HPV Vaccination and Pregnancy သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင်

Posted on 19.9.2011 by pothi

HPV Vaccination and Pregnancy သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင်

Jun 4, 2011 at 8:31 PM
Cervical cancer vaccine ကာကွယ်ဆေးက အသက် ၉ နှစ် ကနေ ၂၉ နှစ် အထိပဲ ထိုးလို့ရတယ်ဆိုတာ ဟုတ်ပါသလား။ သမီး အသက်က အခု ဇူလိုင်လ ၁ ရက်နေ့မှာ ၂၉ နှစ်၊ ၆ လ အတိပါ။ ထိုးလို့ ရပါသလား။ ကိုယ်ဝန်ရဖို့ ကြိုးစား နေသူကို ထိုးမပေးဖူးလို့ ဆောင်းပါး တစ်ခုမှာ ဖတ်ဖူးလို့ပါ။ ကလေး မရသေးတဲ့သူ ထိုးရင် နောင် ကလေးရဖို့ အခက်အခဲ ရှိနိင်လို့လား။ Pap smear စစ်တာ အဖြေအားလုံး ကောင်းပါတယ်။ ကလေးလဲ ယူချင်၊ ကာကွယ်ဆေးလဲ ထိုးသင့်တယ် ထင်လို့ပါ။ ကာကွယ်ဆေးထိုးလို့ ရတယ်၊ သင့်တယ်ထင်ရင် အရင်ထိုးပြီးမှ ကလေးယူဖို့ကို OG နဲ့ ဆွေးနွေးပါ့မယ်။ သမီးနေတဲ့ နိင်ငံက Consultation fees တွေ အရမ်းများလို့ ဆရာ့ဆီက အကြံကောင်းယူပြီးမှ ရှေ့ဆက်ချင်လို့ပါ။

• HPV vaccines ကာကွယ်ဆေးဟာ Cervical cancer သားအိမ်-ကင်ဆာ နဲ့ တခြား HPV (Human Papillomavirus) ကြောင့် ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်ပေးတယ်။ ကင်ဆာမဟုတ်တဲ့ Genital warts လိင်လမ်း-ကြွက်နို့လဲ ပါတယ်။
• နှစ်တိုင်း အမေရိကားမှာ အမျိုးသမီးပေါင်း လူနာသစ်ပေါင်း ၁၁ဝဝဝ တွေ့ရှိနေတယ်။
• ၄ဝဝဝ က ဒီရောဂါနဲ့ ကွယ်လွန်ကြရတယ်။
• အရွယ်ရှိသူ လူ ၁ဝဝ မှာ ၁ ယောက်က လိင်လမ်းကြွက်နို့ တခါမဟုတ်တခါ ပေါက်နေကြတယ်။
• FDA က လိုင်စင်ပေးထားတဲ့ ကာကွယ်ဆေး ၂ မျိုးရှိတယ်။ Cervarix (GlaxoSmithKline) နဲ့ Gardasil (Merck) ဖြစ်ကြတယ်။
• ဆေး ၂ မျိုးလုံးက ဆင်ကြတယ်။ ပိုးအမျိုးအစား ၁၆ နဲ့ ၁၈ ကို ကာကွယ်တယ်။ စိတ်လဲချရတယ်။ ၃ ခါ ထိုးရတာလဲ အတူတူဘဲ။
• Gardasil ဆေးကတော့ ကြွက်နို့ဖြစ်စေတဲ့ HPV types 6 နဲ့ 11 တွေကိုပါ ကာကွယ်တယ်။ ယောက်ျားတွေ ထိုးဘို့လဲ Gardasil ဘဲဖြစ်တယ်။ သားအိမ်သာမက Vulva မိန်းမကိုယ်၊ Vagina ဗဂျိုင်းနား နဲ့ Anus စအို-ကင်ဆာတွေကိုပါ ကာကွယ်စေနိုင်တယ်။
• ကာကွယ်ဆေးတွေကို အသက် ၉ နှစ်ကနေ ၂၆ နှစ်ရှိသူတွေကို ထိုးသင့်တယ်လို့ သတ်မှတ်ထားတယ်။
• လိင်ဆက်ဆံတဲ့ အတွေ့အကြုံမရသေးခင်အရွယ်တွေကို ရည်ရွယ်တာ ဖြစ်တယ်။
• တကယ်လို့ ဆေးမထိုးခင်ကတည်းက လိင်ဆက်ဆံမှု ရှိခဲ့ပေမဲ့ ရောဂါ မကူးသေးသူဆိုရင် ကာကွယ်ဆေးက အကျိုးများစေမှာ ဖြစ်တယ်။
• ပဌမဆေး ထိုးပြီးနောက် ၁-၂ လအကြာမှာ ဒုတိယဆေး၊ ပဌမဆေးနောက် ၆ လ အကြာမှာ တတိယဆေး ထိုးမယ်။
• ၂၆ နှစ်ကျော်သူတွေ ဘာလို့ မထိုးသလဲ။ လုံလောက်တဲ့ စမ်းသပ်မှုတွေအရ ၂၆ နှစ်အောက်လို့ သတ်မှတ် ထားတာ ဖြစ်တယ်။ တကယ်လို့ ဒီအသက်ထက် ကျော်သူတွေကိုထိုးတာလဲ အကျိုးများတယ်လို့ လုံလောက်တဲ့ စမ်းသပ်မှုတွေ ပြည့်စုံရင် ပြုပြင်လာပါလိမ့်မယ်။
• ကိုယ်ဝန်ဆောင်များ ဒီစာရင်ထဲမှာ မပါပါ။
• Gardasil HPV vaccine ဆေးကို ကိုယ်ဝန်ဆောင် 1,115 ကို ထိုးပေးစစ်ဆေး ကြည့်ခဲ့တယ်။ ဘေးထွက်-အကျိုး ပိုဆိုးတယ်လို့ ကောက်ချက်ဆွဲလို့ မရတာ တွေ့ရတယ်။ လူ ၁ဝဝဝ ကျော်ကို စမ်းသပ်တာ နည်းသေးပါတယ်။
• ဒါ့ကြောင့် အခုထိ သားအိမ်ကင်ဆာ ကာကွယ်ဆေးတွေဖြစ်ကြတဲ့ Gardasil နဲ့ Cervarix တွေဟာ ယေဘုယျ စိတ်ချနိုင်ပါမယ်လို့ သတ်မှတ်ပေမဲ့၊ လိုရမယ်ရ ကိုယ်ဝန်ဆောင်ဆိုရင် ထိုးမပေးဘို့ အများက သဘောတူထား ကြတယ်။
• အမေရိကားမှာတော့ U.S. Food and Drug Administration (FDA) ကနေ Pregnancy Category B အဆင့် သတ်မှတ်ထားတယ်။ ဆေးတိုင်းကို အဲလိုသတ်မှတ်ချက်တွေ လုပ်ထားတာ ဖြစ်ပါတယ်။ ဆိုလိုတာက “လူကိုယ်ဝန်ဆောင်” တွေကို ဆေးစမ်းသပ်ထားတာ မရှိသေးလူး၊ ဒါပေမဲ့ အထဲကကလေးကို ထိခိုက်စေမယ် ဆိုတာကိုလဲ “တိရစ္ဆာန်စမ်းသပ်မှု” တွေမှာ သက်သေက မလုံလောက်သေးဘူး။ လူနဲ့ တိရစ္ဆာန်တွေ ဆေးတွေကို တုံ့ပြန်ကြတာ နေရာတကာမှာ မတူနိုင်ဘူး လို့ ပညာရှင်တွေ လက်ခံထားကြတယ်။
• တခါတလေ ဆရာဝန်ကနေ အပေါင်းလက္ခဏာနဲ့ အနုတ်လက္ခဏာတွေ ချိန်ဆပြီး ဒီကာကွယ်ဆေး ထိုးနိုင်တယ်။
• တကယ်လို့ ကိုယ်ဝန်ဆောင်နေရပြီ၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဘို့ အလားအလာရှိတယ်ဆိုရင် ဆရာဝန်ကို ပြောပြဘို့ လိုပါတယ်။ ဆရာဝန်ကနေ ချင့်ချိန်-ဆုံးဖြတ်ပါလိမ့်မယ်။
• အခြေအနေတွေ ပြည်စုံတဲ့ တိုင်းပြည်တွေမှာတော့ ကိုယ်ဝန်ဆောင်ချိန် ဒီကာကွယ်ဆေး ထိုးသူတိုင်းကို စနစ်တကျ စောင့်ကြည်ဘို့ Pregnancy Registry အစီအစဉ်တွေ လုပ်ထားတယ်။
• ကာကွယ်ဆေး တကြိမ် ထိုးထားသူ နောက် ၂ ကြိမ် ဆက်မထိုးခိုင်းတာဟာ စိတ်ချရတဲ့ဘက်ကနေ ပြောတာ ဖြစ်တယ်။ ကျန်တဲ့ ဆေး အကြိမ်ကို ကလေး ဖွါးပြီးမှ အဆုံးသတ်အောင်ထိုးပါ။
• ထိုးလိုက်မိသူ ကိုယ်ဝန်ဖျက်ပါလို့လဲ မညွှန်းပါ။
• ကာကွယ်ဆေးထိုးထားသူ နောင်ကလေးရဘို့ ဘာမှ ဆေးကြောင့် မခက်စေနိုင်ပါ။

Dr. တင့်ဆွေ
၅-၆-၂ဝ၁၁

Discussion

on 1.1.0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← တောင်ပို့ကို ရွှေတုံးမထင်မိစေဖိ…   Return to blog   ★မိဘတွေကို မပြောသင့်တဲ့ စကား(၁… →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.