သစ်ပင်

Geschrieben am 05.10.2009 von nyeinmahaw08

မျိုးစေ့ မည်သည်မျိုးစေ့ မဆို အပင်ပေါက်တာပဲ

 အပင်ဖြစ်တဲ့ ဘ၀ရောက်မှတော့    ....  

လှပတဲ့ အပင်  မှာ လဲသူ ဒုက္ခ နဲ့ သူ ပဲ

လှတဲ့ ပန်းလေးတွေ ပွင့် လို့ လေ  အဲဒီပန်းကို ပွင့်မိလို့ 

သူ ရဲ့ အကိုင်း တွေ အချိုးခံရပြန်တယ်  ......... 

စားလို့ ရတဲ့ အပင်    မှာလဲ သူဒုက္ခနဲ့ သူပဲ

စားသောက်ဖို့ တွက်ခူးဆွတ်ခံရပြန်တယ် .......  

အရွက် ကလဲအရွက် မလို့  အသီး က လဲအသီးမလို့ 

ခူးဆွတ်ချိုးဖဲ့ ခံရပြန်တယ် 

 ပရိဘောဂတွက်အသုံးပြုလို့ ရတဲ့ အပင်မှာလဲသူဒုက္ခနဲ့ သူ ပဲ

 အိမ်ဆောက်ပစ္စည်းမှ အစ ပြု ပြီး .... သစ် အမျိုးစားအလိုက်

   ပြောင်းလဲ  ခံရပြန်ရတယ်................   

အဲဒီတော့ အသုံးပြုလို့ ရတဲ့ အပင်  မရတဲ့ အပင်တိုင်းမှာလဲ ရာသီဥတု

ဒဏ်ကို လဲ ခံရပြန်သေးတယ်  လေ..........  

  မုန်တိုင်းဒဏ်  ကအစ  ပေါ့.............   မျိုးစေ့ဘ၀ကနေ အပင်ဘ၀ရောက်တဲ့ အထိ  သစ်ပင် ဘ၀ ဟာ     ဆင်းရဲ ခြင်း ....  ဒဏ်ကိုမျိုး စုံအောင်ခံနေရပါတယ် ..........  သစ်ပင်ဟာ ပြန်လည်ရှင်သန်လိုက် .......... ပြန်လည်သေဆုံးလိုက် နဲ့ သံသရာလည်နေ  ပါတော့တယ် မျိုးစေ့  မှအစ ပြုလို့  ............. ပေါ့။ 

Diskussion

Auf 01.01.0001 Sagt:
pyinnyarnanda Auf 30.10.2009 Sagt:

အင်းဒကာရေ ဟောချင်ပါတယ် ဒကာပြောတဲ့အတိုင်းမှန်ပါတယ် ။ အရှင်တို့လည်း အရှုးထဲကတစ်ယောက်ပါ။ အရှုင်လည်းကြိုးစားရှာနေပါတယ်. ဟောပြပါမယ် ။ ခုလောလောဆယ်မှာ သီရိလင်္ကာမှာ  M.A စာမေးပွဲအတွက် စာမေးပွဲက စနေလို့ပါ။ နောက်လ ၁၈ ရက်နေ့ပြီးလိမ့်မယ်ဒကာ။ မှန်ပါတယ် အားလုံးက အရာရာပြည့်စုံတယ်ရယ်လို အရှင်မပြောခဲ့မိပါဘူး။ ဘယ်တုန်းကမှ ဘယ်သူကိုမှ မပြောခဲ့ဘူးပါဘူး ယခုအချိန်ထိပေါ့။ အရာအားလုံးဟာ စက္ကန့်အလျှောက်ပြောင်းလွဲနေတာပါ။  အရှင်ဆိုခုထိ ကိုယ်စိတ်ကို ကိုယ်ပြန်စစ်နေတုန်းပဲ ...... ငါကဘယ်လဲ ငါပြောဆိုရေးသားနေတာက စိတ်ထဲမှာ စေတနာနှင့်လား စေတနာမပါဘဲ သူတပါးကို စိတ်အနှောက်အယှက်ဖြစ်စေချင်လို့လား  ဒါကိုတော့ မိမိကလွဲရင် ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး အရှင်သိတဲ့ပညာလေးက ခွက်ငယ်ထဲကရေလောက်ကလေးပဲရှိလိုပါ

phoaung008 Auf 30.10.2009 Sagt:

အ၈ှင်ဘုရားက ရဟန်း တပြည့်တော်က လူပါဘုရား။ လူမှ ကာမဂုဏ်အာ၈ုံတွေမှာ မွေ့လျှော်နေတဲ့ လူပါဘုရား။ လောကမှာ ပြီးပြည့်စုံတဲ့ ဘဝဆိုတာ ဘုရားရဟန္တာတွေကလွဲးလို့  ၈ှိမယ်လို့ တပြည့်တော် မထင်ပါဘူး။ ဘုရား၏ပြီးပြည့်စုံခြင်းနဲ့  ရဟန္တာ၏ ပြီးပြည့်စုံခြင်း ပြည့်စုံတာခြင်းတူနေတာတောင် ဘယ်လိုကွာသေးသလဲဆိုတာကို တက်နိုင်ရင်တပြည့်တော်ကို ဟောပြပေးပါလား ဘုရား။

pyinnyarnanda Auf 30.10.2009 Sagt:

ဒကာစာအုပ်များများဖတ်တယ်ဆို့လို့  ဂုင်္ဏယူမိပါတယ်  . တရားလည်းနာတယ်ဆိုတော့ လေးစားစရာပါပဲ။ လူငယ်တစ်ယောက်အနေ ဒါမျိုးတွေလုပ်ဖို့ အတော်ကိုခဲရင်းပါတယ်. ပုထုဇဉ်တွေကတော့ မြတ်စွာဘုရားဟောခဲ့တဲ့အတိုင်း အကုန်လုံးကတော့ အရှုးတွေပါပဲ ဒါပေမယ့် အဲဒီအရှုးတွေကြားထဲမှ အရှုးကောင်းဖြစ်ဖို့အရေးကြီးတယ်လို့ မြတ်စွာဘုရားကဟောခဲ့ပါတယ်။ သစ်ပင်ဆိုတဲ့ စာထဲမှာ လူတွေဟာ ဒီလိုပဲဖြစ်တက်ပါလား ဆိုတဲ့ သဘော လူအကြောင်းလောက်ပဲရေးထားတာပါ။ ၀ိပဿနာအကြောင်းနဲ့ ပါတ်သတ်လို့ရေးမထားခဲ့ပါဘူး တကယ်လို့ တရားရလွယ်အောင် ပေါက်လွယ်အောင် ဆိုတာနှင့် ပါတ်သတ်လို့ရေးမယ်ဆိုရင် ဒကာပြောသလိုလိုအပ်ပါလိမ့်မယ် အချို့ပေါ့ ။ ဒါပေမယ့် အရှင့်အပေါ်မှာ ခုလိုဆွေးနွေးမှု လေးတွေလုပ်ပေးတဲ့အတွက်ဝမ်းသာပါတယ်။ ဘာကြောင့်လည်းဆိုရင် အရှင်သိတဲ့ပညာလေးက ခွက်ငယ်ထဲကရေလောက်ကလေးပဲရှိပါတယ်. ဘယ်တော့မှ မတွေးခဲ့မိပါဘူး ပင်လယ်ထဲမှာ ရှိတဲ့ ရေလောက် များမှာပဲဆိုတာကို။

phoaung008 Auf 30.10.2009 Sagt:

ဘယ်လိုပဲဟောဟော နားလည်သဘောပေါဘို့လိုရင်းဆိုတာ တပည့်တော် နားလည်ပါပြီဘုရား။

မကောင်းတဲ့လူတွေရဲ့ အပြစ်မြင်မှုကို ဂဂုစိုက်ရသလို  ကောင်းတဲ့လူတွေရဲ့ ကောင့်းကျိုးတွေ ဆုံး၈ှုံးရမှာကိုလဲ ဂ၈ုစိုက်ရအုံးမှာပါပဲ ဘုရား။ လောကသဘာဝကို နားမလည်တဲ့လူတွေသာ အပြစ်တင်တဲ့အလုပ်ကို လုပ်ကြတာပါ။ တကယ်တော့ သာမန်ပတုဇဉ်လူသားဆိုတာ အမှားမကင်းပါဘူးဘုရား။ ဒီတော့ လောကမှာ တပြည့်တော်အနေနဲ့  အပြစ်တင်ထိုက်သောသူရယ်လို့ ၈ိုမယ်မထင်ပါဘူး ဘုရား။ တပြည့်တော်က ပွင့်ပွင့်လင်းလင်း၈ှင်း၈ှင်းလင်းလင်းကို နှစ်သက်မိလို့ ဒီလိုထင်မိတာပါ ဘုရား။ တပြည့်တော်စိတ်ထဲမှာ ၈ှင်း၈ှင်းလင်းလင်းပွင့်ပွင့်လင်းလင်းဖြစ်မှ တရားရလွယ်ရောက်လွယ်ပေါက်လွယ်သောသူဖြစ်လိမ့်မယ်လိုလဲ ထင်မိလို့ပါဘုရား။

တပြည့်တော်က စာအုပ်ပဲများမျာဖတ်ဘူးတာပါ ဘုရား။ ဘုန်းကြီးတရားဆိုလဲ တရားခွေတွေမှာလောက်ပဲ နာဘူးတာပါ ဘုရား။ ဒီတော့ တပြည့်တော်ရဲ့ လိုအပ်တဲ့ဥာဏ်အမြော်အမြင်အတွက် အ၈ှင်ဘုရားကို ကျေးဇူတင်ပါတယ်ဘုရား။

pyinnyarnanda Auf 19.10.2009 Sagt:

ဒကာပြောတာကို အရှင်လက်ခံပါတယ်။ ကျေးဇူးလည်းတင်ပါတယ် ။ နောက်လည်း မှားတာတို့ သဘောမတွေ့တာတို့ ရှိရင်လည်း ပြောပြနိုင်ပါတယ်။ အဲဒီအတွက်လည်း စိတ်ထဲမှာ ဒကာကို စိတ်မခုပါဘူး စိတ်ခုစရာလည်း မရှိပါဘူး။

အရှင်ကယခုလက်ရှိ စာသင်နေဆဲပါ စာသင်သားဆိုတာ စာပဲအာရုံဆိုက်ပြီး သင်ကြားနေတာပါ. စာကိုမရေးတက်သေးပါဘူး။ စာရေးတာ ၀ါသနာပါလွန်းလို့သာ စာသင်နေရင်း  ခုလို့ စပြီးရေးသားလိုက်ချင် ဖြစ်ပါသည်။ စာတွေ တက်နေပေမယ့် အားလုံးသောသူတိုင်း စာမရေးတက်ပါဘူး။ အဲဒီအထဲမှာ အရှင်လည်းတပါးအ၀င်ပါ။

ဒါပေမယ့် တစ်ခုပြောချင်ပါတယ် ဒကာတော်က ဗုဒ္ဓာဘာသာ ထင်ပါတယ်။ ဒါဆိုရင် မြတ်စွာဘုရား အစရှိပြီး ရဟန္တာတွေ အလယ် အရှင်တို့လို ပုထုဇဥင်္ရဟန်းတွေ အဆုံး တရာဟောရင် တိုက်ရိုက်ပဲ ဟောရမယ် ပြောရမယ် လို့ ဒကာထင်မိပါသလား။ ဒကာ စာရေးတဲ့နည်း တရားဟောတဲ့ နည်းတွေထဲမှာ ဒီလို မရေးရဘူး မဟောရဘူးလို့ သက်မှတ်ချက်တော့ အရှင်သိသလောက်တော့ မတွေ့မိပါဘူး ။ ဒါကလည်း အရှင် စာပေဗဟုသုတ မရှိတာလည်း ဖြစ်မှာပါ. တရားဟောတဲ့နေရာ စာရေးတဲ့နေရာမှာ သွယ်ဝိုက်ပြီးမရေးသားနဲ့ စိတ်ကူးယဉ်ဆန်တယ် ဝေ့လည်ကြောင်ပတ်လုပ်တယ် ဆိုတာကို အရှင်တစ်သက်မှာ ရဟန်းတပါးကို ပြောတာတော့ ဒကာပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း တခြားသူတွေက အရှင်ကို အားနားလို့ မပြောတာလည်း ဖြစ်မှာပါ။ ဒကာက  ဗုဒ္ဓဘာသာ ၀င်တစ် ဦးဆိုရင် တရားနာဘူးတယ်လို့ထင်ပါတယ်. အရှင့်အထင်တော့ ဒကာ နာဘူးတဲ့ ဆရာတော်တွေ ထဲမှာ တစ်ပါးမှ မရှိဘူး ထင်တယ် ဒကာပြောသလို ဝေလည်ကြောင်ပတ် တို့ဆိုတာလေ။ မြတ်စွာဘုရားက ဟောတာတော့ တစ်ခုရှိတယ် သူတပါးအတွက် အကျိုးကိုဖြစ်စေမည့် စကား ဆိုရင် သွယ်ဝိုက်၍သောလည်းကောင်း စိတ်ကူးယဉ်ဆန်ပြီးပြော၍သောလည်းကောင်း ခွင့်ပြုတယ်တဲ့။ နောက်တစ်ခု ဒကာ ကြားဘူးလား မသိဘူး မိလိန္ဒ နှင့် အရှင်နာဂသိန် အမေးအဖြေလေ အားလုံးသော တရားတွေ ဟာ တိုက်ရိုက်မရှိပါဘူး သွယ်ဝိုက်ပြီးတော့ ဆွေးနွေးခဲ့ကြပါတယ်. ဖတ်ကြည့်စေချင်ပါတယ်.  တရားဟောဆရာတော်တွေ ဆိုရင်လည်း အရှင်လောက်တောင်မကပါဘူး သူပြောတဲ့စကားတွေထဲမှာ လိုချင်တာကို တိုက်ရိုက်မပြောသေးပဲ လူတွေ တဖြေးဖြေးသဘောပေါက်လာအောင် ဟောကြပါတယ်။ မြတ်စွာဘုရားတိုက်ရိုက်ဟောခဲ့ပါတယ် ဟိုတုန်းက ဘယ်သူတွေကိုလည်း ပါရမီရင်သန်တဲ့သူတွေကိုလေ ဥပမာဆို အရှင်သာရိပုတ္တရာတို့လိုပေါ့။ ဒါပေမယ့် ပညာမရင့်သေးတယ် ရဟန်းတွေကြတော့ နားလည်အောင် သဘောပေါက်အောင် သွယ်ဝိုက်ပြီး ဥပမာ ဥပမေယ တွေ နဲ့  ရှင်းပြခဲ့ရပါတယ်။

အရှင်နားထောင်ပါမယ့် ဟောပါ ဒီအထဲမှာလေ တရားဟောတာ ရဟန်းတွေမှ တင်မဟုတ်ပါဘူး လူတွေလည်းရှိပါတယ်။ အရှင်ကတော့ အားလုံးကိုသဘောကြတယ် . ဒကာဟောလည်း နာမယ် အရှင်မသိတာတွေ ဒကာထံမှာရှိမှာပဲလေ။ ဒါက အရှင်၏ ခံယူချက်ပါ.......အရှင်စာထဲမှာ အကယ်၍ များ စာဖတ်ပြီး စိတ်ခုတာလေးများရှိရင် အရှင်ကို နားလည်းပေးပါ။ ကျန်းမာချမ်းသာပြီး ဒကာလိုချင်သော ဆုလည်း ပြည့်စုံပါစေ....................

 

phoaung008 Auf 17.10.2009 Sagt:

လူတွေက လူတွေတော်တော်များများက ကျေးဇူးတရား မသိတက်ဘူးဆိုတာကို အရှင်ဘုရားက သွယ်ဝိုက်မနေပါနဲ့ ဘုရား။ ဒါဆိုရင် အရှင်ဘုရားကို စိတိကူးယဉ်ဆန်တယ် ဝေ့လည်ကြောင်ပက်လုပ်တယ်လို့ ထင်ကြအုံးမှာ။

ဒါပေမဲ့ ကျေးဇူးတရားသိတက်ရင် ဘ၀အဆင့်အတန်း ဥာဏ်အဆင့်အတန်း မြင့်တယ်ဆိုတာကို နားလည်လာသဘောပေါက်လာအောင် ဟောပြောနိုင်ဘို့ပဲ လိုပါတယ် ဘုရား။

အရှင်ဘုရားက ဘုန်ကြီးဆိုတော့ တရားဟောပြောခွင့် တော်တော်ရမှာပါ။

တပြည့်တော်လဲ ဟောပြောရတာ ၀ါသနာပါပေမဲ့ နားထောင်မဲ့လူ မ၇ှိပါဘူးဘုရား။

pyinnyarnanda Auf 07.10.2009 Sagt:
တစ်နေ့ အရှင် ညနေပိုင်း ပင်လယ်ကမ်းခြေ နားကို လမ်းလျှောက်သွားတော့ အင်မတန် ထုးဆန်းသော အကိုင်းအခတ်တွေမရှိပဲ ထီးထီးရှိနေသော သစ်ပင်အိုကြီးတပင်ကို တွေ့လိုက်ပါတယ် ထိုင်ချင်စိတ် ပေါက်သွားတာနှင့် သစ်ပင်၏ ဘေးဘက်ရှိ ကျောက်တုံးပေါ်မှာ ထိုင်လိုက်ရင်းဖြင့် ဒီသစ်ပင်ကြီးဟာ ဟိုတုန်းကဆို တော်တော်လေး အရိပ်အာဝါသကောင်းမယ် အသံထွက်အောင်ပြောနေတုန်းရှိသေး ငိုသံကြားလိုက် မိတယ် ဘယ်ကအသံပါလိမ့်ဆိုပြီးကြည့်လိုက်တော့ ဘယ်ဟုတ်မတုန်း သစ် ပင်ကြီးက ငိုနေတာလေ။ ဒါနဲ့ အရှင်က တယ်ထူးဆန်းလိုက်ပါဘိ မောင်သစ်ပင်အို ဘာကြောင့် ငါ၏ရှေ့မှာ ခုလို ၀မ်းနည်းစွာ ငိုပြနေရတာတုန်းဆိုတော့ သစ်ပင်အိုက ကိုဝင်းဦးနှင့်တူသော ဆရာတော်ဘုရား,
ဟိုတုန်းက ဆို တပည့်တော်မှာ အလွန့်ကို ကြီးမားတုတ်ခိုင်ပြီး လက်တန်တွေနှင့်တူသော အကိုင်းအခတ်တွေ။ စိမ်းစိုလှပနေသော အစိမ်းရောင် သစ်ရွက်တွေ။ ကြီးမားသော ပင်စည်နှင့် ချိုမြိန်သော အရသာရှိသော အသီးအပွင့် တွေကို ပိုင်ဆိုင်ရသော သစ်ပင်ကောင်းကြီးတစ်ပင်ပါလို့ပြောတယ်။ အရှင်ကလည်း ပြန်ပြောပါတယ် ဘာကြောင့်များ ယခုလို့ ဖြစ်သွားသလဲဆိုတော့ သူကပြောပါတယ် တပည့်တော်ကို ကူညီပါဘုရား ဘာလည်းပြော နိင်သလောက်ကူညီမယ်ဆိုတော့ ၀မ်းသာလိုက်တာ ဆိုပြီး ဒါဆိုလူတွေ တွေရင်လည်း ပြောပေးပါ တိရစ္ဆာန်တွေ တွေ့ရင်လည်း ပြောပေးပါ ကိုဝင်းဦး။ ကိုနိုင်းနိုင်း။ ကိုနေထက်လင်းနှင့်တူသော အရှင်ဘုရားတဲ့။ ( ကိုယ်တိုင်လည်း သိနေတာဆိုတော့ သူပြောလည်း မမြောက်ဘူးလေ) ကောင်းပါပြီး ဆက်ပြောဆိုတော့ ခြေလေးချောင်း ခြေနှစ်ချောင်း ခြေရှစ် ချောင်း ခြေများစွာ ရှိသော သတ္တ၀ါ တွေ နှင့် ခြေမရှိသော မြွေစသော သတ္တ၀ါတွေ အားလုံးတို့သည် တပည့်တော် ၏ အရိပ်ကိုလည်း ခိုလှုံကြပါသည်။ တပည့်တော်၏ အသီးအရွက်ကိုလည်း စားသုံးကြပါသည်။ အသီးအရွက်တွေတင်မကပါဘူး အကိုင်းကလေးတွေကိုလည်း တစ်ခါတစ်လေ ချိုးသွားခဲ့ပါသည်။ ငှက် ရှဉ့် စသော အကောင်းတွေကလည်း သူတို့၏ အိမ်သဖွယ်အသိုက် အအုံတွေနှင့် ဆောက်လုပ်ကာ နေထိုင်ခဲ့ကြပါသည်။ တပည့်တော် လည်း ဒါကို အလွန် သဘောကျခဲ့ပါသည်။ ငါ့ကို အမှီပြုပြီးတော့ အားလုံးသော သတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြတယ် ဆိုတော့ ဘယ်သူက ၀မ်းမသာပဲရှိပါမလဲဘုရား။ ဒါကြောင့်လည်း သူတို့အားလုံးကို လိုလိုလားလားနှင့်လည်း လက်ခံခဲ့ပါသည်။ နောက်ပိုင်း တပည့်တော်အပေါ် မစင်စွန့်ခြင်း အပေါ့သွားခြင်း စသည်တွေကိုပါ ပြုလုပ်လာပါသော်လည်း တပည့်တော် သူတို့အားလုံးကို အပြစ်မယူခဲ့ပါဘုရား။ အပြစ်မပြောခဲ့ပါ။ ဆောင်းတွင်းပိုင်းမှာ သူတို့တွေကို ချမ်းမှာစိုးလို့ တပည့်တော် ရဲ့ အရွက်ခတ်တွေနှင့် ကာကွယ်ပေးခဲ့ပါသည်။ နွေပိုင်းရောက်တော့လည်း အေးချမ်းမှုကိုရအောင် အရွက်ကို ပေါများအောင်ဆောင်ရွက်ပေးခဲ့ပါသည်။ မိုးတွင်းပိုင်းရောက် ပြန်တော့လည်း တပည့်တော် မိုးမှ သူတို့ကို ကာကွယ်ပေးခဲ့ပြန်ပါသည်။ သစ်တောက်ငှက် စသော ငှက်တွေသည် တပည့်တော် ၏ ကိုယ်ပေါ်ကို နှုတ်သီးဖြင့် ထိုးဆွ ပြီး သူတို့၏ အစာအဟာရကို ရှာဖွေ ကြပါသည်။ အလွန်ကို နာကျဉ်သောလည်း အပြုံးမပျက်ခဲ့ပါ။

နောက်ပိုင်း သစ်ပင်ပေါ်မှာ နေထိုင်ခွင့်ပြုထားသော သတ္တ၀ါတွေကလည်း တပည့်တော်ကို ဒုက္ခပေးနေပါပြီး နွားစသော အကောင်တွေလည်း တပည့်တော်၏ အရွက်အခက် တွေကို ဆွဲ၍ ဆွဲ၍ စားသောက်နေကြပါဘည်။ နာကျဉ်လွန်းလှ ပါသည်ဘုရား၊ အရှင်တို့လို လူစသောသတ္တ၀ါတွေကလည်း တပည့်တော် ၏ အရိပ်ကိုနား အသီးကို စားပြီး တပည့်တော် သတ်ဖို့ကြံနေပါပြီ။ တပည့်တော် သူတို့ကို အပြစ်တစ်စုံတရာမလုပ်ခဲ့မိပါဘုရား သူတို့သာလျင်တပည့်တော် ကိုမှီပြီး ချမ်းသာနေကြပါသည်။ တပည့်တော်၏် အပေါ်မှာနေထိုင်နေကြသော သတ္တ၀ါတွေကလည်း နှိပ်စက် အောက်က အသိဉာဏ်ရှိသော သတ္တ၀ါတွေကလည်း နှိပ်စက၊် ကြာတော့ တပည့်တော် သိလိုက်ပါပြီဘုရား ငါ့ကို သူတို့ဘာကြောင့် သတ်ချင်နေပါလိမ့်ဆို ပြီး စဉ်စားမိလိုက်တော့ တပည့်တော်၏ တုတ်ခိုင်သော လက်တွေကြောင့် တပည့်တော်၏ ကြီးမားတောင့်တင်းလှသော ပင်စည်ပင်ကြောင့် တပည့်တော် ခု ပျက်စီးရတော့ မယ်ဆိုတာကို သိလိုက်ရပါသည်။ တစ်နေ့ အဲဒီနေ့ကို တပည့်တော် ဘယ်တော့မှ မမေ့ပါ မိုးမလင်းခင်ဆူဆူညံညံ အသံတွေကြောင့် တပည့်တော်ကြည့်လိုက်မိပါတယ် လာနေကြပါပြီ လူတစ်စု တပည့်တော်ကို သတ်ဖို့အတွက် လက်ထဲမှာလည်း လွှတွေ ဆောက်တွေ တူတွေ ရဲတင်းတွေ ပုဆိန်တွေ ကြိုးတွေ အစရှိသည်ကိုကိုင်ပြီး ရယ်ရယ်မောမောနှင့် လာနေကြပြီ၊ သစ်ပင်ပေါ်မှာ အိပ်ပျော်နေကြကုန်သော သတ္တ၀ါတွေလည်း ကြောက်လန့်တကြား သားငယ်သမီးငယ်တွေကို လက်ဆွဲ ပြီး အဝေးကို ထွက်ပြေးသွားကြပါပြီ၊ ငါတစ်ဦးသာလျင်ရှိပါရော့လားလို့ တွေး ရင်း သူတို့ကို ကြည့်နေမိပါသည်။

ပထမဆုံးတပည့်တော် အပေါ်ကို တစ်ဦးတက်လာပြီး ပါလာသော ရဲတင်းနှင့် တပည့်တော် ၏ လက်တွေကို မညာမတာ ရက်ရက်စက်စက် ခုတ်ဖြတ်နေပါပြီး နာကျဉ်လိုက်တာဘုရား တပည့်တော် မခံစားနိုင်လောက်အောင်ပါပဲ။ ဒီလိုနှင့် တပည့်တော်မှာ လက်တွေမရှိတော့ပါဘူးဘုရား။ အောက်ကို ကျသွားသော အကိုင်းတွေကိုလည်း လူအများက အားရပါးရ ခုတ်ထစ်နေလိုက်ကြတာ တပည့်တော် ဘယ်လိုကြည့်နိုင်မလဲ၊ ပုဆိန်ဖြင့် မပြတ်မချင်း ခုတ်နေကြတာကို အရှင်ကိုယ်ချင်းစာမယ်လိုထင်ပါတယ် အသားကိုခုတ်ကြည့်စမ်းပါ ဘယ်လိုခံစားရမှလည်းဆိုတာ။ နောက်တော့ တပည့်တော်၏ အောက်ပိုင်း ဘေးပတ်ပတ်လည် ကို ပုဆိန်နှင့် ရစ်၍ရစ်၍ ခုတ်နေကြပါသည်။ တပည့်တော်ကို သူတို့ အသေသတ်နေကြပြီဆိုတာကို သိလိုက်ပါပြီ။ တပည့်တော်မောနေပြီ အတိုချုပ်ပြီးပြောမယ်ဘုရား. ဒီလိုနဲ့ သူတို့တွေ တပည့်တော် ကိုခုတ်ပိုင်းတစ်ယူသွားပြီး တစ်ချို့ဆိုရင် အိမ်ဆောက်တယ်။ ခုန်ဖိနပ်လုပ်တယ်။ အိမ်အသုံးအဆောင်တွေလုပ်ကြပါသည်ဘုရား။ ဒါပေမယ့် အဲဒီဘ၀ရောက်တဲ့အထိ တပည့်တော် သူတို့အပေါ်ကို အပြစ်မမြင်ခဲ့ပါဘူး။ သူတို့အလိုကျ နေခဲ့ပေးရပါသည်။

ခုလည်းမကြာခင် သူတြို့ပန်လာပြီး တပည့်တော်ကို အရင်းကနေ တူးကြတော့မယ်ဘုရား။ တပည့်တော် အရှင်ဘုရားတို့လို အသိဉာဏ်ရှိတဲ့သူတွေကို ကြောက်သွားပါပြီ။ လူတွေက တကယ့်ကို ကြောက်စရာအကောင်းဆုံး အန္တရာယ်အရှိဆုံးဆိုတာကို တပည့်တော်ခု သဘောပေါက်သွားပါပြီ၊ တပည့်တော် တစ်သက် မကောင်းတာကိုမလုပ်ခဲ့ပါ အားလုံးသော သူမြတ် သူယုတ် ဆိုပြီးမရွေး တပည်တော့်၏ အရိပ်မှာ လက်ခံခဲ့သလို အမောတွေကိုလည်း ပြေပျောက်စေခဲ့ပါသည်။ ဒီအကြောင်းတွေကို အားလုံးသော သူတွေသိအောင် ပြောပြပေးပါဆိုပြီး ၀မ်နည်းစွာ ငိုကြွေးနေပါသည်. ဒီအချိန်မှာ ပဲတိုက်တိုက်ဆိုင်ဆိုင် လူတစ်စု ကလာပြီး သစ်ပင်ကို ကြိုးတွေနှင့်ချည် အပြီးအပိုင်လှဲအချ မလှဲခင်အချိန်လေးအတွင်း မှာ သစ်ပင်အိုက မျက်ရည်စတွေနှင့်အတူ အရှင့်ကို တပည့်တော် နောက်ဆုံး နှုတ်ဆက်ခဲ့ပါသည် တပည့်တော် သေရမှာ မကြောက်ပါဘုရား ။
ဒီအကြောင်းလေးတွေကိုသာ လူအများအားပြောပြပေးပါ ဆိုပြီး အရှင့်ကို မျက်နှာအလွဲ အမြစ်ကနေ ဘေးကို တစ်ခါတည်း လဲကျသွားပါတော့တယ်။ သွားရှာပြီ အကယ်၍များ ဤ သစ်ပင် အိုသာ ဆက်လက်အသက် ရှင်နေမည် ဆိုပါက ဒီသစ်ပင်ကို အကြောင်းပြုပြီး အားလုံးသော သတ္တ၀ါတွေ အရိပ်ကိုလည်း ခိုနှိင်မယ် အသီးကိုလည်း စားသုံးနှိင်မယ် သတ္တ၀ါတွေလည်း နေနိုင်ထိုင်နိုင်တယ် ဆိုတာကိုတွေးလိုက်မိပါသည်။ နောက်တော့ အရှင်လည်း စိတ်မကောင်းကြီးစွာဖြင့် သစ်ပင်အိုကို တစ်ချက်ကြည့်ပြီး အဆောင်ကို ပြန်လာခဲ့ရင်း တွေးလိုက်မိပါသည်။

အော် လူ ......လူ...........

ayeayethin007 Auf 05.10.2009 Sagt:

ချစ်သမိးကြိးရေ...

.....The Best Loved Poems..Of ..The AMERICAN  PEOPLE..

ကဗျာစာအုပ်က....JOYCE  KILMER...ရဲ့ ...TREE  ဆိုတဲ့ကဗျာလေးနဲ့ ချစ်သမိးကြိးရဲ့ 

ခံစားချက်   ၊အရေး..၊အတွေး....လေးတွေနဲ့ နှုင်းယှဉ်ခံစားကြည့်လိုက်ပါသမိး။

TREE....

I thank that I shall never see

A poem lovely as atree.

A tree whose hungry mouth is prest

Aginst the earth's sweet flowing breast.

A tree that looks at GOD all day,

And lifts her leafy arms to pray;

A tree that may Summer wear

A nest of robins in her hairs;

Upon whose bosom snow has lain;

Who intimately live with rain.
Poems are made by fool like me,

But  only GOD can make a tree.

နိုင်ငံတစ်ကာနဲ့ ယှဉ်ပြိး......

ပန်သီကြိုး..နဲ့  ချစ်သမိးရဲ့  ဒသန  ပန်ပွင်းလေးများကို  သိကုံးနိုင်ပါစေ။

....thereby  have  physical andmental well_being.

..(ကိုယ်ရော..စိတ်ပါ..ရွှင်လန်းချမ်းမြေ့ ပါစေ။)

ချစ်မေမေ

nyeinmahaw08 Auf 05.10.2009 Sagt:

သစ်ပင်ဘ၀ဟာ သိပ်သနားစရာကောင်းပါတယ်  ...   ကျွန်မတို့ ဘ၀တွေလဲ ထို့ နည်းတူပါပဲ 

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ဓမ္မနည်းကျ ဆွေး နွေး ခြင်း    Zurück zu Blog   နိဗ္ဗာန် ဆို သည်မှာ →
© 2013-2024 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.