မိန်းကလေးများ လက်မတွဲအပ်သောယောင်္ကျား...........

Geschrieben am 02.03.2010 von violent528
Stimmung: . Musik: ပြော.
Tags:မိန်းကလေးများ လက်မတွဲအပ်သောယောင်္ကျား

ဒီလိုယောင်္ကျားမျိုးတွေက ချစ်ဖို့ မတန်တဲ့သူတွေပါ....

တသက်လုံးစိတ်ဆင်းရဲရမှာနဲ့ စာရင် တလလောက်အသဲကွဲပစ်လိုက်တာ လဲရတာတန်ပါတယ်.................

  1. လက်ပါတတ်သောသူ (ရန်ဖြစ်တာနဲ့ လူရှေ့မရှောင် သူရှေ့မရှောင် လက်သံပြောင်တတ်တဲ့သူတွေလေ...နောက်မလုပ်တော့ပါဘူး လို့  သူကတောင်ပန်းတော့ ချစ်လက်စနဲ့ ကြေးအေး..အော်..သူနောက်လုပ်မှာ မဟုတ်ပါဘူးလေ..လို့ ...ဖူးယောင်နေဆဲ မျက်နှာသေလေးနဲ့ တွေးတောမနေပါနဲ့ ..ဗီဇက ဖျောက်ဖို့ ခက်ပါတယ်)
  2. ကိုယ့်မိဘ၊ သူငယ်ချင်း၊ အသိုင်းအဝိုင်းကို အလေးမထား၊ မလေးစားသူ (တသက်လုံး မျက်နှာငယ်ရ၊ အပြောအဆိုခံရမှာပါ၊ တခြိမ်းခြိမ်း စကားနိုင်လုပွဲတွေ လဲဆက်နေမှာပါ...)
  3. အလုပ်လက်ကြောမတင်းသူ (တလောကလုံး အလုပ်တွေက သူနဲ့ ပဲ မတန်သလိုလို.....အလုပ်လုပ်ရန် နေရွှေ့ ညရွှေ့  ဖင်တပြန် ခေါင်းတပြန် အပျင်းကြောထူနေတတ်တဲ့သူပေါ့...မစဉ်းစားနဲ့ .... တဘဝစာ ရှာဖွေရမှာ တယောက်တည်း ပင်းပန်းလှပါတယ် )
  4. အခက်အခဲဖြစ်တိုင်း ခေါင်းရှောင်တတ်သူ (အကြံတုံး ဥာဏ်တုံး...... အစွမ်းအစတုံး ငနဲတွေပါ...မိန်းကလေးကပဲ ဦးဆောင်နေရတာပေါ့ ကိုယ်ပိုင်အရည်အချင်းမရှိသူမျိုး ကို မချစ်ပါနဲ့ )
  5. ထစ်ခနဲရှိမျက်ရည်ကျပြတတ်သူ (ယောင်္ကျားတန်မဲ့ မျက်ရည်လွယ်သူ တွေလဲရှိပါတယ်....ကိုယ့်ကြောင့်ငိုလို့ ကိုယ့်ကိုသိပ်ချစ်တာပဲလို့  ထင်ရင်တော့ ဂိုးပြီးနော်...ကိုးရီးယားကားကြည့်လဲ ငို ကုလားကားကြည့်လဲငိုဆို ဘယ်လိုလုပ်မလဲ...အပိုလုပ်သူတွေပါ...)
  6. စကားပြောသိပ်ကောင်းသူ (သူ့ မှာမိန်းကလေးတွေ ဝိုင်းနေတတ်ပါတယ်..အပြောကောင်းတာကို..ဒီလိုလူမျိုး ကရှုပ်ကိုရှုပ် ပါတယ်..မပတ်သတ်တာ စိတ်ချမ်းသာပါတယ်...သူတော်ကီမှာ မျောလို့ ကတော့နောက်ပိုင်း မျက်ရည်ခွက်ပါ မျောမယ်မှတ်)
  7. အပျော်အပါးကိုစွဲလန်းသူ (အဲလိုယောင်္ကျားမျိုးက အပေါင်းအသင်းစုံရင် အကုန်လုပ်ပါတယ်..သူမလုပ်ဖူးတာမရှိသလောက်ပါ.....ပိုက်ဆံလဲ အသုံးကြမ်းပြီး..မိန်းမရှုပ်တတ်ပါတယ်..ရှိုးပွဲတကာ...ကလပ်...ကေတီဗီ..အကုန်မှာ သူက ဘုရင်ပါပဲ)
  8. ရောဂါရှိသူ (နှလုံးရောဂါ၊ အဆုတ်ရောဂါ..ဘာညာသာရကာ....ရှိသူတွေပါ...အားမကိုးလောက်ပါဘူး...သူကိုလဲရှာကျွေးရမယ်......... ဆေးဖိုးလဲရှာရမယ်...ပြုစုရမယ်..ပျော်စရာ အချိန်မရှိပါဘူး...)
  9. မူးယစ်ဆေးဝါးစွဲနေသူ (ကြောက်ဖို့ ကောင်းတဲ့သူတွေပါ............. လူသတ်ဖို့ တောင်ဝန်မလေးပါဘူး....ဆေးကြောင် ကြောင်ခဲ့ရင် ကိုယ့်ကို ချစ်သူမှန်ဒသိချင်းမှသိတော့မှာ...လည်ပင်းညှစ်ပြီး နားကပ် ဆွဲကြိုးဖြုတ်..ပိုက်ဆံအိတ်လုသွားရုံးရောက် ဂါတ်ရောက် ကျော်မကောင်းကြားမကောင်းဖြစ်တတ်ပါတယ်)
  10. အမေ ကိုသိပ်ချစ်သူ (ဘယ်တော့မှ လင်ယောင်္ကျားကောင်း ဖြစ်မလာပါဘူး..အမေ့ စကားတစ်ခွန်းပါပဲ....ယောက္ခမက ဂုံးတိုက်တတ်တဲ့ သူဖြစ်လို့ ကတော့ သေပြီဆရာပဲ...မျက်ရည်စမ်းစမ်း နေရမှာပါ..သူအမေ နဲ့ စကားများကြည့်..အိမ်ပေါ်ကနှင်ချမယ့် သားအလိမ္မာတုံးတွေလေ.........

ကဲ...ကဲ...စဉ်းစားလို့ ရတာတွေ ပြောပြလိုက်ပါတယ်........။ မိန်းကလေးများ....သတိ...သတိ...သတိ..

 သူငယ်ချင်းတစ်ယောက်ရဲ့ မေးလ်မှကူးယူထားပါသည်..။

အားလုံးကို ထာဝရ ခင်မင်လျက်ပါ..............

                             ကျေးဇူးတင်ပါတယ်...................

                                                   VIOLENT (YUKI)

Diskussion

Auf 01.01.0001 Sagt:
violent528 Auf 10.03.2010 Sagt:
yethiha010:

အမရေလာဖတ်သွားပါတယ်၊ပျော်ရွှင်ပါစေ၊

ကျေးဇူးတင်ပါတယ်..မောင်လေး..ရဲသီဟ...ရည်မှန်းချက်များ အောင်မြင်ပါစေကွယ်....။

yethiha010 Auf 09.03.2010 Sagt:

အမရေလာဖတ်သွားပါတယ်၊ပျော်ရွှင်ပါစေ၊

heavensky1 Auf 06.03.2010 Sagt:

ယောင်္ကျားများ လက်မတွဲအပ်သော/လှည့်မကြည့်သင့်သော

မိန်းကလေးများအကြောင်းးးးးးး

...........

 

ဒီလိုမိန်မမျိုးတွေက ချစ်ဖို့ မတန်တဲ့သူတွေပါ....

တသက်လုံးစိတ်ဆင်းရဲရပြီးလုပ်ကျွေး မှာနဲ့ စာရင် တလလောက်ခဏတွဲပစ်လိုက်ပါ.................

  1. ရန်ဖြစ်တာကို လူရှေ့မရှောင် သူရှေ့မရှောင် ဖြစ်တတ်တဲ့သူတွေလေ...နောက်မလုပ်တော့ပါဘူး လို့  တောင်ပန်းတော့ ချစ်လက်စနဲ့ ကြေးအေး..အော်..သူနောက်လုပ်မှာ မဟုတ်ပါဘူးလေ..လို့ သနားပြီး တွေးတောမနေပါနဲ့ ..ဗီဇက ဖျောက်ဖို့ ခက်ပါတယ်  (ခွေးမြီးကောက်ကျည်တောက်စွတ်လေ)...
  2. ကိုယ့်မိဘ၊ သူငယ်ချင်း၊ အသိုင်းအဝိုင်းကို အလေးမထား၊ မလေးစားသူ (အသိုင်းအ၀ိုင်းကြားမှာ တသက်လုံး မျက်နှာငယ်ရ၊ အပြောအဆိုခံရမှာပါ၊ တခြိမ်းခြိမ်း စကားနိုင်လုပွဲတွေ လဲဆက်နေမှာပါ...)
  3. အလုပ်လက်ကြောမတင်းသူ (တလောကလုံး အလုပ်တွေက သူနဲ့ ပဲ မတန်သလိုလို.....အလုပ်လုပ်ရန် နေရွှေ့ ညရွှေ့  ဖင်တပြန် ခေါင်းတပြန် အပျင်းကြောထူနေတတ်တဲ့သူ မိန်းမပျင်း..တွေပေါ့...မစဉ်းစားနဲ့ .... တဘဝစာ ရှာဖွေရမှာ တယောက်တည်း ပင်းပန်းလှပါတယ် )
  4. အခက်အခဲဖြစ်တိုင်း ခေါင်းရှောင်တတ်သူ (အကြံတုံး ဥာဏ်တုံး...... အစွမ်းအစတုံး တွေပါ...ယောက်ကျား ..ကပဲ ဦးဆောင်နေရတာပေါ့ ကိုယ်ပိုင်အရည်အချင်းမရှိသူမျိုး ကို မချစ်ပါနဲ့ )
  5. ထစ်ခနဲရှိ(မာယာ) မျက်ရည်ကျပြတတ်သူ ..ကိုးရီးယားကားကြည့်လဲ ငို ကုလားကားကြည့်လဲငိုဆို ဘယ်လိုလုပ်မလဲ...အပိုလုပ်သူတွေပါ...
  6. စကားပြောအလှည့်အလိမ် သိပ်ကောင်းသူ (သူ့ မှာယောက်ကျားလေး တွေ ဝိုင်းနေတတ်ပါတယ်..အပြောကောင်းတာကို..ဒီလိုလူမျိုး ကရှုပ်ကိုရှုပ် ပါတယ်..မပတ်သတ်တာ စိတ်ချမ်းသာပါတယ်...သူတော်ကီမှာ မျောလို့ ကတော့နောက်ပိုင်း မျက်ရည်ခွက်ပါ ဒူးနဲ့မျက်ရည်သုတ်နေရမယ်မှတ်)
  7. အပျော်အပါးကိုစွဲလန်းသူ (အဲလိုမိန်းမမျိုးက အပေါင်းအသင်းစုံရင် အကုန်လုပ်ပါတယ်..သူမလုပ်ဖူးတာမရှိသလောက်ပါ.....ပိုက်ဆံလဲ အသုံးကြမ်းပြီး..ရှုပ်တတ်ပါတယ်..ရှိုးပွဲတကာ...ကလပ်...ကေတီဗီ..အကုန်မှာ သူက ဘုရင်မ ပါပဲ)
  8. ရောဂါရှိသူ (AIDS ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ..ဘာညာသာရကာ....ရှိသူတွေပါ...အားမကိုးလောက်ပါဘူး...သူကိုလဲရှာကျွေးရမယ်......... ဆေးဖိုးလဲရှာရမယ်...ပြုစုရမယ်..ပျော်စရာ အချိန်မရှိပါဘူး...)
  9. မူးယစ်ဆေးဝါးစွဲနေသူ (ကြောက်ဖို့ ကောင်းတဲ့သူတွေပါ............. လူသတ်ဖို့ တောင်ဝန်မလေးပါဘူး....ဆေးကြောင် ကြောင်ခဲ့ရင် ကိုယ့်ကို ချစ်သူမှန်းသိချင်းမှသိတော့မှာ...မိန်ကလေးဖြစ်ပြီး ရုံးရောက် ဂါတ်ရောက် ကျော်မကောင်းကြားမကောင်းဖြစ်တတ်ပါတယ်)
  10. အမေ ကိုသိပ်ချစ်သူ (ဘယ်တော့မှ လင်ယောင်္ကျားကောင်း အတွက် ဖြစ်မလာပါဘူး..အမေ့ စကားတစ်ခွန်းပါပဲ....ယောက္ခမက ဂုံးတိုက်တတ်တဲ့ သူဖြစ်လို့ ကတော့ သေပြီဆရာပဲ...မျက်ရည်စမ်းစမ်း နေရမှာပါ..သူအမေ နဲ့ စကားများကြည့်..အိမ်ပေါ်ကနှင်ချမယ့် သမီး အလိမ္မာတုံးတွေလေ.........ကဲ...ကဲ...စဉ်းစားလို့ ရတာတွေ ပြောပြလိုက်ပါတယ်.(နောက်မီးလင်းမပါသေးဘူးနော်).......။ ရင်ထုပြီးလင်လုတတ်တဲ့ မိန်းကလေးများကို....သတိ...သတိ...သတိ..

 ..............

                             ကျေးဇူးတင်ပါတယ်..................

thidange Auf 02.03.2010 Sagt:

နံပါတ် (၁၀) ကို အကြောက်ဆုံးပဲ.....

ခံစားရဖူးသူ အဲဒီအရသာအကြောင်းကောင်းကောင်းသိပါတယ်...... 

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ချစ်သူလက်ဆောင်...(ဟာသကဗျာ.)   Zurück zu Blog   ချစ်သူ နဲ့  ရည်းစားကွဲပြားပုံ… →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.