လူဘဝ နဲ့  စစ်မှန်သော အချစ် RSS Available

ွ လူဘဝ နဲ့  စစ်မှန်သော အချစ်

(ohne titel)

Geschrieben am 01.01.0001 von

Artikel lesen   Kommentar hinzufügen

ဟာသ သီချင်းလေးတွေ ဆိုကြည့်လိုက်ကြရအောင်......နော်

Geschrieben am 10.03.2010 von violent528
Stimmung: .
Tags:ဟာသ သီချင်းလေးတွေ ဆိုကြည့်လိုက်ကြရအောင်

စိုင်းဆိုင်မောင်ရဲ့ သီချင်း ခေါင်းစဉ်ကတော့မေ့နေပြီ....... ဟီးဟီး...သီချင်းမူရင်းက ဒီလို

မေရယ်..အထင်တော့မလွဲလိုက်နဲ့ ဦး....စာလွှာများ ရောက်မလာခဲ့ရင်...မောင့်အပေါ်မှာ မငြိုငြင်နဲ့ နော်... ဆိုတာ....အဲဒါကိုဖျက်ဆိုကြတာပေါ့......

မောင်ရယ် အထင်တော့မလွဲလိုက်နဲ့ ဦး...email များရောက်မလာခဲ့ရင်......မေ့အပေါ်မှာ မငြိုငြင်ပါနဲ့ နော် မေတို့ ခေတ်သမီးဘဝဟာ...ချစ်သူကို လွမ်းဖို့ ရာ       တစ်ခါတစ်လေ အချိန်တော့မပေးနိုင်ပါ................... ဈေးဆိုင်တွေ ကျော်ကာဖြတ်လို့ ..ပိုက်ဆံကုန်အောင်ဖြုန်းဖို့ .......ဆလင်းဘတ်ကို လွယ်တာ................................

ဒါတွေကို shopping mall က အသိဆုံးပါ မောင်ရယ် မေးကြည့်ပါကွယ်............ မေ့သဘောနဲ့ ပြောပြရရင် ရှိသောပိုက်ဆံ သုံးကာလေ အကုန်ဝယ်ချင်သပေါ့နော်.. ဒါပေမယ့် မုန့် ဖိုးပြတ်နေ သမီးပျိုမှာလေ....မျက်စိသာ အစာကျွေးရင်း...ဘေးမှာသာ ပတ်လျှောက်နေရရှာ.....

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Rဇာနည် ရဲ့ မုန်းပြီလား မေ့ပြီလား သီချင်းကိုဖျက်ထားတာကြားဘူးတယ်.........

မုန့် တီလား မြီးရှည်လား ကိုယ့်ကိုတစ်ပွဲလောက်ပြင် ပေးပါ.......ငရုတ်သီးများများ နံနံမထည့်ဖို့ တောင်ဆို ချင်တာ................

ဟိုတစ်ခါ အကြွေးတောင်းတုန်းက မင်းရဲ့မျက်နှာ

ငါပြန်ဆပ်လိုက်လို့  ပြုံးသွားတဲ့အခါ

လေပြည်တွေလို ကြည်နူးသွား....

ငွေတိုးချေးစားတဲ့ မင်းရဲ့ မျက်နှာ

သေကောင်ပေါင်းလဲရုပ်နဲ့ ရှုံ့ တွတဲ့အခါ

ငါ ရွံတယ် တကယ်မခေါ်ဘူး သွား

အတိုးသိပ်မက်တဲ့ မင်းရဲ့...မျက်...နှာ...

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ချစ်ကောင်း........လူကြမ်းလေး

 

ချစ်လွန်းလို့ ဖြစ်သွားတာပါ

လူကြမ်းလေးကို နားလည်ပါ

စိတ်ဆိုးပြီး နာကျည်းသွားလား

မင်း အမျိုးသမီး သူငယ်ချင်းလေး အပေါ်မှာ

ကိုယ်လုပ်လိုက်တဲ့ အဖြစ်ဟာ

အချစ်လေး.............ကိုယ်ဟာ နှာဘူးကြီးပါ

ကိုယ်ဟာ ကြောင်ဖားကြီးပါ.........

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

စိုင်းစိုင်းသီချင်းလေ...........။

မဟုတ်ပါဘူး၊ မလုပ်ပါဘူး၊ မင်းထမိန်တွေရုတ်ပါဘူး။

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မို့ မို့ ဇော်ဝင်း ရဲ့ ပိုင်ရှင် သီချင်းပါ

“ပိုင်ရှင် မရှိသေးတဲ့ ဗိုက်ကြီးသည်၊ ပိုင်ရှင် ကိုယ်ဖြစ်လိုက်ချင်ပါတယ်။”

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

                            ပြီးပါပြီရှင်.............

FORWORD MAIL မှကူးယူသည်။    ။

သီချင်းဆိုပြီ ပျော်ရွှင်နိုင်ကြပါစေ...........................

                 အားလုံးကို ခင်မင်လျက်..............

                                         VIOLENT (YUKI)

                      

 

 

 

Artikel lesen   Diskutieren [2]

ကင်းစောင့်...............

Geschrieben am 10.03.2010 von violent528
Stimmung: .
Tags:ကင်းစောင့်

ငါက ကင်းစောင့် တစ်ယောက်ပါပဲ

တစ်ညလုံး မအိပ်စက်ဖြစ်ဘဲ

အလွမ်းတွေနဲ့ ..ပဲ မိုးစင်စင်လင်းခဲ့တယ်.....

ချစ်တယ်ဆိုတာ ငါ့ဘဝရဲ့

ဘယ်ဝါကျမှာမှ မသုံးဖူးသေးတဲ့

ကြိယာတစ်လုံးပါ။

နှုတ်ခမ်းထူထူတွေနဲ့  လှောင်ပြုံး

မာယာများတဲ့ ငါးခုံးမလေးရေ............

မင်းကြောင့်..........

ငါ့အိပ်မက်တွေ တစ်လှေလုံးပုပ်ခဲ့ပေါ့.............။    ။

                                  မင်းခိုက်စိုးစန်

အာလုံးကို ထာဝရ ခင်မင်လျက်ပါ................

                                       VOILENT (YUKI)

Artikel lesen   Kommentar hinzufügen

21 ရာစု online အရပ် (၄) မျက်နှာမေတ္တာပို့ နည်း.....

Geschrieben am 10.03.2010 von violent528
Stimmung: .
Tags:21 ရာစု online အရပ် (၄)မျက်နှာသို့ မေတ္တာပို့ နည်း

GTALK ထဲက ကျူကျူများ ဖတ်တီးကြီးနဲ့ တိုးပါစေ....

မပြောဘဲနဲ့  BLOCK  လုပ် GTALK ဗိုင်းရပ်စ် ကိုက်ပါစေ....

နှုတ်ဆက်တာကို စာမပြန် ရုပ်ဆိုးမကြီး ဖြစ်ပါစေ.....

မာနကြီးသော GTALK ပိုင်ရှင်များ ရုပ်ဆိုးဆိုး နဲ့  ညားပါစေ......။   ။

သာဓု...သာဓု...သာဓု...။      ။

အားလုံးပျော်ရွှင်ရယ်မောနိုင်ကြပါစေ...........

    ဘဝအမောများလည်းပြေနိုင်ကြပါစေ............

              ခင်မင်လျက်ပါ....................................

                                 VIOLENT (YUKI)

Artikel lesen   Diskutieren [1]

ချစ်သူ နဲ့  ရည်းစားကွဲပြားပုံ.....................

Geschrieben am 09.03.2010 von violent528
Stimmung: . Musik: လိုက်ဖတ်တဲ့ ဘဝ.
Tags:ချစ်သူ နဲ့  ရည်းစားကွဲပြားပုံ

ချစ်သူ.............................

လူတစ်ယောက်က ဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ................

နောက်ဆုံးတော့သူတစ်ကယ်ချစ်တာ ချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်။ ချစ်သူကိုတော့ တစ်ဘဝလုံးအတွက် ပုံအပ်ပြီးလက်တွဲရမဲ့သူလို့  ရွေးချယ် လိုက်တဲ့သူကိုချစ်သူလို ဘာသာပြန်ပါရစေ..............။

ရင်ထဲကအချစ်စစ်..၊ အချစ်မှန်....၊ မြတ်နိုးတွယ်တာမှုတွေနဲ့  တည်ဆောက်ထားတယ်...........။သူမှာတော့ရည်ရွယ်ချက်တွေရှိလာပြီ......အနာဂတ်ရှိလာပြီ....သူနဲ့ ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမလဲ......၊ ဘယ်လိုနေမှာလဲ.....၊ အများကြီးပေါ့......။သူကအဆက်ဖြတ်သွားရင် တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်..........။ ဘဝဆုံးပြီး အသက်ပါဆုံးသွားတတ်တယ်...။

ချစ်သူမှာလှတာမလှတာမရှိဘူး....ဂုဏ်မရှိဘူး....မာန်မာနကင်းမဲ့တယ်..... တစ်ယောက်ကိုတစ်ယောက်နားလည်းမှုအပြည့်ရှိတယ်.........ဘာဆိုဘာမှ မရှိဘူး...သူကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်။ သူကိုလည်းပြန်ချစ်စေချင် တယ်....ကိုယ်ချစ်သလောက်ပေါ့..။ သံယောဇဉ်တွေ မေတ္တာတွေတွယ်တာ မှုတွေ တမ်းတမှုတွေ သတိရမှုတွေအားလုံးပါဝင်နေတယ်..။

ချစ်သူအဖြစ်တစ်ယောက်ကိုရွေးချယ်လိုက်ပြီဆိရင်တော့ သူနဲ့ ပတ်သတ်ရင် အရာရာကိုရင်ဆိုင်နိုင်ရမယ်။ သူဘာပဲလုပ်ခဲ့ လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်.။ ခွင့်လွှတ်နိုင်လောက်တဲ့ အတိုင်းအတာထိပေါ့ရှင်....။သူကိုပျော်ရွှင်မှုတွေပေး ရမယ်.....သူနဲ့ တွေ့ ရင်ရင်တွေခုန်နေတာပေါ့....သူကိုတန်ဖိုးထားတတ်ရ မယ်....တစ်ချိုဆိုချစ်သူနဲ့ ပတ်သတ်တဲ့ အရာအားလုံးကိုအချိန်...နာရီ...မိနစ်...စက္ကန့် တောင်မလွဲအောင်တန်ဖိုးထားတတ်ကြတယ်...။ နောက်ဆုံးတော့ ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာ ပေါ့...........။          ။

ရည်းစား........................

ရည်းစားဆိုတာ တစ်ခဏတာလက်တွဲရတဲ့သူ......လို့ ဘာသာပြန်ချင်တယ်. ဘာလို့ လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.....တာဝန်မရှိဘူး... သူ့ အနာဂတ်မှာလည်းသူမရှိဘူး...ကိုယ့်အနာဂတ်မှာလည်းသူမရှိဘူး....... သူပြတ်ရင်ကိုယ်ပြတ်လို့ ရတယ်....အတားအဆီးမရှိဘူး....ရည်းစားထား တယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ....ပန်းခြံတွေလျှော်လည်ရုံ လောက်နဲ့ တင်အဆုံးသတ်သွားပါပြီ.........ပြောရရင်သူနဲ့ ကိုယ်အတွယ် အတာဘာမှမရှိပါဘူး......ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ....။ ဆစ်ချို့ ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်...။ အင်း........ရည်းစားထားပြီဆိုရင်တော့ရည်းစားကို ရည်းစားနဲ့ တူအောင် ထားဖို့ တော့လိုအပ်တာပေါ့နော်....ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့  တော့ဘဝကိုတည်ဆောက်လို့ မရတာတော့သေချာတယ်.............ရည်းစားမှာအဆုံးသတ်မရှိဘူး.........ကြိုက်သလောက်ထားကြတယ်.....။  ။

မေးလ်မှ ကူးယူထားပါသည်။   ။

သူငယ်ချင်းအားလုံးကို ထာဝရခင်မင်လျက်ပါ..........

             ရွှင်လန်းချမ်းမြေ့ကြပါစေ........................

                               VIOLENT (YUKI)

Artikel lesen   Kommentar hinzufügen

မိန်းကလေးများ လက်မတွဲအပ်သောယောင်္ကျား...........

Geschrieben am 02.03.2010 von violent528
Stimmung: . Musik: ပြော.
Tags:မိန်းကလေးများ လက်မတွဲအပ်သောယောင်္ကျား

ဒီလိုယောင်္ကျားမျိုးတွေက ချစ်ဖို့ မတန်တဲ့သူတွေပါ....

တသက်လုံးစိတ်ဆင်းရဲရမှာနဲ့ စာရင် တလလောက်အသဲကွဲပစ်လိုက်တာ လဲရတာတန်ပါတယ်.................

  1. လက်ပါတတ်သောသူ (ရန်ဖြစ်တာနဲ့ လူရှေ့မရှောင် သူရှေ့မရှောင် လက်သံပြောင်တတ်တဲ့သူတွေလေ...နောက်မလုပ်တော့ပါဘူး လို့  သူကတောင်ပန်းတော့ ချစ်လက်စနဲ့ ကြေးအေး..အော်..သူနောက်လုပ်မှာ မဟုတ်ပါဘူးလေ..လို့ ...ဖူးယောင်နေဆဲ မျက်နှာသေလေးနဲ့ တွေးတောမနေပါနဲ့ ..ဗီဇက ဖျောက်ဖို့ ခက်ပါတယ်)
  2. ကိုယ့်မိဘ၊ သူငယ်ချင်း၊ အသိုင်းအဝိုင်းကို အလေးမထား၊ မလေးစားသူ (တသက်လုံး မျက်နှာငယ်ရ၊ အပြောအဆိုခံရမှာပါ၊ တခြိမ်းခြိမ်း စကားနိုင်လုပွဲတွေ လဲဆက်နေမှာပါ...)
  3. အလုပ်လက်ကြောမတင်းသူ (တလောကလုံး အလုပ်တွေက သူနဲ့ ပဲ မတန်သလိုလို.....အလုပ်လုပ်ရန် နေရွှေ့ ညရွှေ့  ဖင်တပြန် ခေါင်းတပြန် အပျင်းကြောထူနေတတ်တဲ့သူပေါ့...မစဉ်းစားနဲ့ .... တဘဝစာ ရှာဖွေရမှာ တယောက်တည်း ပင်းပန်းလှပါတယ် )
  4. အခက်အခဲဖြစ်တိုင်း ခေါင်းရှောင်တတ်သူ (အကြံတုံး ဥာဏ်တုံး...... အစွမ်းအစတုံး ငနဲတွေပါ...မိန်းကလေးကပဲ ဦးဆောင်နေရတာပေါ့ ကိုယ်ပိုင်အရည်အချင်းမရှိသူမျိုး ကို မချစ်ပါနဲ့ )
  5. ထစ်ခနဲရှိမျက်ရည်ကျပြတတ်သူ (ယောင်္ကျားတန်မဲ့ မျက်ရည်လွယ်သူ တွေလဲရှိပါတယ်....ကိုယ့်ကြောင့်ငိုလို့ ကိုယ့်ကိုသိပ်ချစ်တာပဲလို့  ထင်ရင်တော့ ဂိုးပြီးနော်...ကိုးရီးယားကားကြည့်လဲ ငို ကုလားကားကြည့်လဲငိုဆို ဘယ်လိုလုပ်မလဲ...အပိုလုပ်သူတွေပါ...)
  6. စကားပြောသိပ်ကောင်းသူ (သူ့ မှာမိန်းကလေးတွေ ဝိုင်းနေတတ်ပါတယ်..အပြောကောင်းတာကို..ဒီလိုလူမျိုး ကရှုပ်ကိုရှုပ် ပါတယ်..မပတ်သတ်တာ စိတ်ချမ်းသာပါတယ်...သူတော်ကီမှာ မျောလို့ ကတော့နောက်ပိုင်း မျက်ရည်ခွက်ပါ မျောမယ်မှတ်)
  7. အပျော်အပါးကိုစွဲလန်းသူ (အဲလိုယောင်္ကျားမျိုးက အပေါင်းအသင်းစုံရင် အကုန်လုပ်ပါတယ်..သူမလုပ်ဖူးတာမရှိသလောက်ပါ.....ပိုက်ဆံလဲ အသုံးကြမ်းပြီး..မိန်းမရှုပ်တတ်ပါတယ်..ရှိုးပွဲတကာ...ကလပ်...ကေတီဗီ..အကုန်မှာ သူက ဘုရင်ပါပဲ)
  8. ရောဂါရှိသူ (နှလုံးရောဂါ၊ အဆုတ်ရောဂါ..ဘာညာသာရကာ....ရှိသူတွေပါ...အားမကိုးလောက်ပါဘူး...သူကိုလဲရှာကျွေးရမယ်......... ဆေးဖိုးလဲရှာရမယ်...ပြုစုရမယ်..ပျော်စရာ အချိန်မရှိပါဘူး...)
  9. မူးယစ်ဆေးဝါးစွဲနေသူ (ကြောက်ဖို့ ကောင်းတဲ့သူတွေပါ............. လူသတ်ဖို့ တောင်ဝန်မလေးပါဘူး....ဆေးကြောင် ကြောင်ခဲ့ရင် ကိုယ့်ကို ချစ်သူမှန်ဒသိချင်းမှသိတော့မှာ...လည်ပင်းညှစ်ပြီး နားကပ် ဆွဲကြိုးဖြုတ်..ပိုက်ဆံအိတ်လုသွားရုံးရောက် ဂါတ်ရောက် ကျော်မကောင်းကြားမကောင်းဖြစ်တတ်ပါတယ်)
  10. အမေ ကိုသိပ်ချစ်သူ (ဘယ်တော့မှ လင်ယောင်္ကျားကောင်း ဖြစ်မလာပါဘူး..အမေ့ စကားတစ်ခွန်းပါပဲ....ယောက္ခမက ဂုံးတိုက်တတ်တဲ့ သူဖြစ်လို့ ကတော့ သေပြီဆရာပဲ...မျက်ရည်စမ်းစမ်း နေရမှာပါ..သူအမေ နဲ့ စကားများကြည့်..အိမ်ပေါ်ကနှင်ချမယ့် သားအလိမ္မာတုံးတွေလေ.........

ကဲ...ကဲ...စဉ်းစားလို့ ရတာတွေ ပြောပြလိုက်ပါတယ်........။ မိန်းကလေးများ....သတိ...သတိ...သတိ..

 သူငယ်ချင်းတစ်ယောက်ရဲ့ မေးလ်မှကူးယူထားပါသည်..။

အားလုံးကို ထာဝရ ခင်မင်လျက်ပါ..............

                             ကျေးဇူးတင်ပါတယ်...................

                                                   VIOLENT (YUKI)

Artikel lesen   Diskutieren [4]

ချစ်သူလက်ဆောင်...(ဟာသကဗျာ.)

Geschrieben am 26.02.2010 von violent528
Stimmung: . Musik: ချစ်သူလက်ဆောင်.
Tags:ချစ်သူလက်ဆောင်(ဟာသကဗျာ)

ချစ်သူ....................

အများတကာတွေထက်

သာချင်တဲ့မင်းအတွက်

ကိုယ့်ရဲ့အစီအစဉ်တွေကို

ပြောပြမယ်........။

ပန်းတစ်ပွင့်အတွက်....

ရင်ခုန်တက်ကြတဲ့

မိန်းကလေးတွေထဲက

ချစ်သူ အတွက်.........

အများနဲ့ မတူအောင်

ပန်းတစ်ခွေ စီစဉ်ထားတယ်

ကိုယ့်ခံစားချက်တွေနဲ့ 

ကဗျာဆန်ဆန်

နာမည်ပေးလိုက်သေတယ်

လွမ်းသူပန်းခွေတဲ့....။

မာစီးဒီးမှ စီးချင်းတဲ့မင်းအတွက်

မာစီးဒီးဆိုတာ ထိုင်ပြီးစီးရတာပါကွာ

မင်းအတွက် ကိုယ်က

အိပ်ပြီးစီလိုရတဲ့ကားမျိုး

စီစဉ်ထားတယ်....

မင်းစိတ်အစဉ် ငြိမ်းချမ်းစေဖို့ 

ကိုယ့်ဆုတောင်းလေးတွေ

ပြည့်နေတဲ့

သူနာမည်က နိဗ္ဗာန်ယာဉ်တဲ့

မြို့မှာဆို လူသံ ၊

ကားသံတွေနဲ့ 

ဆူညံနေလိမ့်မယ်

မင်းအတွက်

စိတ်ငြိမ်ရပ်ကွက်မှာ

မြေတစ်ကွက်ဝယ်ပြီး

အိမ်ဆောက်ထားတယ်

ဟုတ်တယ်.......သုဿန်ဆိုတဲ့ရပ်ကွက်မှာပေါ့....

မိုးလုံလေလုံ နေပါစေဆိုပြီး

အုတ်နဲ့ ဆောက်ထားတဲ့

ခိုင်မာတဲ့ အိမ်ကလေးလေ

မင်းနေတဲ့အကြောင်

လူတွေသိအောင်

ကျောက်တိုင်ကလေး

ထောင်လို့ ပေါ့

မင်းနာမည်နဲ့  အသက်မှတ်တမ်းလေးတပ်

မကျေနပ်သေးရင်..........

မင်းရဲ့ဓာတ်ပုံပါ ကပ်ပေးဦးမယ်

မင်းခွဲသွားရင်

ကိုယ်တစ်ယောက်တည်းရယ်လို့ 

စုးရိမ်းမနေပါနဲ့ 

တစ်ပင်လဲလို့  တစ်ပင်ထူတဲ့

ကိုယ်နောက်တစ်ယောက်

ရှာယူလိုက်ပ့ါမယ်

မင်းအတွက်

ရင်ထဲက စေတနာသက်သက်မို့ 

အားနားပြီး မငြင်းလိုက်ပါနဲ့ ကွာ........။

အချစ်အတွက်......

အမှတ်တရ.........ချစ်သူလက်ဆောင်လေပါ.......

              သူငယ်ချင်းအားလုံး ရယ်မောပျော်ရွှင်ကြရပါစေ............

                                          ခင်မင်လျက်.....................

                                                      VIOLENT (YUKI)

 

 

 

 

 

 

Artikel lesen   Diskutieren [6]

ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ..

Geschrieben am 24.02.2010 von violent528
Stimmung: . Musik: ငါအစွဲကြီးတယ်.
Tags:ချစ်သူတို့  ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်မျ

လူတိုင်းကိုယ့်ချစ်သူနဲ့ နေချင်ကြတယ်......အကြောင်းအမျိုးမျိုးကြောင့်မနေ နိုင်တဲ့သူတွေအတွက်ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် နေနိုင့်မဲ့ နည်းလေးတွေရေးလိုက်ပါတယ်။ဖတ်ပြီးသားသူတွေလည်းရှိမှာပါ....မဖတ်ရ သေးတဲ့သူတွေအတွက်အသစ်ပေါ့.....................

  1. နာမည်ခေါ်ဝေါ်သုံးစွဲတာမလုပ်ပါနှင့်
  2. ချစ်သူရဲ့ခန္ဓာကိုက်အလေးချိန်နဲ့ အခြားအစိတ်အပိုင်းများကို မလှောင်ပါနှင့်
  3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကိုမဝေဖန်ပါနှင့်
  4. စကားပြောနေစဉ်အခြားသူတစ်ဦးနာမည်ကို မကြာခဏမပြောမိပါစေ နှင့်
  5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့်လုံးဝမတွဲပြပါနှင့်
  6. ဘာမဟုတ်သည့်ကိစ္စကို မငြင်းပါနှင့်
  7. ဖြစ်ပြီးသားပြဿနာကို ပြန်မပြောဖြစ်အောင်ကြိုးစားပါ
  8. ဖြစ်ပျက်သမျှကို သူငယိချင်းများကို မပြောပါနှင့်
  9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
  10. အချိုကိစ္စများကို မသိချင်ယောင်ဆောင်ပါ
  11. ဒေါသနှင့်စကားပြောပါနှင့်
  12. စကားများတိုင်းသူပြောတာကို နားထောင်ပေးပြီးစဉ်းစားပါ
  13. သူစကားပြောနေစဉ်မကြာခဏဖြတ်မပြောပါနှင့်
  14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည့်အထိမဖြေရှင်းပဲမနေပါနှင့်
  15. ဘာကြောင်းနဲ့ မှမအော်ပါနှင့်
  16. သူသာသင့်အတွက် အလိုအပ်ဆုံးဆိုတာသူသိပါစေ
  17. ချစ်သူက ချောလား၊ လှလားမေးတိုင်းပြုံသာပြလိုက်ပါ
  18. အကြောင်းတိုင်ဆိုင်တိုင်း သင်ကသာငွေရှင်းလိုက်ပါ
  19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာ လိုက်မကြည့်ပါနှင့်
  20. အမှတ်တရဖြစ်ရပ်များကို သတိရတိုင်းပြောပါ
  21. ဖြစ်နိုင်လျှင် ချစ်သူ၏မွေးနေ့ နှင့်ရည်းစားစဖြစ်သည့်နေ့ ကိုမှတ်ထား ပါ(ပြန်မေးတတ်လို့ ပါ)
  22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
  23. ဖြစ်ပျက်သမျှအားလုံးကို သင့်ကဦးအောင်တောင်ပန်းလိုက်ပါ
  24. အခွင့်အရေးရတိုင်း မယူပါနှင့်
  25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။

သူငယ်ချင်းအားလုံး ကိုယ်ချစ်တဲ့လူနဲ့ အေးချမ်းစွာအတူနေနိုင်ကြပါစေ...

                    အားလုံးကို ခင်မင်လျက်......................

                                                       VIOLENT (YUKI)

Artikel lesen   Diskutieren [3]

အထီးကျန် နေသူ...

Geschrieben am 22.02.2010 von violent528
Stimmung: . Musik: အထီးကျန်.
Tags:အထီးကျန် နေသူ

ရင်ဘတ်မှာ အသံတိတ်နဲ့ 

အံကြိတ်ငိုနေတာ...ငါ့

ဗြုန်းကနဲတော့ မဖွင်လိုက်ပါနဲ့ 

ငါ့နှလုံးသားလေး........ဝုန်းခနဲ ပွင့်သွားရင်

တစ်စစီလိုက်ကောက်ရမှာ.........စိုးရိမ်းလို့ ပါ။

မရိပါနဲ့ ........

မထိတထိ ကလိရင်.......နှလုံးသားထဲကနေ

ရိုးတွင်းချဉ်ဆီ ထိတယ်.....

တကယ် နင့်မချစ်တော့ဘူးဆိုရင်ပေါ့...

ငါ့ရဲ့ နှလုံးသားတံခါးကို သော့ခတ်ပြီး........

ခွင့်လွှတ်မှု အပြုံးတွေနဲ့  ငါ့

စကားလုံးမထပ်အောင် အထီးကျန်နေတော့မယ်။

ချစ်သူရယ်..................

 သူငယ်ချင်းတစ်ယောက် ရဲ့ ခံစားချက်ကလေးပါ...........

                သူက ခွင့်ပြုလို့  ကျွန်မရဲ့ ပိုစ့်လေးမှာတင်လိုက်တာပါ။

                        အားလုံးကို ခင်မင်လျက်..................

                                            VIOLENT (YUKI)

Artikel lesen   Kommentar hinzufügen

လူပျိုကြီးစစ်စစ်ရဲ့ ဂုဏ်ကျက်သရေများ................

Geschrieben am 22.02.2010 von violent528
Stimmung: . Musik: ပန်းချစ်သူ.
Tags:လူပျိုကြီးစစ်စစ်ရဲ့ ဂုဏ်ကျက်သရေများ

မေးလ်ထဲရောက်လာတဲ့ လူပျိုကြီးစစ်စစ်အကြောင်းပြန်လည်မျှဝေလိုက် ပါတယ်။ မူရင်းရှာဖွေရေးသားသူ မသိရပေမယ့် ကျေးဇူးတင်ပါတယ်။

လူပျိုကြီးစစ်စစ်ဆိုတာဘယ်လိုလူပါလဲ ပြောပြချင်နေတာပါ။ မျှဝေခြင်းတဲ့ ဆန္ဒကြောင့်ပြောပြပါမယ်။

  1. မစွန်လို့  အိမ်ထောင်မပြုသူ
  2. နောင်ရေားကိုတွေးပြီးတော့ အိမ်ထောင်မပြုတဲ့သူ
  3. အိမ်ထောင်ပြုရမှာကိုကြောက်သူတွေကို လူပျိုကြီးစစ်စစ်တွေလို့  မခေါ်နိုင်ပါဘူးတဲ့နော်။

ဘယ်လိုလူကို လူပျိုကြီးစစ်စစ်လို့ ခေါ်ပါသလဲ ?

သံသရာကိုကြောက်ပြီးတော့ တရားဓမ္မကိုယ်ကျင့်ဖို့ အတွက် အိမ်ထောင်ပြုဖို့ စိတ်မကူးဘဲ ဘဝသံသရာမှ လွတ်မြောက်ရေးကို ကြိုးစားသူကိုခေါ်ပါသတဲ့။

ကိုးကား။  ။ဖတ်ခဲ့ဖူးသော စာရေးဆရာနန္ဒသိန်းဇံ၏ ပြောရင်းပြောနေဦး မည့်ချစ်ခြင်းမေတ္တာ

လူပျိုကြီးစစ်စစ်ရဲ့ ဂုဏ်ကျက်သရေများမှာ.................

  1. မိန်းကလေးချောချောမြင်ရင် (မကြည့်ဘူးလို မှင်ဖြင့်နေသည်) ကျော်သွားမှ ကြည့်သည်။
  2. ကလေးများနှင့် ပေါင်းဖက်တက်သည်။(လူကြီးချင်းမပေါင်းပါ)
  3. တစ်ခါတစ်ခါ စိတ်ဆိုးတတ်သည်။
  4. ထမင်းဟင်းချက်တာ အလွန်ထူးချွန်းသည်။ (မိန်းမမှမရတာ ကိုယ်ဟာကိုချက်စားရတာပေါ့)
  5. ပိုက်ဆံရှိချင်ယောင်ဆောင်ကာ (ရှိသမျှရောင်းစားတက်သည်)။
  6. ကောင်မလေးတွေနဲ့  တွေ့ ရင် အာသွက်လျှာသွက်ရှိတက်သည်။
  7. ဘာပဲရရယူမည်ဟု စိတ်ထဲတွင် တင်းထားသည်။
  8. ကိုယ်ကိုယ့်ကို အသက်မကြီးအောင်နေတက်သည်။ (အသက်ကြီးမှန်း သိသွားရင် လူအိုကြီးဟု ပြောမည်ဆိုသောကြောင့်)
  9. အစိုးရမကောင်းကြောင်း ရှယ်ပြောသည်။
  10. တစ်ခါတစ်ခါပျင်းလျှင် စကားပြောသူလိုက်ရှာတက်သည်။
  11. မိန်းမမယူဘူးလားမေးလျှင် စပ်ဖြီးဖြီးဖြင့် (ယူရင် နေစရာမရှိလို့ လို) စကားလမ်းကြောင်းလွှဲပြောတက်သည်။
  12. ခေတ်ပေါ်အတက်ပညာအကုန်တက်ချင်သည်။ (ဥပမာ-  မာ(စ့်)ဆတ်သွားခြင်း၊ကေတီဗွီသွားခြင်း)
  13. ဘယ်သူခေါ်ခေါ် ဘီယာလိုက်သောက်တက်သည်။
  14. မိတ်ဆွေအလွန်အမင်းများပြားသည်။
  15. အကို ၊ အမ များနှင့် မတည့်တတ်ပါ။(ကျန်သူများနှင့် အကုန်တည့်သည်)

ဤသည်ကာ လူပျိုကြီးစစ်စစ် ရဲ့ ဂုဏ်ကျက်သရေများဖြစ်ပါသည်။

            အားလုံးကို ခင်မင်လျက်.....................................

                                             VIOLENT (YUKI)

Artikel lesen   Kommentar hinzufügen

Fotos

Nr. Titel
0
for you
0
white roses
0
love bird
1

Tags

Neue Kommentare

ရယ်မောပျော်ရွှင်ရသော.....ရယ်စရာအပိုင်းအစများ........
ဘာသာပြန်လေးတွေထက်ရေးပေးပါလားဖက်ချင်လို့ပါ
ဟာသ သီချင်းလေးတွေ ဆိုကြည့်လိုက်ကြရအောင်......နော်
Stella Klinn: ဟားဟား ဟားဟား... သွားမစိအောင်ပဲရီရပါတယ် စိတ်ညစ်တဲ့အချိန်တိုင်းလာဖတ်မရ်နော် ....stella ဟုတ်ကဲ့ပါရှင့်…
ဟာသ သီချင်းလေးတွေ ဆိုကြည့်လိုက်ကြရအောင်......နော်
ဟားဟား ဟားဟား... သွားမစိအောင်ပဲရီရပါတယ် စိတ်ညစ်တဲ့အချိန်တိုင်းလာဖတ်မရ်နော် ....stella
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.