...... ကဲ ကလေးတို့ လဲ သေချာစဉ်းစား ကြည့် ပါနော် ကလေးတို့ ဘ၀ ရဲ့ အောင်မြင်ခြင်း မအောင်မြင်ခြင်း
ိလိမ္မာ ခြင်း မလိမ္မာခြင်း ဆို တာ ကလေး တို့  လက်ထဲ မှာ ပဲ ရှိပါတယ် ကလေးတို့  ဘ၀ က ကလေးတို့ ရဲ့  ကြိုးစားခြင်းမကြိုးစားခြင်း ပေါ်မှာ ပဲမူတည်ပါတယ်ကွယ် အဲဒီတော့ ကလေးတို့ လဲ ကိုယ့် လက်ထဲ မှာ ရှိတဲ့  အရာရာဖန်ဆင်းနိုင်တဲ့  မှော်ကြိမ်လုံး လိုမျိုး ကလေးတို့ တိုင်းပိုင်ဆိုင်နေတာ ကလေးတို့ နားလည်သဘောပေါက်ပြီး ကြိုးစားနိုင်ကြပါစေလို့  .... ပုံပြင်လေးကတော့ ဒါပါပဲကွယ်............ ကဲ အိပ်တော့နော်.........