စစ်မှန်သော သူငယ်ချင်း ၊ မိတ်ဆွေ ဆိုတာ....
Geschrieben am 16.12.2009 von
violent528
ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ ။ လူဘဝဆိုတာလည်း ဟောင်းလိုက်၊သစ်လိုက် နဲ့  ပြောင်းလဲနေပါတယ်။
ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့ ဖုန်းနံပါတ်တွေ.....ဘယ်ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီးရေးမှတ်ခဲ့မိလဲ....ဒီနေ့ ထိ ဘယ်ဖုန်းနံပါတ်နဲ့ များ အဆက်အသွယ် အမြဲရှိခဲ့ကလဲ့....ကိုယ်ကိုယ့်ပြန် ဆန်းစစ်ကြည့်မိတယ်။
လူဘဝဆိုတာ ရထားတစ်စီးလိုပဲ.......သွားတဲ့ခရီးတစ်လျှောက်မှာ လူတွေကတက်လာကြတယ် ၊ ဆင်းသွားကြတယ် ။နေရာသစ် ၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ် ၊ ရာသစ်တွေ နဲ့ မိတ်ဆွေသစ်တွေနဲ့  ဆုံမယ်။ မိတ်ဆွေသစ်ဖွဲဖို့ အတွက် အချိန်တွေ ဘယ်လောက်ပေးဆပ်ခဲ့ဖူးလဲ....မိတ်ဆွေဟောင်းတွေ နဲ့  ဆက်သွယ်ဖို့ အတွက် အချိန်တွေဘယ်လောက်ပေးဆပ်ခဲ့ဖူးလဲ........အချိန်တွေရဲ့ အပြောင်းအလဲကြားမှာ ရှိရင်းစွဲသူငယ်ချင်းဟောင်းတွေနဲ အဆက်အသွယ်ဟာ တဖြေးဖြေးကျဲလာခဲ့တယ်။
ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ ရှိသလိုပဲ... တကယ်တမ်းတော့ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်းဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း ၊မိတ်ဆွေ ဘယ်နှစ်ယောက်ရှိလဲ.....ဘယ်နှစ်ယောက်နဲ့ များ အဆက်အသွယ် အမြဲရှိလဲ နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ ၊ သူငယ်ချင်းဟောင်းတွေက လူလောက ကနေတဖြေးဖြေး ထွက်ခွာသွားမှန် သတိပြုမိတယ် ။
လူတွေဟာ......
- အသက် (၂၀) မှာ အချစ်ကို မျှော်လင့်ကြတယ်။
- အသက် (၃၀) မှာ လက်ထပ်ဖို့ ကို မျှော်လင့်ကြတယ်။
- အသက် (၄၀) မှာ အောင်မြင်မှူကို မျှော်လင့်ကြတယ်။
- အသက် (၅၀) မှာ ကြွယ်ဝဖို့ ကို မျှော်လင့်ကြတယ်။
- အသက် (၆၀) မှာ ပြည့်စုံဖို့ ကို မျှော်လင့်ကြတယ်။
- အသက် (၇၀) မှာ ကျန်းမာဖို့ ကို မျှော်လင့်ကြတယ်။
- အသက် (၈၀)ာမှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ ကို မျှော်လင့် ကြတယ်။
သူငယ်ချင်း ၊ မိတ်ဆွေ တွေကိုဘယ်အချိန်မှာ မျှော်လင့်ကြသလဲ..............
အကူအညီ လိုအပ်မှ မျှော်လင့်တက်ကြတယ်။
သင့်တို့ ကော သူငယ်ချင်း ၊ မိတ်ဆွေဆွေ ကိုဘယ်အချိန်မှာ လိုအပ်ကြသလဲ ဆိုတာ သေချာစဉ်းစားကြည့်လိုက်ကြပေါ့........
အားလုံးကို စစ်မှန်သော သူငယ်ချင်း ၊မိတ်ဆွေအဖြစ် ခင်မင်လျက်.......
VIOLENT(YUKI)