အချစ်မြှား
Опубликовано 02.08.2009
moechitthu_tgo
အစွယ်လိုလို. ဆင်ကိုပစ်တယ်
ဘာကိုလိုလို.ငါ့ကို ပစ်ခဲ့တာလဲ
နင့်ရဲ့ပစ်ချက် နှလုံးသားရဲ့
ဗဟိုတည့်တည့် ထိချက်ပြင်းပြင်း
ဝင်ရောက်လာခဲ့လေတော့
ရှောင်လို.လည်း မလွတ်နိုင်ခဲ့
စူးနစ်နေတဲ့ ဒီမြှား
နှုတ်ပစ်ဖို.လည်း မစွမ်းနိုင်ခဲ့
ဘာမှမရှိဘူးလို.လည်းထင်ထားခဲ့တာဘဲ
အခုကျတော့လည်း..
အချစ်သွေးတွေ စီးကျနေခဲ့သားဘဲ
မင်းလိုချင်တဲ့အရာ
ဒီသွေးစက်တွေပါဆိုရင်
ကျေနပ်စွာ...ငါလေပေးပါ့မယ်
မင်းပစ်လိုက်တဲ့မြှားချက်အတွက်................
ငါရင်လည်းမနာတော့ပါဘူးလေ....................