အစားအသောက် သုံးဆောင်ရန် ငြင်းပယ်နေသဖြင့် ရမ္မာဝတီ အရှင်ပညာစာရ အခြေအနေ စိုးရိမ်ရ

Опубликовано 08.08.2010 kyaukphru
Метки: သတင်း

7/31/2010

 

ဖမ်းဆီးချိန်မှ စတင်ပြီး အစားအသောက် သုံးဆောင်ရန် ငြင်းပယ်နေသဖြင့် ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ လူကြီး တဦးက “ ဆရာတော်ရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေတယ်လို့ အတွင်း သတင်းအရ သိရပါတယ်။ အခု ဆရာတော်ဟာ အစားအစာ မသုံး ဆောင်တာ ၅ ရက်ခန့် ရှိနေပြီ ဖြစ်တဲ့ အတွက် အားအင်တွေ အထူး ကုန်ခန်းနေပြီး အသက် အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အထိ အခြေအနေ ဆိုးရွားနေတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဆရာတော် အရှင် ပညာစာရအား နအဖ စစ်အာဏာပိုင်များက စွဲချက် အမျိုးမျိုးဖြင့် လွန်ခဲ့သော ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဆရာတော် သတင်းသုံးနေရာ စစ်တွေ အာကျိတ်တောင် ကုန်းရှိ မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ ဒုတိုင်းမှူး တင်လိုင်ကိုယ်တိုင် ဦးဆောင်ပြီး ၀င်ရောက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသည့် အချိန်မှ စတင်ပြီး ဆရာတော်မှာ အစားအသောက် သုံးဆောင်ရန် ငြင်းပယ် နေခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ ဆရာတော်ကို အ၀တ်တထည် ကိုယ်တခုနဲ့ ပစ်ထားပြီး ဆဲဆိုတာတွေ ရိုက်နက်တာတွေ ရှိတယ်လို့လည်း ကြားရပါတယ်။ အမျိုးမျိုးစွပ်စွဲချက်တွေနဲ့ ကိုယ်ထိ လက်ရောက်စော်ကားပြီး အကြိမ်ကြိမ် စစ်ဆေးမေးမြန်းမူတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ ဘာမှ ပြန်မပြောတဲ့ အပြင် အစားအသောက် သုံးဆောင်ရန်လည်း ငြင်းပယ်ထားတယ်လို့ သိရ ပါတယ်။”

ဆရာတော် အရှင် ပညာစာရအား ဖမ်းဆီးစဉ်က ပြည်နယ်၊ မြို့နယ် အဆင့် သံဃာ့ မဟာနာယက ဆရာတော်ကြီးများ၏ ခွင့်ပြုချက်ကို မယူသည့် အပြင် ဖမ်းဆီးရာတွင်လည်း သမရိုးကျ မဟုတ်ဘဲ ဒုတိုင်းမှူး ကိုယ်တိုင် ဦးဆောင် ဖမ်းဆီးသဖြင့် ဖမ်းဆီးခံရခြင်း နောက်ကွယ်တွင် လျို့ဝှက် နက်နဲသော အခြေအနေများ ရှိနိုင်ကြောင်း စစ်တွေတွင် လေ့လာသုံးသပ်သူများက ပြောဆို နေကြသည်။

၎င်းပြင် စစ်အာဏာပိုင်များသည် ဆရာတော်အား ဖမ်းဆီးပြီးနောက် ဆရာတော် စာကြည့်တိုက်မှ ဆရာတော် နှစ်ပေါင်းများစွာ စုဆောင်း သိမ်းဆည်းထားသော ရှေးဟောင်း ရခိုင်ယဉ်ကျေးမူ အမွေအနှစ် ပစ္စည်း မြောက်မြားစွာကို သိမ်းဆည်း ယူဆောင် သွားခဲ့သည်ဟု သိရသည်။

ထိုအထဲတွင် ရခိုင်ရှေးဟောင်း ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများ၊ ရှေးဟောင်း ဘုရားများ၊ ပေစာ- ပရပိုက်စာ အပါအ၀င် တန်ဖိုးရှိ ပစ္စည်းများအားလုံးကို တစုံတရာ မှတ်တမ်းမှတ်ရာ မပြုစုဘဲ အားလုံးကို သိမ်းကျုံး ယူငင်သွားခဲ့သည်။

၎င်းပြင် ဆရာတော်နှင့် ပတ်သက်ပြီး တမင် သိက္ခာကျစေရန် သတင်းမျိုးစုံကို လူထု အကြားတွင် ရည်ရွယ်ချက် ရှိရှိဖြင့် ဖြန့်ဖြူးနေကြောင်း သိရသည်။

စစ်တွေမှ အမျိုးသမီး တဦးကလည်း “ ခုဒီသတင်းက စစ်တွေမှာ လူပြောအများဆုံး သတင်း တခု ဖြစ်နေပါတယ်။ ဆရာတော်မှာ မိန်းမရှိတယ်။ ကလေးတွေကို သတ်ပီး မြုပ်ထားတယ်။ ငွေတွေကို ကိုယ်ကျိုးအတွက် သုံးတယ်။ နိုင်ငံခြားဒေါ်လာတွေ ရတယ်။ နိုင်ငံရေး လုပ်တယ်။ မျိုးစုံပါဘဲ။ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ ခုလို စွပ်စွဲတဲ့ အပေါ် ယုံတဲ့ လူတွေရှိသလို မယုံကြည်တဲ့ လူတွေလည်း ရှိပါတယ်။” ဟု ပြောသည်။

ဆရာတော်အား တိုင်းတန်းရာတွင် မာဇေဒါ အန်ဂျီအိုမှ ဦးအောင်ဝင်းကျော်နှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်နေသည့် မမာလာဆိုသည့် အမျိုးသမီးတို့ ပါဝင်ပြီး တိုင်ကြားသည်နှင့် တစုံတရာ စစ်ဆေး မေးမြန်းမူများ မရှိဘဲ စစ်အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သဖြင့် ယခု ဖမ်းဆီးမူအပေါ် တမင်အကွက်ချ စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ် ပြောဆိုသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

Обсуждение

на 01.01.0001 сказал:

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← Arrested Monk Refuses to Eat   Вернуться в блог   ရခိုင်သမိုင်းသုတေသီ ဆရာတော် ချ… →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.