ပန်းလေးတွေ ငိုနေသည်......
Geschrieben am 12.01.2010 von
violent528
Stimmung: :x:x:x:x:x.
Musik: ပန်းကလေးတစ်ပွင့်.
Tags:ပန်းလေးတွေ ငိုနေသည်
စိမ်း.......စကားတစ်လုံးတည်းနဲ့ 
နင့်ရဲ့ ရယ်ပွဲဖွဲ့ စကားသံအောက်မှာ
မာနခက်ရင်းခွတွေက ပြုံးလို့ ။
တွန့် ဆုတ်နေတဲ့ လက်ငါးချောင်းရဲ့ ဗီဇကို
နင်းနှုတ်ခမ်းကပစ်တဲ့ ကျည်ဆံတစ်တောင့်က
လှိုင်းမူးသလိုလို ငိုကြွေးနေသလိုလို............။
နောက်ဆုံး
မြေကိုနမ်းရှိုက်လို့  အပျိုရည်ပျက်ခဲ့တဲ့ ငါ့ပန်းတွေ
နင့်ကြောင့်ကမ္ဘာဆုံးအထိ ငိုနေသည်
နင့်သိဖို့  ငါ့ပန်းတွေကို စာစီခဲ့သည် ။ ။
ဗရှိန် (ပဲခူး)
အာလုံးကို ခင်မင်လျှက်......................
VIOLENT (YUKI)