မမြင် ရပေမယ့် ယုံကြည်ပါတယ်
Posted on 10/31/2009 by
nyeinmahaw08
ကျွန်မ သူငယ်ချင်းက ကျွန်မ ကိုပြောတယ်
မင်း ယုံကြည်ပါတယ်ဆိုတဲ့  ဘုရားကို မင်းလဲမြင်ဘူးလို့ လားတဲ့ 
ငါလဲ မြင်ဖူး မယ်ဆို ရင် ယုံကြည် မိမှာပါတဲ့  ............ ကဲ
အဲဒါ တော့မဖြစ်နိုင်ဘူးလေ ဟုတ်တယ် မလား .................
မဖြစ်နိုင်ဘူး ဆိုတော့ သူ က ဘာပြောလဲ သိလား.. ဟဲ့  ငါ့ တို့ မမြင်ဘူး
တဲ့ လူတစ်ယောက် ဆီ မှာ ငါ တို့  က ငုတ်တုတ်ထိုင် ပြီး ဘယ်လိုလုပ်
ထိုင်ကန်တော့နိုင်မှာလဲ တဲ့ ဘယ်လိုကိုးကွယ် ရမှာလဲတဲ့  ကျွန်မ ကို
သူ စပြီးပြောပါတော့တယ် ..............
ဒါနဲ့ ကျွန်မ လဲ မင်း စိတ်ထဲမှာ အသက်လောက်ချစ်ရပါတယ် ဆို တဲ့ 
မင်းခင်ပွန်း ကမင်းကိုချစ်တဲ့ အချစ်ကို ငါ့ ကို ခဏပြစမ်း ပါ .... သူအချစ်တွေ
ဘယ်လောက်ကြီးလဲ ချိန် ကြည့်မလို့ လို့ ကျွန်မ ပြောတော့ သူက
မင်း ရူးနေလား တဲ့  အချစ် ဆိုတာ ချိန်လိုမရဘူး ဟတဲ့  ဘယ်လို ရင်ဘတ်ထဲ က ထုတ်ပြနိုင်မှာလဲ တဲ့ .........ကဲ
ဒါဆို မင်း က အချစ်ဆိုတာကို မမြင်နိုင်ပါဘူး .................ဒါပေမယ့်မင်းကို မင်းခင်ပွန်း က ချစ်တယ် ဆိုတာ ကို
ယုံကြည်ပြီး မင်းဘ၀တခု လုံး ကို အပ်ခဲ့ သေးတာပဲ လေ..........
ဒီလို ပဲ ငါ တို့ မမြင်ရတဲ့ အရာတွေ ဆို တာ ယုံကြည်ပြီး ငါ့ တို့ ဘ၀တခုလုံး
ကို အပ်နှံ ကိုးကွယ် တယ် .. မမြင်ဘူး တဲ့  ဘုရား ကို ကြည်ညိုတယ်ဆိုတာ
သဘာဝမကျတဲ့  ကိစ္စမှ မဟုတ်တာ လို့ သူကိုပြန်ပြောခဲ့ ပါတယ် .............. ။ ကဲ ကျွန်မ မှားလား ............။