“နှစ်သစ်မှာ”

Опубликовано 19.04.2010 akyawmyint
Метки: မန်းကျော်ရေးသည်။

ရေးထားတာက ကြာပါပြီ....။ ၂၀၁၀ အစ ဇန်နဝါရီလမှာ ယူအေအီးနိုင်ငံကထုတ်တဲ့ မဂ္ဂဇင်းတစ်စောင်မှာ ဒီနှစ်ဟာ သင့်အတွက် အကောင်းဆုံး ဖြစ်စေဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြပါရှိတဲ့ ဆောင်းပါး (အင်္ဂလိပ်လို)ကို ဖတ်ဖြစ်ရင်း....ကြိုက်မိလို့ဘာသာပြန်ရင်း...ဆီလျော်မယ်ထင်တာလေးတွေဖြည့်စွက်ပြီး  ဗမာလူငယ်တွေ အကိုတွေ အမတွေ ဖတ်ဖြစ်အောင် ရေးလိုက်ပါတယ်....။ ဆရာကြီးလေသံပါနေရင်လည်း...လုပ်ဖြစ်စေချင်တဲ့ စေတနာလေးကို ငဲ့ပြီး သည်းခံတော်မူကြပါခင်ဗျား.....။စာအသွားကိုက ပညာပေး၊လမ်းညွှန်တာမျိုးဆိုတော့ ဒီထက်လည်း ချိုအောင်မရေးတတ်တော့ပါဘူး.....စာဖတ်ပြီးလို့ တစ်ခုခုရတယ်လို့ ထင်မှိရင် .ရေးရကြိုးနပ်ပါပြီ။

ခုလာမဲ့ နှစ်သစ်ဟာ သင့်အတွက် ပျော်ရွှင်စရာအကောင်းဆုံးဖြစ်စေဖို့

 

၁။စိတ်ကိုရှင်းပါ

အတိတ်ကို အတိတ်မှာထားခဲ့ပါ။ဒီနှစ်သစ်မှာ ကိုယ်ဟာ အကောင်းဆုံးလုပ်ပြီး အကောင်းဆုံးကို ရယူမယ်၊ဒီနှစ်သစ်ဟာ ကိုယ့်အတွက် အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံစေမဲ့နှစ်ဖြစ်မယ်လို့ ယုံကြည်ပါ။ဘဝသစ်စပြီလို့ သတ်မှတ်လိုက်ပြီး ဘဝလမ်းကို အမြင်သစ် စိတ်သစ်လူသစ်နဲ့ တက်တက်ကြွကြွလျှောက်ကြရအောင်။

 

၂။ဘဝရဲ့စက်ဝိုင်း

ဘဝကို ပုံဖော်ကြည့်ရအောင်။စက်ဝိုင်းကြီးကြီးတစ်ခု ဆွဲလိုက်ပါ။ ၆ စိတ် စိတ်လိုက်ပြီး နံမည်ပေးလိုက်ပါ။

၁။အလုပ်

၂။မိသားစုဘဝ

၃။လူမှုရေး

၎။ကျန်းမာရေး

၅။စီးပွားရေး

၆။ပညာရေး ပေါ့။

     အလုပ်အကိုင် (သို့)အလုပ် ကနေ စရတာကတော့ ကိုယ်ဟာ ပိုက်ဆံရမယ့် အလုပ်လုပ်နေတဲ့လူတစ်ယောက်  ဖြစ်နေရင် ကိုယ့်အလုပ်ဟာ ဘဝမှာအရေးပါတယ်ဆိုတာ သတိမလစ်စေဖို့ပါ။အလုပ်မလုပ်သေးတဲ့ ကျောင်းသားလူငယ်တွေကလည်း ကိုယ်လုပ်နေတဲ့အလုပ်တွေဟာ အနာဂတ်အတွက် အကြိုးရှိမရှိဆင်ခြင်တတ်အောင်ပါ။ သင်တန်းတွေကိုတက်နေရုံနဲ့ မပြီးပဲရည်ရွယ်ချက်ရှိရှိနဲ့ ပန်းတိုင်ရှိအောင်ပါ။ ဘာအလုပ်လုပ်မယ် ဘာတွေအတွက် ဘယ်လို့လေ့လာပြင်ဆင်ထားမယ်ဆိုတာ တွေးမိအောင်ပါ။ အလုပ်ကို ဘယ်လိုတိုးတက်အောင်လုပ်မလည်းဆိုတာနဲ့ ကိုယ်လုပ်တဲ့အလုပ်တွေဟာ ကိုယ့်အနာဂတ်အတွက်ကောင်းတဲ့အလုပ်တွေဆိုတာ သေချာရဲ့လားလို့တွေးစေချင်ပါတယ်။ကိုယ်တက်နေတဲ့ ကျောင်းသင်ခန်းစာနဲ့ ကိုယ်လုပ်နေတာနဲ့  ကိုက်ညီရဲ့လား…၊ဥပမာ။ တက်နေတာကတော့ နိုင်ငံခြား ဘာသာစကားသင်တန်း ၊တကယ်စိတ်ပါလက်ပါနဲ့ လေ့ကျင့်သင်ကြားရမဲ့အစား ဇတ်ကားကြည့်တာဖက်ပဲ အားသန်နေရင်တော့ “ နည်းနည်းလည်းတော့ လွဲနေမယ်”ပေါ့။

          ကိုယ်လုပ်နေတာတွေကိုယ် ကိုယ်ကိုတိုင်လေ့လာသုံးသပ်ပြီး ကိုယ်ရဲ့ကြေနပ်မှုကို ၁ကနေ ၁၀ အတွင်းမှာ အမှတ်ပေးကြည့်လိုက်ပါ။ဘယ်လောက်ပေးမလည်းဆိုတာ လည်းကိုယ်ပဲလေ။အားမနာပါနဲ့။ အမှန်အတိုင်းပဲ ပေးကြည့်ပြီး ဘာကြောင့် ဘယ်လောက်ရတယ် ဘာတွေလုပ်ရင် ပိုတိုးလာမလည်း ဆိုတာစဉ်းစားပြီး လက်တွေ့ လုပ်လိုက်ပါတော့။

            ကျန်တဲ့ ဘဝရဲ့ အစိတ်အပိုင်းတွေကိုလည်း ဒီလိုပဲ စဉ်းစားပြီးတော့ အမှတ်ပေးကြည့်ပါ။မိသားစုအပေါ်တာဝန်ကျေတဲ့လူတစ်ယောက်အဖြစ်၊လူမှုပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်တဲ့သူတစ်ယောက်အဖြစ်၊ စံထားပြီး ဘယ်လောက်အဆင့်မှာ ရှိနေလည်း ဆိုတာ ကိုယ်ရဲ့ ရမှတ်တွေကို ကြည့်ပြီး သိနှိုင်ပါတယ်။ ပိုကောင်းမဲ့ အကြောင်းအရာတွေ တွေးကြည့်ပါ။လုပ်ကြည့်ပါ။

                 ကျန်းမာရေးမှာလည်း ပိုမိုကောင်းမွန်အောင်၊“ ဒေါင်ဒေါင်မည်” ဖြစ်နေအောင် ဘာတွေလုပ်မလည်းပေါ့ဗျာ။ကိုယ်လက်လှုတ်ရှား အားကစားလုပ်တာ လမ်းလျောက်တာ တွေနည်းနေလား ကျန်းမာရေးအတွက် အချိန်မှန် အိပ်မိစားမိရဲ့လား။ ကျန်းမာရေးအတွက် အထောက်အကူမဖြစ်တာတွေ လုပ်နေမိသလား သတိထားပြီ အမှတ်ပေးပါ။

                စီးပွားရေးမှာလည်း “အသုံးနဲ့အဖြုံး ”သေချာအောင်ကြည့်။ဝင်ငွေထွက်ငွေကို ချိန်ဆပြီးသုံးမိရဲ့လား၊ အနာဂတ်အတွက် ဘာတွေများစုဆောင်းပြီးစီး ရင်းနှီးမြှုတ်နှံထားပြီးပြီ လည်းပေါ့။ကျောင်းသားကျောင်းသူတွေလည်း ကိုယ့်ပညာရေးအတွက် အသုံးစရိတ်မှာ အပိုသုံးတွေက များနေလား၊ မိဘလုပ်ငန်းဝင်ငွေတိုးအောင်ကိုယ်ဘာတွေလုပ်ပေးနှိုင်မလည်း၊ မိဘတွေအတွက် ကိုယ်ဘယ်နေရာတွေမှာ ဘယ်လိုခြွေတာစီစစ်သုံးစွဲမလည်း ဆိုတာ လေးတွေပေါ့။

                    ပညာရေးဆိုတာကတော့ ကျောင်းသားတွေအတွက် ကျောင်းပညာရေး သာမက မိမိကိုယ်ပိုင် အသိပညာ နဲ့ အထွေထွေဗဟုသုတ၊ အတွေ့အကြုံတွေကရတဲ့ ပညာ၊ စသည်ဖြင့်ပါ။လေ့လာရေးခရီးထွက်ခဲ့ပေမဲ့ အပြန်မှာ ဘာမှ မှတ်သားသိရှိလာတွေမရှိခဲ့ရင် ဒေသန္တရ ဗဟုသုတ မရပဲ အချိန်ကုန်ငွေကုန်ဖြစ်ပြီး အနာဂတ်အတွက် အကျိုးမရှိဘူးပေါ့။

                  ဘဝစက်ဝိုင်းမှာပုံဖော်ပြီးကိုယ့်ကိုကိုယ်မြင်တတ်ရင် အဆင်ပြေလာပါပြီ။

 

၃။ကိုယ်ပိုင်အချိန်ထားပါ။

       ကိုယ်တစ်ယောက်တည်းပဲအတွက် အချိန်လေးရှိပါစေ။တစ်ပတ်မှာ အနည်းဆုံး တစ်နာရီ လောက် ကိုယ်တစ်ယောက်တည်း စိတ်အေးလက်အေးနေပေးပါ။ တစ်ယောက်တည်းလမ်းလျောက်တာပဲဖြစ်ဖြစ် အရိပ်ကောင်းကောင်းမှာ ငှက်ကလေးတွေကို အစာကြွေးပြီးသူတို့ကိုကြည့်ရင်းသီချင်းနားထောင်တာပဲဖြစ်ဖြစ်၊တရားမှတ်တာပဲဖြစ်ဖြစ်၊

ဘုရားကျောင်းကန်မှာတံမျက်စည်းလှည်းရင်း ကုသိုလ်ယူတာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုအေးချမ်းကြည်နူးစေတဲ့ အလုပ်ကလေးတွေ တစ်ပတ်တခါလောက်လုပ်ပေးပါ။

 

အေးချမ်းတဲ့စိတ်ဟာ အောင်မြင်မှူရဲ့ အရင်းခံပါ။ ဗျာများနေတာ တွေလျော့ချလိုက်ပါ။

 

၎။ပန်းတိုင်ထားပါ။

 သေချာပေါက် အောင်မြင်နှိုင်တဲ့ ပန်းတိုင် ရည်ရွယ်ချက်မျိုးကိုထားပါ။ သူဌေးကြီးဖြစ်ရမယ် ဒီတစ်နှစ်အတွင်းမှာ ဆိုတာမျိုး မဟုတ်ပဲ ဒီတစ်နှစ်အတွင်းဝင်ငွေဘယ်လောက်တိုးအောင်ဘာတွေလုပ်မယ် ဥပမာ။ လဘက်ရည်ဆိုင်ထိုင်တာလျော့ပြီး အိမ်မှာမိသားစုနဲ့ တူတူဖျော်သောက်ကြမယ်။

ကျန်းမာရေးအတွက် တပတ်တခါ ကျုံးပတ် စက်ဘီးစီးမယ် စသည်ဖြင့် တိုးတက်မှုကို ဦးတည်တဲ့ တိုင်းတာနှိုင်တဲ့ ပန်းတိုင်ကလေးတွေပေါ့။ဒီတလ ဘယ်လောက်စုမိတယ်၊ လမ်းလျောက်ချိန် ဘယ်လောက်ရှိခဲ့တယ် ဆိုတာမျိုးတိုင်းတာပါ။ ပညာဗဟုသုတအတွက် တစ်လမှာ အနည်းဆုံး လေးအုပ်လောက်ကို သေသေချာချာဖတ်ဖြစ်ခဲ့ရဲ့လား ဆန်းစစ်ပြီး ပန်းတိုင်ထားပါ။

 

၅။အာရုံစူးစိုက်ပါ။

                   ဒီနေ့ ဒီအချိန်ဘာလုပ်မလည်းဆိုတာ အာရုံစူးစိုက်ပါ။ မေးလ်တွေ၊ ချက်တင်တွေ ကို ချုံပြစ်ပါ။အွန်လိုင်းမှာ အချိန်ကုန်တာတွေလျော့ပါ။     ဒီကနေ့ ပြီးရမဲ့အလုပ်ကို မိမိရဲ့ အာရုံစူးစိုက်မှုမရှိတာကြောင့် မပြီးပြတ်ပဲကျန်နေတာမျိုး မဖြစ်ပါစေနဲ့။ လမ်းကြုံတဲ့လဘက်ရည်ဆိုင်မှာ ၂ နာရီလောက်ထိုင်မဲ့အစား အိမ်ကအိမ်အလုပ်တွေကို အာရုံစိုက်ပါ။အချိန်တိုင်းမှာ အာရုံစူးစိုက်စွာတစ်ခုခုကို စိတ်ပါလက်ပါလုပ်နေပါ။ ပျံ့ လွင့်နေတဲ့ စိတ်နဲ့ လုပ်ဆောင်မှဟာ သိပ်ခရီးမတွင်တဲ့အပြင် အမှားမှား အယွင်းယွင်းနဲ့ မအောင်မြင်ပဲ သူများနောက်ကျကျန်နေတတ်ပါတယ်။ဒါကြောင့် ဒီအချက်ကသိပ်လိုအပ်ပါတယ်။

 

၆။ရည်ရွယ်ချက်ကို မြင်အောင်ထားပါ။

       ကိုယ့်ရည်မှန်းချက်ကို ကိုယ်အမြဲသတိရနေအောင် မြင်သာတဲ့ ကိုယ်အမြဲ ကြည့်တဲ့နေရာ များမှာ ထားပါ။ဥပမာ။ ကိုယ်သွားချင်တဲ့ နေရာရဲ့ ဓါတ်ပုံပဲဖြစ်ဖြစ်၊ကိုယ် ဖြစ်ချင်တဲ့ ကိုယ့်ခန္ဓာကိုယ်အတိုင်းအတာကို ချရေးထားတဲ့ ကိုယ့်လက်ရေးနဲ့ စာရွက်ပဲဖြစ်ဖြစ်။

ကိုယ်ရအောင်တက်ပြီးဘွဲ့ယူမယ်ဆိုတဲ့ ကိုယ်တက်ချင်တဲ့ ကျောင်းရဲ့ဓါတ်ပုံ…အစရှိသည်ဖြင့်ပေါ့။

 

၇။မစောင့်ပါနဲ့။

             မစောင့်ပါနဲ့။ထလုပ်ပါ။အချိန်ကိုစောင့်နေမဲ့အစား စလုပ်ပါ။ ပုဂံ ဘုရားဖူးအတွက် ပုဂံဘုရားပုံကပ်ထားပြီးရင် သွားမယ်လို့ဆုံးဖြတ်ပြီးရင် စလုပ်ပါတော့။ဘယ်တွေသွားမယ်၊ ဘာတွေလုပ်မယ် ချရေးပါ။ပိုက်ဆံစပြီး စုလိုက်ပါတော့။ အစီအစဉ် စဆွဲပါတော့။ ကြိုတင်ခွင့်တင်တောင်းဆိုထားတာမျိုး ဘွတ်ကင်လုပ်တာမျိုးကနေစပါတော့။ အာရုံပိုစူးစိုက်မိပြီး တကယ်လည်းဖြစ်လာပါလိမ့်မယ်။

၈။ ဝါသနာတူနဲ့ပေါင်းပါ။

          ဝါသနာတူသူတွေကို ပေါင်းပါ။လေ့လာပါ။သူတို့ဆီက အတွေ့အကြုံတွေကြားရ သိရပါမယ်။ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်နေကြပြီဖြစ်တဲ့ကိုယ့်ထက်အတွေ့အကြုံရှိသူတွေဆီကရနှိုင်ပါတယ်။သူတို့ရဲ့ အကြံပေးချက်တွေ လမ်းပြမှုတွေနဲ့ ကိုယ့်ပန်းတိုင်ကို လွယ်လွယ်ရောက်နှိုင်ပါတယ်။

 

၉။ စိတ်ဓါတ်ကိုအမြဲမြှင့်ထားပါ။

       တစ်ခုခု မအောင်မြင်တဲ့အခါမှာ  “ ကမ္ဘာမှာ အောင်မြင်ကျော်ကြားခဲ့ကြတဲ့ ပုဂ္ဂိုလ်ကျော်ကြီးတွေဟာ အောင်မြင်ကျော်ကြားမှုတွေကို အချောင်ရခဲ့တဲ့ လွယ်လွယ်ကူကူနဲ့ အောင်မြင်ခဲ့တဲ့ အချောင်သမားကြီးတွေ မဟုတ်ဘူး” ဆိုတာသတိရပါ။ ဘယ်အရာမှအလကားမရပါ။ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှုနဲ့ရင်းမှရတာချည်းပါ။

တစ်ခါတစ်လေမှာတော့ ဘယ်လောက်ကြိုးစားကြိုးစား ဘာမှအရာမထင်သလို ဖြစ်နေတတ်ပါတယ်။ ဒီအခါမှာတော့“ အမေးရှိရင် အဖြေရှိ ”ဆိုသလို ပြသနာတိုင်းမှာလည်း ထွက်ပေါက်တွေ၊အောင်မြင်နှိုင်မဲ့ အခွင့်အလမ်းတွေရှိနေတယ်ဆိုတာ ယုံကြည်ပါ။ စိတ်အေးအေးနဲ့ ကိုယ့်ပန်းတိုင်မပျောက်သွားအောင် လမ်းကြောင်းသစ်ကနေသွားဖို့ပြင်ဆင်ပါ။ဘယ်တော့မှစိတ်ဓါတ်မကျပါနဲ့။အရှူံးမပေးလိုက်ပါနဲ့။ ဇွဲရှိပါစေ။

 

သူငယ်ချင်းတစ်ယောက်ကတော့ သူ့ကိုပြကြည့်တော့

ကိုယ်တွေ့ ဖြစ်ရပ်များနှင့် ယှဉ်ရေးရန်လိုပါသည် ဆိုပြီးမှတ်ချက်ချသွားပါတယ်...။

ကျနော်လည်းရေးချင်ပါတယ်....။ဒါပေမဲ့ ကိုယ်က ဘာကောင်မှ မှ မဟုတ်တာ...ကိုယ့်အကြောင်းကိုယ်ရေးပြလို့ ဝိုင်းပြီး မေတ္တာပို့နေကြရင် ....လို့ တွေးမိတာကြောင့် နောင်များမှ ပဲကိုယ်တွေ့  လေးတွေရေးပါရစေ။

                                       ခင်တဲ့ ...........မန်းကျော်။    ။

 

Обсуждение

на 01.01.0001 сказал:

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← စိတ်ကူးပေါက်ရာ......   Вернуться в блог   ကျော်သူမှ သင့်ကို အလိုရှိသည်။ … →
© 2013-2024 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.