ခဏလေးပါ

20-08-2009 တွင် တင်ထားသည်။ nyeinmahaw08

အိုင်းစတိုင်းလဲမဖြစ်ချင်ဘူး

ဆိုကရေးတီးလို လဲတွေးမနေချင်ဘူး

ဒိုင်ယာနာကိုလဲ အားမကျခဲ့ ဘူး

ဘရတ်ပစ်ဒ် နဲ့ လဲ လက်မထပ်ချင်ဘူး

မာရီယာရှာရာပိုဗာ လိုလဲ မကျော်ကြားချင်ဘူး

လကမ္ဘာပေါ်ကိုလဲ   မသွားချင်ဘူး 

လူကိုသေစေမယ်အဆိပ်လက်နက်တွေ 

အကြောင်းလဲ မကြားချင်ဘူး

ဝေါ့ လ်ဒစ်စ္စနေ ကို လဲ ခဏခဏသွားမလည်ချင်ဘူး

ဒေးဗစ်ကော်ပါဖီးလ် ရဲ ပြကွက်ဆန်းတွေ မှာလဲ ငေးမောမနေ ချင်ဘူး

ဝင်လေထွက်လေထက် ကို

စိတ်ကူး နဲ့ ဖမ်းဆုပ်  

သစ္စာတရား ရဲ့ တန်ဖိုး ကို

လှမ်းမျှော်ကြည့်ရူ့ 

ပညတ်နဲ့ ပရမတ် ကိုတွေးတော

 ဘ၀ဆိုတာ 

မပြောမဆို ကြွေကျတဲ့ 

သစ်ရွက် သဘောလေးပါ။



ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
phoaung008 on 13-10-2009 ပြောသည်။

အရှင်တို့လိုကတုံးတွေက အမြင်တော့ မလှပေမဲ့ အတွင်းနှလုံးသာကတော့ အများကြီးလှမယ် အတွင်းနှလုံးသာလှဘို့ အခွင့်အရေးတွေလဲ အများကြီးရမယ်လို့ ထင်ပါတယ်။

 

pyinnyarnanda on 09-10-2009 ပြောသည်။

ဒါဆို အရှင်တို့လို ကတုံး တွေ အားလုံးက...............

bikelay on 27-08-2009 ပြောသည်။

မလုပ်ပါနဲ့ တီလေး ရယ်  ဂတုံးကြီး နဲ့ မလှ ဘူးလေ

nyeinmahaw08 on 24-08-2009 ပြောသည်။

ဟုတ်ကဲ့  တချိန်ချိန်တော့ ၀တ်ဖြစ်မယ်ထင်ပါတယ်ရှင်  အချိန်တခု  မှာ ပေါ့ ....

phoaung008 on 24-08-2009 ပြောသည်။

သီလရှင်ဝတ်မလို့လား?

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← မိုင်များစွာ   Blog သို့ပြန်သွားသည်။   ပြီးပြည့်စုံတဲ့ ယောင်္ကျား →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။