ဒါစေတနာလား ...............
Posted on 22.9.2009 by
nyeinmahaw08
The road to hell is paved with good intentions
ငရဲ သို့ သွားသောလမ်း သည် စေတနာကောင်း များဖြင့်ပြုလုပ် ထားသည် ဟူသော အင်္ဂလိပ်စကားပုံ တခု ရှိ ပါသည် ။
ပုဂ္ဂိုလ် တစ်ဦး ရဲ့ စေတနာကောင်းမကောင်း ဆိုတာ မည်သို့ သိနိုင်မလဲ
ခုခေတ် စိတ်ပညာ ရှင်တို့  အဆို ကတော့ အချို့ သောလူတို့  ရဲ့ သန့် ရှင်း
မွန်မြတ်သည်ဆိုသော စေတနာများနောက်မှာ မသိစိတ်ကိုလှည့်စား
ဖုံးဖိ ထားသော အတ္တ ၊မာန ၊ လောဘ၊ ဗျာပါဒ စသော ကိလေသာ
တရားများ ရှိနေတတ်တယ်တဲ့  ...............
မိမိကလေးကို နေ့ ရောညပါစာကျက်ခိုင်း ပြီးမနားမနေ ခိုင်း တဲ့ မိဘ
တွေ က တော့ကလေးပညာ ရေး ထူးချွန်စေလို သည် ဆန္ဒ ထက် နောင်
တချိန်ချိန် တွင် တခြားမိဘတွေ ကိုကြွားဝါလိုသော ဆန္ဒ က ပိုပြင်း ထန်
နေခြင်းဖြစ်ကောင်း ဖြစ်ပေမည် ............................
စေတနာ ကောင်းမကောင်း မှန်မမှန်ဆိုတာ မည်သို့ သိုရှိနိုင်မလဲ ဘယ်လို သိမလဲ ........................
လူက ဖြင့် အသက် က ကြီး လှပြီ ဒါပေမယ့် သူ မရှိရင်ပဲ သူ ကြီးကြပ် စီမံ
နေတဲ့  လုပ်ငန်း ဖရို ဖရဲ ဖြစ်မည် စိုးသောကြောင့် အငြိမ်းစား မယူခြင်း
ဖြစ်သည် ဆိုသော အရာ ရှိကြီး သည် စင်စစ် မိမိ ရာထူးကို တတ်မက်
ဖက်တွယ် ထားလိုသူ ဖြစ်နေတတ်သည်.......... ဒါစေတနာလား..........
ဘာပဲဖြစ်ဖြစ် သန့် ရှင်းမွန်မြတ် သော စေတနာဖြင့် လူတွေကျူးလွန်
နေတဲ့ ဒုစရိုက် တွေ ယနေ့ ထိ လူသမိုင်း တလျှောက် ဘယ်လောက်များခဲ့ 
ပြီး လဲ ......................
ရှေး အခါတုန်းက ရှမ်းပြည် မှာ ရှမ်းစော်ဘွား တဦးသေ လျှင် သူ့ အား
တမလွန်မှာ အခြွေရံ တွေ ရရှိစေလိုသောစေတနာနဲ့  ကျေးကျွန်
များကိုသတ် ပြီး အဲဒီရှမ်းစော်ဘွား နဲ့ အတူ မြုပ်နှံ ခဲ့ လေ့ရှိခဲ့ ဘူး တယ်
ဒါစေတနာလား..... မြန်မာဘုရင်တို့ သည် သာသနာပြု ရန် အိမ်နီးချင်း
နိုင်ငံ များကိုချီတက် တိုက်ခိုက် သတ်ဖြတ်ဘူး တယ်.........
ဒါစေတနာလား........
ဟစ်တလာက လည်း မိမိ အမျိုးသားများကောင်းစားရေးဆိုပြီး ရဟူဒီ
များကို သန်းနဲ့ ချီ သတ် ဖြတ်ခဲ့ ဘူး တယ် .............
ဒါစေတနာလား........... အမေရိကန်တို့ သည် ဒုတိယ ကမ္ဘာစစ်ပြီး
ဆုံးစေတဲ့  စေတနာနဲ့  ဂျပန်မြို့ ကြီး 2 ခု ကို အဏုမြူဗုံး ဖြင့်
တိုက်ခိုက်ခဲ့ တယ် ............... ဒါစေတနာလား.............
နိုင်ငံတွေမှာပြည်သူလူထု ကောင်းစားရေး ဆိုပြီး စစ် အဏာ နဲ့ သိမ်းယူ ခဲ့ 
ပြီး ကိုယ့်လူမျိုး အချင်းချင်း သတ်ဖြတ်ခဲ့ တာ တွေ က ရော ...
ဒါစေတနာလား ...................
ဘုရားရှင်အလို ရ ပြောသင့်သောစကား ကို ကြားနားမည့်သူ
အချိန်ကာလ ၊နေရာ နှင့ှ်အခြား အချက်များ ထည့်သွင်းစဉ်းစား ပြော
ဆို သင့်သည် ဘုရားရှင်ဟောတဲ့ အကျင့်သီလ သော့ချက်က အသိဥာဏ်ပညာ ပင်ဖြစ်သည်
မြန်မာ ဗုဒ္ဒ၀ါဒီ တို့ သည် အများအားဖြင့် ထိုအချက်ကို သတိမမူကြ ပဲ
အကျင့်သီလ တွက် စေတနာသည်သာအရေးကြီး သည် စေတနာ
လုပ်သောအမူများသည် မှန်ကန်သည်ဟုစွဲမှတ်ထား ကြ သည်.............
ဘုရားရှင်လက်ထက်က ရောဟဏီ ဆိုတဲ့  ကျွန်မ သည် အမိနဖူး မှာ
ကိုက်နေသောခြင်ကိုကျဉ်ပွေ့ နဲ့  ရိုက် လို့ အမိသေဆုံး ခဲ့ ဘူးသည်
ထိုကြောင့် ဘုရား ရှင် က အသိပညာ ရှိသော သူဖြစ်ပါမူရန်သူပင်ဖြစ်
သော လည်းတော်ပါသေးသည် ၊ ပညာမဲ့ သော သူမိုက်သည်က မိမိ
အကျိုး ကိုလိုလားသောသားသမီး ပင်ဖြစ်သော်လည်း မကောင်း လို့ 
ဟောကြားခဲ့ ဘူး ပါတယ်။ ဒုက္ခရောက်နေသော ပြည်သူ တွေကို ကူညီ
လိုသောလည်း ကူညီပုံနည်း ဟန်လွဲမှား နေပါက သူ့  စေတနာ မှာ
ပြည်သူတွေ့ တွက်တော့ ဒုက္ခဝေဒနာ ဖြစ်နေတတ်ပါသည်။
ပညာမဲ့ သော သူမိုက်တစ်ယောက်ရဲ့ စေတနာ ကရော ........
ဒါစေတနာလား............................