ပြောစကားနားမလည်ကြသူများ
Posted on 2.9.2009 by
phoaung008
မကောင်တာတွေကို ကျွန်တော်စဉ်းစားမိလို့ မကောင်းပါဘူးလို့ ပြောပြရင်လဲ စကားကိုနားမထောင်ကြဘူး။
နည်းနည်းလေးအလိုလိုက်ရင်လဲ များများအလိုလိုက်တာကို ထပ်ပြီးတော့ လိုချင်ကြပြန်တယ်။
အသိညဏ် စဉ်းစာဆင်ခြင်ညာဏ်နည်းတဲ့လူတွေနဲ့ ရေစက်ပါတာလဲ ကြာတော့စိတ်ကုန်လာတယ်။
တကယ်တော့ လူတွေဟာ ဆင်ရဲးတာ ချမ်းသာတာထက် နားလည်မှုအဆင့်အတန်းမြင့်မားဘို့ကပိုပြီးအရေးကြီးတာ။
ကိုယ်လုပ်နိုင်တာတွေကို အကောင်ဆုံးဖြစ်အောင်လုပ်ပြန်တော့ကိုယ်က ဂျပန်ခောတ်က အုန်းပင်တီက်မိတဲ့လူလို အုန်းပင်တွေ့တိုင်းလက်ညိုးထိုးပြီး အခိုင်းခံရတော့တာပါပဲ။
နေရာကောင်းနေရာမှန်မရတဲ့အပြင် ဝေဖန်ကဲ့ရယ်တာပဲခံရပြီး ၈ုံးမှာရောအိမ်မှာပါ စိတ်ညစ်စရာ စိတ်ဓါတ်ကြစရာတွေပဲ တွေ့နေရတယ်။
ကျွန်တော်လဲ လူပဲလေ။ လူတွေတော်တော်များများက ကျွန်တော်ကိုတော်တော်ခံနိုင်ရည်ရှိတယ်လို့ထင်ကြပေမဲ့ တခါတလေမှာကျွန်တော်က စိတ်ဓါတ်ကျတက်တာ လူ့သဘာဝပဲလေ။