Blog of nyeinmahaw08 RSS Available
(no title)
Posted on 1/1/0001 by
Read article   Add Comment
ကြီးပွားချင်လျှင် စိတ်ကို သတိထား
Posted on 7/13/2011 by nyeinmahaw08
တပ်မက်စရာ အာရုံတို့ မှာ  စိတ်ကို မတပ်မက်စေ ဖို့ မမေ့မလျှော့ စိတ်ကို စောင့်ရှောက်ရမည်။
အမျက်ဒေါ်သထွက်စရာ ကိစ္စကို လည်း  အမျက်မထွက်စေဖို့ စိတ်ကို စောင့်ရှောက်ရမည်။
တွေဝေစရာကိစ္စ တို့ မှာ လည်း မတွေဝေစေဖို့ မမေ့မလျှော့သတိထား စိတ်ကိုစောင့်ေ၇ှာက်ရမည်။
မာန်တက်စရာ ကိစ္စ မှာ ကိုယ်စိတ်ကို မာန်မယစ်စေဖို့ မမေ့မလျှော့ သတိထား ပြီး စိတ်ကို စောင့်ရှောက်ရမည်။
ကီးပွားချင်တဲ့ သူ ကိုယ်ဘ၀တိုးတက်မယ်သူ သည် ဒီလေးချက်ကို သတိထားပြီး စိတ်ကို စောင့်ရှောက်ရမယ်လို့  ဘုရားရှင်ကဟောကြားခဲ့ ပါတယ် ။ 
Read article   Add Comment
Real love
Posted on 5/9/2010 by nyeinmahaw08
Real love is never used to take away from other they would not otherwise freely give.
  မေတ္တာ ဆိုတာ သူ့ ဘက်က ကျေကျေနပ်နပ် မပေးရင် ဘာကိုမှမလိုချင်မယူချင်ဘူး မေတ္တာ ဆိုတာ လူတစ်ယောက်ဆီက လိုအပ်ချက်တခုခု ကြောင့် မျှော်လင့်ချက်နဲ့  ပတ်သတ်တာမေတ္တာ မဟုတ်ဘူး ……..သူဆီက ဘာမှမရတောင် ချစ်နိုင်တာ မေတ္တာပါ မေတ္တာ ဆိုတာ ဆန်းကျယ်တဲ့ အရာ မဟုတ်ပါဘူး မေတ္တာဆိုတာ ကိုယ်ဆီမှာရှိမှ ကိုယ်တိုင်နားလည်မှ သူများကိုပေးနိုင်တဲ့ အရာပါ မေတ္တာ ဆိုတာဘာလဲ နားလည်လိုက်တာနဲ့ သူတပါးကို မေတ္တာ ဘယ်လိုပေးရမယ်ဆိုတာနားလည်သွားလိမ့်မယ်။
We are incapable of loving another unless we love ourselves
. မိမိ ကိုယ်ကိုမိမိမချစ် တတ်ရင်သူတပါးကိုလည်းမချစ်တတ်ပါဘူး မိမိကိုယ်ကို ဘယ်လိုချစ်လဲ သေချာစဉ်းစားကြည့်သင့်တယ် မိမိတွက်ကောင်းတာတွေဖြစ်ချင်တယ် ကောင်းတဲ့ သတင်းပဲကြားချင်တယ်လောကမှရှိတဲ့ ကောင်းတဲ့ အရာမှန်သမျှ ကိုလိုချင်တယ် မိမိတွက်ကောင်းတာတွေကိုစဉ်းစားသမျှ သူတစ်ပါးအတွက်ကိုလည်းကောင်းတာတွေ ကို စဉ်းစားပြီး ကိုယ်မကြိုက်တာမျိုးသူများမကြိုက်တာမျိုးကိုယ်ချင်းစာတရားနဲ့  စဉ်းစားချစ်တတ်ပေးရင် မိမိ ကိုလည်းချစ်တတ် သူတပါး ကိုလည်းချစ်တတ်လာလိမ့်မယ် ။
Genuine love is self –replenishing
မေတ္တာဆိုတာ စစ်မှန်ရင် သူ့ ဟာသူ ပြန် ပြီးဖြည့်သွားနေတာမျိုးပါ ။ မေတ္တာစစ်ဆိုတာ ကုန်တယ်လိုမရှိဘူး ပေးလိုက်ရလို့ ကုန်တယ်ဆိုတာမရှိဘူး ဘယ်လောက်ပေးပေးမကုန်ဘူး ပေးလေပြည့်လေဆိုတာမေတ္တာပါ။
Love out lives a lack of response
တကယ့် မေတ္တာစစ်ဟာ သူ့ ဘက်ကတုံပြန်မူမရှိလဲ ဆက်ပြီးရှိနေတာပဲ။ ကိုယ်လိုချင်တာ မရတော့ရင် မချစ်နိုင်တော့တာမေတ္တာမဟုတ်ပါဘူး
Cannot be taken back
မေတ္တာဆိုတာပြန်ရုပ်သိမ်းလို့ ပြန်တောင်းလို့ မရပါဘူး ငြိမ်းမဟော် ရဲ့ ဘ၀မှာ သူတပါးရဲ့ စိတ်ကိုပျော်ရွင်ဖို့ ကိုဦးစားပေးခဲ့ တိုင်းကိုယ်တိုင်ပျော်ရွင်ခဲ့ ရတယ် ငြိမ်းမဟော် မေတ္တာမရှာပါဘူး ငြိမ်းမဟော်မေတ္တာကိုပေးနေတာပါ ဒါကြောင့် ငြိမ်းမဟော် မှာ မေတ္တာစစ်နဲ့  ပတ်သတ်တဲ့အရာ တွေ ရှာစရာမလို ပဲ အမြဲပြန်လည်ရရှိပါတယ် ကိုယ်ကစစ်မှန်မူကို ပေးမှ စစ်မှန်မူဆိုတာကိုယ်ဆီပြန်လာတာပါ မေတ္တာ ဆို ဆန်းကျယ်တဲ့ အရာ တခုလို့  မထင်ပါဘူး မေတ္တာကို ကိုယ်ချင်းစာတရားနဲ့ ကြည့်မြင်လိုက်တာ နဲ့ နားလည်လက်ခံလွယ်တဲ့အရာတခု လို့ လက်ခံ ယုံကြည်နိုင်ပါတယ် …………………..။ လူတစ်ယောက်ရဲ့  လိုအပ်ချက်ကို ဖြည့်ပေးတိုင်း ကိုယ်ရဲ့ လုပ်အပ်ချက်က အလိုလိုပြည့်သွားတတ်တာမေတ္တာပါ ကိုယ် ပေးလိုက်တဲ့ အရာ ကမျှော့် လင်ချက် ကင်းမဲ့ လေဖြူစင်လေ ကိုယ်ပြန်ရတဲ့ အရာမှန်သမျှဖြူစင်လေပါ စစ်မှန်တဲ့ မေတ္တာက အေးချမ်း ပါတယ်။ ကိုယ်ဘာလိုချင်တယ်ဆိုတာထက်သူဘာလိုချင်တယ်ဆိုက ပိုအရေးကြီးလေ ကိုယ်ဘာလိုချင်တယ်ဆို တာ မရှိလေပါ ………….။ ငြိမ်းမဟော် က ကိုယ့်ကိုကိုယ်သိပ်ချစ်တတ်သူတစ်ယောက်ပါ တစ်ကိုယ်ကောင်းသမားမဟုတ်ပါဘူး ။ မိမိကိုယ်ကို ချစ်တတ်မှ သူတပါးကိုချစ်တတ်နိုင်မယ်ဆိုတာ ငြိမ်းမဟော်ကကောင်းကောင်းသိထားလို့ ပါ။ ငြိမ်းမဟော်ရင်ထဲမှာ စစ်မှန်တဲ့ အရာတွေ တောင်းတသလိုသူတစ်ပါးကိုလဲ စစ်မှန်တဲ့ အရာတွေပေးပါတယ် မေတ္တာတရားဆိုတာ မဆန်းကျယ်တဲ့ အရာ ဆိုတာ လူတိုင်းသဘောပေါက်လက်ခံနိုင်ပါစေလို့  ငြိမ်းမဟော် ဒီဘလော့ခ် ကနေ ဆုတောင်းပေးပါတယ်………….။ ချစ်ညီမလေး seagull အတွက်အမှတ်တရ။
Read article   Add Comment
ကျပျောက်လို ပြန်ကောက်တွေ့ ရတဲ့ အခါ
Posted on 1/28/2010 by nyeinmahaw08
    တခါ က  ကျပျောက်ဖူးတယ် သိုးမွေးထိုး အပ်လေးတစ်ချောင်း 
အရမ်းကို စိတ်ညစ်မိတယ်  ကျပျောက်မှန်းလဲ သိတယ်ဘယ်နားမှာကျမှန်းလဲမသိတာမျိုးပေါ့  ................
ပြန်ဝယ်လို့ လဲ ရတယ် ဆိုတဲ့ အသိလေးရှိပေမယ့် ဒီအပ်လေးကိုမှ လို ချင်တာမျိုးပေါ့
ခံဖူးမှာပါ  ............. ကျပျောက်တာကို မှ ပြန်လိုချင်တဲ့ ဆန္ဒ မျိုး က လူကို တခါတရံနှိပ်စက်တတ်တယ်နော်....................... အဲဒီကျပျောက်သွားတဲ့  အပ်လေးကို လိုချင်စိတ်နဲ့ ပြန်ရှာ မိတဲ့   ကိုယ်စိတ်ကို လဲ ရီချင်တယ် ......  
      ဒါပေမယ့်ထူးဆန်း တာ  က မျှော်လင့်စိတ်နဲ့ ပြန်ရှာ ကြည့်မိတဲ့ အခါ ထူးထူးဆန်းဆန်းပြန်ရှာတွေ့ မိတဲ့  အခါ ပျော်တဲ့ အပျော်မျိုး က ရင်ကိုတမျိုး လူပ်ခတ်စေတယ်....................။   တကယ်တော့တန်ဖိုးလဲမရှိပါဘူး .... 
   ပြန်လဲဝယ်နိုင်တယ် ဒါပေမယ့်လူစိတ်အစွဲ လမ်း နဲ့  ခံစားမူဆိုတာ က တမျိုးလေ
မရနိုင်ဘူးဆိုတာမျိုး မှ  မဖြစ်နိုင်တော့ဘူး ဆိုတာမျိုးမှ  ပျောက်သွားပြီး ပျက်သွား ပြီ  ဆိုတာမျိုး ဆို မှ ပိုလိုချင်တာ ပိုတန်ဖိုး ထားလာတာ မျိုးလား ။  
             တခါလေသိပ်ကိုမုန်းတီးနေပါတယ်တဲ့ လူ သေဆုံးတဲ့ သတင်းကို ကြားမှ ခွင့်လွတ်ချင်တတ်သေးတဲ့ လူတွေ ပါပဲ နော်.................. ။ 
 ထူးဆန်းတဲ့ လူစိတ်က လူတွေ ပဲနားလည်နိုင်မယ်ထင်ပါတယ် တခါတရံ ခံစားချက်
က မဖြစ်နိုင် ပါဘူးဆိုမှ  အတင်း လုပ်ကြည့်မယ် ကြံသေးတာလေ။ မရဘူးဆို ပိုလိုချင်တာမျိုး ခက်ခဲ တာကို မှတန်ဖိုးထားသလို တန်ဖိုးကြီးမှ ပဲ တန်ဖိုး ရှိသလိုမျိုးတွေးတတ်သေးတာမျိုး။ တခါတလေကျ တော့ ဘာမှတန်ဖိုး မရှိတာလေးက ကိုယ်တွက်တန်ဖိုးရှိသွားတာမျိုး ကလဲရှိသေးတယ် ......  ။   ကျွန်မ ကျောင်းသူ ဘ၀က  ကျောင်းသားတစ်ယောက်က ဘတ်စ်ကား  စီး  တဲ့ အခါ သူ့ ဖိနပ်တဖတ်တွက်နဲ့ ကားပေါ်က ခုန်ချခဲ့ လို့ သေဆုံးခဲ့ ရတယ် ။   ဘယ်လောက်ထိ လူ့   စိတ်တွေ ရဲ့   ဆန်းကျယ်မူ ဟာာာ  တခါတရံ ဘာမှမဟုတ်တာနဲ့ လဲ မိမိအသက်နဲ့ လဲမိသလိုမျိုး ကလဲ ရှိတတ်သေးပါတယ်။
         ကျပျောက်လို့ ပြန်ကောက်တွေ့ ရတဲ့ ခံစားမူ တွေ ကို ခံစားရတိုင်း ကျွန်မ တွက်ခံစားမူအစစ်မှန်တွေ ပေးနေသလိုပဲ ။                                      အရာရာ က အဲဒီအချိန်အတွင်းမှာကိုယ်ရင်ထဲက အမှန်တရားကိုလင်းခနဲ့ လက်ခနဲ ခံစားမူကိုမိမိရရဆုပ်ကိုင်မိလိုက်သလိုမျိုး သင်ကြုံတွေ့ ဖူးပါသလား၊၊?
      ကျွန်မကတော့ ကျပျောက်လို့ ပြန်ကောက်တွေ့ ရတဲ့ အခါတိုင်း  ခံစားရတဲ့ ခံစားမူ ကို အမှတ်ရလျှက်....................။
Read article   Add Comment
မာန
Posted on 11/26/2009 by nyeinmahaw08
       မိန်းကလေး  တစ်ယောက် မှာ ရှိသင့် တဲ့ မာန တခုတော့  မိန်းကလေးတိုင်းအတွက် အဆင်တန်ဆာအနေနဲ့ရှိနေ စေချင်ပါတယ် .......... 
 အဲဒီမာနမှာ တန်ဖိုးဖြတ်လို့ ရတဲ့ အရာတွေ နဲ့ ဘယ်တော့မှမလဲတဲ့   စိတ်ဓာတ်ကို အမြဲ ရှိနေစေချင်ပါတယ်.....................    မိန်းကလေးဆို တာ တကယ်တော့  ပန်းပွင့် တပွင့် နဲ့ ဘာမှ မခြားပါဘူး  အညှာလွယ်တယ်  ချစ်မိပြီဆို ......သိပ်မစဉ်းစားတော့ဘူး ..........  ဒါ ကို သိထားတဲ့ ပုရိသ တွေ ကတော့  ပန်းခူး  သမားတွေပေါ့...........  
               တချို့ ပန်းတွေ က ဆူးမပါဘူး ခူး ချင်သလို ခူး ခြွေချင်သလို ခြွေ သိပ်လွယ်တယ်  .......ဒါပေမယ့် တချို့ ပန်းတွေ မှာ ခူးချင်သလို ခူးခွင့်မရှိသလို့ ခြွေချင်တိုင်းလဲခြွေ လို့ မရ ပါဘူး သူ မှာ ဆူး ဆို တဲ့  စူး စေတဲ့  လက်နက်ပါတယ်
        အဲဒီလို ပဲ  ကျွန်မ တို့ မိန်းကလေးတွေ  မှာရှိသင်တဲ့ မာန နဲ့ ရှိသင့် တဲ့  စူး
တွေ ကို အမြဲ တမ်း မိမိကိုယ့်ကို ကာကွယ်ထားရမယ် ........။  မိန်းကလေးတစ်ယောက် မှာ မိမိ ကိုယ်ကို ကိုယ်တန်ဖိုး မထား ရင်မည်သူက မျှတန်ဖိုးမထားပါဘူး .........။  ကျွန်မ သိစေချင်တဲ့  မိန်းကလေးတွေ ကို အထူးသဖြင့် ခုခောတ်မြန်မာမိန်းကလေးများ တွက်ကို ကျွန်မ စိတ်ပူတယ် ........ ဒီဘလော့ခ်လေး ဟာ ယောက်ကျားမကောင်း ၀ါဒီတခုမဟုတ်ပါဘူး ....။ မိန်းကလေးများအနေ နဲ့  ထားသင့်တဲ့ မာနဆိုတာ  ကို ဘာလဲ သိစေချင်တာပါ။  
  ကျွန်မ မှာ ညီမလေးနှစ်ယောက်နဲ့ အတူ သူတို့ သူငယ်ချင်းအပေါင်းသင်းများ ကြားမှာ လူကြီးတစ်ယောက်လို နေခဲ့ ရတာကြောင့် အရာရာ ကို မိခင်သဖွယ် ဆုံးမ နေခဲ့ ရပါတယ်။  ဒါကြောင့် မိန်းကလေး တွေ အများစုရဲ့  အားနည်းချက်တခု ကို ကျွန်မ တွေ့ ခဲ့ ရတာပါ ။  အဓိက မိန်းကလေးတစ်ယောက် ရဲ့ ကိုယ်တန်ဖိုးနဲ့  မာန အကြောင်းကို  သေချာ  နားမလည်တာကို ပါ။  ကျွန်မ ညီမလေးတွေ လို ပဲ မြန်မာမိန်းကလေးများ ကို ချစ်သောကြောင့် ဒီဘလောခ် ကိုရေးရတာ ပါ။ ယောက်ကျားလေး ဆို တာ ပထမ မိန်းကလေးတစ်ယောက်မှာ အရွယ်ရောက်လာပြီဆို ပါ က ကြိုက်ချင်စရာ အရည်သွေးရှိသောမည်သည့်မိန်းကလေးကိုမဆို  သူတို့  စတင် ဇာတ်လမ်း ဆင်ပါပြီ(ကျွန်မ  ပြောသောအရွယ်များ သည် 15နှစ်မှ  20  အတွင်းကိုသာဖြစ်ပါတယ်)  မိန်းကလေး များကလဲ သူတို့ ပြန်လည် ကြိုက်နိုင်သောအချက်အလက်တခုခုကို တွေ့ ပါက လည်း သိပ်မကြာခင်တွင်းမှာ ပဲ သူတို့ စတဲ့ ဇာတ်လမ်း တွင်းသို့  ပါဝင် ကပါပြီ .......။  အဲဒီမှာရည်စား ဘ၀ဆိုတာ မိန်းကလေး တွေ ရမှာ ရည်စား ဆိုတာ လက်ထိရင်လက်အိုပါတယ် အစရှိသည်ဖြင့် မိမိကိုယ့်ကိုကိုယ် တန်းဖိုးစထားနိုင်လေလေ သူတို့ ပို့  လန့် လေလေ ပါ....။  မိမိ ကိုယ့် ကိုကိုယ်တန်းမဖိုး မထားလေလေ  သူတို့ တဖြည်းဖြည်းနဲ့  ခွာ သွားလေလေ ပါပဲ။  အဲဒါ ယောက်င်္ကျားတွေရဲ့ ပုံသေနည်းပါ။  ဘာလို့ လဲ ဆိုတော့ လူသဘော တွေ ဟာ  မိန်းမ ပဲဖြစ်ဖြစ် ယောက်ကျာ်းလေးပဲဖြစ်ဖြစ် ဘယ်အရာကို မဆို လွယ်လွယ်ရရင် ဘယ်တော့မှတန်မဖိုး မထားလေပါပဲ ရှင်။  မိန်းကလေးတွေ အနေ နဲ့  အဲဒီနေရာ မာနဆိုတာ ကို  ရှေ့ တန်းတင်ပြီး မိမိကိုယ့်ကို တန်းဖိုးထား တဲ့ မာနကို ဆိုလိုခြင်းဖြစ်ပါတယ်။   အဲဒီမာန နဲ့ မိမိကိုယ့်ကို ကိုယ် ကာကွယ်လိုက်ပါ။ 
  ပထမ လက်ကလေး စကိုင်လိုက်မယ် သူတို့ စိတ်ထဲမယ် အင်း.........ကောင်မလေး မဆိုး ဘူး ...... အင်းတဖြည်းဖြည်းနဲ့ သူတို့ လိုချင်တဲ့ အတိုင်းအတာအတွင်းမှာ ပဲ သူတို့ က တဆင့် ခြင်း ဆင့်ခြင်းတန်ဖိုးဖြတ်သွားတာ သူ တို့ ရဲ့အတွင်းစိတ်ကနေ ပါပဲ.........။ အဲလို မိန်းကလေးမျိုး ကိုဘယ်ယောက်ကျားလေးက မှအတည်တကျ ဘယ်သောအခါမှ မယူ ပါ.။ 100မှာ  10%  နူန်းနည်းပါတယ်။  ကျွန်မ ရဲ့ အခု သဘောတရားတခုမှာ အချစ်ဆိုတဲ့ ခံစားမူသက်သက်မပါတဲ့  သဘောတရားတွေကို ပြောပြနေခြင်းပါ။  
  ဒါကို ပုံသေနည်းဆိုလဲမမှားပါဘူး   ကျွန်မ  သူငယ်ချင်း တစ်ယောက်  ယောက်ကျားလေး ပါ ကောင်မလေး တစ်ယောက်နဲ့ တွဲ တယ် တော်တော်လေးကို ကြာတယ် ကောင်မလေးက  မယူမဖြစ်ယူခိုင်းတဲ့ အခါ မယူနိုင်ပါတဲ့........  
ကျွန်မ  သူကို မေးကြည့်တယ် မင်း သူကိုဘာလို့ မယူတာ လဲ မေးတော့ ဟာာ မယူချင်ဘူး တဲ့   သူ ဒီလောက် ဘာမာနမှမရှိတာတဲ့  ငါအရင်မှာလဲ ဒီလိုပဲ လွယ်မယ်ထင်တယ် နောက်လဲ ဒီလို ပဲနေမှာတဲ့   ကဲ ........... ။   စဉ်းစားပါကြည့်ပါအုန်း ဘယ်လောက် အသဲယားစရာကောင်းလဲ  သူကို ကျွန်မ  အပြစ်တင်စကားပြောတော့  မင်း နှမချင်းကိုယ် ချင်းစာပါကွာ ဆိုတော့ ဘာစာစရာလို လဲတဲ့  ငါနှမလဲ သူဖြစ် သူခံ တဲ့   ...........။ ကဲ ဒီလိုယောက်ကျားလေးတွေ လောကကြီး မှာဘယ်လောက်ရှိနေမလဲ စဉ်းစား စရာမလို ဘူး အဓိက သူတို့ ကိုလဲ အပြစ်တင်နေစရာ မလို ဘူး ဘာပဲဖြစ်ဖြစ် အစကတည်းက ကိုယ်ဖြစ်ကိုယ်ခံ အရာရာ မိန်းကလေးဆို တာ ဖက်ပေါ်ဆူးကျလဲ ဖက်ပေါက် သလို ဆူးပေါ်ဖက်ကျလဲ ဖက်ပဲပေါက်မယ်ဆို တာ ဒါ သိပြီးသားပဲ ။။ 
ယောက်ကျားလေး ဆိုတာ သူ တို့  သဘာဝ နဲ့ သူတို့ အကျင့်စရိုက် ဆိုတာ စက်ရုံကထုတ်လိုက်တဲ့ စည်သွပ်ဘူးတွေလို ပဲ အတူတူပါပဲ ဒါပေမယ့် (ချွင်းချက်အနေနဲ့ တခုပြောချင်တာက  တော့  ဘုရားတရားနဲ့ မိမိ ကိုယ်ကျင့်တရားကို စောင့်ထိန်းတဲ့ သူများမပါ) ။  တကယ်တော့ဘာကိုဖြစ်ဖြစ်  မိမိကိုယ်ကို ကိုယ်အမြဲတန်းဖိုး ထား ပါ ။မာန ရှိပါ မာနဆိုတာ ဘာလဲ သိအောင်ကြိုးစားပါ မရှိသင်တဲ့ မာနရှိသင့် တဲ့ မာန တွေ ကို သိရှိနိုင်အောင်ကြိုးစားပါ  ။ နောက်ဆုံးတချက်က အွန်းလိုင်းကနေ ယောက်ကျားတစ်ယောက်ကို ခင်မယ် ....... အစရှိသည်ဖြင့်ကြိုက်မယ် .........အဲဒီမိန်းကလေးကို အဲဒီယောက်ကျား တကယ်ချစ်တယ် ဆို တာ တစ်ရာပုံ တစ်ပုံ တောင်မသေချာဘူး ...........ဘာလို့ လဲ ဆို တော့ အွန်လို င်းကနေ ခင်တယ်ဆိုတဲ့ ချစ်တယ်ဆို အရာ ဟာာမသိစိတ်ထဲမှာအထင်သေးစရာ ကသေချာနေပါတယ် (ဒါ မှားချင်လဲမှားမယ် ဒါ ကျွန်မ စိတ်အထင်သတ်သတ်ကိုတင်ပြတာပါ)  တကယ်အချစ်စစ်တွေ နဲ့ လဲ လက်ထပ်သွားတာတွေလဲ ရှိသလို မိတ်ဆွေစစ်တွေ လဲ  ရှိပါတယ် ဘယ်လို ပဲဖြစ်ဖြစ် မိမိကိုယ့် ကို ကိုယ်တန်းဖိုးထားတဲ့ မာန လေးတခု ကို နေ၇ာတိုင်းမှာ သတိလေး ကပ် နေပေးဖို့ ကျွန်မ  သတိ ပေးချင် တာ  ကျွန်မ  ချစ်ညီမလေးများ လို ချစ်ရတဲ့ မြန်မာမလေး များ ကို ဒီဘလောခ် လေးနဲ့မာန လက်ဆောင်ပေးလိုက်ပါတယ်ရှင်။                     
                                                         ငြိမ်းမဟော်
Read article   Add Comment
မျှော်လင့်ခြင်းမျာစွာနဲ့ 
Posted on 11/20/2009 by nyeinmahaw08
           '' မျှော်လင့်ခြင်းဆိုသည်မှာ   လမ်းလျှောက်နေသည့် အိမ်မက်ဖြစ်သည်''
                                                                ( အရစ္စတိုတယ်)
 ကျွန်မ    အဲဒီအဆိုကို  ခါးခါးသီးသီး ငြင်းဆန်ခဲ့ ပါတယ်။  မကြိုက်ဘူး  (သူနဲ့ မတွေ့ ခင်အချိန်အထိ)။ ကျွန်မ ဟာ မျှော်လင့်ချက်တွေ ကို ခပ်ပြုံးပြုံး နှစ်သက်စွာ စားသုံးနေတဲ့ သူ  ။ မျှော်လင်ချက် နဲ့ မှ  အသက်ဆက်ချင်သူ။  ကျွန်မ တကိုယ်လုံး မျော်လင့်ချက်တွေနဲ့  တနင့်တပိုး ထုတ်ပိုးထားတာ။ မျှော်လင့်ချက်သာမရှိ ခဲ့ ရင်အသက်ရှင်ရတာ ဘာအဓိပ္ပယ်မှမရှိဘူးလို ကျွန်မ ထင်တယ်လေ ။ 
                မနက်အိပ်ယာကထတိုင်းမျှော်လင့်ချက်တွေ ကို ရင်ဘတ်ထဲ ထည့်ပြီး  တနေ့ တာကို ဖြတ်သန်းနေတာ အခုချိန်ထိပဲ.။   
                မျှော်လင့်ခြင်း ဟာာ  ကျွန်မ ဘ၀ 
                 မျှော်လင့်ခြင်းဟာ   အချစ်
                  မျှော်လင့်ခြင်းဟာ  မျှော်လင့်ခြင်း 
                    မျှော်လင့်ခြင်းဟာ  ကစားပွဲ
                      မျှော်လင့်ခြင်းဟာ  စိန်ခေါ်ပွဲ 
                     မျှော်လင့်ခြင်းဟာ  နောက်ဆုံးထွက်သက်ပေါ့။  
  ကျွန်မ မှာ မျှော်လင့်ခြင်း တွေ စက္ကန့် လိုက် ၊ မိနစ်လိုက်၊  နာရီအလိုက်  ဒီဂရီ တက်ခဲ့ရတာ။ မှတ်မိပါသေးတယ်..........  ကျွန်မ ခပ်ငယ်ငယ်တုန်းကပေါ့ ကျွန်မ  ဖေဖေ ကို စိတ်ကူး နဲ့ ပုံဖော် ပြီးလွမ်းတိုင်း  ကျွန်မ  အဖေကို တွေ့ ခွင့် ရမယ့် မျှော်လင့်ချက် ..........။                   
         ကျွန်မ ရှစ်တန်း ကျောင်းသူ  ...........  သင်္ချာ ဟာ  နဲ့ ကျွန်မ ဟာ
မဟာမိတ်ဖြစ်ခဲ့ ရတိုင်း ............  ကျက်စာ တွေ သမိုင်းနဲ့ ပထ၀ီတွေ ကို မမြင်ချင်ရောင်ဆောင်ခဲ့ လို့ (အမှတ်ကောင်းကောင်း နဲ့ အောင်တိုင်းဆုချတတ်တဲ့
အဘိုးကို သတိပြေးရတာနဲ့ ) ခေါင်းကို တဗျင်းဗျင်းကုတ်လိုက် စာတွေ ကို အော်ကျက်ခဲ့ ရတိုင်း  ကျွန်မ စက်ဘီးတစင်း ကို ပုံဖော် ပြီးလိုချင်တိုင်း စက်င်္ဘီး စီးခွင့် ရမယ့် မျှော်လင့်ချက်.......................................။
   အခုတော့လဲ မျှော်လင့်ချက် တခု ၀င်လာပြီကိုး။ နေ့ တိုင်းစားလဲ ဒီစိတ်  အဲဒီစိတ်၊ အိပ်လဲအဲဒီစိတ်၊ နောက်ဆုံး  အိမ်မက်ထဲတောင် အဖေရယ် ကျွန်မ ရယ်  စာအတူတူ အော်ကျက် ခဲ့ တယ်တဲ့ .............။   
  ဒီလိုနဲ့ စာမေးပွဲလဲ ပြီးရော  စက်ဘီး ပေါ် တက်ခွင့်နဲ့   ...........အဖေ က  စက်ဘီးစီးသင် ပေး မယ် ဆို တဲ့ မျှော်လင့်ချက်..........။  (မရခင် က CRAZY)ဖြစ်ခဲ့ ၇ပေမယ့် ............................။  
  ဒါပေမယ့်   စက်ဘီးသော်လည်းကောင်း .......... အဖေ သော်လည်းကောင်း..
အဲဒီမျှော်လင့် ချက် ပြည့်စုံ ပြီးနောက်ပိုင်းမှာ........   တော့ ....။
                         သူနဲ့ တွေ့ လိုက်တိုင်း အရာရာ က  သေးသေးလေးတွေတွေဖြစ်ဖြစ်နေတဲ့ အထိ  မယုံနိုင်စရာတွေ  အချစ်ကို စတွေ့ ရခဲ့ ရတဲ့ မျှော်လင့်ချက်..................  ။      
  သူ နဲ့ စတွေ့ တာ မဆန်းပေမယ့်လဲ ရိုးလဲမရိုးပါဘူး။  သူနဲ့ အနေနီးခဲ့ ရတာ ကျွန်မ တစ်ယောက်တည်းမဟုတ်လား(ကျွန်မ အထင်ပြောရတာပါ) ဒါပေမယ့်နီးလျက်နဲ့ ဝေးခဲ့ ရတာကိုတော့နောက်မှ သိလိုက်ရတယ်။    
          သူ ရဲ့  အသံ ၊ စိတ်မရှည်တတ်တဲ့  သူ ပုံစံ ..........  ဒါတွေ ကျွ့န်မ ကို နှစ်သက်စေတဲ့ ကာရန် တခု.။  အတွယ်တာ နဲ့   အချစ်တွေ က ကျွန်မ တွက်မျော်လင့်ခြင်း ပါရမီဖြည့် ခွင့်ရမယ့် လို့ ထင်ခဲ့ တာ ( အဲဒါကျွန်မအမှား)
  အဲဒီနေ့ က ကျွန်မ ဝေဒနာ ကို ဖုန်းထဲ ကနေ တစ်ဆင့် သူ့ ကို ပြောပြလိုက်တယ်
နား နဲ့ မနာ နှလုံး သားနဲ့ နာပါတော့လို့ ........... 
              ယုံပါ ကျွန်မ  ရှင့်ကို ချစ်ခဲ့ တယ်   ဒါပေမယ့် ........... 
ဗြုန်းဆို ဖုန်းချသွားတဲ့    နောက်  အရာရာ ပြီးဆုံး ခဲ့ ပြီ။     
                       '' လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ  ''   တဲ့  ကဲ ။   
        အဲဒီနေ့ က စပြီး သူနဲ့ စကားမပြောဖြစ်တော့ဘူး ။ လုံးဝမပြောဖြစ်ခဲ့ ရင်ကောင်းမှာ ..............အခုတော့ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ..........
သူမ က ယဉ်ယဉ်ကျေးကျေး ပြောတာ ပါ ပဲ ဒါပေမယ့် ကျွန်မ နှလုံး သား နံရံတိုင်းမှား အဲဒီ အသံတွေ ပဲ့ တင် ထပ်ထပ်နဲ့  ရင်ခုန်သံတွေ ချော်လဲခဲ့ ရပြီ.။ 
တမြေ့ မြေ့  ဆွေးမြေ့   ပြီး ကျွန်မ မျော်လင်ချက်  သွေးပျက်ခဲ့ ရပြီ..။ 
  အဆိုးဝါးဆုံး  ရိုက်ချက် တခု က '' လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ တဲ့  '' 
                နောက်ထပ်ဆက်ပြီး သူ ကိုဘာမှမပြောဖြစ်ခဲ့ တော့ပါဘူး .......။
သူနဲ့ လဲမတွေ့ တော့ပါဘူး .........။   ကျွန်မ နှလုံး သားကတော့ သူ့ ရင်ခွင့်  ကို
မခိုလုံ နိုင်ခဲ့ ပေမယ့် သူ့ ကို တော့ ထာဝရ မျော်လင့်နေတုန်းပါပဲ။   
 '' မျော်လင်းခြင်းဆိုသည်မှာ  လမ်းလျှောက်နေသည့် အိမ်မက်ဖြစ်သည်''  
                ကျွန်မ အဲဒီအဆို ကို ခါးခါးသီးသီး   လက်ခံ လိုက်ပါပြီ။
Read article   Add Comment
အခု စကားပြောနေတာ ဘယ်သူလဲ ကျေးဇူးပြုရ်ျ နာမည်ပြောပါ
Posted on 11/20/2009 by nyeinmahaw08
လမင်း ရဲ့   နူးညံမူ့ အောက်မှာ 
နှလုံးသား ခုန်နူန်း မြန်လာတယ်
အခုစကားပြောနေတာ ဘယ်သူ လဲ
ကျေးဇူးပြုပြီး နာမည်ပြောပါ။  
 အနာမကျက်သေးတဲ့  ငါ့ နှလုံးသား စိုက်ခင်း မှာ
အချစ်ကို   ထွန်ယက်စိုက်ပျိုး 
အလွမ်း  မိုး တွေ ကြောင့် 
ဝေဒနာ ထွက်နူန်း တိုး ချိန် 
အခု စကားပြောနေတာ ဘယ်သူလဲ
ကျေးဇူးပြုပြီး နာမည်ပြောပါ။ 
ဒီအချိန်
 အာသီသ ဆိုတာမရှိဘူး
အရာရာ  တင်းတိမ်ရောင့်ရဲ မူ့ အောက်မှာ
ယိုင်လဲ   
အေးစက်စက် နှင်းဖွေးဖွေး   ဆောင်တွင်း ကြီးအောက်မှာ
နားထဲစိမ့် ဝင်သွားတယ် 
အခု စကားပြောနေတာဘယ်သူ လဲ 
ကျေးဇူးပြုပြီး နာမည် ပြောပါ။
Read article   Add Comment
ကျွန်မကိုပျော်ရွှင်စေသောအရာများ
Posted on 11/12/2009 by nyeinmahaw08
ဒီပို့ စ်လေး ဟာ မမနန်းမ၀ ရဲ့  ဖိတ်ခေါ်ချက် လေးပဲ
ဖြစ်ပါတယ် ........ အဲဒီ အတွက် ချစ်ခင်ရတဲ့  
 မမနန်းမ၀ တွက်  ပျော်ရွင်ပါစေ လို့  ဒီပိုစ်လေးနဲ့ အတူ
နူတ်ဆက်လိုက်ပါတယ် ......  မမပျော်ပါစေ ......
   ကျွန်မရဲ့  ၀ါသနာ သည် သူတစ်ပါးကိုပျော်ရွင်စေ ချင်သော  ၀ါသနာ ပင်ဖြစ်ပါ
သည် ကျွန်မ ငယ်စဉ်က စလို့ ကြီး တဲ့  အထိသူများ ရဲ့ လိုအင်ကို ဖြည့်ရတာ ကိုဝါသနာ
ပါသည်။  ကျွန်မ သူငယ်ချင်းတစ်ယောက်က ကျွန်မ ၀တ်ထားသည်အကျီကိုလိုချင်
လိုက်တယ်ဟယ် တဲ့ ငါလဲ ပိုက်ဆံရှိရင်ဝယ်မယ် ဆိုပြီး ထပ်တလဲလဲပြောခဲ့ တာ
ကို့ကျွန်မ ငေးကြည့်ပြီး ချက်ချင်း ချွတ်ပေးခဲ့ ဖူးပါတယ် လက်ဆောင်ဆိုပြီး 
ထို သူငယ်ချင်း က ကျွန်မ ရဲ့ အပေါ်ဝတ်အကျီလေးကိုဝတ်ပြီးပျော်ရွင် စွာ ပြန်သွား
တာကို ကြည့်ပြီး ကျွန်မ ကြည်နူး ခဲ့ ရသည် ။ ကျွန်မ ၀ါသနာ သည်သူတပါးကို
ပျော်ရွင်အောင်လုပ်ပေးချင်သောဝါသနာ လိုအင်ဆန္ဒတွေ ကိုဖြည့်ဆည်းပေးချင်
သောဝါသနာပင် ဖြစ်ပါသည် ။ ဒီစိတ်ဓာတ် ကြောင့်ကျွန်မ အမြဲပျော်ရွင်ရပါသည်။
မိဘနှစ်ပါး(Parsents)
                        ထူးခြားတဲ့  အရည်သွေးတွေနဲ့ စိတ်ကူးစိတ်သန်းကောင်းများ
ကွန်မြူး တဲ့ သူများဖြစ်ကြတဲ့ ကျွန်မ မိဘနှစ်ပါး  တွေ ပဲဖြစ်ပါသည်။ နာမည်ကြီး
စာရေးဆရာ တစ်ယောက်ကို မိတ်ဆက်စာ ခိုးရေးတဲ့  သူဌေးသမီး လေး
တစ်ယောက်ရဲ့ စာတစ်စောင်ဟာ ငြိမ်းမဟော်ဆို တဲ့  လူသားတစ်ယောက် လူလော
ကကို အလည်လာဖို့ တွက် ဖိတ်ခေါ်စာ လေးတစ်စောင်ဆိုမှားမယ်မထင်ပါဘူး....။
လူလောက ကိုရောက်ချိန်မှာ သားရူး ရူးနေတဲ့  မေမေရဲ့ စိတ်ထိခိုက်မူဟာ ကျွန်မ
တွက်မိခင်နို့ ကိုသဘာဝကျကျ သောက်ခွင့်မရခဲ့ သလို ဖခင်ရဲ့ အကြင်နာရင်ခွင်မှာ
နို့ ဗူး နဲ့ ကြီးပြင်းခဲ့ ရတဲ့ အတွက်ကြောင့် အမေထက်အဖေကို ပိုချစ်ခဲ့ ရတဲ့ အတွက်
ပျော်ရွင်ခဲ့ ရပါတယ်...........................။  အများတကာလို ကလေး တစ်ယောက်
ရဲ့  ပြည်စုံခြင်း ဆိုတာ ကစားစရာအထူး အဆန်း အရုပ်များ ဆိုပါက  ... ကျွန်မ ရဲ့ 
ကစားစာရာ ပစ္စည်း များကတော့  အဖေရဲ့ ကလောင်တံနဲ့   အဖေနဲ့ အမေရဲ့ 
စည်းစိမ်အစစ်ဖြစ်တဲ့  စာအုပ်ပုံပေါ်မှာ  စည်းစိမ်ခံစားဆော့ကစား ခဲ့ ရခြင်းကြောင့်
စာပေးတန်ဖိုး ကိုငယ်စဉ် အခါမှ စလို့ သိခဲ့ ရလို့  အဖေနဲ့အမေ ကို ကျေးဇူးတင်
ဂုဏ်ယူပျော်ရွင်မိရပါတယ် ။
ဘာသာရေး(Religion)
               ကျွန်မ ဟာ အရွယ်ရောက်လာလို့ သိတတ်ခါစကအစ  လမ်းစုံလမ်းခွ
ရောက်နေတဲ့ သူတစ်ယောက်လို ဘာသာရေးလမ်းဆုံ လမ်းခွမှာရောက်ခဲ့ ဖူးပါတယ်
အဖေတူသမီး ပီပီ  ခရစ်တော်မှာလဲနှစ်ခြင်းခံဖူး ပါတယ်။ ဒါပေမယ့်ဖေဖေ ဆုံးပါပြီး
နောက် ဘိုးဘိုး (မေမေ ရဲ့ အဖေ) ရဲ့   အဆုံးအမအောက်မှာဆက်လက်ကြီးပြင်းခွင့်
ရတဲ့ အခါ ဗုဒ္ဓဘာသာကို လေ့လာသိရှိခဲ့ ရာကအစ  ဗုဒ္ဓနဲ့ ကာလာမသားတို့ 
ရဲ့ အမေးအဖြေကို ဖတ်ကြည်ဆင်ခြင်ပြီးတဲ့ နောက်မှာ ဗုဒ္ဓဘာသာ ရဲ့ 
အနှစ်သာရ ကို စတင်သိရှိခဲ့ ရတဲ့ အတွက်ပျော်ရွင်ကြည်နူးမိပါတယ်။ 
အမြင်မှန်ရ မှ ဘ၀ချမ်းသာ ရ တဲ့ အတွက် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ဆည်း
ကပ် ရတာ ပျော်ရွင်ကြည်းနူးမိပါတယ်။
အလုပ်(Job)
            အလုပ်ဆိုတာ လူတစ်ယောက်ရဲ့  အရည်အသွေး ပဲဖြစ်ပါတယ်........ 
 ကျွန်မ ရဲ့ အလုပ်  ကို   ၀ါသနာနဲ့  အသက်မွေးဝမ်းကျောင်း တထပ်တည်း ကျရန်
တွက်  ကျွန်မ လေ့လာသင်ယူကြိုးစား  နေဆဲ ဖြစ်တဲ့ အတွက် အတိုင်းမသိပျော်ရွင်
ကြည်နူးမိပါတယ်.........။  
အောင်မြင်မှု့ (Success) 
             လောက မှာ့ ကျွန်မ မေမေ  ၀မ်းဗိုက် အတွင်းမှ တွန်းထိုးထွက်ဖောက်လာနိုင်တဲ့  အခါ ကျွန်မရဲ့ အောင်မြင်မူဟစ်ကြွေးလိုက်တဲ့ အူဝဲ
ဆိုတဲ့ အသံက အစ ကျွန်မ နှစ်သက်စွာ ပြန်လည်တွေးတော ဂုဏ်ယူဝမ်းမြောက်
တတ်ပါတယ်။  အောင်မြင်မှု ဆိုတာ  ကို ကျွန်မ အမြဲ့ ကျွန်မရဲ့ မှတ်ဥာဏ် ထဲ မှာ
သောလည်းကောင်း photo ထဲမှာ သောလည်းကောင်း  မှတ်တမ်းတင်ထားပါတယ်။            ကျွန်မနဲ့ ကျရူးံခြင်းတို့ မတော်တဆ တခါတရံ
သူငယ်ချင်းဖြစ်ရတဲ့ အခါတိုင်း အရင်က ရခဲ့ ဖူးတဲ့  အောင်မြင်မှု  မှတ်တမ်းများကို
ကျွန်မ ပြန်လည် ကြည့်ရူ့  တွေးတောအားယူတတ်ပါတယ် ။  အောင်မြင်မှု က အမြဲတမ်း  ကျွန်မရဲ့နောက်မှာ သော်လည်းကောင်း ၊  ရှေ့မှာသော်လည်းကောင်း
ဘေးမှာသော်လည်းကောင်း  အဆင်သင့်ရှိပေးနေတတ်သူပါ။ အဲဒီအဆင်သင့်ရှိနေ
ပေးတတ်တဲ့ အောင်မြင်မှု့ အတွက် ကျွန်မ ပျော်ရွင်မိပါတယ်။
ဥာဏ်ပညာ(Intellenge)
          မဟော်သဓာ ကို ရှေး ခောတ်  ဂျီးနီယပ်(စ်)  ဆိုပါက  ကျွန်မ ဟာ  ငယ်စဉ် အခါမှာ မဟော်သဓာလိုမတော်ပေမယ့် ဖြတ်ထိုးဥာဏ် ကောင်းသော
ကြောင့်   ငြိမ်းမဟော်ဖြစ်ခဲ့ ရပါတယ်။   ကျွန်မ ရဲ့ လူတွေ ကို  ပျော်ရွင်စေတဲ့ 
ဟာသဥာဏ်ရည်  နဲ့ ပြသာနာတွေကို ပြေလည်အောင်ခပ်မြန်မြန်ဖြေရှင်း
ပေးနိုင်တဲ့ ဖြတ်ထိုးဥာဏ် တွေ ကြောင့်ကျွန်မ ဟာ ကျွန်မရဲ့  ပတ်ဝန်းကျင်မှာ
အားလုံးအတွက် အေးချမ်းခြင်းကိုပေးစေသူဖြစ်တဲ့ အတွက် ပျော်ရွင် မိခဲ့ ရပါတယ်။
ကျွန်မ ရရှိထားတဲ့  ပညာအရည်အချင်းများနဲ့ အသိမှတ်ပြု လက်မှတ်များ အားလုံး
ကကျွန်မရဲ့   ကိုယ်ပိုင်အတွေးအခေါ်ဥာဏ်ပညာ လောက် တန်းဖိုးမရှိ လို့ အမြဲ
ယူဆ  ခဲ့ ပါတယ် အဲဒီတွက်   ကျွန်မရဲ့ ဥာဏ်ပညာ ဟာ စာရွက်ပေါ်မှာ သူများ
ဂုဏ်ယူပျော်ရွင်မိပါတယ်။
ဆွဲဆောင်မှု့ ( Attraction)
ဟာ  ရုပ်ရည်၊ ပြင်ပပြင်ဆင်မူထက် ကျွန်မ ရဲ့  စိတ်ဓာတ်ကို အဓိကထားပါတယ်။ 
ကျွန်မဟာ မိန်းကလေး တစ်ယောက် ဖြစ်တဲ့ အတွက်အလှ ကြိုက်သော အလှမက်
သောမိန်းကလေး ပင်ဖြစ်သော်လည်း ကျွန်မဆွဲ ဆောင်မူ့ တွက် ကျွန်မ စိတ်ဓာတ်
ကို သာ  အလေးထား ပြင်ဆင်ပါတယ်  အဲဒီ ပြင်ဆင်ထားတဲ့ ဖြူစင်လှပတဲ့
ကျွန်မ စိတ်ဓာတ်အတွက် ကျွန်မ ပျော်ရွင်မိပါတယ်။
ကျွန်မရဲ့ ဖက်ရှင်နဲ့ ကျွန်မ စတိုင်လ်ထက်ကျွန်မ ရဲ့  ဖြူစင်တဲ့ စိတ်ဓာတ် ကို ပိုမိုချီးကျူးသောအခါ   ကျွန်မ ပျော်ရွင်ရပါတယ်။
 အင်တာနက်(Internet) 
            အင်တာနက်ဆိုတာ ကျွန်မရဲ့ ချစ်သူ တစ်ယောက် ဆိုလဲ မမှားပါဘူး
သူက တကယ် မိတ်ဆွေကောင်းချစ်သူကောင်းပေါ့ ..............   သူသိသလောက်ကျွန်မသိရတယ်  သူသိတာတတ်တာ အကုန်ပြောပြတယ် ကျွန်မ သိချင်  တဲ့ အရာမှန်သမျှ  သူဆီမှာ ရှိသလောက်သူပြန်ပေးတယ် အကုန်ဆရာစားမချန်  ကျွန်မ သိခွင့် ရတဲ့ အတွက် စိတ်မပုတ်တဲ့ ချစ်သူ ကို ချစ်ရတဲ့ အတွက် ကျွန်မပျော်ရွင်မိပါတယ်..............  မေမေနဲ့ ကျွန်မ ကိုကမ္ဘာမခြားအောင်လဲ ကူညီပေးနိုင်သလိုသူငယ်ချင်းများနဲ့ လဲ မဝေးအောင်သူကူညီပေးနိုင်လို့ ကျွန်မ သူကို ချစ်ရတာပျော်ရွင်မိပါတယ်.........
ကျွန်မရဲ့ အတွေးခေါ် နဲ့ ခပ်ညံညံစာသားတွေ ကိုလဲ သူ က မလှောင်ပြောင်ပဲ
လေးလေးစား စား နဲ့ လဲဖော်ပြပေးနိုင်တယ်အဲဒီအတွက်  ကျွန်မ ပျော်ရွင်မိပါတယ်။
ငွေ(Money) 
      ငွေ ဆို တာ  လူတွေဖန်ဆင်းထားတဲ့ အရာ   လူတွေသတ်မှတ်ထားတဲ့ တန်ဖိုး  အဲဒီသတ်မှတ်ချက်တွေ  မရှိရင်  ငွေဆိုတာ စက္ကူ သတ်သတ်ပါ။ 
ပထ္ထမြားဆိုတာ  သူ သဘာဝတိုင်း မြေကြီး ထဲမှာ ရှိနေရင် ဘာတန်ဖိုးမှမရှိပါ။ 
 ကျွန်မ တွက်တော့  အတိုင်းတာတခု ထိပျော်ရွင်မူပေးနိုင်တဲ့ ငွေ ပြည့်စုံ တဲ့ အခါ
တိုင်းပျော်ရွင်မိပေမယ့်      ငွေ  ကို ကျွန်မတွက် ကျေးကျွန် အဖြစ် သာထား
ပြီး  ကျွန်မ တွက် ငွေသည် ဘယ်တော့မှ အရှင်သခင် မဖြစ် အောင်ကြိုးစား ရတဲ့ 
အခါတိုင်း ပျော်ရွင်မိပါတယ်။
အချစ်(love) 
         ချစ်ရဲ တဲ့ အခါ အချစ်မူးမူးရသလို တပ်မက်မူသာဦးတည်ရာရှိသလို ရင်ခုန်
လှိုက်မောခြင်း ကနှလုံးသားကို နှိပ်စက်လို့  ပူလောင် နာကျင်ခြင်းနဲ့  မိန်းမော ကြည်နူးရတဲ့   နာကြင်မူ့   အစွန်းတရားနှစ်ခု ပါ။   သိမ်းဆည်းထားတဲ့ အရှက်ကို
အချစ်က  မမြင်ချင်ဆောင်သွားတတ်သလို မိန်းမတစ်ယောက်ရဲ့ မာနကိုလဲအချစ်က
ခ၀ါချသွားစေနိုင်ပါတယ်။ဓားသွားထက်က ပျားရည် ကပိုချို ခဲ့ သလို အချစ်ကို ပွေ့   `ဖက်နေခြင်းသည် နာကျင်စွာခံစား ရစေကာ ချိုမြိုန်သောအရသာရှိသည်လို့ 
ကျွန်မ ၀န်ခံချင်ပါတယ်။  ကျွန်မ သည် မချစ်ဖူးသေးတော့အချစ်ရူးလေးလဲဖြစ်ခဲ့ ဖူး
ပါပြီ ။  ဒါကြောင့်  အခုချိန်မှာ  မချစ်တတ်မမုန်းတတ် အောင်ကြိုးစား နေထိုင် သွား
တတ်လို့ လဲ ကျွန်မ  ပျော်ရွင်မိပါတယ်။ 
သူငယ်ချင်းများ(Friends)
          မိတ်ဆွေသူငယ်ချင်းများ ဆိုတာ ကျွန်မ ဘ၀တွက်တော့ ဘ၀အမောပြေ
အားဆေးများသာဖြစ်ပါတယ်။  ကျွန်မ ညီမနှစ်ယောက် သည့် ကျွန်မ ရဲ့ အဓိက
သူငယ်ချင်း များဖြစ်ခဲ့ ရတယ်။ ကျွန်မ ဘ၀တွက် သူငယ်ချင်း ဆိုတဲ့  အပေါင်းသင်းတွေ
နဲ့ ပျော်ပါး ချိန်ဆိုတာ  ထက်ညီမ နှစ်ယောက် ရဲ့  နေထိုင်စားသောက်ရေး က အစ
ဝတ်စားဆင် တဲ့ အဆုံး  အချစ်ရေး ကအစ  အစစအရာရာအချိန်ကုန် ခဲ့ ရသော
ကြောင့်  အခုချိန်မှာအရင်နှီး ဆုံး သူငယ်ချင်းကို လက်ညိုး ထိုး ပြ ပါဆို ပါက 
သူ့ တို့ နှစ်ယောက်ကို သာ ခပ်မြန်မြန်လက်ညိုး ထိုး ရမည် သာ။  
 ယခု အချိန်တွင်ကျွန်မ ရဲ့  ကိုယ်ပိုင်ပျော်ရွင်မူတွေကိုပေးတဲ့  ဒီဘလော့   ကမ္ဘာလေးမှာ..............................................
       ခင်ရ တဲ့ သူငယ်ချင်းညီမများ၊ အကို။မောင်များနဲ့ အတူ စာတွေ ရေးသားဖလှယ်အပြန်လှန် ဝေဖန်အကြံပေးပျော်ရွင်အားပေးနေရတဲ့ ဘ၀ က ဒုတိယ ဘ၀ ဖြစ်တဲ့ အတွက်  ပျော်ရွင်မိပါတယ် အတိုင်းမသိပျော်ရွင် ရတဲ့ အတွက်  ဒီဘလော့ခ် လေးနဲ့  အားလုံးကို ပျော်ရွင်စေချင်ပါတယ်  ထို့ အထူ ဒီပိုစ်လေး နဲ့ မမနန်းမ၀ အားပျော်ရွင်ပါ စေ လို ဆုတောင်းရင်း     
                                                          ငြိမ်းမဟော်..
Read article   Add Comment
စိတ်ရင်းကောင်း ဆိုတာ
Posted on 11/11/2009 by nyeinmahaw08
တနေကုန်ထိုင်ပြီး တစိမ့် စိမ့် ကြည့် ..............တဲ့ 
သီချင်း လေး က  ...........  နဖူး လေးက အစ ခြေဖျားလေး
 ထိ ချစ်တယ်တယ်တဲ့  ...........  ဒီသီချင်းလေး က  ကျွန်မ ကို ပြုံးမိစေပါတယ် ........ဘာလို့  လဲ
ဆိုတော့ တခုခု ဆို  ဖလော် သမားမလို့ လားမသိဘူး
တစိမ့် စိမ့် တွေးမိတာပါ ပဲ................
  ကျွန်မတွေးမိတာ ကတော့  စိတ်ရင်းကောင်း ဆိုတာပါပဲ ........ ကျွန်မ တို့  ဟာ  အဲဒီသီချင်းလေးအတိုင်း ကိုယ့် စိတ်ကို ကိုယ်  တနေ ကုန် ထိုင်ပြီး တစိမ့် စိမ့် ကြည့်ဖူးပါသလား............ 
 အရာ ရာ ကိုမြင်နိုင်ရတဲ့ ကျွန်မတို့ ရဲ့  မျက်စိတစုံ က
အနီးဆုံး ဖြစ်တဲ့  မျက်ချေး ကို ပြန်မမြင် ရသလို  အရာရာ ကို သိပါတယ် ဆိုတဲ့  စိတ်က အနီးဆုံးဖြစ်တဲ့ 
နီဝရဏ  ကို မသိပါ။  
  နီဝရဏ ဆို တာ ဘာလဲ  သိပါသလား  ......
နီဝရဏ ဆို က တော့    တပ်မက်ခြင်း ၊ အမျက်ထွက်ခြင်း၊   ပျင်းရိခြင်း၊ စိတ်ပျံလွင့်ခြင်း၊
မသိခြင်း ၊ ယုံမှား ခြင်း တွေ ကို ခေါ်တာပါ။ 
 ကန်ရေပြင် ဆို တာ ပကတိ  အားဖြင့် တည်ငြိမ်ကြည်လင်အေးမြခြင်းရှိသလို ကျွန်မတို့ ရဲ့ 
စိတ်တွေ ကလဲ  ကန်ရေပြင်အတိုင်းပါ  ပကတိ အားဖြင့်
တည်ငြိမ်ကြည်လင်အေးမြခြင်း ရှိ ပါတယ်။ ကန်ရေပြင်
ကို ခဲ တလုံးပစ်ချကြည့်တဲ့ အခါ နောက်ကျူ လှုတ်ခတ်သွားပါတယ် ။အဲဒီ သဘော တရားအတိုင်းထင်ပါတယ်  ကြည်လင် တည်ငြိမ်နေတဲ့
စိတ်ကို နီဝရဏ က နောက်ကျူ လှုတ်ခတ် စေပါတယ်။
 မီးကြောင့်ရေ ဟာ ဆူပွက်ရသလို  ဒေါသကြောင့် လူ
ဟာ ဆူပွက်ရ ပါတယ်။။။  ရေ ဆိုတာ ပကတိအားဖြင့်
မြင့် ရာမှ နိမ့် ရာ သို့ စီးဆင်းရသကဲ့  စိတ်က လဲ 
တည်ငြိမ် ရာမှ  လှုတ်ခတ် ရာကို သူ့ အလိုလို စီးဆင်းသွား
တတ်ပါတယ်။ 
 ရေမှာ ပျော်ရွင်နေတဲ့ ရေသတ္တ၀ါ ကိုကုန်းပေါ် သို့ပစ်တင်
ပါက   ဆွေ့ ဆွေ့ ခုန် ခံစားရခက်သလို  ကာမဂုဏ်
မှာပျော်မွေ့ နေတဲ့  စိတ်ကို လဲ  တရားဘာဝနာပေါ်သို့ 
ပစ်တင်ကြည့်ပါက ဆွေ့ ဆွေ့ ခု န်ခံစားရခက်ပါတယ်။  
  မျက်စိနဲ့ ဘယ်လိုမှ မမြင်နိုင်တဲ့  ကျွန်မ တို့ ရဲ့ စိတ်
 အစဉ် ကို ပြန်ကြည့် ချင် ကြည့်နိုင်တဲ့ နည်း တခု ပဲ
ရှိပါတယ် ။  ဥာဏ်ပညာ နဲ့ ကြည့် နိုင်ပါတယ် ။
 စိတ် သည်အာရုံတခု မှာအမြဲ မရှိပါဘူး  ပြေးလွား ပေါ့
ပါး  ရောက်ချင်ရာရောက်နေတတ်ပါတယ် ။
ပူပန်လိုက် ၊ ကြောင့်ကြလိုက်၊တောင့်တလိုက်၊
လိုချင်လိုက်၊ ၀မ်းနည်းလိုက်၊ ၀မ်းသာလိုက်၊ ချစ်လိုက်၊
မုန်းလိုက်၊  ငြူစူ လိုက်၊ ၀န်တို လိုက်၊  လွမ်းလိုက်၊
ကြွားလိုက်၊ မဲ့ ရွဲ့ လိုက်ရူတ်ချလိုက်၊ အထင်ကြီးလိုက်၊
အထင်သေးလိုက်၊ နောင်တရလိုက်၊ ထိုင်းမှိုင်းလိုက်၊ ပျင်းရိလိုက်၊ ယုံမှားလိုက်၊ .ယုံကြည်လိုက်၊ သတိရလိုက်၊ ရှက်လိုက်၊ကြောက်လိုက်၊ ငြီးငွေ့ လိုက်၊
သိမ်မွေ့ လိုက်၊မိုက်ရိုင်းလိုက်၊ ယဉ်ကျေးလိုက်၊သိမြင်လိုက်၊  သနားလိုက်၊ နှစ်သက်လိုက်၊ ဥပေက္ခာပြုလိုက်နဲ့    စိတ်သည်အစဉ်
သည်အမြဲ ထိန်းသိမ်း ရတာခက်ခဲ ပါတယ် ၊ ပညာနဲ့ 
ကြည့်ပြီး ပညာနဲ့ ပဲ ထိန်း သိမ်းဆုံးမ နေရမယ်ဖြစ်ပါတယ်။  
 ကျွန်မ တို့ ဟာ မဖြစ်သေးတဲ့ အကုသိုလ် ကို မဖြစ်အောင်   ဖြစ်ပြီးသွားတဲ့ အကုသိုလ်ကို ပပျောက်အောင်  မဖြစ်သေးတဲ့  ကုသိုလ်ကိုလဲဖြစ်အောင်
ဖြစ်ပြီးသွားတဲ့ကုသိုလ်ကိုလဲပွားများနိုင်ရအောင်
မိမိစိတ်ကိုမိမိ ထိန်းသိမ်းနိုင်ဖို့  အားထုတ်သင့်ပါတယ်။
ထိန်းသိမ်းထားတဲ့  စိတ် သည် ကန်ရေပြင် ကဲ့သို့ 
ပကတိတည်ငြိမ်နေပါလိမ့်......... ယုံမှားကင်းပြီးမမေ့
လျှော့ ပေါ့ဆမူမရှိသတိရှိသော စိတ်သည် 
 သေခြင်း နာခြင်း အိုခြင်း ကိုလဲ သိနိုင်သလို   .......
စိတ်ရင်းကောင်း ဆိုတာ ကိုနားလည်ပြီး  စိတ်ရင်းကောင်းကို မွေးမြူ ထား သော ပညာရှိ
သူတော်ကောင်းများ ဖြစ်ပါစေလို့ ဆုတောင်းရင်း ........ 
Read article   Add Comment
Photos
Tags
Latest comments
အခု စကားပြောနေတာ ဘယ်သူလဲ ကျေးဇူးပြုရ်ျ နာမည်ပြောပါ
ဟင် ဘာတွေလဲမသိ ကိုယ်တို့လဲ နားမလည်တော့ဘူး။
ကျပျောက်လို ပြန်ကောက်တွေ့ ရတဲ့ အခါ
မမရေမတွေ.တာကြာပြီနော်.။။ ဟုတ်တယ်မမ.။။လူတိုင်းလူတိုင်းကိုယ်တန်ဖိုးထားတဲ.အရာပျောက်ဆုံးသွားလို.ပြန်၇ှာတွေ.ရင် စစ်မှန်တဲ.ခံစားမှ…
မာန
ယောက်ျားလေးတွေရဲ့ နှုတ်ကပြောတဲ့စကားတွေက   တကယ်ရင်ထဲကပြောတာလား နှလုံးသားထဲက ပြောတာလား   ပါးစပ်ဖျားက ပြောတာလ…
မာန
ဟုတ်တယ်........ဒီလိုပညာပေးလေးတွေ များများရေးပေးပါနော်...။ ကျေးဇူးတင်ပါတယ်...         …
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.