မြန်မာနိုင်ငံ ဖုန်းခေါ်ဆိုခနှုန်းကို မြှင့်လိုက်ခြင်း....

Geschrieben am 12.01.2010 von violent528
Stimmung: . Musik: တယ်လီဖုန်းလေး.
Tags:(မြန်မာနိုင်ငံ ဖုန်းခေါ်ဆိုခနှုန်း မြှင့်လိုက်ခြင်း), အဝေးရောက်နေသော မြန်မာလူမျိုးများ သိစေရန်အတွက်

အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် တယ်လီဖုန်းလိုင်းဈေး အမြင့်ဆုံး ဖြစ်သည့် မြန်မာနိုင်ငံတွင်မြို့ တွင်းနယ်ဝေးပြောဆိုခများကို ၃ဆ ကျော်တိုး မြှင့်မည်ဖြစ်သည့်ဟု မြန်မာ့ဆက်သွယ်ရေးဝန်းထမ်း တဦးကပြောဆိုသည်။

ယနေ့ အထိမြို့ တွင်းပြောဆိုခ ၁မိနစ် ၁၅ကျပ်သတ်မှတ်ထားသည့် လိုင်းဖုန်းခေါ်ကြိုးဖုန်းများ နှင့် စီဒီအမ်အေခြင်းဖုန်းများ ၊ ၁မိနစ် ၂၅ကျပ် သတ်မှတ်ထားသော မိုဘိုင်းဖုန်းများအားလုံးကို အထွက်ခေါ်ဆိုခ ၁မိနစ်လျှင် ၅၀ကျပ် သို့ တိုးမြှင့်လိုက်သည့်ဟု ရန်ကုန်မြို့ အော်တိုအိတ်ချိန်း ရုံးမှ ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးကပြောဆိုသည် ။

အဆိုပါဝန်ထမ်းက “ဒီနေ့ ပဲ ကျွန်မတို့ ဆီကို ပြောဆိုခနှုန်းမြှင့်လိုက်တဲ့ ကြောင်း ဌာနတွင် အကြောင်းကြားစာ ဝန်ကြီးရုံးက ဝင်လာပါတယ်။ မနက်ဖြန်ကစပြီး အကျုံးဝင်မယ်လို့ ရေထားတယ် ၊ အဲဒါနဲ့ ကိုယ်အသိမိတ်ဆွေတွေဆီကို ဖုန်းဆက်ပြီး အသိပေးလိုက်တယ်” ဟုပြောဆိုသည် ။

တယ်လီဖုန်းပြောဆိုခ ဈေးမြှင့်မည့် သတင်း၊ တယ်လီဖုန်း စတင်တပ်ဆင်မြှင့်မည့်သတင်းနှင့်  လောင်စာဆီဈေးနှုန်းမြှင့်တင်မည့် သတင်းမျိုးကို သက်ဆိုင်ရာဝန်ကြီးဌာနအတွင်းမှာ ပင်စတင်အကျုံးဝြင်မည့်ရက် မတိုင်မီ ၁ရက်အလိုမှ ကပ်ပြီးအကြောင်းကြား လေ့ရှိသည့်ဟု သက်ဆိုင်ရာဌာနမှဝန်ထမ်းများက ပြောဆိုကြသည် ။

ယခု ဖုန်းပြောဆိုခများ မြှင့်တင်လိုက်ခြင်းကို အစိုးရပိုင် သတင်းစာများမှ တရားဝင်ကြိုတင်အသိပေးထုတ်ပြန်ကြေငြာသည်ကို မတွေ့ ရသော်လည်း ယနေ့ ထုတ်ပုဂ္ဂလိကဂျာနယ်တစောင်တွင် အကျယ်တဝင့် အသေးစိတ်ပါရှိ သည်ကို တွေ့ ရကြောင်း ရန်ကုန်ရှိ ဂျာနယ်ပရိသတ်တဦးက ထောက်ပြသည်။

၂၀၀၃ ခုနှစ်မတိုင်မီ လိုင်ဖုန်းအတွက်ခေါ်ဆိုခ ၁မိနစ် ၃ကျပ် သတ်မှတ်ခဲ့ရာ ၂၀၀၃ ခုနှစ်စ ဇန်နဝါရီလ ၁ရက်နေ့ တွင် ၁၅ကျပ်သို့ မြှင့်တင်ခဲ့သည် ကိုတွေံရှိရပြီး ၊ ယခုတစ်ကြိမ် ဇန်နဝါရီလ ၁ရက်နေ့တွင် ဈေးနှုန်းမြှင့်တက်မည့် ကိစ္စကိုလည်း ရန်ကုန်မြို့ ခံတချိုက နအဖ အစိုးရ၏ နှစ်သစ်ကူး လက်ဆောင်ဟုနောက်ပြောင် ပြောဆိုနေကြသည်။

ရန်ကုန်မြို့ ရှိမိုဘိုင်းသုံးစွဲနေသူတဦးက အခုလောက်ပြေညခတွေမြှင့်လိုက် တော့ ဖုန်းသုံးတဲ့သူတွေ သိပ်မပြောနိုင်တော့ဘူးပေါ့ ၊ တချို့ သောနိုင်ငံတွေထက်ကို သက်သာတယ်လို့ ဆိုဦးတော့ မြန်မာနိုင်ငံရဲ့ ဝင်ငွေ နဲ့  ယှဉ်ရင်များတယ်လို့ ပြောရမယ်။ ဆက်သွယ်ရေး ပိုကောင်းလာရမဲ့ အစားပြောဆိုခမြှင့်သွားသောကြောင့် အတားအဆီးတွေများလားတဲ့ သဘောပဲ ဟုပြောဆိုသည်။

အခုတော့ လိုင်ဖုန်းခေါ် ကြိုးဖုန်း နှင့် စီဒီအမ်အေ ခေါ် ခြင်းဖုန်းများကို ခေါ်ဆိုခဈေးမတက်ဘူးဟု သိရပါတယ်။ မိုဘိုင်းအားလုံးပဲ တက်တယ်ဟုပြောဆိုကြပါတယ် ။

လိုင်းဖုန်း၊ခြင်းဖုန်း ဈေးတက်မတက်ကို ဇန်နဝါရီလ ဖုန်းဘေလ်းထွက်မှပဲအဖြေသိရမှာပါ။

   

သိစရာများကို ဝေမျှပေးလိုက်ရတာပါ..............

               အားလုံးကို ခင်မင်ခလျက်........... 

                              violent (YUKI)

                             

 

 

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ဝေးနေတဲ့ ဘဝ..   Zurück zu Blog   ပန်းလေးတွေ ငိုနေသည်...... →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.