မမြင် ရပေမယ့် ယုံကြည်ပါတယ်

31-10-2009 တွင် တင်ထားသည်။ nyeinmahaw08

ကျွန်မ သူငယ်ချင်းက  ကျွန်မ ကိုပြောတယ်  

  မင်း  ယုံကြည်ပါတယ်ဆိုတဲ့  ဘုရားကို မင်းလဲမြင်ဘူးလို့ လားတဲ့ 

ငါလဲ မြင်ဖူး မယ်ဆို ရင်  ယုံကြည် မိမှာပါတဲ့  ............ ကဲ

အဲဒါ တော့မဖြစ်နိုင်ဘူးလေ  ဟုတ်တယ် မလား  .................

မဖြစ်နိုင်ဘူး ဆိုတော့ သူ က ဘာပြောလဲ သိလား..   ဟဲ့  ငါ့ တို့ မမြင်ဘူး

တဲ့ လူတစ်ယောက် ဆီ မှာ  ငါ တို့  က ငုတ်တုတ်ထိုင် ပြီး  ဘယ်လိုလုပ်

ထိုင်ကန်တော့နိုင်မှာလဲ  တဲ့ ဘယ်လိုကိုးကွယ် ရမှာလဲတဲ့   ကျွန်မ ကို

သူ  စပြီးပြောပါတော့တယ် .............. 

ဒါနဲ့ ကျွန်မ လဲ  မင်း  စိတ်ထဲမှာ အသက်လောက်ချစ်ရပါတယ် ဆို တဲ့ 

မင်းခင်ပွန်း ကမင်းကိုချစ်တဲ့ အချစ်ကို    ငါ့ ကို ခဏပြစမ်း  ပါ .... သူအချစ်တွေ

ဘယ်လောက်ကြီးလဲ ချိန် ကြည့်မလို့ လို့  ကျွန်မ ပြောတော့    သူက

မင်း ရူးနေလား  တဲ့   အချစ် ဆိုတာ ချိန်လိုမရဘူး ဟတဲ့     ဘယ်လို ရင်ဘတ်ထဲ က ထုတ်ပြနိုင်မှာလဲ တဲ့ .........ကဲ 

ဒါဆို မင်း က အချစ်ဆိုတာကို မမြင်နိုင်ပါဘူး  .................ဒါပေမယ့်မင်းကို  မင်းခင်ပွန်း က ချစ်တယ် ဆိုတာ ကို

ယုံကြည်ပြီး  မင်းဘ၀တခု လုံး  ကို  အပ်ခဲ့ သေးတာပဲ  လေ.......... 

ဒီလို ပဲ  ငါ တို့ မမြင်ရတဲ့ အရာတွေ ဆို တာ ယုံကြည်ပြီး ငါ့ တို့ ဘ၀တခုလုံး

ကို အပ်နှံ ကိုးကွယ်  တယ် .. မမြင်ဘူး တဲ့  ဘုရား ကို ကြည်ညိုတယ်ဆိုတာ

သဘာဝမကျတဲ့  ကိစ္စမှ မဟုတ်တာ လို့ သူကိုပြန်ပြောခဲ့ ပါတယ်  ..............   ။  ကဲ ကျွန်မ မှားလား  ............။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
nyeinmahaw08 on 05-11-2009 ပြောသည်။

သူငယ်ချင်းရေ မြင်တယ်မလား  .... ငါ့ ကိုထောက်ခံတဲ့ တဲ့ သူများနေပြီ  ဟေဟေဟေ့

အားလုံးကိုကျေးဇူးတင် လျှက်.......................

springbell123 on 04-11-2009 ပြောသည်။

I agree. u right.

seagull17 on 03-11-2009 ပြောသည်။

no .  u right

 

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← မေမေ ပြောတဲ့  ငြိမ်းမဟော်   Blog သို့ပြန်သွားသည်။   ချစ်သူ စံ →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။