ခဏလေးပါ

Posted on 8/20/2009 by nyeinmahaw08

အိုင်းစတိုင်းလဲမဖြစ်ချင်ဘူး

ဆိုကရေးတီးလို လဲတွေးမနေချင်ဘူး

ဒိုင်ယာနာကိုလဲ အားမကျခဲ့ ဘူး

ဘရတ်ပစ်ဒ် နဲ့ လဲ လက်မထပ်ချင်ဘူး

မာရီယာရှာရာပိုဗာ လိုလဲ မကျော်ကြားချင်ဘူး

လကမ္ဘာပေါ်ကိုလဲ   မသွားချင်ဘူး 

လူကိုသေစေမယ်အဆိပ်လက်နက်တွေ 

အကြောင်းလဲ မကြားချင်ဘူး

ဝေါ့ လ်ဒစ်စ္စနေ ကို လဲ ခဏခဏသွားမလည်ချင်ဘူး

ဒေးဗစ်ကော်ပါဖီးလ် ရဲ ပြကွက်ဆန်းတွေ မှာလဲ ငေးမောမနေ ချင်ဘူး

ဝင်လေထွက်လေထက် ကို

စိတ်ကူး နဲ့ ဖမ်းဆုပ်  

သစ္စာတရား ရဲ့ တန်ဖိုး ကို

လှမ်းမျှော်ကြည့်ရူ့ 

ပညတ်နဲ့ ပရမတ် ကိုတွေးတော

 ဘ၀ဆိုတာ 

မပြောမဆို ကြွေကျတဲ့ 

သစ်ရွက် သဘောလေးပါ။



Discussion

on 1/1/0001 says:
phoaung008 on 10/13/2009 says:

အရှင်တို့လိုကတုံးတွေက အမြင်တော့ မလှပေမဲ့ အတွင်းနှလုံးသာကတော့ အများကြီးလှမယ် အတွင်းနှလုံးသာလှဘို့ အခွင့်အရေးတွေလဲ အများကြီးရမယ်လို့ ထင်ပါတယ်။

 

pyinnyarnanda on 10/9/2009 says:

ဒါဆို အရှင်တို့လို ကတုံး တွေ အားလုံးက...............

bikelay on 8/27/2009 says:

မလုပ်ပါနဲ့ တီလေး ရယ်  ဂတုံးကြီး နဲ့ မလှ ဘူးလေ

nyeinmahaw08 on 8/24/2009 says:

ဟုတ်ကဲ့  တချိန်ချိန်တော့ ၀တ်ဖြစ်မယ်ထင်ပါတယ်ရှင်  အချိန်တခု  မှာ ပေါ့ ....

phoaung008 on 8/24/2009 says:

သီလရှင်ဝတ်မလို့လား?

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← မိုင်များစွာ   Return to blog   ပြီးပြည့်စုံတဲ့ ယောင်္ကျား →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.