အကောင်းကိုဖြစ်စေအဆိုးကိုဖြစ်စေ ကျေနပ်လက်ခံနိုင်ပါစေ
Posted on 12.6.2009 by
moechitthu_tgo
ကောင်းတဲ့စကားကို လူတွေကလက်ခံနိုင်ဖို့လွယ်သလောက် မကောင်းတာဆိုရင် လက်ခံဖို့တွန့်တိုတက်ကြတယ်။
တုန့်ပြန်ဖို့ ဟန်ပြင်တော့တာဘဲလေ။လောဘ၊ဒေါသ၊မောဟတွေနဲ့ အခြခံပြီးတော့ အချင်းချင်း အငြင်းတွေ
ပွါးနေမယ်ဆိုရင် အဖိုးတန်အချိန်တွေအလကားကုန်ဆုံးသွားလိမ့်မယ်။ကိုယ်ဘယ်လောက်ကောင်းသလဲတိုတာ
မိမိကိုယ်ကိုယ် အမှန်အတိုင်းမြင်ဖို.တော့လိုတယ်နော်။
လူတွေဟာအပြစ်တင်စကားကိုခက်သွက်သွက်ပြောဖို.လွယ်သလောက် ချီးမွမ်းမကားပြောဖို.တော့
ခက်ခဲကြတယ်လေ။
လူတစ်ယောက်ကိုနစ်နာအောင်ပြောတော့မယ်ဆိုရင် ငါသာသူ့နေရာမှာဆိုခံနိုင်ပါ့မလား၊ခံနိုင်ရည်ရှိပါ့မလားဆိုတဲ့
စာနာစိတ်ကလေးနဲ့ ပြောမယ့်စကားတွေရင်ထဲမြိုချလိုက်တာအကောင်းဆုံးပါ။
ကိုယ့်ကိုယ်ကိုယ်အမှန်အတိုင်းမြင်ချင်တယ်ဆိုရင်တော့
၁၊ ကိုယ်ရဲ့အားနည်းချက်တွေကိုအရင်စဉ်းစားပါ
ကိုယ်မှာခဲ့တာတွေကိုတွေးကြည့်ပါ
ကိုယ့်အမှားတွေ အားနည်းချက်တွေကို ပြုပြင်ပြီးပြီလား
ခုထိမပြုပြင်ရသေးဘူးဆိုရင်တော့ပြုပြင်နိုင်ဖို.ကြိုးစားပါ။
ဘ၀ဆိုတာစိတ်ပျက်အားငယ်စရာနေစရာတစ်ခုမှမဟုတ်တာ။ဒါကြောင့်မိမိကိုယ်ကိုယ်မညှာတာဘဲ
ဆန်းစစ်ပါ။
အဲ့လိုဆိုရင် ကိုယ်ဘာလိုနေသေးလဲဆိုတာကိုယ့်ဘာသာကိုယ်သတိထားမိလာတဲ့အတွက်သူများရဲ့
ဝေဖန်မှုတွေကိုလက်ခံနိုင်လာမယ်။
ကိုယ့်မှာအားနည်းချက်တွေရှိသလို အားသာချက်တွေ ရှိတာလည်းသိလာလိမ့်မယ်အမှန်အတိုင်းမြင်ဖို.တော့
ကိုယ့်အားသာချက်တွေကိုသတိထားဖို.လိုတယ်နော်။
ဘ၀ဆိုတာ တိုက်ပွဲပေါင်းများစွာ ရှိနိုင်ပါတယ်။တချို့အဖြစ်အပျက်တွေကကိုယ်တိုင်ဖန်တီးယူလို.ရပေမဲ့
တ ချို့ကတော့ ကိုယ်တိုင်ဖန်တီးခွင့်မရပါဘူး။အကျိုးအကြောင်းကြောင်းကြောင့်ဖြစ်ပေါ်လာရတဲ့ ကံကြမ္မာဆိုတဲ့
တရားသူကြီးရဲ. စီရင်ချက်တွေအတိုင်းနာခံကြရပါတယ်။
တစ်ခါတစ်ခါကံကြမ္မာတရားသူကြီးရဲ့ စီရင်ချက်တွေက ရက်စက်တတ်တယ်၊ခါးသီးတယ်၊နှစ်မြို့ဖွယ်ရာမဟုတ်ဘူး
မခံချင်စရာတွေပေါ့။
သို.ပေမဲ့လည်း တွန်းလှန်အားငြင်းဆန်နိုင်စွမ်းတော့ မရှိပါဘူး။ မလွဲမသေကြုံရမှာဘဲလေ။
အဲ့ဒီအခါထိုအဖြစ်အပျက်တွေကိုဥပေက္ခာပြု၊လျစ်လျူရှုနိုင်မယ်ဆိုရင်စိတ်သက်သာရပါမယ်။
ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်အမှန်အတိုင်းမြင်ထားမယ်ဆိုရင် အကောင်းကိုဖြစ်စေ၊အဆိုးကိုဖြစ်စေ
ကျေကျေနပ်နပ်လက်ခံနိုင်လာပါမယ်။
ဒါမှလည်းကိုယ့်ကိုယ်မဟုတ်တာတွေပြောထားတဲ့စကားတွေသူများပြန်ပြောလို့
ကြားရလည်းဘယ်မှာလာပြီးတုန်လှုပ်တော့မှာလဲနောာာာာာာာာာာာ်
ဒါကြောင့်အကောင်းကိုဖြစ်စေ၊အဆိုးကိုဖြစ်စေကျေနပ်လက်ခံနိုင်ကြပါစေ။