"တောင်းဆု"
Опубликовано 31.12.2010
aungphonemyat_
ခွဲမသွားပါနဲ့ ချစ်သူ၇ယ်
တခဏဆိုတာ သေချာပါရဲ့
ဒါပေမဲ့လည်း ငါလွမ်းတယ်
ဝင်သက်နဲ့ ထွက်သက်ကြား
တိုင်းလို့မရတဲ့ အချိန်ပိုလေးတောင်
မေ့ပျောက်ခြင်းဆိုတာကိုမသိ
မင်းထာဝရရှိနေလို့
ငါ့ရင်ဘက်ထဲကပြောနေပြီ
ဲပြန်လာပါတော့တဲ့
သတိရခြင်းရဲ့ စေစားမှု့နဲ့
နှလုံးသားရဲ့ လိုအပ်ခြင်းမှာ
မင်းနဲ့ ငါဆုံတွေ့ပါရစေ
အခုတခဏလွမ်းနေတာငါ
ကြမ်းရှရှနေ့ရက်တွေကြောင့်
ရှေ့ဆက်ရမဲ့ ဘ၀မှာ
ခဏဘဲဖြစ်ဖြစ်
မင်းနဲ့ ငါမခွဲပါရစေနဲ့
ချစ်သူရယ်...................။