၂၀၁၀ ခုနစ်အတွက် ကျွန်မရဲ. ပုံပြင်လေးတစ်ပုဒ်
Posted on 22.3.2010 by
thidange
'' ကိုရင်ကြီးနှင့်လွင်ဦးတို.အကြောင်း ''
သတိပေးချက်။ ။ခြေနှစ်ချောင်း ၊နားရွက်တို ရှိတဲ့ လူမှန်သမျှအားလုံးဖတ်၈ှုခွင့်ရှိသည်။
သို.ရာတွင် သံဃာတော်များ ၊အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများ ၊
ယဉ်ကျေးသိမ်မွေ. အရှက်အကြောက်ကြီးသော မြန်မာမိန်းကလေးများ နှင့်
မြန်မာနိုင်ငံရှိ ကူညီပါရစေဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ.၀င်များ ဖတ်ရန် လုံးဝ
မသင့်တော်ဘူးလို. ယူဆတဲ့ အတွက် မဖတ်ကြပါရန် တားမြစ်သည် ။
တစ်ခုသော တနင်္ဂနွေ နေ.လေးတစ်နေ. ကျွန်မရဲ. အလုပ်နားရက်တွင် အားအား
ရားရားရှိလှသောကြောင့်ကျွန်မရဲ.၀ါသနာ ဖြစ်သော စာရေးခြင်း ၊စာဖတ်ခြင်း ကို
ပြုလုပ်လေ့ရှိပါတယ် ။ယနေ.ခေတ်မှာ အိုင်တီခေတ်ဖြစ်သောကြောင့် ဟိုးတုန်းကလို
စာအုပ်နဲ. စာဖတ်မှ မဟုတ်ဘဲ ကျွန်မရဲ. IBM လက်တော့ ကွန်ပြူတာလေးကို
ဖွင့်ကာ Internet ပေါ်မှာ VZO Web ကိုကြည့်လိုက် ၊ Planet Myanmar Web ကို
ရှာဖတ်လိုက် ၊ Irrawaddy Magazine Web ကို လှန်ကြည့်လိုက်နဲ. တောင်စဉ်
ရေရာမရ ၊ ဦးတည်ချက် မရှိဘဲ ၊ဟို Web Page ကို ဖွင့်ကြည့်လိုက် ၊ဒီ Web Page
ကို လှန်ကြည့်လိုက်နဲ. စိတ်မပါလှစွာ လျှောက်ကလိနေပါတယ်။အဲဒီလို လျှောက်နှိပ်
နေရင်းမှ Irrawaddy Magazine Web Page ရှိ ၂၀၁၀ ခုနစ်အတွက် မြန်မာနိုင်ငံ
တွင် စပါးလုံးလား၊ ဆန်ကွဲလား ရွေးကောက်ပွဲ ရှိတယ်ဆိုတဲ့ စာများကို ဖတ်နေ
မိတယ် ။အဲဒီလိုဖတ်နေရင်း ဟိုတုန်းက ကျွန်မ သူငယ်ချင်းကိုဇော်လတ် ပြောပြခဲ့တဲ့
ပုံပြင်လေးတစ်ပုဒ်ကို ခပ်ရေးရေးလား ၊မသဲမကွဲလား ၊မှုန်ဝါးဝါးလားပဲ ပြန်လည်သွား
သတိရမိပါတယ်။
မှတ်ချက်။ ။ အောက်ဖော်ပြပါစာများတွင် ကျွန်မ တို.ဗုဒ္ဓမြတ်စွာဘုရား ဟောပြော
ခဲ့သလို သင်္ကန်းခြုံလွှမ်းထားသော မည်သည့်ပုဂ္ဂိုလ်ကိုမဆို ငါ...ဘုရား၏သားတော်
ဖြစ်ပါသည်။ဒါကြောင့် အခုကျွန်မရေးသား ဖော်ပြမဲ့ စာတွင် မည်သူတစ်ဦး
တစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြီး ရေးသားထားခြင်း မဟုတ်တဲ့အတွက် တိုက်ဆိုင်
မှုများပါရှိခဲ့ပါလျှင် ကျွန်မအနေနဲ.တောင်းပန်ပါရစေ။မည်သူ.ကိုမှ လုံးဝ လုံးဝ
မရည်ရွယ်ပါကြောင်း။
ဟိုးရှေးရှေးတုန်းက နယ်မြို.လေးတစ်မြို.ရှိ သဲကုန်းဘုန်းကြီးကျောင်း တစ်ခုတွင်
ဝါတော် (၅)၀ါ ရှိခဲ့ပြီးတဲ့ ဇဋိလ ဆိုတဲ့ ကိုရင်ကြီးတစ်ပါးရှိလေသတဲ့။အဲဒီ
ကိုရင်ကြီးဟာ သက်တော်(၃၂)နှစ်ရှိခဲ့ပေမဲ့ ဦးဇင်း အဖြစ်မပြောင်းလဲပဲ ကိုရင်ကြီး
အဖြစ်နဲ.သာဆက်လက်တည်ရှိသတဲ့။မိဘမဲ့ဖြစ်သော ကိုရင်ကြီးအား ၄င်းရဲ.
ဘကြီးတော်စပ်သူ ထိုသဲကုန်းဘုန်းကြီးကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဘ ကောသလ္လ
မှ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကပင် မွေးစားခဲ့ပါတယ်။ကိုရင်ကြီးမှာ ငယ်စဉ်က
လွန်စွာ အဆော့သန် ၊ကစားသန်သောကြောင့် တစ်နေ.တွင်သစ်ပင်ကြီးတစ်ပင်ပေါ်
သို.တက်ဆော့ပြီး မတော်တဆ ထိုသစ်ပင်ပေါ်မှ ပြုတ်ကျကာ ဦးခေါင်းမှာ ဒဏ်ရာ
ရခဲ့ပြီး စိတ်မနှံသလိုလို ၊ရူးသလိုလို ၊ပေါသလိုလို ဖြစ်နေတယ်။ထို အထက်ပါ
အကြောင်းကြောင်းကြောင့် ၄င်းရဲ.မွေးစားအဖေ တစ်ဖြစ်လည်း ဘကြီးတော်မှ
၎င်းရဲ.ဘုန်းကြီးကျောင်းမှာပဲ နေစေခဲ့ပြီး ပညာလဲထိုဘုန်းကြီးကျောင်းမှာပဲသင်
ယူစေခဲ့တယ်။ လူပျိုကြီး ဖြစ်တဲ့ဆရာတော်မှ ဘယ်လောက်ပဲ သင်ပေးပေး
နဂိုဦးနှောက်မှတ်ဥာဏ်အားနည်းပြီး ၊ဦးခေါင်းမှာ ရထားတဲ့ဒဏ်ရာကြောင့်
၎င်းကိုရင်ကြီးမှာ မူလတန်းမှာပင် စာကိုဆက်လက်သင်ယူ့ခြင်းမပြုတော့ပဲ ကိုရင်ကြီး
အဖြစ်နဲ. ဘကြီးတော်စပ်သူ ဆရာတော်အား အနီးကပ်ကူညီရင်း အချိန်များကို
ကုန်လွန်စေခဲ့တယ်။လှံထမ်းလာတာမြင်ရတယ် ၊ကံထမ်းလာတာ မမြင်ရဘူး ဆိုတဲ့
စကားပုံလိုပဲ ကိုရင်ကြီးအား ဘ၀အလှည့်အပြောင်း ဖြစ်လာမဲ့ နေ.ကတော့ .....။
တစ်ခုသော တနင်္ဂနွေနေ.ညနေခင်းတစ်နေ.မှာ ကိုရင်ကြီးမှာ ကဏန်းသားစားချင်တဲ့
အာသီတပြင်းပြ လာသောကြောင့် ဘုန်းကြီးကျောင်းရဲ. ဒကာရင်းဖြစ်တဲ့ အမြဲတမ်း
လည်းဘုန်းကြီးကျောင်းအား လာတတ်လေ့ရှိသော ၊ကိုရင်ကြီးအား ရင်းနှီးမှုရှိကာ
၎င်းဘုန်းကြီးကျောင်းလာပြီး ပြန်သောအခါတွင် ၀တ္တု(ပိုက်ဆံ) အား အမြဲတမ်း
လိုလို လှုတတ်သော ဒကာ ရဲအုပ်လွင်ဦး အား '' ဒကာကြီး မနေ.ညတုန်းက
ကိုရင်ကြီး အိမ်မက်တစ်ခုမက်တယ်။ပင်လယ်စပ်မှာ ကဏန်း တွေပြေးလွှားနေတာကို
မြင်မက်တယ်။ကိုရင်ကြီးက ဘာဖြစ်လို.ပြေးလွှားနေတာလဲလို. မေးတော့ ကဏန်း
တစ်ကောင်မှ မိမိကိုယ်ကျိုးကိုသာကြည့်တတ်တဲ့ လူတစ်စုက တပည့်တော်တို.ကို
လိုက်ဖမ်းနေလို. တပည့်တော်တို.အိမ်ကို စွန်.ပြီး တစ်ခြားအိမ် တစ်ခုခုကို ပြောင်းနေ
ဖို. ကြောက်လန်.တကြားပြောင်းရွေ.ဖို. ပြေးလွှားနေကြတာပါ ဟုပြန်ပြောလေသည်။
ဒါနဲ.ပဲ ကိုရင်ကြီးက အဲဒီလို လျှောက်ပြေးနေမဲ့အစား နေစရာအိမ်မရှိတဲ့အတူတူ
ကိုရင်ကြီးရဲ. ဘုန်းကြီးကျောင်းမှာ လာနေပါလား လို.ပြန်ပြောလိုက်ရော ၄င်း ကဏန်း
မှ အမလေး...မလုပ်ပါနဲ. ကိုရင်ကြီးရေ အဲ့ဒီကောင်တွေက ဘုန်းကြီးဆိုပြီး ညှာမယ်
မထင်နဲ. စာမတတ် ပေမတတ် တောထဲ့ကတိရစ္ဆာန်သာသာ ဦးနှောက်ပဲရှိတဲ့ကောင်
တွေဆိုတော့ ကိုရင်ကြီးကို လည်းဒုက္ခ ပေးချင်ပါဘူးလေ ဟော...ပြောရင်းဆိုရင်း
သူတို.တွေလာနေကြပြီး တပည့်တော်တော့ ပြေးပြီဆိုကာ ပြေးလေသည်။ကိုရင်ကြီးမှ
ဘယ်သူများလဲလို.သိလို၍ အနောက်လက်ကို လှည့်လိုက်ရုံရှိသေး အိမ်မက်မှလန်.နိုး
လာတယ် '' ။အင်း ကဏန်း ကဏန်း သနားစရာကောင်းတဲ့ ကဏန်းလေးတွေ ဆိုပြီး
ကိုရင်ကြီး စုတ်တသတ်သတ် နဲ. ပေါ့ ။
[ မှတ်ချက်။ ။အထက်တွင် ဖော်ပြခဲ့သော ရဲအုပ်လွင်ဦး ဆိုသည်မှာ ၄င်း ကိုလွင်ဦး
သည် တကယ့်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော အစိုးရ၀န်ထမ်း
အစစ်မဟုတ်ပါ။ အပြောသန် ၊အကြွားသန်သော ကိုလွင်ဦးရဲ. ဇနီးမှာ ဒုရဲအုပ်
နီလာဝင်း(ရဲမေ)ပါ။အဲဒါကို ၄င်းတို.ရဲ. သူငယ်ချင်းများက အမြင်ကပ်ပြီး ရဲမေကို
လက်ထပ်လိုက်လို. (ဘန်းစကားအဖြစ် ရဲမေကို အုပ်လိုက်တဲ့ အတွက် ရဲအုပ်) ဆိုပြီး
စိုးမိုးထွန်းဆိုတဲ့ ခပ်နောက်နောက်လူ မှ စခေါ် စနောက်ရင်း တစ်ရပ်ကွက်လုံးမှ
ရဲအုပ်လွင်ဦး ဆိုပြီး အားလုံး ခေါ်ကြရာမှ ရဲအုပ်လွင်ဦး ဆိုပြီး နာမည်တွင်သွားလေ
တော့သည် ။သူကိုယ်တိုင်ကလည်း ထိုကဲ့သို. ရဲအုပ်လွင်ဦး ဆိုတဲ့ နာမည်ကို
ကြိုက်နှစ်သက်တယ်။ ဟုတ်တယ်လေ မသိတဲ့လူဆိုရင် တကယ့် ရဲအုပ်လို. အထင်ခံ
ရလဲ နည်းမလား ဆိုတဲ့ သူ.အတွေးနဲ. သူပါပဲလေ ] ။
အဲဒီလို ကိုရင်ကြီး ပြောတဲ့ အိမ်မက်ထဲမှ ကဏန်း ဆိုတဲ့စကားကို ရဲအုပ်လွင်ဦးမှ
ဘာအဓိပ္ပါယ်ပေါက်သွားသလဲမသိဘူး ။အဲဒီနေ.မှာ ၂၇ ဆိုပြီးကျပ်၂၀၀(နှစ်ရာ)ဖိုး
နှစ်လုံးထီ ထိုးလိုက်တယ်။ ထိုးတာမှ တစ်ကွက်ထဲရယ် ၇၂ တောင်မလှန်ဘူး ။
တကယ်ပါပဲ တိုက်တိုက် ဆိုင်ဆိုင်အဲဒီနေ. မနက်(၉)နာရီကျော်ကျော်လေးမှာ ၂၇
ဆိုပြီး နှစ်လုံးထီထွက်ခဲ့တယ်။(ရဲအုပ်လွင်ဦး နှစ်လုံးထီထိုးစဉ်ကာလမှာ မြန်မာနိုင်ငံရှိ
အောင်ဘာလေ သိန်းထီဆုကြီးရဲ. နောက်ဆုံး ဂဏန်းနှစ်လုံးကို ယူပြီး အလျှော်အစား
လုပ်တဲ့ကာလတုန်းကပါ )။နောက်နေ.တွင် ရဲအုပ်လွင်ဦးမှ ကိုရင်ကြီးအား ''ကိုရင်ကြီး
ရေ... မနေ.ညက အိမ်မက်လေး ၊ဘာလေး မမက်ဘူး''ဟုမေးသောအခါ ကိုရင်ကြီးက
ဘာဖြစ်လို.တုန်း ဒကာရဲ. ဆိုတော့ ရဲအုပ်လွင်ဦး မှ မနေ.တုန်းက ကိုရင်ကြီး ပေးတဲ့
အိမ်မက်ကို တပည့်တော် နှစ်လုံးထီထိုးလိုက်တော့ နှစ်ရာဖိုး ပေါက်တယ်။ဒါကြောင့်
တပည့်တော် ထီပေါက်လို. ၀တ္တု(ပိုက်ဆံ) ကပ်လှုပါတယ်ဘုရားဆိုပြီး ၄င်းအိပ်ကပ်ထဲ
မှ စာအိပ်ဖြူလေးကို ဆွဲထုတ်လိုက်ပြီး လက်နှစ်ဘက်ဖြင့် ကိုရင်ကြီးအား ရိုသေစွာ
န၀ကမ္မ ပါ ဘုရား ဟုဆိုပြီး စာအိပ်ထဲတွင်ထည့်ထားသော ငွေသားတစ်ထောင်တန်
ရှိသော စာအိပ်ဖြူလေးအား ကိုရင်ကြီးကို ကပ်လှုပါလေသည်။ကိုရင်ကြီးမှ လက်ခံ
ရယူလိုက်ပြီး ကျန်းမာ ၊ချမ်းသာပါစေ ဟုဆုတောင်းပေးလိုက်ပြီး ကိုရင်ကြီးမှ
သြော်.....ပုတုဇဉ်လူသားတွေ သင်တို.က မပင်မပန်း အလွယ်လမ်း ၊ဖြတ်လမ်းနည်း
နဲ. နှစ်လုံးထီ ၊သုံးလုံးထီ ထိုးဖို.လောဘကြောင့် (Arithmetic) ဆိုတဲ့
ဂဏန်းကို ငါ့ဆီက လိုချင်တယ်။ငါကလည်း လူမှာ အရိုးမရှိတဲ့ အရာနှစ်ခု
(ငယ်စဉ်က ကြားဖူးသောစကားပုံမှာ အရိုးမရှိတဲ့ အရာနှစ်ကို အလိုမလိုက်နဲ. ။
ထို နှစ်ခုကို များစွာ အလိုလိုက်ပါက လွန်စွာဒုက္ခ ရောက်တတ်ကြောင်း အဲဒီ အရိုး
မရှိတဲ့ အရာနှစ်ခုမှာ တစ်ခုက လျှာ ဖြစ်ပြီး နောက်တစ်ခုကတော့ ဖိုသတ္တ၀ါရဲ.
အင်္ဂါကို ဆိုလိုတာပါ။အခြားအရိုးမရှိတဲ့ အရာများကို မဆိုလိုပါ။ ဥပမာ။ ။
နှလုံး ၊ကျောက်ကပ် ၊အသည်း ၊အဆုတ် ၊ဆီးအိမ် အစရှိသဖြင့် )
မှ တစ်ခုဖြစ်တဲ့ လျှာ ဆိုတဲ့အရာကို အလိုလိုက်ဖို.ပင်လယ်စာ ( Seafood ) သတ္တ၀ါ
တစ်မျိုးဖြစ်တဲ့ ကဏန်းသားကို စားချင်လို. သင့်ဆီက လိုချင်တယ်။ဟင်....မင်းက
နှစ်လုံးထီ ၊သုံးလုံးထီ တို.ဆိုတဲ့ လောင်းကစားလုပ်ပြီး ပိုက်ဆံ ချမ်းသာဖို. ဂဏန်း
နှင့် ၈ှုပ်ချင်ပြီး ငါကတော့ စားလို.ရတဲ့ ကဏန်းကို ငါရဲ.အရိုးမရှိတဲ့ လျှာကို ပါးစပ်
အရသာ ချမ်းသာဖို. ၈ှုပ်ချင်နေပါလား အင်း.....ကဏန်း ၊ဂဏန်း ဆိုပြီး တွေးနေမိ
ပါတော့လေသည်။ [ မှတ်ချက်။ ။အသံထွက်သာတူပြီး အဓိပ္ပါယ်နဲ. စာလုံးပေါင်းမှာ
လုံးဝ မတူညီပါ ။ ကဏန်း = ပင်လယ်စာသတ္တ၀ါတစ်မျိုး ( Seafood )
ဂဏန်း = ဂဏန်းသချာင်္ ( Arithmetic ) ]
ထို.နောက် ကိုရင်ကြီးမှ ရဲအုပ်လွင်ဦးအား မနက်ဖြန်ကျရင် မနက်(၉း၀၀) လောက်
မှာ ဒကာကြီးဈေးမှာ ကဏန်းအရှင်တွေဝယ်ထားပြီး စောင့်နေပါ ဒကာကြီးရဲ.အိမ်ကို
ကိုရင်ကြီး ကြွလာမယ်။ အဲဒီကဏန်း အရှင်ကိုလည်း ဘာမှမလုပ်နဲ.နော်။ ကိုရင်ကြီး
ကိုယ်တိုင်ချက်မလို. ဟုပြောသောအခါ ရဲအုပ်လွင်ဦးမှ အား.....ကိုရင်ကြီးတော့
လုပ်ချလိုက်ပြန်ပြီး ဘယ်နှယ့် ကိုရင်ကြီး ကိုယ်တိုင်ချက်မလို.တုန်း ငရဲကြီးနေပါ့မယ်။
ထိုအခါ ကိုရင်ကြီးမှ ဒကာကြီး မသိပါဘူး ။ကဏန်းဆိုတာ သေသွားပြီးရင် မိနစ်ပိုင်း
အတွင်း ပုပ်တတ်တဲ့ အမျိုးကွ အဲဒီလိုကဏန်း အရှင်ကို ချက်ချင်းပြုတ်ချက်ပြီး
ချက်ချင်းပဲစားမှ လတ်ဆတ်ပြီး အရသာရှိတာ ကိုရင်ကြီးကတော့ အဲဒီလို ကဏန်း
သားကို ကိုယ် ကိုယ်တိုင် ချက်ပြီးမှစားရတာကိုကြိုက်တယ်။အဲဒီလိုလည်းဘယ်ဟုတ်
ပါ့ မလဲ တပည့်တော်က ဟင်းချက်မတတ်ပေမဲ့ တပည့်တော်မိန်းမ အ၀င်း
(အ၀င်း ဆိုသည်မှာ ၄င်းရဲ. ဇနီး ရဲမေ နီလာဝင်း ကိုဆိုလိုတာပါ) ကိုချက်ခိုင်းလိုက်
ရင်ရတာပဲ ပြောသောအခါ ကိုရင်ကြီးမှာ အတွန်.တက်လာသောရဲအုပ်လွင်ဦးအား
ဒေါသထွက်လာပြီး ဟေ့.....ဒကာကြီး မင်း အိမ်မှာ ငါမနက်ဖြန်ကျရင် ကဏန်းဟင်း
စားချင်လို. ငါကိုယ်တိုင်ချက်မလို. အဲဒါသဘောတူလား မတူဘူးလား တစ်ခွန်း
ပဲ အခုဖြေကွာ ဟုကိုရင်ကြီး မေးလိုက်သောအခါ ရဲအုပ်လွင်ဦးမှာ ဇက်ကလေးပုသွား
ပြီး မျက်နှာချိုလေးသွေးကာ သဘောတူပါတယ် ဘုရား သဘောတူပါတယ် ဘုရား
ဆိုပြီး လက်အုပ်လေးချီကာပြန်ဖြေတဲ့ အခါမှ ကိုရင်ကြီးမှ ဒီလိုလိမ္မာမှပေါ့  နိုးမဟုတ်
ရင် မနက်ဖြန်မှာ ကိုရင်ကြီး မက်တဲ့ အိမ်မက်ကို မပြောပြဘူး ဟု ခြိမ်းခြောက်လိုက်
တဲ့အခါ ရဲအုပ်လွင်ဦးမှ ပြာပြာသလဲ တင်ပါ့ဘုးရား တပည့်တော် သဘောတူပါတယ်
လို.ပြောထားပြီး ပြီလေ တင်ပါ့ ဘုရား ဟု ဆိုကာ နှစ်လုံးထီ နံပါတ် မရမှာစိုး၍
ပြာပြာသလဲ တောင်းပန်လေသည်။
နောက်နေ.မနက်တွင် ကိုရင်ကြီးမှ ရဲအုပ်လွင်ဦး ၀ယ်လာသော ကဏန်းများအား
ကိုယ်တိုင်ချက်ပြုတ်ရန် မိုးပြဲဒယ်အိုးကို အသုံးပြုပြီး ပြုတ်လိုသောကြောင့် ၄င်း
ဒယ်အိုးဖြင့် ရေနွေးအိုးတည်လေသည်။ အချိန်အတန်ကြာသောအခါ ရေနွေးများ
ပွတ်ပွတ်ဆူလာ၍ ကိုရင်ကြီးမှ ၀ါးလုံး တစ်လုံးကို ဓါးဖြင့် ထက်ခြမ်းခွဲပြီး ၀ါးပြားဖြစ်
အောင်လုပ်လေသည် ။ပြီးမှ ထိုဝါးခြမ်းပြားကို မိုးပြဲဒယ်အိုးပေါ်တွင် ကန်.လန်.ဖြတ်
တင်လိုက်သည်။အဲဒီလို ကိုရင်ကြီး လုပ်နေသမျှကို ဘေးနားမှာ ကြည့်နေတဲ့ ရဲအုပ်
လွင်ဦးမှ ကိုရင်ကြီးဘာကြောင့် ၀ါခြမ်းပြားကို ဒယ်အိုးပေါ်တင်ပြီး ဘာလုပ်မလဲ
ဆိုတာသိလို၍ မေးသောအခါ ကိုရင်ကြီးမှ “ဒီလို ... ဒကာကြီးရေ အခုကဏန်းကို
ကိုရင်ကြီး ကိုယ်လက်နဲ.ကိုယ် ကိုယ်တိုင်ပြုတ်လို.ကတော့ ကိုရင်ကြီးမှာ အပြစ်ဖြစ်
မယ်လေ။ဒါကြောင့်သူတို.လေးတွေကို ဒီဝါးခြမ်းပြားကနေ နင်တို.ကို ဘေးမဲ့လွှတ်ပေး
တာ ဆိုပြီး လျှောက်ခိုင်းမယ်။အဲဒီလို လျှောက်နေတုန်း အပူဒဏ် မခံနိုင်ဘဲ ရေနွေး
အိုးထဲ ကျမယ်လေ။ဒါဆိုရင် ကိုရင်ကြီးနဲ. ဘာမှမဆိုင်ဘူးလေ။အင်း...သတ္တ၀ါဆိုတာ
လူချွတ်မှ ကျွတ်တာဆိုတော့ သူတို.လေးတွေ မြန်မြန်ကျွတ်အောင် ကူညီရာလည်း
ရောက်တာလေ ဟုဆိုပြီးမှ ကိုရင်ကြီးမှ ကဲကဲ...ဒကာကြီးရေ အဲဒီကဏန်းတွေရဲ.
လက်မတွေကို ကြိုးချည်ပြီး ကျန်တဲ့ ဘေးက လက်ချောင်းတွေကို မချည်နဲ. ကူညီ
ပါအုံး ကိုရင်ကြီးပြောသောအခါ ရဲအုပ်လွင်ဦးမှ တင်ပါ့ဘုရားလို ပြန်ပြောပြီးကိုရင်ကြီး
ခိုင်းတဲ့အတိုင်း လုပ်လေသည်။ပြီးနောက် ကိုရင်ကြီးမှ ကဏန်းများအား ၀ါးခြမ်းပြား
ပေါ်သို.တစ်ကောင်ချင်းစီတင်ပြီး လျှောက်ခိုင်းလေသည်။၎င်း ပါးစပ်မှလည်း
သတ္တ၀ါတစ်ခု ကံတစ်ခု ကျွတ်ကြ လွှတ်ကြပါစေ ဟုဆိုပြီး ၀ါးပြားပေါ်သို.တင်ပြီး
လျှောက်ခိုင်းလေသည်။နဂိုကတည်းက ကဏန်းဆိုတဲ့ သတ္တ၀ါဟာ အခြားသတ္တ၀ါ
တွေလို လမ်းလျှောက်တဲ့ အခါ မျက်နှာမူရာတည့်တည့်မလျှောက်ဘဲ ဘေးတိုက်
လျှောက်တဲ့ အမျိုးဆိုတော့ အဲဒီလို ၀ါးပြားပေါ်မှာ နဲ.နဲ.ပဲလျှောက်ရတယ် ရေနွေးအိုး
ထဲ့သို. တစ်ကောင်ပြီး တစ်ကောင်ပြုတ်ကျပါလေရော။ထိုအခါ ကိုရင်ကြီးမှ မင်းလမ်း
မင်းသွား ၊ငါ့ လမ်း ငါ့ သွား ဟုပါးစပ်မှလည်းပြော ထင်းစည်းများကိုလည်း မီးအားပြင်း
လာအောင် မီးဖိုထဲသို. ထိုးထဲ့နေတော့သည်။ဘေးနားမှ ရဲအုပ်လွင်ဦး မှလည်း
တစ်ချို.ကဏန်းများ ၀ါးခြမ်းပြားပေါ်တွင် ကိုးရိုးကားရားနှင့် ဘေးတိုက်လျှောက်နေ
တာကို တဟား ဟားနှင့် အော်ရီတော့လေသည်။စကားပုံတွင် ကြားဖူးတာကတော့
ဘုန်းကြီးရူးနှင့် လှေလူးပါ ။အခုကတော့ ကိုရင်ကြီးတကယ်ရူးနှင့် ရဲအုပ်အတု
လွင်ဦး လူး ဆိုပြီး ဒီဘက်ခေတ်မှာ စကားပုံအသစ် ပြောင်းရတော့မလို ဖြစ်နေပါ
တော့တယ်။တစ်ချို. အကောင်ကြီးတဲ့ ကဏန်းကြီးတွေကျတော့ လျှောက်ရင်း
လျှောက်ရင်းနဲ. အခြားတစ်ဖက်ကို ရောက်သွားတယ်။အဲဒီလိုရေနွေအိုးထဲသို. မကျဘဲ
လွှတ်သွားတဲ့ ကဏန်း အကြီးကောင်တွေကို ကိုရင်ကြီးမှ ကောက်ယူလိုက်ပြီး
ဟင်း...ငါကတော့ အလုပ်ကို တရားမျှမျှတတပဲ လုပ်တာကြိုက်တယ်။မင်းက
အကောင်ကြီးတော့ နှစ်ခါလျှောက်ကွာ ဆိုပြီး ၀ါခြမ်းပြားပေါ်သို. တင်လိုက်ပြီး
ထပ်လျှောက်ခိုင်းလေသည်။နဂိုမှ အပူဒဏ်ကြောင့် ပထမတစ်ခေါက်ကတည်းက
ကျချင်ချင် ဖြစ်နေတဲ့အထဲ အခု တစ်ခါ ဒုတိယအကြိမ်မှာတော့ ရေနွေးအိုးထဲ ကျပါ
လေရော။ ကိုရင်ကြီးပုံစံက ဒုတိယအကြိမ် လွှတ်သွားလည်း နောက်တစ်ခါ တတိယ
အကြမ်လျှောက်ခိုင်းမဲ့ ပုံစံပါ။
( ဟင်း...ဒီပုံပြင်ထဲကလိုပဲ ၁၉၉၀ ခုနစ်မှာ ကဏန်းတွေ ကိုတစ်ခါလျှောက်ခိုင်းပြီး
ပြီလေ။ အခုလည်း ၂၀၁၀ ခုနစ်မှာ တစ်ခါထပ်လျှောက်ခိုင်းပြန်ပြီး။မလျှောက်ချင်တဲ့
ကဏန်းတွေကတော့ သူ.ဘာသာသူ ကဏန်းအဖြစ်မှ နုတ်ထွက်ရတော့မယ်။စကားပုံ
မှာတော့ သူ.လက်ခုပ်ထဲက ရေဆိုတော့ မှောက်ချင်မှောက် ၊သောက်ချင်သောက်
ဆိုသလိုပဲ ကိုရင်ကြီး လက်ခုပ်ထဲက ကဏန်းတွေဆိုတော့ အင်း..သူ.သဘောပဲလေ။
အဲဒီကိုရင်ကြီးကလည်း ဟိုးတုန်းက ရှင်အဇ္ဈဂေါဏ ဘုန်းကြီး ကို အားကျပြီး ဓါတ်လုံး
ရအောင် ဖိုထိုးနေတယ်။ ဒီဘက်ခေတ်မှာတော့ တစ်စုံတစ်ယောက်က ၄င်းရဲ.
ပါဝါအစွမ်း ဆက်လက် တည်တံ့ ခိုင်မြဲအောင် မြောက်ကိုရီးယားကို အားကျပြီး
နူးကလီးယား ရှိလာရအောင် လုပ်နေတာဆိုတော့ တကယ်လို. အဲဒီ
တစ်စုံတစ်ဦးကသာ သူ.လက်ထဲမှာ အဲဒီဟာကြီးရသွားလို.ကတော့ အမေရိကန်
မပြောနဲ. သိကြားမင်းဆင်းလာပြီး လာရောက်ဖြေရှင်းမယ် ဆိုရင်တောင် ဘယ်လိုမှ
မဖြစ်နိုင်တော့တဲ့အတွက် ကျွန်မတို.မျှော်လင့်တောင့်တနေတဲ့ ရွှေပြည်တော်ကြီး
လည်း မျှော်လေတိုင်းဝေးလို. ကျွန်မ အနေနဲ. ဆိုလိုက်ချင်ပါတော့တယ်။ )
ဟင်း...ကဏန်း ၊ကဏန်း အင်မတန်. အင်မတန်မှ သနားစရာ ကောင်းတဲ့
ကြားခံ ၊တန်ဆာခံ ပေးဆပ်လိုက်ရတဲ့ အချို. ၊တချို.သော ကဏန်းတွေ။
'' ဒုန်း '' လူစည်ကားသော ရန်ကုန်မြို.လယ်ခေါင် တစ်နေရာတွင် ဗုံးပေါက်ကွဲပြီး
ထွက်ပေါ်လာသော အသံမဟုတ်ပါ။ ကိုရင်ကြီး ကယောင်ချောက်ချား အိမ်မက်တွေ
မက်ပြီး ကုတင်ပေါ်မှ အိပ်ဆော့ပြီး ပြုတ်ကျ၍ ၄င်းရဲ.ပြောင်နေသော ကတုံးနှင့်
ကြမ်းပြင် ထိပြီးထွက်ပေါ်လာတဲ့ မြည်သံပါ။ကိုရင်ကြီးမှာ အလွန်ပဲနာကျင်သွားသော
၎င်းရဲ.ကတုံးကို ပွတ်သပ်နေပြီး '' သြော်... ငါအိမ်မက် မက်နေပါလား ။တော်ပါ
သေးရဲ. တကယ့်အပြင်မှာ ကဏန်းတွေကို မချက်စားခဲ့လို. '' ။နောက်နေ.မနက်တွင်
ရဲအုပ်လွင်ဦးအား မနေ.ညက ကဏန်းအကြောင်းကို ထပ်ပြီးအိမ်မက် မက်တဲ့
အကြောင်းပြောပြတော့ ၄င်းမှ အား...ကိုရင်ကြီးကလည်း ဒီကဏန်းတွေအကြောင်းပဲ
ပြန်မက်သလား တစ်ခြားအကြောင်း ဘာညာတွေမမက်ဘူးလား ဆိုပြီး မေးလေ
သည်။ထိုအခါ ကိုရင်ကြီးမှ အေး...အဲဒီကဏန်း အကြောင်းပဲ မက်တယ်ကွ လို.ပြန်
ဖြေလေသည်။ ရဲအုပ်လွင်ဦးလည်း နှစ်လုံးထီထိုးရန် အတွက် ချဲထီဒိုင်ကြီး အိမ်သို.
သွားလေသည်။ ထိုအိမ်သို.ရောက်သော် ရဲအုပ်လွင်ဦးမှ ၂၇ ကို ၂၅၀၀ဖိုး ပေးကွာ
ဆိုတော့ ချဲထီအရောင်း စာရေးမလေးမှ ထူးဆန်းသတ္တ၀ါကို တွေ.လိုက်ရသလို ၄င်း
အား ''ဟာ...ကိုလွင်ဦးကတော့ ဒီနေ.ဆေးသောက်တာ လှုပ်ပြီးသောက်ဖို.
မေ့သွားသလား မနေ.ကပဲ ၂၇ ထွက်ပြီး ပြီလေ...လာနောက်မနေနဲ. '' လို.ပြော
လိုက်ရော ရဲအုပ်လွင်ဦးမှ ဟေ့...၂၇ မှ ၂၇ တစ်ကွက်ထဲပဲ လို.ဒေါသအသံနှင့်
ပြောတော့ အနီးအနားမှ အခြားသော ကောင်လေး ၊ကောင်မလေးတွေမှ ဒီနေ.မှာ
ဘယ်သူမှ ဒီဂဏန်းမထိုးဘူး ။ဒီ ကျွန်မရောင်းတဲ့ စာအုပ်မှာ ခေါင်က ၅၀၀၀ တိုက်
နော်...ကျန်တဲ့ ၂၅၀၀ ဖိုး အကွက် လွတ်နေတယ် ၊ ယူလိုက်ပါလားလို. အကြံပြု
သလိုနဲ. ပြက်ရယ် ပြုပြီး လှောင်ပြောင်စွာ နောက်လေသည်။ထိုအခါ ရဲအုပ်လွင်ဦးမှ
မနေ.ကပေါက်ထားတဲ့ ၊အလကားရထားတဲ့ ပိုက်ဆံ အားကိုးနဲ. ဒီလောက်တောင်
ဖြစ်လှတာ .....ပေးကွာ ကျန်တဲ့ ၂၅၀၀ ဖိုး ဆိုပြီးထိုးလိုက်လေသည်။အဲဒီအခါတွင်
ဘေးမှ အရောင်းစာရေးကောင်လေး ကျော်မြင့်ဆိုသူမှ ကိုလွင်ဦးရေ ကျွန်တော့်
စာအုပ်ကိုတော့ အားမပေးဘူး...ဘာလဲ ကောင်မလေးတွေ ရောင်းတဲ့ စာအုပ်မှ
ချဲစာအုပ် မဟုတ်ဘူးနော်။ကျွန်တော့်မှာလည်း ထိုးသွားအုံး ဆိုတော့ အေး...မင်း
စာအုပ်ဒီနေ. ခေါင်ဘယ်လောက်ဖွင့် သလဲကွ ဟု ရဲအုပ်လွင်ဦးမှ မေးလိုက်သောအခါ
ခေါင်က ၅၀၀၀ တိုက်ပါ။အစ်ကိုဘယ်လောက်ယူမလဲဆိုတော့ ရဲအုပ်လွင်ဦးမှ ၂၇ ကို
၅၀၀၀ တိုက်ပေးကွာ ဆိုလေသည်။ဟာ...အစ်ကို ၇၂ ကိုရော အလှန်မထိုးဘူးလား
လို. ကျော်မြင့်မှ မေးသောအခါ စကားမများနဲ. ဟေ့ရောင် လှန်ချင်ရင် ငါ့မိန်းမ ထမိန်
ပဲ အိမ်ပြန်ပြီး လှန်တော့မယ် လို. ရဲအုပ်လွင်ဦးလဲ ပြောလိုက်ရော အားလုံးမှာ
ဝိုင်းရီ ကြတော့လေသည်။
ယုံချင်ယုံ ၊မယုံချင်နေ နောက်နေ.မှာ တကယ်ပဲ ၂၇ ဆိုပြီး ထွက်လာပါလေရော။
အဲဒီနေ.မှာ ရဲအုပ်လွင်ဦး (၁၀၀၀၀) တိုက်ဖိုး နှစ်လုံးထီ ပေါက်လေသည်။အလျှော်
အစားမှာ အဲဒီခေတ်တုန်းက ဆိုရင် တစ်ရာဖိုးဆိုရင် ရှစ်ထောင်ဖိုး(အဆရှစ်ဆယ်)
လျှော်တဲ့ အချိန်မှာ ဆိုတော့ ရဲအုပ်လွင်ဦး သိန်းရှစ်ဆယ်ဖိုး ချဲပေါက်လေသည်။
[ အဲဒီခေတ်အခါတုန်းက မတ်တူးကား မော်ဒယ် ၉၄-၉၅ မှ သိန်း ၅၀နဲ.၆၀ကြားမှာ
ရှိတဲ့ ခေတ်ကာလဆိုတော့ ရဲအုပ်လွင်ဦးပေါက်သွားတဲ့ ပိုက်ဆံဟာ နဲ.နဲ.နှောနှောမှ
မဟုတ်တာ ]။ ပန်းသတင်း လေချင်းဆောင် ၊လူ.သတင်း လူချင်းဆောင် ဆိုသလိုပဲ
ရဲအုပ်လွင်ဦး ချဲထီပေါက်သွားတယ်ဆိုတဲ့ သတင်းဟာ ရပ်ကွက်ထဲရှိ ဈေးမှာရော၊
အရက်ဆိုင်မှာရော ၊လက်ဖက်ရည်ဆိုင်မှာရော စသည့် စသည့် နေရာအနှံအပြားသို.
လျင်မြန်စွာပျံနှံ.သွားလေတော့သည်။အဲဒီလိုချဲဂဏန်းကို သဲကုန်းဘုန်းကြီးကျောင်းမှ
ကိုရင်ကြီး ပေးတယ်လို. ရဲအုပ်လွင်ဦး အာချောင်မိ၍ နောက်နေ.တွင် ၄င်းဘုန်းကြီး
ကျောင်းရှိ ကိုရင်ကြီးရဲ. တစ်ပါးသုံးကျောင်းဆောင်တွင် လူအများ အုပ်ကြီး ၊အုပ်ငယ်
နဲ.ရောက်ချလာပြီး တပည့်တော်တို.ကိုလည်း ချဲနံပါတ်စွန်.ပါ (ပေးပါ) ဟု
တစ်ယောက် တစ်ပေါက်ဖြင့် လာရောက် တောင်းလေတော့သည်။ထိုအခါကိုရင်ကြီး
မှာ ဆွမ်းဘုန်း(ထမင်းစားချိန်)တွင် လည်းကောင်း ၊ကျိန်းမဲ့အချိန်(အိပ်ချိန်) ၊
ကုဋ္ဋီ (အိမ်သာ) သွားချိန် မှာတောင်လွတ်လွတ်လပ်လပ်သွားလာ၍ မရ ၊
စကားပြောရင်လည်း မလွတ်မလပ်တော့သဖြင့် ကိုရင်ကြီးမှာ ဤသို.စဉ်းစား
မိလေသည်။အင်း.....ငါဟာ တကယ့်ကို ချဲနံပါတ်ပေးနိုင်အစွမ်းရှိတဲ့ ဘုန်းကြီးလည်း
မဟုတ် ၊လူတွေကလည်း ငါဘာလုပ်လုပ်လိုက်ကြည့်နေတယ် မဖြစ်ပါဘူးလေ ဆိုပြီး
လူသူအရောက်ပေါက်နည်းလှသော တောတွင်းတစ်နေရာသို. နောက်နေ.မှစ၍
ကိုရင်ကြီးမှာ ထိုလူအုပ်နှင့် ဝေးရာသို. စိတ်ညစ်စွာဖြင့် ရှောင်ရှားသွားလေသည်။
သို.ပေမဲ့ ရဲအုပ်လွင်ဦးမှာ ရလေလိုလေ အိုသစ္ဆေဆိုတဲ့ အတိုင်းပဲ လောဘဇော
အတေားမသတ်ကာ ကိုရင်ကြီးမရှိတော့ပေမဲ့ ရပ်ကွက်ထဲရှိ ဗေဒင်ဆရာများသို.
လည်းကောင်း ၊ချဲနံပါတ်ပေးတတ်သော နတ်ကတော်များထံသို. လည်းကောင်း၊
တွက်နည်း ဆရာများသို. ထံသို.လည်းကောင်း လိုက်လံပြီး နံပါတ်တောင်းကာထိုး
သလို တစ်ခါတစ်လေ ၄င်းကိုယ်တိုင်အိမ်မက်ပါကလဲ ချဲထီထိုးလေသည်။ဤကဲ့သို.
ရမ်းသမ်းပြီးထိုးလာ၍ ၄င်းပေါက်ထားသော ပိုက်ဆံများအပြင် သူ.မှာအရင်ရှိသော
ပိုက်ဆံများပါကုန်လာပြီး လင်မယားချင်းလည်း စကားများကာ ကွာရှင်းတဲ့အဆင့်
ရောက်ကုန်ကာ ရဲအုပ်လွင်ဦးမှာလည်း တဖြည်းဖြည်းနဲ. မွဲသွားလာလေတော့
သည်။ထိုကဲ့သို. ဖြစ်ပွားပြီး ရဲအုပ်လွင်ဦးမှာ တစ်နေ.တွင် ကိုမောင် အရက်ဖြူဆိုင်မှ
အရက်မူးလွန်လာပြီး ဇော်ပိုင်ရဲ. မင်းနဲ.မှ ချစ်တတ်လာပြီး သီချင်းကို ဖျက်ဆိုကာ
အာလေး ၊လျှာလေးနှင့်အော်ဆိုကာ ဒယီးဒယိုင်ဖြင့် ၄င်းရဲ.အိမ်သို.ပြန်လာလေသည်။
-နှစ်လုံးတိုက်အကြောင်းမသိခဲ့ဘူး ငယ်စဉ်ကအသက်အရွယ်မှာ
ကိုရင်ကြီးပေးတဲ့ အတိတ်မျိုးလည်း ကိုယ်မကောက်တတ်သေးပါ
ဝင်္ကဘာဆန်တဲ့ ဒီတွက်နည်းမျိုးနဲ. တစ်နေ.တော့ဖြင့် ပေါက်နိုင်မှာတွေးမိသေး.....
CHOး ကိုယ့်ဦးနှောက်လေးလည်း ဒီနှစ်လုံးတိုက်အကြောင်း တစ်နေ.လုံးတွေးတယ်
ဘာလိုနည်းနဲ.ပေါက်ပေါက် တကယ်ပေါက်ဖို. ကြံစဉ်ရင်းနဲ.
ဒါလောင်းကစားလို.ခေါ်မလား ကိုယ်မသိလိုက်မီ ဒီတစ်ကွက်ထဲထိုး
နောက်ဆုံးတော့ နှစ်လုံးတိုက်နဲ.မွဲခဲ့ပြီးမို. ...............................
ဤကဲ့သို. ညကြီးအချိန်မတော် သီချင်းအော်ဆိုလာသော ရဲအုပ်လွင်ဦးမှာ လမ်း
ထောင့်အကွေ.တွင် ပတ္တရောင်လှည့်(ကင်းလှည့်)လာသော နယ်မြေလုံခြံရေးမှုး
ဒုရဲအုပ် စိုးမြင့်နှင့် နယ်ထိန်း ရဲတပ်ကြပ်ကြီး သန်းမြင့်တို.နှင့် ပက်ပင်းတွေ.ဆုံကြ
လေတော့သည်။ထိုအခါ နယ်ထိန်း သန်းမြင့်မှ .....
ဘယ်လိုဖြစ်တာလဲ ကိုလွင်ဦး ခင်ဗျားမူးရူးလာရင်လည်း အေးအေးဆေးဆေး
အိမ်ပြန်ပေါ့ ။အချိန်ကလည်း ည ၁၁ နာရီခွဲ ဆိုတော့ လူတွေအိပ်ချိန်ဗျာ. ။ခင်ဗျား
နားမလည်ဘူးလား ဆိုပြီး အောက်ဟောက်ကာ တရားခံအစစ်ကို မိသလိုမျိုး စစ်မေး
လေသည်။
ထိုအခါ ရဲအုပ်လွင်ဦးမှ ဟာ.....ဆရာတို.ပါလား ဆောရီးဗျာ ဒီနေ.နဲနဲများသွားပြီး
သီချင်းအော်ဆိုမိတာပါ ။ ကျုပ့်ဘယ်သူ.ကိုမှ မစော်ကားရပါလား ဘာများမှားသွားလို.
လဲ ဟု မချေမငံ ပုံစံနှင့်ပြန်ဖြေသောကြောင့် ၄င်းရဲ. ဆရာရှေ့မှာ ဤကဲ့သို.ပြန်ခံ
ပြောလာသော ရဲအုပ်လွင်ဦးအား ဒေါသထွက်လာသော နယ်ထိန်း သန်းမြင့်မှ
ဟေ့...လူ ခင်ဗျားကို ၀တ္တရားနှောက်ယှက်မှုနဲ. အခုဖမ်းလို.ရတယ် နားလည်လား။
ပြောလဲပြော ပြီး ၄င်းခါးကြားမှ လက်ထိပ်အား ဆွဲထုတ်လိုက်လေသည်။အရက်သမား
ဘယ်လောက်မူးမူး ၊မူးတဲ့လူကို ချီးကျွေးရင်မစားသလိုပဲ ရဲအုပ်လွင်ဦးမှာ လက်ထိပ်
ကိုမြင်တွေ.လိုက်ရ၍ ပြာပြာသလဲ တောင်းပန်ကာ ထိုကဲ့သို.ပြောလေသည်။
အာ...ဆရာတို.ကလည်း စိတ်အရမ်းကြီးတာပဲကိုး ဆရာတို.သောက်ဖို.လက်ဖက်
ရည်ဖိုးဆိုကာ ၄င်းခါးကြားရှိ လုံချည်တွင် လိမ့်ပြီးကျစ်ထားသော ပိုက်ဆံများကို ဆွဲ
ထုတ်လိုက်ပြီး ၂၀၀ တန်တစ်ရွက်ကို နယ်ထိန်း သန်းမြင့်အားပေးလိုက်လေသည်။
(အဲဒီခေတ်အခါက လက်ဖက်ရည်တစ်ခွက်မှ ကျပ် ၅၀ -၆၀ ခေတ်တုန်းပါ)
နယ်ထိန်းမှ ဆွဲယူပြီး ၄င်းရဲအုပ်လွင်ဦး လက်ထဲတွင်ကျန်နေသေးသော ပိုက်ဆံများ
ကို ကြည့်လိုက်ပြီး လက်ဖက်ရည်ဖိုးပဲလား ၊အခုအချိန်ကလက်ဖက်ရည်အချိန်မဟုတ်
တော့ဘူးလေ ခင်ဗျားက အခုသီချင်းအော်ဆိုပြီး မူးရစ်လာလို. မူးယစ်ရမ်းကာမှု
နဲ. စခန်းကို လိုက်ခဲ့ဗျာ ဟုပြောသောအခါ ရဲအုပ်လွင်မှ ဟာ...ဆရာကလည်းဒီလူနဲ.
ဒီလူ ရော. ....အရက်ဖိုးဟုဆိုကာ ၄င်းပိုက်ဆံခေါက်မှ ၅၀၀ တန်တစ်ရွက် ထုတ်ပေး
လိုက်သောအခါ နယ်ထိန်း သန်းမြင့်မှ အရက်ချည်းသက်သက်ပဲလား သူကြီးမရှိရင်
ရွာဆူ အမြည်းမရှိရင် အာပူတဲ့ အရက်သမားဖြစ်ပြီး ဒီလောက်တောင်မှ ခင်ဗျား
နားမလည် ဘူးလားဟုငေါက်လိုက်သောအခါ ၄င်းဘေးနားမှ ဒုရဲအုပ် စိုးမြင့်မှ
သဘောကျစွာနဲ. သူ.ရဲ.တပည့်ဖြစ်သူရဲ. ကလိမ်ကကျစ်နည်းမျိုးစုံးသုံးပြီးပြောဆိုဖြဲ
ခြောက်ကာ ပိုက်ဆံတောင်းယူနေပုံကို သဘောကျစွာ တဟီးဟီးနဲ.ခါးထောက်ပြီး
ရီနေတော့သည်။ရဲအုပ်လွင်ဦးမှ နောက်ဆုံးကျန်တော့တဲ့ ၂၀၀ တန် နှစ်ရွက်ရယ်၊
၅၀၀ တန်တစ်ရွက် အကုန်လုံးကို နယ်ထိန်းသန်းမြင့်လက်ထဲသို.ထိုးထဲ့ပေးလိုက်ပြီး
ဒါအကုန်ပဲဆရာရေ ...ဆရာတို.အတွက် အရက်နဲ. အမြည်းဖိုးပါ ။ထို.နောက်
နယ်ထိန်း သန်းမြင့်မှ အရက်ဖိုးတင်ပဲလား ၊အရက်သောက်ပြီးရင် အိမ်က မိန်းမနဲ.
ကလေးတွေစားဖို. ထမင်းဖိုးရော။အခုနေ ခင်ဗျားကို မှောင်ရိပ်ခိုမှုနဲ. ဆွဲစိလို.ရတယ်
ဆိုတော့ ရဲအုပ်လွင်ဦးမှ ကျွန်တော့်မှာ ပေးစရာလဲမရှိတော့ဘူး ဖမ်းမယ်ဆိုလဲ ဖမ်း
သာဖမ်းပေးတော့ ဟုဆိုပြီး လက်နှစ်ဖက်ကို ပူးပြီးရှေ့သို.ဆန်.ပေးလိုက်သောအခါ
နယ်ထိန်း သန်းမြင့်မှ ခင်ဗျားလုံချည် ခါပြ ပါဟုပြောသောအခါ ရဲအုပ်လွင်ဦးလည်း
၎င်းလုံချည်ကို ဖြည်ကာ ခါပြလေသည်။ထိုအခါ နယ်ထိန်း သန်းမြင့်မှ ငုံ.ကြည့်လိုက်
သည် ။တကယ်လို. ရဲအုပ်လွင်ဦးသာ အတွင်းခံဘောင်းဘီဝတ်လာပါက ထိုအထဲသို.
လက်နှိက်ကာ စမ်းအုံးမလားပဲ။ဟား..ဟား..ဟား ခင်ဗျားကို နောက်တာပါ။ခင်ဗျားမှာ
တကယ်ပိုက်ဆံကျန်သေးလားဆိုတာ ကျုပ်ကသက်သက်မေးနေတာပါ။တကယ်မရှိ
တော့လဲပြီးတာပဲ ။အစောကြီးကတည်းက ကျုပ်ကြည့်ပြီးပြီ ။သိတယ်မဟုတ်လား
ရဲတစ်ယောက်ရဲ.မျက်စီဟာ ကျီးကန်းဆယ်ကောင်မျက်စီ နဲ.ညီတယ်တဲ့ ။ကဲ ကဲ...
ခင်ဗျားအရင်တုန်းက ခင်ဗျားမိန်းမ ဗိုလ်ကြီး နီလာဝင်း မျက်နှာထောက်လိုက်ပြီး
ခင်ဗျားကို လွှတ်ပေးလိုက်တယ်။နောင်ကို မူးပြီးအိမ်ပြန်ရင် အေးအေးဆေးဆေး
သောက်စားပြီး ပြန်ပေါ့ ။သွားတော့ ဟုဆိုပြီး ၄င်းတို.နှစ်ယောက်မှာ လည်းထွက်ခွါ
သွားလေသည်။သူခိုးပြေးမှ ထိုးကွင်းထ ဆိုတဲ့စကားပုံလေး အတိုင်း ထိုရဲနှစ်ကောင်
၎င်းရဲ. အနီးအပါးမှ ထွက်ခွါလဲသွားရော ရဲအုပ်လွင်ဦးမှ အောက်ဖော်ပြပါအတိုင်း
ဆဲဆိုပါတော့လေသည်။
ဘယ် ခုနစ်ပဲမှ ရဲမထင်ဘူးကွ ။(ခုနစ်ပဲဆိုသည်မှာ ရွှေအရောင်းအ၀ယ်လုပ်သူများ
သိပါလိမ့်မယ်။ရွှေ ရောင်းဝယ်သူများသုံးသောစကားပါ။ဥပမာ။ ။တစ်မူး ၊တစ်ပဲ ၊
တစ်ရွေး ၊တစ်မတ် ၊တစ်ပြား စသည့်တို.တွင် ခုနစ်ပဲ ဆိုသည်မှာ ရ ကောက်နောက်
ပြင် ရဲ ဆိုတဲ့စာလုံးပေါင်းအား ၄င်းလွင်ဦးမှ ဘန်းစကားအဖြစ် ခုနစ်နောက်ပြင် ၇ဲ
ဆိုတော့ ကူညီပါရစေဆိုတဲ့ ရဲ အားဆိုလိုပါသည်)။ခွေးသူတောင်းစား ရဲစုတ်၊ရဲနာ၊
ရဲပဲ့ တွေ ၊ဓါးမြနဲ. သူတောင်းစား စပ်ဖေါက်ပြီးမွေးလာခဲ့တဲ့ အမျိုးယုတ်ကောင်တွေ၊
ဘဲနှင့် မန်ဒါလီ စပ်ပြီး ဘဲမမှ ဥပြီးကြက်မကို ၀ပ်ခိုင်းပြီး မွေးလာတဲ့ ကြက်လည်း
မဟုတ်၊ ဘဲလည်းမကျ ၊မန်ဒါလီလို.လည်း မခေါ်တဲ့ အမျိုးမစစ်တဲ့ ကောင်တွေ ၊
အမြီးကျက် အမြီးစား ၊ခေါင်းကျက်ခေါင်းစား ရုံတင်မကဘူး တစ်ကိုယ်လုံးကျက်လို.
ကတော့ အရေခွံမဆုတ်ဘဲ အကောင်လိုက်မြိုချမဲ့ဟာတွေ၊ !*&#&%^&*+.......
(ကျန်သေးတဲ့ လွန်စွာမှညစ်ညမ်းမိုက်ရိုင်းပြီး သူ.မှာရှိတဲ့မွေးရာပါ ပစ္စည်းနဲ.ရော၊
သူ.မှာမရှိတဲ့ မွေးရာပါ ပစ္စည်းနဲ.ရော တိုင်းထွာခိုင်းနှိုင်းပြီး သုံးနှုန်းဆဲဆိုမှုများကို
ကျွန်မ အနေဖြင့် ရေးသားဖော်ပြရန် လုံးဝမသင့်ဘူးလို. ယူဆတဲ့အတွက် ရေးသား
ခြင်းမပြုဘဲ ချန်လှပ်ထားပါသည်။အကယ်၍ စာဖတ်သူအနေဖြင့် ရဲအုပ်လွင်ဦးရဲ.
ဆဲဆိုမှုများကို သင်ကိုယ်တိုင် နားထောင်လိုပါက ကျွန်မအနေနဲ. အနီးစပ်ဆုံး ဆဲဆိုမှု
ကို လမ်းညွှန်ပေးပါမည်။ယခုပဲ သင်ရဲ.ကွန်ပြူတာမှာ www.youtube.com
ဝက်ဆိုက်သို. နှိက်လိုက်ပါ။ပြီးရင် ၄င်း youtube ၀က်ပေ့ (Web page) ထဲရှိ
Address bar ထဲတွင် Thein Sein clip 0 (သို.) 1 ဆိုတဲ့စာကို ရိုက်နှိပ်ပြီး
ဝင်ကြည့်ပါ။ထိုလူအုပ်ထဲမှဆဲဆိုသံများသည် ရဲအုပ်လွင်ဦးမှ အထက်ဖော်ပြပါ ကူညီ
ပါရစေဆိုတဲ့ ရဲ နှစ်ကောင်အား ဆဲဆိုသလိုပါ။ မှတ်ချက်။ ။ကျွန်မ အနေဖြင့်ယခုလို
ဆဲဆိုသံများပါသော Website အားလမ်းညွှန်ဖော်ပြခြင်းမှာ ယခုစာဖတ်သူအား
ရဲအုပ်လွင်ဦးမှ မည်ကဲ့သို. ဆဲဆိုကြောင်းသိစေရုံသက်သက်ပါ။ ဆဲဆိုနည်းအား
လေ့လာအတုခိုးယူရန် လုံးဝ မရည်ရွယ်ပါကြောင်း ကြိုတင်သတိပေးပါရစေ)။
ဒီနေ.ကတော့ သဲကုန်းဘုန်းကြီးကျောင်းရဲ. သီတင်းကျွတ် ကထိန်သင်္ကန်း ကပ်လှု
ပူဇော်တဲ့ နေ.ကလေးပါ ။မြန်မာလူမျိုးတို.ရဲ. ချစ်စရာ ဗုဒ္ဓဘာသာဝင်တို.ရဲ. နေ.ထူး
နေ.မြတ်လိုမျိုးမှာ သဲကုန်းဘုန်းကြီးရဲ. ဒကာ၊ ဒကာမများ ဆရာတော်နှင့် သံဃာ
တော်များအား လှုဖွယ်ပစ္စည်းများ ၊ဆွမ်း ကွမ်းစသည်နှင့် ကထိန်သင်္ကန်းများ ၊၀တ္တု
များ အစရှိသဖြင့် ကပ်လှုပူဇော်တဲ့နေ.ကလေးပေါ့ ။
အဲဒီနောက် ဒကာ ၊ဒကာမများက '' နမောတသ '' ဘုရားကန်တော့ခြင်းဖြင့် တရားပွဲအား
စတင်လိုက်ပါသည်။ပြီးလျှင် ဆရာတော်မှ ငါးပါးသီလပေးခြင်း ၊နိဗ္ဗာန်ရောက်ကြောင်း တရား
ဟောခြင်းများပြုလုပ်ပြီးလျှင် အနီးနားရှိ ဒကာရင်းလည်းတဖြစ် ရဲအုပ်လွင်ဦး အား
'' ဒကာကြီးရဲ. သတင်းတွေဘုန်းကြီးကြားရတာ စိတ်မကောင်းစရာပဲ ဘယ်လိုဖြစ်ရတာတုန်း
ဟု '' ဆရာတော်မှ မေးမြန်းသောအခါ ရဲအုပ်လွင်ဦးမှ ဟုတ်ပါတယ်ဘုရား တပည့်တော် အခု
ဆိုရင် စီးပွါးပျက် ၊အိမ်ထောင်လဲကွဲ ၊စိတ်အရမ်းညစ်၊ စိတ်ဓါတ်အရမ်းကိုကျနေပါတယ်ဘုရား
ဒီမှာနေလို.ကတော့ ဒီလိုပဲ ပိုက်ဆံရှာလိုက် ၊ချဲထီထိုးလိုက် ၊သောက်လိုက်စားလိုက်နဲ. ဘဝ
မှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး တပည့်တော်ဦးလေးရှိတဲ့ မလေးရှားမှာ အလုပ်သွားလုပ်ပြီး
ပိုက်ဆံရှာဖို. နောက်လဆိုရင် တပည့်တော် မလေးရှားကို သွားပါတော့မယ်။
ဒါကြောင့် နောက်နေ.မနက်ဖြန်မှာ ရန်ကုန်ကို သွားပြီး ပက်(စ်)ပို. [ Passport ] လုပ်ဖို.
နဲ. အလုပ်အတွက် တပည့်တော်ခရီးထွက်ရတော့မှာမို. ဒီကနေ. တရားပွဲလဲလာရင်း ဘုန်းဘုန်းကို
လာနှုတ်ဆက်တာပါ ဘုရား။ ထိုအခါ ဆရာတော်မှ အင်း..... လေ လူမျိုးခြား၊ တိုင်းတစ်ပါးမှာ အလုပ်
သွားလုပ်မယ်ဆိုတော့ အစစ အရာရာ သတိရှိပေါ့။ ကျန်းမာရေးကိုလဲ ဂရုစိုက်ပြီး ဘုရား၊တရားလဲ
မမေ့နဲ.ပေါ့ ဟုဆိုလေသည်။အဲဒီနောက် ဆရာတော်မှ ဒကာတို.လို ကိလေသာ တဏှာတွေ ပြည့်နှက်
နေတဲ့ ပုတုဇဉ် လူသားတွေဟာ ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့နေရာမှာတော့ သိပ့်တော်တယ်ကွဲ. ။
'' အင်း..... ဘုန်းကြီး ငယ်ငယ်တုန်းက ဘုန်းကြီးရဲ.ဘကြီးတော် ပြောပြခဲ့တဲ့ ပုံပြင်လေးတစ်ခုကို သွား
သတိရမိတယ်။ '' အဲဒီပုံပြင်လေးကတော့ ဒီကနေ.ထိတိုင်အောင် လူတွေပြောနေကြတဲ့ '' မျောက်ဒုက္ခ ၊
မျောက်ရှာ'' တဲ့ ။
ကဲကဲ ... ဒီနေ.တော့ အဲဒီပုံပြင်လေးကို တရားနာတယ် သဘောထားပြီး ဘုန်းကြီး ဟောပြောပေးမယ်။
ဒကာ့အနေနဲ. ကြားနာချင်ပါသလား ဟု ဆရာတော်မှ မေးမြန်းလိုက်သောအခါ ရဲအုပ်လွင်ဦးမှ
တင်ပါ့  ဘုရား ...ဟောကြားတော်မူပါ ဘုရားဟု လျှောက်တင်လိုက်သောအခါ ဆရာတော်မှ.........
ဟိုး...ရှေးရှေးတုန်းက ရွာလေးတစ်ရွာအနီးရှိ တောအုပ်လေးတစ်ခုမှာ မုဆိုးအလုပ်ဖြင့်
အသက်မွေးဝမ်းကြောင်း ပြုလုပ်တဲ့ မုဆိုးအောင်ကြီးဆိုတဲ့ လူတစ်ယောက် ရှိသတဲ့ ။
အဲဒီတောအုပ်မှ ခပ်လှမ်းလှမ်းလေး ဆက်သွားမယ်ဆိုရင် ဘာသစ်ပင်မှ ၊ဘာရေမှ မရှိတဲ့
သဲကန္တာရလေး တစ်ခုလည်းရှိသတဲ့ ။တစ်နေ.မှာ မုဆိုးဟာ အမဲပစ်ထွက်ရင်း မျောက်ကလေး
တစ်ကောင်ကို သွားတွေ.သတဲ့ ။ဒါနဲ.တိုတိုပြောရရင် မုဆိုးဟာ အဲဒီမျောက်ကလေးကို
သတ်မပစ်ဘဲ မွေးထားလိုက်သတဲ့ ။ဒါနဲ.မျောက်ကလေးဟာ အချိန်တွေကြာလာတာနှင့် အမျှ
မျောက်ကလေး မှ မျောက်လေးဆိုပြီး အရွယ်ရောက်လာတာပေါ့။မုဆိုးမှ ထိုမျောက်လေးကို
သားကြီးဆိုပြီး သူ.ဘာသာ သူပဲစိတ်ကြိုက် နာမည်မှည့်ပေးလိုက်သတဲ့ ။မုဆိုးအမဲရတိုင်း
ထိုတောအုပ်လေးမှ အနီးနားရှိ ရွာကလေးသို. အမဲသွားရောင်းတိုင်း မျောက်လေးကို ခေါ်ခေါ်
သွားတဲ့အတွက်ကြောင့် လူတွေနှင့် မကြာခဏ ထိတွေ.ပါများတော့ မျောက်လေးလဲ လူတွေရဲ.
စကားကို နားထောင်တတ် ၊ပြောတတ် လာသတဲ့ ။( မျောက်လေးမှ လူ.စကားပြောတတ် ၊နား
ထောင်တတ်တာကိုတော့ ပုံပြင်ကို ပုံပြင်လို.ပဲ သတ်မှတ်ပေးပါရန် )
တစ်နေ.မှာ မျောက်ကလေးဟာ မုဆိုးအား ထူးထူးဆန်းဆန်း မေးခွန်းတစ်ခုမေးသတဲ့ ။ဟေ့...
မုဆိုး လူတွေပြောပြောနေတဲ့ ဒုက္ခ ဆိုတာဘာလဲကွ ။ငါ အဲဒီ ဒုက္ခ ဆိုတဲ့ ဟာကြီးကို တွေ.ချင် ၊
သိချင်တယ်ဟု မေးလေသည်။ ထိုအခါ မုဆိုးမှ သားကြီးရာ ခြေနှစ်ချောင်း ၊နားရွက်တိုရှိတဲ့ အဲဒီ
လူတွေ ပြောပြောနေတဲ့ အဲဒီ ဒုက္ခ ဆိုတဲ့ စကားကို သွားနားထောင်မနေနဲ. မင်းဘာသာ မင်း
မျောက်ဆိုတော့ မျောက်လိုပဲနေစမ်းပါ မင်းတို.လို တိရစ္ဆာန်မှာ အဲဒီ ဒုက္ခ ဆိုတာ မရှိဘူး ၈ှုပ်၈ှုပ်
ရှက်ရှက် မေးတတ်တယ်ကွာ ဆိုပြီးဒေါသနှင့် ပြန်ဖြေလေသည်။ ထိုနေ.မှစပြီး မျောက်လေးဟာ
အစားအသောက်လဲ ပုံမှန် မစား ၊ မသောက်တော့ဘဲ မှိုင်တွေတွေနဲ.ဖြစ်နေတော့ပါတယ်။မုဆိုးမှ
မျောက်လေးအား ဘာဖြစ်နေတာလဲ ဟု မေးသောအခါ မျောက်လေးမှ မုဆိုးရာငါ့ ကို ပြောစမ်းပါ
အဲဒီ ဒုက္ခဆိုတာ ဘာကြီးလဲ စားလို.ရတဲ့ဟာလား ၊ဒါမှမဟုတ် မင်းသောက် သောက်နေတဲ့ သေရည်
လိုမျိုးလား ငါ့ကိုပြောစမ်းပါဟု ပူဆာလေတော့သည်။မုဆိုးမှ မင်းသိပ့်ပြီး သိချင်နေတဲ့ ဒုက္ခ ဆိုတာ
တကယ်တော့ အရာဝတ္တုလဲ မဟုတ်ဘူး ၊ အရည်လဲ အဟုတ်ဘူး ၊အငွေ.လဲ မဟုတ်ဘူး စိတ္တဇနာမ်
ကွ ပြလို. မရဘူး ဟု ပြန်ဖြေတော့ မျောက်လေးမှ စိတ္တဇနာမ် ဆိုတာဘာလဲဟ ထမင်းနဲ.ရောပြီး
စား စားနေတဲ့ ဟင်းလိုဟာလား ၊ ဘာတွေလဲ ဟုမေးလိုက်သောအခါ မုဆိုးမှ စိတ်၈ှုပ်ထွေးလာပြီး
မင်းနဲ.ငါ ဒီလိုမျိုး ဆက်ပြောနေလို.ကတော့ ခွေးကို သေရည်တိုက် ၊နွားကို ဆန်ပြုတ်ကျွေး ၊
ဆိတ်ကို ငါ့ ဟာလှန်ပြ သလိုဖြစ်နေတယ်ဟု ဆိုပြီး မုဆိုး ခေါင်းကို တွင်တွင်ခါပြီး ညည်းညူးနေတော့
လေသည်။
( မှတ်ချက် ။ ။ အထက်တွင်ဖော်ပြခဲ့သော ခွေးကို သေရည်တိုက် ၊နွားကို ဆန်ပြုတ်ကျွေး ၊
ဆိတ်ကို ငါ့ ဟာလှန်ပြ ဆိုသောစကားပုံ ကို ဒီဘက်ခေတ်တွင် လူတွေပြောပြောနေသော
ခွေးကို ပက်(စ်)စီ တိုက် ၊နွားကို ပလာတာကျွေး ၊ ဆိတ်ကို ဗီဒီယိုပြ ဆိုပြီး ပြောဆိုနေကြတော့
ကျွန်မ အနေနှင့် ထင်မြင်မိတာ အဲဒီစကားပုံကို ထိုမုဆိုးကြီးကပဲ စတင်ပြီးတီထွင်ခဲ့သလားဆိုတာ
ကတော့ ရှေးမှီ နောက်မှီ လူကြီးတွေကလွဲပြီး ကျွန်မလဲ တိတိကျကျ အတတ်မသိနိုင်၍ ကျွန်မရဲ.
ထင်မြင်ချက် မှားခဲ့ရင် ခွင့်လွှတ်ပေးပါရန်။ဥပမာအနေနှင့် ပြောရရင် ကျွန်မ ဟောင်ကောင်နိုင်ငံ
သို. စရောက်ရောက်ချင်းမှာ အထက်မှာဖော်ပြခဲ့သော မုဆိုးနှင့်မျောက်လေးတို. သူပြောတာငါမသိ
ငါပြောတာ သူနားမလည် ဖြစ်နေသလိုပဲ ကျွန်မက အဲဒီနိုင်ငံက ကောင်းတုံဝ တရုတ်စကားကို မတတ်
တော့ တစ်နေ.တွင် ဈေးထဲရှိ ဟင်းရွက်ရောင်းသော တရုတ်မလေးအား ကျွန်မမှ ဒီအရွက်တွေက
လတ်ဆတ်ပါသလားဟု အင်္ဂလိပ်လို မေးတာကို ၄င်းတရုတ်မမှာ ကျွန်မမေးတာကို တရုတ်စကား
ဖြင့်ပြန်ဖြေလေသည်။နှစ်ယောက်သားမှာ သူ.ပြောတာငါမသိ ၊ငါပြောတာသူနားမလည်နှင့် ဖြစ်နေပြီး
ထိုတရုတ်မမှ ကျွန်မအား ကိုင်းထုံ ၊ငတ့်ကောင်း ဆိုပြီးပြောလေသည် ။ကျွန်မမှ ၄င်းပြောသောစကား
ဟာငါ့ကို ဆဲတာလား ၊အကောင်းပြောတာလားသိချင်၍ ကျွန်မမှာ အမြဲတမ်းဆောင်ထားတတ်သော
စာအုပ်လေးမှာ ရေးထားပြီး ဒီနိုင်ငံကို ကျွန်မထက်အရင်ရောက်နှင့်နေတဲ့ ကောင်းတုံစကားတတ်ကျွမ်း
သော မြန်မာလူမျိုးတွေကို သိလိုသော ထိုစကားအား မေးမြန်းသောအခါ ထိုသူမှ ဒီလို မသီတာငယ်ရေ
အဲဒီတရုတ်မပြောတဲ့ ကိုင်းထုံ ၊ငတ့်ကောင်း ဆိုတာ ကြက်နှင့်ဘဲ စကားပြောကြတာတဲ. ။ကြက်က
ကွပ့်ကွပ်လို.ပြော ဘဲကလည်း ဂတ့်ဂတ့်ဆိုပြီး သူပြောတာငါမသိ ငါဆိုလိုတာသူနားမလည်တာကိုပြော
တာတဲ့ အင်္ဂလိပ်လိုဆိုရင်တော့ Chicken with talk to Duck လို. ထိုသူမှ ရှင်းပြသောအခါ
ကျွန်မမှသြော်...ဒီလိုလားဆိုပြီး ကျွန်မရဲ. ဘယ်ဘက်ရှိ သွားတက့်လေးအား ကျွန်မရဲ. လက်သည်း
အရှည်မရှိသော ၊ လက်သည်းဆိုးဆေး ဆိုးမထားသော ညာဘက်လက်ချောင်း သွယ်သွယ်လေးဖြင့်
ရှပ်ရှင်များထဲတွင် အကယ်ဒမီရ မြန်မာမင်းသမီးများကဲ့သို. ပဲများ၍ ကာကွယ်ပြီး မပွင့်တပွင့် လေသံ
တိုးတိုးလေးဖြင့် ကိုယ်ခန္ဓာလေးအား တသိမ့်သိမ့် လှုပ်ကာ ခစ်..ခစ် ..ခစ် ဆိုပြီး ရီလိုက်
လေတော့သည် ။ မှ....... စာရေးသူ )
နောက်နေ.မနက်စောစောတွင် မုဆိုးသည် ၄င်းတစ်ယောက်တည်း ရွာထဲသို. ထွက်သွား
လေသည် ။ညနေခင်းလိုမှ အိမ်ပြန်ရောက်လာသော မုဆိုးမှ ၄င်းပုခုံးတွင် ထမ်းလာခဲ့သော
ဝါးခြင်းတောင်းလေးအား မျောက်ကလေးကို မင်းသိပ့်ပြီး မြင်ချင် ၊တွေ.ချင်လှတဲ့ ဒုက္ခ ဆိုတာ
ကြီးကို ငါအခုယူလာခဲ့ပြီး မင်းဒီနေရာမှာ ကြည့်လို.မရဘူးကွ ဟိုးအရှေ့က သဲကန္တာရ ထဲကို
ဒီနေရာမှနေပြီး မင်းလျှောက်နိုင်သလောက် ဝေးသတဲ့ဝေးအောင် ထမ်းသွားပြီးလျှောက်ပေ
တော့ ။မင်း ဆက်မလျှောက်နိုင်တော့မှ အဲဒီခြင်းတောင်းလေးကို ဖွင့်ပြီးကြည့်ပေတော့ အခုပဲ
သွားတော့ဟု မုဆိုးမှ ပြောလိုက်လေသည်။ မျောက်လေးမှ ၀မ်းသာအားရနှင့် ထိုခြင်းတောင်းလေး
အား ထမ်းကာ သဲကန္တာရသို. လျှောက်ပါတော့လေသည်။၎င်းမှ မုဆိုးမှာကြားထားတဲ့အတိုင်း
အတော်ကြာကြာလေး လျှောက်ခဲ့ပြီး မောပန်းလာကာမှ ထိုခြင်းတောင်းလေးအား သိလိုဇောဖြင့်
အလျင်အမြန် ဖွင့်ကြည့်လေသည်။ ထိုအခါ ၀ါးခြင်းမှ ထွက်လာသောအရာမှာ တစ်ခြားတစ်ကမ္ဘာမှ
ဂြိုလ်သားတစ်ယောက်လဲမဟုတ်ဘဲ သာမန်အိမ်ခွေးလေးတစ်ကောင်သာ ဖြစ်လေတော့သည် ။
ခြင်းထဲမှထွက်လာသော ခွေးလေးမှာ မျောက်လေးအားတွေ.လျင်တွေ့ ခြင်းလိုက်ကိုက်ပါတော့
လေသည် ။မျောက်လေးမှာ အကိုက်ခံထားရသော ဒဏ်ရာနှင့်အတူ အသက်ဘေးအတွက် ဖင်
ပိတ်ပြီး လာရာလမ်းကြောင်းအတိုင်း တောအုပ်လေးသို. ပြန်လှည့်ပြေးလေတော့သည်။ဘာကြောင့်
လဲဆိုတော့ ဒီလိုသဲကန္တာရမှာ လှည့်ပတ်ပြေးနေလို.ကတော့ ခုနကပဲ ၀ါးခြင်းတောင်းလေးအား
ထမ်းပြီးလျှောက်လာတဲ့ မောပန်းမှုကြောင့် တစ်ချိန်ချိန်မှာ ခွေးလေးလိုက်လို.မိမှာပဲ ။တောအုပ်ထဲ
သို.ရောက်မှပဲ အနီးဆုံးရှိ သစ်ပင်တစ်ပင်ပေါ်သို.တက်ပြေးလေသည် ။သစ်ပင်ပေါ်သို.ရောက်မှ
နောက်ကနေ.ဆက်မလိုက်နိုင်တော့ဘဲ သစ်ပင်အောက်မှ ၀ုတ်...၀ုတ်...၀ုတ် ဆိုပြီးထိုးဟောင်နေ
သော မုဆိုးပြောတဲ့ ဒုက္ခ ဆိုတဲ့ ခွေးလေးအား အောက်သို.ငုံ့ ကြည့်လိုက်ပြီး စောစောကမုဆိုးကို
အိမ်တွင် ၀ါးခြင်းတောင်း ဖွင့်ပြီးမိမိမှ ကြည့်ပါရစေဆိုသော်လည်း မုဆိုးမှ တမင်တစ်ကာဖြင့် ဒုက္ခ
ပေးလိုသောကြောင့် ဘာသစ်ပင်မှ မရှိသောသဲကန္တာရသို.ထမ်းသွားစေပြီး မိမိခြေကုန် လက်ပန်းကျ
မောပန်းတဲ့အခါမှ ဖွင့်ကြည့်ခိုင်းသော မုဆိုးရဲ. ကလိမ်ကကျစ်ကျသော ဥာဏ်နီ ၊ဥာဏ်နက်အား အခု
မှ သဘောပေါက်လေတော့သည် ။ထိုအခါမျောက်လေးရဲ.စိတ်မှ သြော်...ခြေနှစ်ချောင်း ၊နားရွက်တို
ရှိတဲ့ လူဆိုတဲ့သတ္တ၀ါ ဟာ ကောက်ကျစ်စဉ်းလဲ ၊ယုတ်မာတတ်တဲ့နေရာမှာ တော်တော်လေးကို
ထူးချွန်ပါလားဆိုပြီး သစ်ပင်အောက်မှ မိမိအား တစ်စစီကိုက်ဖဲ့ရန် တ၀ုတ်ဝုတ်နှင့်ထိုးဟောင်နေသော
ခွေးအား ငုံ.ကြည့်ပြီး မိမိရဲ. စပ်စပ်စုစု သိချင်လိုလှသော စိတ်အား မှားလေစွာဟုဆိုပြီး သံဝေဂ
ရရုံတင်မက ကြေးဝေဂ ၊သတ္တုဝေဂ တွေပါ ရသွားလေတော့သည် ။
နောက်နေ.မနက်တွင် မုဆိုးမှ သစ်ပင်အောက်တွင် တစ်ညလုံးစောင့်နေသော ခွေးလေးအား
အနီးရှိသစ်ပင်တစ်ပင်မှာ ကြိုးဖြင့်ချည်ပြီးမှ မျောက်လေးအား သားကြီးရေ ဆင်းလာခဲ့တော့
ဟုဆိုပြီးအော်ခေါ်လေသည်။ ထိုအခါ သစ်ပင်ပေါ်မှ ဆင်းလာသော မျောက်လေးအား
ဘယ်နှယ့်ရှိစ ဒုက္ခ ဆိုတဲ့အရာ ဘယ်လိုတုန်း ငါ့ ကိုပြောပြစမ်းပါဟု မေးလိုက်သောအခါ
မျောက်လေးမှ ဒေါသသံဖြင့် အောင်မလေး...မုဆိုးရေ ဒုက္ခဆိုတာ မောလိုက်တာ ၊
ဗိုက်လဲဆာလိုက်တာ ၊ အဲဒီခွေးမသား ကိုက်ထားလို.ရထားတဲ့ ဒဏ်ရာကြောင့် တစ်ညလုံး
နာကျင်လိုက်တာ ၊ရေငတ်တဲ့ ဝေဒနာရောပဲ အဲ...ကျန်သေးတယ် အဲဒီ ဒုက္ခ ဆိုတဲ့အကောင်ဟာ
အစွယ်တဖွေးဖွေး နဲ.ပါလား လို.မျောက်လေးလဲ ပြန်ဖြေတော့ မုဆိုးမှ အစောကြီးကတည်းက
ငါမပြောဘူးလား မင်းဘာမင်း မျောက်ဒုက္ခ ၊ မျောက်ရှာတာကိုး ဟုပြောပြီး တဟားဟား ဖြင့်
အော်ရီလိုက်လေသည် ။
ပုံပြင်လေးကတော့ ဒါပါပဲ ဒကာကြီး ရေ ... အဲဒီပုံပြင်ထဲက မျောက်ကလေးလိုပဲ ကိုယ့်ဒုက္ခ ကိုယ်ရှာ
သလိုမဖြစ်ပါစေနဲ.လို. ဘုန်းကြီး ဆုတောင်းပေးလိုက်မယ် ။သူတစ်ပါး နိုင်ငံမှာဆိုတော့
အစားအသောက် ၊အနေအထိုင် ယဉ်ကျေးမှု ၊ အစစအရာရာ မတူညီတော့ ဒုက္ခ
ဆိုတဲ့အရာကတော့ အနဲ အများတော့ ကြုံရမှာပဲ ။အဲဒီလို ဘာသာစကားအခက်အခဲ ဒုက္ခ ၊
ဓလေ့ထုံးစံမတူညီတဲ့ ဒုက္ခတွေကို အောင်မြင်စွာနဲ. ချောချောမောမော ကျော်လွှားနိုင်ပါစေလို.
ထပ်ပြီးတော့ ဘုန်းကြီး ဆုတောင်းပေးလိုက်တယ် ။ အဲဒီနောက် ဆရာတော်မှ စကားများ
တောက်လျှောက် ပြောလိုက်ရ၍ မောပန်းလာသဖြင့် အနီးရှိ ရေတစ်ခွက်အား ယူသောက်ပြီး
ကွမ်းအစ်ထဲမှ ကွမ်းယာ တစ်ယာကိုလဲ နှိက်ယူလိုက်ပြီး ၀ါးမြုံနေကာ စကားပြောခြင်းအား
ခေတ္တမျှ ရပ်နားလိုက်လေသည် ။ပြီးနောက် ဆရာတော်မှ ကဲကဲ...ဒကာ ၊ဒကာမ တို. ဘုန်းကြီးလဲ
နားချိန် ၊ကျိန်းရတော့မဲ့ အချိန်လဲ ရောက်လာလို.ရေစက်ကျအမျှဝေဖို. အသင့်ပြင်ထားတော့လို.
ဆိုပြီး ဆရာတော်မှ အရပ်ရှစ်မျက်နှာရှိ သတ္တ၀ါများအားလည်းကောင်း ၊ အထက်အရပ်
အောက်အရပ်ရှိ သတ္တ၀ါများ၊ ကြားနိုင်မကြားနိုင် ၊မြင်နိုင်မမြင်နိုင်သော ပုဂ္ဂိုလ်များ သတ္တ၀ါများ ၊
နတ်ပြည်ခြောက်ထပ် ငရဲ ရှစ်ထပ်မှ ပုဂ္ဂိုလ်များ ၊ကျွတ်သင့် ကျွတ်ထိုက်သောပုဂ္ဂိုလ်များ အားလုံး ၊
ဤ သဲကုန်းဘုန်းကြီးကျောင်းမှ အမျှပေးဝေလိုက်ပါတယ် ။
ကြားကြားသမျှ အမျှ အမျှ ၊အမျှ ယူတော်မူကြပါကုန်လော သာဓု...သာဓု...သာဓု ဆိုပြီး
တရားပွဲအား ရပ်နားလိုက်လေသည် ။
တရားပွဲပြီး၍ ရဲအုပ်လွင်ဦးမှ ဆရာတော်အား နူတ်ဆက်ကာ အိမ်သို.ပြန်ရန် ဘုန်းကြီးကျောင်းရဲ.
လှေကားထစ်အတိုင်း ဆင်းလာခဲ့လေသည် ။လှေကားထစ် တစ်ဝက်မှာတင် ဟာ...ဆိုပြီး
ပါးစပ်မှလဲ ကိုရင်ကြီး ဟု အံ့အားသင့်စွာဖြင့် လွှတ်ကနဲ. ထွက်သွားလေသည် ။ဟုတ်ပါသည်
ကိုရင်ကြီးမှ ကိုရင်ကြီး စစ်စစ်ပါ။
ရဲအုပ်လွင်ဦးမှ ကိုရင်ကြီးရေ မတွေ.တာ အတော်တောင်ကြာပါပြီးနော် ။ဘယ်ကနေ ဘယ်လို
မျက်စီလည် လမ်းမှားလာတာလဲ ဟု မေးလိုက်သောအခါ ကိုရင်ကြီးမှ ဟုတ်တယ် ဒကာကြီးရေ
ကိုရင်ကြီးလဲ ဘုန်းဘုန်းဘုရားကို မတွေ.တာကြာပြီးမို. ဒီနေ.လဲ ကထိန်သင်္ကန်းကပ်လှု
ပူဇော်တဲ့နေ.ဆိုတော့ လာပြန်လည်တာ ဟုပြန်ဖြေလေသည် ။ထို.နောက် ရဲအုပ်လွင်ဦးမှ
ခုနလေးကတောင် ဘုန်းဘုန်းက မျောက်ဒုက္ခ ၊ မျောက်ရှာ ဆိုပြီး တရားအဖြစ်နဲ. ပုံပြင်လေး
တစ်ပုဒ်တောင် ဟောပြောပေးခဲ့သေးတယ် ။အဲဒီပုံပြင်လေးက တော်တော်လေးကို နားထောင်လို.
ကောင်းသားပဲ ဟု ဆိုတော့ ကိုရင်ကြီးမှ ဟုတ်တယ် ဒကာကြီးရေ ဘုန်းဘုန်းက ကိုရင်ကြီးကိုလဲ
ဟောပြောဖူးပါတယ်။ ကိုရင်ကြီးလဲ အဲဒီပုံပြင်ကို အရမ်းကြိုက်ပါတယ် ။ထို.နောက် ရဲအုပ်လွင်ဦးမှ
ကိုရင်ကြီးရေ တပည့်တော် နောက်လဆိုရင် မလေးရှားကို သွားတော့မယ် ။အလုပ်သွားလုပ်ဖို.ပါ
ဘုရား ။ ဒါကြောင့် ကိုရင်ကြီးရေ တပည့်တော်ကို အစစ၊ အရာရာ အန္တာရယ်ကင်း ၊ဘေးရှင်းပြီး
အလုပ်အကိုင် အဆင်ပြေဖို. အဆောင်လေးဘာလေး ၊ဂါထာလေးများလဲ စွန်.ပေးပါအုံး ဟု
လျှောက်တင်လိုက်သောအခါ ကိုရင်ကြီးမှ ပြောင်နေသော ဦးခေါင်းအား ပွတ်သပ်နေပြီး
အတန်ကြာ စဉ်းစားလိုက်ပြီးမှ အင်း...ဒကာကြီးက ဘယ်နေ.မှာမွေးတဲ့ ဘာနေ.သားတုန်း
ဟု မေးသောအခါ ရဲအုပ်လွင်ဦးမှ တပည့်တော်ဟာ ဗုဒ္ဓဟူးနေ.မှာ မွေးတဲ့ ဗုဒ္ဓဟူးနေ.သားပါ ၊။
ဒီလိုဆိုရင် ခုနက ဆရာတော်ဘုရားကြီး ဟောပြောခဲ့တဲ့ ပုံပြင်လေးထဲက ခေါင်းစဉ်
ကို လေးကြိမ် ၊လေးခါတိတိ ပါးစပ်မှ အသံထွက် ရွတ်ဆိုကွာ ဟု ဆိုတော့ ရဲအုပ်လွင်ဦး မှ
ဘယ်ခေါင်းစဉ်တုန်း ၊ဘာကြီးကို လေးကြိမ် လေးခါ ရွတ်ဆိုရမှာလဲဘုရားလို. ပြန်မေးရော
ကိုရင်ကြီးမှ အင်း.....ဒကာကြီး အလုပ်ကိစ္စတစ်ခုခုအတွက် ပဲဖြစ်ဖြစ်၊ အခက်အခဲတစ်ခုခု
အတွက် ပဲဖြစ်ဖြစ် ၊အချစ်ရေး အိမ်ထောင်ရေးအတွက် ပဲဖြစ်ဖြစ် ဒုက္ခကြုံလာတိုင်း
မျောက်ဒုက္ခ ၊မျောက်ရှာ.....မျောက်ဒုက္ခ ၊မျောက်ရှာ.....
မျောက်ဒုက္ခ ၊မျောက်ရှာ.....မျောက်ဒုက္ခ ၊မျောက်ရှာ..... ဆိုပြီး လေးကြိမ်လေးခါ တိတိသာ
ရွတ်ပေးတော့ ဟု ဆိုလေသည်။ ထိုအခါမှ ရဲအုပ်လွင်ဦးမှ အာ...ကိုရင်ကြီးကတော လုပ်ချ
လိုက်ပြန်ပြီး ဒီဟာက ဘုရားစာလဲ မဟုတ် ၊ဂါထာလဲ မဟုတ် နောက်ပြီး တပည့်တော်
တစ်သက်နှင့် တစ်ကိုယ်၊ တစ်ခါမှလဲ မကြားဖူးဘူး အကောင်းပြောပါဘုရား ဆိုတော့
ကိုရင်ကြီးမှ အခုကြားဖူးပြီး မဟုတ်လား ၊ဒါဟာကိုရင်ကြီးတီထွင် လိုက်တဲ့ နောက်ဆုံးခေတ်ပေါ်
ဂါထာပဲ ။ ယုံယုံကြည်ကြည်နဲ.သာ ရွတ်ဆိုပေတော့ ဟု ဆိုလေသည်။
ရဲအုပ်လွင်ဦးမှ အတွန်.တက်ကာ ဘုရားစာတို. ၊ဂါထာတို.ဆိုတာ သူ.မှာ အနက်အဓိပ္ပါယ်
ရှိတယ်လို. ကြားဖူးတယ် ။အဲဒီတော့ ကိုရင်ကြီးရေ အနက်အဓိပ္ပါယ်လေး ၊ဘာလေးများရှိ
ရင်လဲ ရှင်းပြပေးပါအုံး ဟု ဆိုကာ ကတ်ဖိုးကတ်ဖဲ့ ပြန်မေးလေသည် ။ကိုရင်ကြီးလဲ
ဟင်း.....ဆိုပြီး သက်ပြင်းချလိုက်ပြီးမှ ကောင်းပြီးလေ ဒါဆိုလဲပြောရတာပေါ့ ။
မျောက်ဒုက္ခ ၊မျောက်ရှာ ဆိုတော့ ကိုယ်ဖြစ်တော့ ၊ကိုယ်ခံပေါ့  ဟု ဆိုလိုက်ပြီးနောက်
လှေကားထစ်အတိုင်း ကျောင်းတော်သို. တစ်လှမ်းချင်း ညင်ညင်သာသာဖြင့် ဣိနြေ္ဒရရ နှင့်
လျှောက်တက်သွားလေတော့သတည်း ။
(မှတ်ချက်။ ။အထက်ပါ ကိုရင်ကြီးပြောခဲ့သော မျောက်ဒုက္ခ၊မျောက်ရှာ ဆိုတဲ့ ဂါထာ
လေးအား ယုံကြည်သူများ ရွတ်ဆိုလိုပါက ကျန်သေးသော မွေးနံများအား အောက်တွင်
ဖော်ပြ ပေးထားပါသည် ။မှ.....စာရေးသူ )
တနင်္လာသား ၊သမီးများအတွက် = နှစ်ကြိမ်ရွတ်ဆိုပါရန် ။
အင်္ဂါသား ၊သမီးများအတွက် = သုံးကြိမ်ရွတ်ဆိုပါရန် ။
ဗုဒ္ဓဟူးသားသမီးများအတွက် = လေးကြိမ်ရွတ်ဆိုပါရန်။
ကြာသာပတေးသား ၊သမီးများအတွက် = ငါးကြိမ်ရွတ်ဆိုပါရန်။
သောကြာသား ၊သမီးများအတွက် = ခြောက်ကြိမ်ရွတ်ဆိုရန်။
စနေသား ၊သမီးများအတွက် = ခုနစ်ကြိမ်ရွတ်ဆိုရန်။
တနင်္ဂနွေသား ၊သမီးများအတွက် = တစ်ကြိမ်ရွတ်ဆိုရန်။
ရာဟုသား ၊သမီးများအတွက် = ရှစ်ကြိမ်ရွတ်ဆိုရန်။
ဥမမာ။ ။တနင်္ဂနွေသား ၊သမီးဆိုလျှင် မျောက်ဒုက္ခ ၊မျောက်ရှာဆိုတော့ ကိုယ်ဖြစ်
တော့ ကိုယ်ခံပေါ့ ဟု ဆိုပြီး စိတ်ထဲမှ ရွတ်ဆိုရန် မဟုတ်ဘဲ မိမိတစ်ကိုယ်စာ
တစ်ယောက်စာ ကြားရရုံလေး ပါးစပ်မှ တစ်ကြိမ် ၊တစ်ခါသာ ရွတ်ဆိုပေးပါရန် ။ ......
စာရေးသူရဲ. အမှာစာ.........
၂၀၁၀ ခုနစ်အတွက် ကျွန်မရဲ. ပုံပြင်လေးတစ်ပုဒ် ဆိုတဲ့ ပို.(စ်) လေးအား
အထောက်အကူ ပြုခဲ့သူများဖြစ်ကြသော ကျွန်မ ငယ်စဉ်တုန်းက ကျွန်မ အပျင်းပြေ
နားထောင်ရန် အမြဲတမ်း ပုံပြင်များပြောပြခဲ့သော အရက်အလွန်အကျွံ သောက်မှုကြောင့်
အသဲရောဂါဖြင့် ၂၀၀၁ ခုနစ်တွင် ကွန်လွန်သွားရှာပြီးဖြစ်သော ကျွန်မရဲ. ဦးလေးငယ်
ဦးမြင့်အောင်အား လည်းကောင်း ၊ရဲနှစ်ကောင်မှ ကိုဇော်လတ်အား တကယ့်ပြင်ပတွင်
ဒုက္ခပေးခဲ့မှုအား ကိုဇော်လတ်ရဲ.ပြောပြမှု.အတွက် ယခုပို.(စ်) လေးတွင် ပြန်လည်ဖော်ပြ
နိုင်ခဲ့တဲ့အတွက် ကိုဇော်လတ်အား လည်းကောင်း ၊ကိုရင်ကြီးနှင့်ရဲအုပ်လွင်ဦး ဆိုတဲ့
ဇာတ်လမ်းလေးအား ပြောပြပေးခဲ့သော ရန်ကုန်မြို. ၊အင်းစိန်မှ သူငယ်ချင်းဖြစ်သော
မကေသီအား လည်းကောင်း ၊ ဤ ပို.(စ်) လေးအား ၀ိုင်းဝန်းကူညီ အကြံပေးခဲ့တဲ့
အားလုံးသော သူငယ်ချင်းများအား ကျေးဇူးတင်လျှက်.........
Written By:
THIDA MOE PHYU ( Macau / Hong Kong )