လူသားတိုင်း မေတ္တာစိတ်ထား နိုင်ကြပါ..................

Geschrieben am 23.12.2009 von violent528
Stimmung: :O:O:O:O:O.
Tags:ပညာပေးလေးပါ။ ဘုရားသခင် ရောင်းပါသလား

ကောင်းလေးငယ်တစ်ယောက် ဒေါ်လာတစ်ဒေါ်လာကိုင်းပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့  သူလိုချင်တဲ့အရာကို လိုက်မေးနေခဲ့တယ်။

“ ဒီဆိုင်မှာ ဘုရားသခင်ရောင်းပါသလား? ”

အဲဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူကိုနောက်ပြောင်သူ၊ ကျပ်မပြည့်သူထင်ပြီး ဆိုင်အပြင်ဖက်ကို မောင်းထုတ်လိုက်ကြတယ်။ နေဝင် မိုးချုပ်ခါနီးအချိန်မှာ (၂၉) ဆိုင်မြောက် ဆိုင်ပိုင်ရှင်က  သူကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။

ဆိုင်ပိုင်ရှင်က ဆံပင်တွေဖြူဖွေးနေတဲ့ အသက်(၆၀)ကျော် အဘိုးအိုတစ်ဦး ဖြစ်တယ်။ ကလေးငယ်ရဲ့ အမေးကို ကြားတော့ အဘိုးအိုက ပြုံးပြုံးရယ်ရယ် နဲ့ ပြန်မေးခဲ့တယ်။

“ ကလေး..........ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ ? အဘိုးကို ပြောပြနိုင်မလား  ? ”

အဘိုးအိုရဲ့ ကြင်နာတဲ့စကားကိုကြားရတော့ ကလေးငယ်က မျက်ရည်အဝဲသားနဲ့  သူနာမည်ဟာ ဘွန်နီဖြစ်ကြောင်း၊ ငယ်စဉ်က မိဘတွေသေဆုံးခဲ့လို့  ဦးလေးဖြစ်သူနဲ့ နေကြောင်းပြောပြတယ်။ ဦးလေးက လက်သမားတစ်ဦးဖြစ်ကြောင်း၊ ရှေ့ရက်က ဦးလေးဟာ အမြင့်ပေါ်ကပြုတ်ကျပြီး ဆေးရုံရောက်နေရကြောင်း၊ အခုချိန်ထိ မေ့မျောနေသေးကြောင်း၊ ဆရာဝန်က “ဘုရားသခင်” သာလျှင် ဦးလေးကို ကယ်တင်နိုင်မဲ့ အကြောင်း ပြောတယ်။ ဒါကြောင့် ဦးလေး အသက်ရှင်ဖို့  ဘုရားသခင်ကို သူလိုက်ဝယ်နေကြောင်း အဘိုးအိုကိုပြောပြခဲ့တယ်။

အဘိုးအိုက ကရုဏာသက်စွာနဲ့  “ ကလေးမှာ ပိုက်ဆံဘယ်လောက်ရှိလဲ ” လို့ ဘွန်နီကိုမေးတယ်။

“ တစ်ဒေါ်လာရှိပါတယ် ”

“ ကလေး........ဘုရားသခင်ရဲ့ တန်ဖိုးကလည်း တစ်ဒေါ်လာပဲကွ !”

အဘိုးအိုက ပြောပြောဆိုဆို စင်ပေါ်မှာရှိတဲ့ “ Kiss of God ” တံဆိပ် အချိုရည်ပုလင်းယူပြီး ဘွန်နီကို လှမ်းပေးလိုက်တယ်။

“ ယူသွား.....ကလေး.....မင်းဦးလေး ဒီ“ဘုရားသခင်” ကိုသောက်ပြီးရင် နေကောင်းသွားလိမ့်မယ် ”

ဘွန်နီက ဝမ်းသာအားရ အချိုရည်ပုလင်းကို ရင်ခွင်ထက်မှာပွေ့ ပြီး ဆေးရုံကိုအပြေးသွားခဲ့တယ်။ လူနာခန်းထဲရောက်တာနဲ့ “ဦးဦ...ဦးဦး.... ဘုရားသခင်ကို သားဝယ်ခဲ့ပြီ...ဦးမကြာခင် နေကောင်းသွားလိမ့်မယ်” လို့  ပြောတယ်။ နောက်တစ်ရက်မှာ အထူးကုအဖွဲ့ တစ်ဖွဲ့ ဆေးရုံကို ရောက်လာပြီး ဘွန်နီဦးလေးကို ဆေးကုပေးခဲ့တယ်။

အဲဒီအဖွဲ့ က အကောင်းဆုံးကုသမှု၊ ခေတ်အမှီဆုံးကိရိယာတွေနဲ့  ဘွန်နီဦးလေး နေကောင်းပျောက်တဲ့အထိ ကုသပေးခဲ့တယ်။ ဆေးရုံက မဆင်းခင်ကြီးမြင့်တဲ့ကုန်ကျစရိတ်ကိုမြင်တော့ ဘွန်နီဦးလေး ပြန်မေ့မျောသွား မတတ်ပါဘဲ။ ဒါပေမယ့် ဆေးရုံးတာဝန်ခံက ကုန်ကျစရိတ်တွေကို အဘိုးအိုတစ်ဦး ရှင်းပေးခဲ့ကြောင်း၊ အဲဒီအဘိုးအိုဟာ သူဌေးသူကြွယ်တစ်ဦးဖြစ်ပြီး နိုင်ငံခြားကုမ္မဏီတစ်ခုရဲ့ ဥက္ကဌရာထူးကနေ အငြိမ်းစားယူထားကြောင်း၊ သူ့ အားလပ်ရက်ကို ကုန်စုံဆိုင်လေးဖွင့်ပြီး ကုန်းဆုံးခဲ့ကြောင်း၊ အထူကုအဖွဲ့ ကိုလည်း သူငှားရမ်းခဲ့ကြောင်းပြောပြတယ်။။

အဘိုးအိုကို ဘွန်နီတို့ အရမ်းကျေးဇူးတင်မိခဲ့ပြီး အဘိုးအိုကို သွားရောက်ရှာဖွေခဲ့တယ်။ ဒါပေမယ့် အဘိုးအိုက ဆိုင်ကိုရောင်းပြီး ခရီးထွက်သွားခဲ့ပါတယ်။ ရက်သိပ်မကြာခင်မှာပဲ အဘိုးအိုရဲ့ စာတစ်စောင်ကို သူလက်ခံရရှိခဲ့တယ်။ စာထဲမှာက..............

“ အမောင်လူငယ်...........ခင်ဗျားမှာ ဘွန်နီလိုတူတစ်ယောက်ရှိတဲ့ အတွက် အရမ်းကံကောင်းပါတယ်။ ခင်ဗျားအသက်ကိုကယ်ဖို့  ငွေတစ်ဒေါ်လာနဲ့ နေရာအနှံ ဘုရားသခင်ကို သူလိုက်ဝယ်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါ.....ခင်ဗျားအသက်ကို သူကယ်လိုက်ပါတယ်။ ဒါပေမယ့် ခင်ဗျားသေချာမှတ်ထားရမှာက တကယ့်ဘုရားသခင်ဆိုတာ လူတွေရဲ့ မေတ္တာစိတ်ပဲဖြစ်တယ် ” လို့  ရေးထားပါတယ်။             ။

ဘာသာပြန်တစ်ခုမှ ကောက်နှုတ်ထားပါသည်။

အားလုံးမေတ္တာထားနိုင်ကြပါစေ...........

         အရာအားလုံးကိုလည်း.......အေးမြသောမေတ္တာစိတ်နဲ့ ..

                           မေတ္တာထားနိုင်ပါစေလို .................

                                    ခင်မင်လျက်.................

                                            VIOLENT ( YUKI )

Diskussion

Auf 01.01.0001 Sagt:
violent528 Auf 28.12.2009 Sagt:

THANK YOU !

yb Auf 24.12.2009 Sagt:

ဆောင်းပါးထဲကလို စိတ်ဓါတ်ရှိတဲ့ လူမျိုးတွေ များများရှိပြီး ထိထိရောက်ရောက် ဖြစ်ပါစေကြောင့် ဆုတောင်းရင်း ဒီဆောင်းပါးလေးဖတ်လိုက်ရလို့ ဖြစ်သွားတဲ့ ပီတိအတွက် အလွန်ပဲ ကျေးဇူးတင်ပါကြောင်း ပြောပြလိုက်ရပါတယ်။

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ငွေဆောင်ကမ်းခြေမှ ဝမ်းနည်းစရာ …   Zurück zu Blog   ကြည့်မှန်..................(MI… →
© 2013-2024 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.