Real love
Posted on 9.5.2010 by
nyeinmahaw08
Real love is never used to take away from other they would not otherwise freely give.
မေတ္တာ ဆိုတာ သူ့ ဘက်က ကျေကျေနပ်နပ် မပေးရင် ဘာကိုမှမလိုချင်မယူချင်ဘူး မေတ္တာ ဆိုတာ လူတစ်ယောက်ဆီက လိုအပ်ချက်တခုခု ကြောင့် မျှော်လင့်ချက်နဲ့  ပတ်သတ်တာမေတ္တာ မဟုတ်ဘူး ……..သူဆီက ဘာမှမရတောင် ချစ်နိုင်တာ မေတ္တာပါ မေတ္တာ ဆိုတာ ဆန်းကျယ်တဲ့ အရာ မဟုတ်ပါဘူး မေတ္တာဆိုတာ ကိုယ်ဆီမှာရှိမှ ကိုယ်တိုင်နားလည်မှ သူများကိုပေးနိုင်တဲ့ အရာပါ မေတ္တာ ဆိုတာဘာလဲ နားလည်လိုက်တာနဲ့ သူတပါးကို မေတ္တာ ဘယ်လိုပေးရမယ်ဆိုတာနားလည်သွားလိမ့်မယ်။
We are incapable of loving another unless we love ourselves
. မိမိ ကိုယ်ကိုမိမိမချစ် တတ်ရင်သူတပါးကိုလည်းမချစ်တတ်ပါဘူး မိမိကိုယ်ကို ဘယ်လိုချစ်လဲ သေချာစဉ်းစားကြည့်သင့်တယ် မိမိတွက်ကောင်းတာတွေဖြစ်ချင်တယ် ကောင်းတဲ့ သတင်းပဲကြားချင်တယ်လောကမှရှိတဲ့ ကောင်းတဲ့ အရာမှန်သမျှ ကိုလိုချင်တယ် မိမိတွက်ကောင်းတာတွေကိုစဉ်းစားသမျှ သူတစ်ပါးအတွက်ကိုလည်းကောင်းတာတွေ ကို စဉ်းစားပြီး ကိုယ်မကြိုက်တာမျိုးသူများမကြိုက်တာမျိုးကိုယ်ချင်းစာတရားနဲ့  စဉ်းစားချစ်တတ်ပေးရင် မိမိ ကိုလည်းချစ်တတ် သူတပါး ကိုလည်းချစ်တတ်လာလိမ့်မယ် ။
Genuine love is self –replenishing
မေတ္တာဆိုတာ စစ်မှန်ရင် သူ့ ဟာသူ ပြန် ပြီးဖြည့်သွားနေတာမျိုးပါ ။ မေတ္တာစစ်ဆိုတာ ကုန်တယ်လိုမရှိဘူး ပေးလိုက်ရလို့ ကုန်တယ်ဆိုတာမရှိဘူး ဘယ်လောက်ပေးပေးမကုန်ဘူး ပေးလေပြည့်လေဆိုတာမေတ္တာပါ။
Love out lives a lack of response
တကယ့် မေတ္တာစစ်ဟာ သူ့ ဘက်ကတုံပြန်မူမရှိလဲ ဆက်ပြီးရှိနေတာပဲ။ ကိုယ်လိုချင်တာ မရတော့ရင် မချစ်နိုင်တော့တာမေတ္တာမဟုတ်ပါဘူး
Cannot be taken back
မေတ္တာဆိုတာပြန်ရုပ်သိမ်းလို့ ပြန်တောင်းလို့ မရပါဘူး ငြိမ်းမဟော် ရဲ့ ဘ၀မှာ သူတပါးရဲ့ စိတ်ကိုပျော်ရွင်ဖို့ ကိုဦးစားပေးခဲ့ တိုင်းကိုယ်တိုင်ပျော်ရွင်ခဲ့ ရတယ် ငြိမ်းမဟော် မေတ္တာမရှာပါဘူး ငြိမ်းမဟော်မေတ္တာကိုပေးနေတာပါ ဒါကြောင့် ငြိမ်းမဟော် မှာ မေတ္တာစစ်နဲ့  ပတ်သတ်တဲ့အရာ တွေ ရှာစရာမလို ပဲ အမြဲပြန်လည်ရရှိပါတယ် ကိုယ်ကစစ်မှန်မူကို ပေးမှ စစ်မှန်မူဆိုတာကိုယ်ဆီပြန်လာတာပါ မေတ္တာ ဆို ဆန်းကျယ်တဲ့ အရာ တခုလို့  မထင်ပါဘူး မေတ္တာကို ကိုယ်ချင်းစာတရားနဲ့ ကြည့်မြင်လိုက်တာ နဲ့ နားလည်လက်ခံလွယ်တဲ့အရာတခု လို့ လက်ခံ ယုံကြည်နိုင်ပါတယ် …………………..။ လူတစ်ယောက်ရဲ့  လိုအပ်ချက်ကို ဖြည့်ပေးတိုင်း ကိုယ်ရဲ့ လုပ်အပ်ချက်က အလိုလိုပြည့်သွားတတ်တာမေတ္တာပါ ကိုယ် ပေးလိုက်တဲ့ အရာ ကမျှော့် လင်ချက် ကင်းမဲ့ လေဖြူစင်လေ ကိုယ်ပြန်ရတဲ့ အရာမှန်သမျှဖြူစင်လေပါ စစ်မှန်တဲ့ မေတ္တာက အေးချမ်း ပါတယ်။ ကိုယ်ဘာလိုချင်တယ်ဆိုတာထက်သူဘာလိုချင်တယ်ဆိုက ပိုအရေးကြီးလေ ကိုယ်ဘာလိုချင်တယ်ဆို တာ မရှိလေပါ ………….။ ငြိမ်းမဟော် က ကိုယ့်ကိုကိုယ်သိပ်ချစ်တတ်သူတစ်ယောက်ပါ တစ်ကိုယ်ကောင်းသမားမဟုတ်ပါဘူး ။ မိမိကိုယ်ကို ချစ်တတ်မှ သူတပါးကိုချစ်တတ်နိုင်မယ်ဆိုတာ ငြိမ်းမဟော်ကကောင်းကောင်းသိထားလို့ ပါ။ ငြိမ်းမဟော်ရင်ထဲမှာ စစ်မှန်တဲ့ အရာတွေ တောင်းတသလိုသူတစ်ပါးကိုလဲ စစ်မှန်တဲ့ အရာတွေပေးပါတယ် မေတ္တာတရားဆိုတာ မဆန်းကျယ်တဲ့ အရာ ဆိုတာ လူတိုင်းသဘောပေါက်လက်ခံနိုင်ပါစေလို့  ငြိမ်းမဟော် ဒီဘလော့ခ် ကနေ ဆုတောင်းပေးပါတယ်………….။ ချစ်ညီမလေး seagull အတွက်အမှတ်တရ။