ချစ် ''မမ'' ၃
Posted on 1.6.2009 by
sithu137
Mood: lonely.
Music: I can't live without u.
Tags: ချစ် "မမ" ၃
~~ အော်..လူငယ်ဘဝဆိုတော့ ဘုမသိ ဘမသိ နဲ့ တွေးချင်တိုင်းတွေး ရေးချင်တိုင်းရေး
နေတော့ တာပေါ့..။ တောင်းပန်ပါတယ် ကျွန်တော့်အစ်ကိုတွေကို ပြေတာမဟုတ်ပါဘူး.။ကာရကံရှင်
ကိုပြောတာပါ..။ (who is these person) ခံစားရတဲ့ဝေဒနာက အိပ်မရ၊ စွဲလန်းတာက မမ ၊ မေ့မရတာက အမှတ်တရ နဲ့ ဘယ်
အချိန်မှာအားသလဲလို့ တောင်မေးလိုက်ချင်တယ်။ ဟီး ဟီး အရင်တုန်းကတော့မဟုတ်ဘူးပေါ့။ အခုဆို
ရင်..................................... ( ကွပ်လပ်ဖြည့်ပါ )..TV ကလာတဲ့ကြော်ငြာမဟုတ်ဘူးနော်..
ဟီး ဟီး.....။ဟင်း........မေားလိုက်တာ(nobody know) ဆိုပြီး စာရွက်ပေါ် ရေးချလိုက်တာပေါ့။
ကျွန်တော့်ရင်ထဲက
ဖုံးဖိလို့ မရအောင်
ပြည့်လျှံနေတဲ.
မမ ကို "ချစ်တယ် "ဆို တဲ့
ဝေါဟာရစကားလုံးကို
"ဖုးပွင့်စ.. "သဇင် " ဟာ
မြူနှင်းမှုန်ရီပြာ ချိန်ခါ "ကဲ့သို့ 
ချိန်တန်ပြီဖြစ်၍
ဖွင့်ပြောလိုက်မိရင်
စိတ်ဆိုးသွားမှာလား "မမ" ရယ်...~~။
ကျွန်တော့်ညီအစ်ကို၊ မမ များကိုခင်မင်လေးစားလျက်....~~
Read article
Discuss
[1]
ချစ် ''မမ'' ၂
Posted on 1.6.2009 by
sithu137
Mood: feel somehting else...!.
Music: " I can't live without u ".
Tags: ချစ် "မမ" ၂
~~ ညညဆိုအိပ်မရ
'' မမ "အကြောင်းတွေးလို့ 
တ " ဒိတ်ဒိတ် " ရင်ခုန်နေမိတာ
ကျွန်တော့်ရဲ့  အပြစ်လား..။
" မမ " " မမ " နဲ့  သူ့ ရဲ့ စကားဟန်
" ဟိတ်ဟိတ် " "ဟိတ်ဟိတ် "နဲ့ ခေါ်တဲ့အသံ
သူ့ ရဲ့ အကြည့်က သမင်လည်ပြန်နဲ့ 
ရွှေသမင်မျက်လုံး အလား
ငြို့ စွမ်းအားများနှင့်
ရုန်းထွက်မရ
ဖမ်းစားထားတာ
" မမ " ရဲ့ အလှလား.. ~~ ..။
Read article
Discuss
[1]
ကျွန်တော့်ဘဝ
Posted on 23.5.2009 by
sithu137
Mood: :badgrin:.
Music: tears in heaven.
Tags: ကျွန်တော့်ဘဝ
ကျွန်တော့်ဘဝပါ။
တောရွာမှာမွေး
တောရိပ်ခိုကာ
တောတောင်များကြား
တောသဘာဝအတိုင်း
တောသားလေးကျွန်တော်
တတောဝင်တစ်တောထွက်
တစ်တောင်တက်တစ်တောင်ဆင်း
တောတောင်များကြားဝယ်ကျင်လည်ခဲ့ရ
သြော်.........တောသာလေး....~~ ကျွန်တော့်ဘဝ ~~
မူလတန်းအရွယ်
ကျောင်းသားငယ်လေးကျွန်တော်
ဟိုး............ရွာဇနပုဒ်
ကျောင်းအိုလေးဝယ်
ပညာသင်ခဲ့ရ........တောသားလေး....~~ ကျွန်တော့်ဘဝ ~~
Read article
Discuss
[2]
ချစ်''မမ''ကဗျာ
Posted on 22.5.2009 by
sithu137
အိပ်လည်းမရ
စားလည်းမရ
တမ်းတ တတ နှင့်
တနေ့ မတွေ့ ရရင်
မနေနိုင်လောက်အောင်
ခံစားနေရတဲ့ ကျွန်တော့်ကို
ကြင်နာမှုတွေမပေးနိုင်ဘူးလား ''မရယ်''
Read article
Add Comment
ချစ် ''မမ''
Posted on 22.5.2009 by
sithu137
ကျွန်တော်ရဲ့ အတွေ့ အကြုံပါ။ high school ကျောင်းသားဘဝတုန်းကပေါ့။
အဲဒီအရွယ်ဆိုတော့အရူးအမူးဖြစ်တဲ့အရွယ်ပေါ့။
အဲဒီအရူးမူးထဲကဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကအများကြီးပေါ့။
အဲဒီခံစားချက်တွေကို စာရွက်တွေပေါ်မှာရေးချ ၊ ကဗျာတွေရေး ၊စာတွေဖွဲ့ နဲ့ ရူးခဲ့ရတာပေါ့။
ခံစားချက်မှထွက်ပေါ်လာတဲ့ကဗျာတစ်ပုဒ်ပေါ့။
Read article
Add Comment
လူဆိုတာ
Posted on 22.5.2009 by
sithu137
Mood: .
Music: http://89.238.146.148/APYTZ.
~~ လူမဟုတ်သောလူ ~~
မိမိအတွက်အကျိုးစီးပွားကို
ဖြစ်ထွန်းအောင်လည်းမလုပ်ဆောင်
သူတစ်ပါးအကျိုးစီးပွားကိုလည်း
ဖြစ်ထွန်းအောင်မလူပ်ဆောင်နိုင်
ထိုကဲ့သို့ သောသူကို
လူမဟုတ်သောလူမည်သည် ။
~~ လူဟုတ်သောလူ ~~
မိမိအကျိုးစီးပွားကို
ဖြစ်ထွန်းအောင်လုပ်ဆောင်သောသူ
သူတစ်ပါးအကျိုးစီးပွားကို
ဖြစ်ထွန်းအောင်လုပ်ဆောင်သောသူ
ထိုကဲ့သို့ သောသူကို
လူဟုတ်သောလူ ''လူ'' မည်သည်။
Read article
Add Comment