ပြုံးလျှက်ပါ
Posted on 6.11.2009 by
nyeinmahaw08
မပိုင်တော့ဘူး ဆိုမှတော့
မဆိုင်တော့ဘူး ပေါ့ 
မပတ်သတ်တော့ဘူး ဆိုမှတော့
မငြိတွယ်တော့ဘူးပေါ့
မနှောင်ဖွဲ့ တဲ့ ရှင်းလင်းမှု့ ဆိုမှတော့
ဥပေက္ခာ ကို ဖက်တွယ် ပြီးဆုံးခြင်းကို ရှေးရူ့ 
ရင်နာဖွယ်တွေ ကို ခ၀ါ ချ
အမျက်မရှိ ချစ်သော အသိဖြင့် အမုန်းမထင်
အေးမြသော အပြုံး နှလုံးဆောင်ကာ
လွတ်မြောက် ငြိမ်သက် နေခဲ့ ရတာ
အကုသိုလ် ကင်း ချမ်းသာ ခြင်း ဖြင့် 
ကျေးဇူး တင်ကာ ............. ပြုံးလျှက်ပါ..........။