ထာဝရ အဖြူစစ်စစ်...................
Posted on 12.1.2010 by
violent528
Mood: 



.
Music: အဖြူရောင်နေရက်များသို့ .
Tags: ထာဝရ အဖြူစစ်စစ်(သူငယ်ချင်း)
အဖြူရောင်စာလွှာစင်မြင့်ထက်
စကားလုံးချင်းဝင်တိုက်
ခင်မင်မှုတွေ သန္ဓေတည်ရင်း
ရှင်သန်ရာနေ့ ရက်ထဲမှာ ပျော်ရွှင်မှုတွေ သီးပွင့်ခဲ့ကြတာ
ကံကြမ္မာကို လှည့်စားရင်း
ဘဝရဲ့ လောကဓံတွေကို အပျော်တွေနဲ့ ဖုံးလွှမ်းခဲ့ကြတာ
တစ်ယောက်နဲ့ တစ်ယောက်
နယ်မြေတွေ ခြားနေကြပေမယ့်
စိတ်ချင်းတွေ နီးစပ်ခဲ့ကြတာ
ဂျပ်ပင်မထိုးဘဲ
တစ်ယောက်ရင်ခုန်သံ တစ်ယောက်ကြားခဲ့ကြတာ
မင်းရဲ့ စိတ်ကူးတွေ
အမှတ်မထင် အတိတ်ကမ္ဘာထဲ တိုးဝင်မိခဲ့ရင်
ဘဝလှိုင်းကြမ်းတွေကြားထဲ ရုန်းကန်လှုပ်ရှားရင်း
အမှတ်တမဲ့ တိုက်ဆိုင်မှုနဲ့ င့ါကိုသတိရမိတယ်ဆိုရင်
ငါ့ ကျေနပ်ပါပြီ သူငယ်ချင်းရယ်....................။ ။
M.N.T (နတ်မောက်)
သူငယ်ချင်း အားလုံးကို ခင်မင်လျက်................
VIOLENT (YUKI)