အိမ်သာ မှန်မှန် ဆေးပါ ( ဖတ်ကြည့်စေချင်ပါသည် )

Posted on 16.9.2011 by pothi

တစ်ကိုယ်ရေ သန့်ရှင်းရေးသည် ကျန်းမာမှု၏ သုံးပုံနှစ်ပုံကို ဖြစ်စေကြောင်း လက်ဘနွန် စကားပုံ တစ်ခုက ဆိုထားပါတယ်။ ဩစတြေးလျနိုင်ငံမှ အဖွဲ့တစ်ဖွဲ့ က သန့်ရှင်းရေးဆိုင်ရာ စစ်တမ်း တစ်ခုပြု လုပ်ခဲ့ရာ လူငါးဦးလျှင် တစ်ဦးသာ သူတို့အသုံးပြုသော အိမ်သာကို သန့်ရှင်းရေးပြုလုပ် ကြကြောင်း သိရှိ ရပါတယ်။

သင်၏ အိမ်သာကမုတ် ပေါ်ရှိ ဧရိယာ ၁ စတုရန်း လက်မ အတွင်း၌ ဗက်တီးရီးယားပိုး ၃.၂ သန်း တွယ်ကပ်လျက်ရှိကြောင်း သိရပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ အိမ်သာကမုတ်အတွင်း ချောင်းမြောင်း တိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့် မသတီစရာ ဧည့်သည်များ စာရင်းများပဲ ဖြစ်ပါ တယ်။ သတိပေးစရာ အချက်တစ်ခုကတော့ ရေ လောင်းအိမ်သာခလုတ်ကို ဆွဲချတဲ့ အခါ အဖုံးကို ပိတ်ထားဖို့ပါပဲ။ ရောဂါ ပိုးမွှားတွေဟာ အမြင့် ၁.၈ မီတာအထိ ခုန်တက်လာနိုင်ပါတယ်။ သင်၏ သွားပွတ်တံပေါ်မှာ အမှုန်အမွှားလေး များသဖွယ် လာရောက် ကပ်ငြိနိုင်ပါတယ်။

(၁) ရှီဂဲလား (Shigella)

အပြင်းအထန် ဝမ်းလျှောခြင်း ဖြစ်စေလေ့ရှိသော အဓိက တရားခံ ဖြစ်ပါတယ်။ ဝမ်းကိုက် ဝေဒနာလည်း ဖြစ်စေပါတယ်။

(၂) စတက်ဖိုင်လို ကောကပ်စ် (Staphylococcus)-

Methicillin Resistant Staphylococcus Aureus-(MRSA) ပြီးလျှင် ဒုတိယအန္တရာယ် အပေးနိုင် ဆုံး ရောဂါပိုး ဖြစ်ပါတယ်။

(၃)ဆယ်လ်မွန်နဲလား (Salmonnella)

အစာ အဆိပ်သင့်ခြင်း ဖြစ်စေသော ပိုးဖြစ်ပါတယ်။

(၄) အီးကိုလိုင် (E .coli)

အကောင်းဆုံး၊ အသက်သာဆုံးပေးတဲ့ ဝေဒနာက ဗိုက်အောင့်ခြင်းဖြစ်ပြီး အဆိုးဆုံး ဝေဒနာကတော့ ကျောက်ကပ်စွမ်းရည် ကျဆင်းခြင်း ပြဿနာ ဖြစ်ပါတယ်။ ဒီ့ထက်လည်း ပိုနိုင်ပါသေးတယ်။

(၅) စထရပ်တိုကော့ကပ်စ် (Streptococcus)

လည်ချောင်းနာခြင်း၊ အရေပြားပေါ်မှာ အနာစက်ဖြစ်ခြင်း နှင့် ဦးနှောက်အမြှေးရောင် ရောဂါကို ဖြစ်စေနိုင်ပါတယ်။

(၆) အသည်းရောင်အသားဝါ အေဗိုင်းရပ်စ်ပိုး (Hepatitis-A Virus)

နေထိုင် မကောင်းခြင်း၊ အသားဝါ ခြင်းနှင့် ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။

 

 မှတ်ချက်။     ။ ကျန်းမာရေး နှင့် ဆေးပညာ ဂျာနယ်မှ ကူးယူတင်ပြပါသည်။

Discussion

on 1.1.0001 says:
pothi on 19.9.2011 says:

aspire566:

ကျန်းမာေ၇းအတွက်သိသင့်ဒါကိုဖေါပြပေးတဲ့အတွက်ကျေးဇူးပါ............Smile

yes........... Thank u .. u read of my blog........

aspire566 on 18.9.2011 says:

ကျန်းမာေ၇းအတွက်သိသင့်ဒါကိုဖေါပြပေးတဲ့အတွက်ကျေးဇူးပါ............Smile

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← နှင်းဆီပန်းတို့ ၏ အဓိပ္ပါယ်...…   Return to blog   ဘီလ်ဂိတ်ပြောတဲ့ ဘ၀(၁၁)ခု →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.