သို့လော...........သို့လော
Posted on 20.7.2009 by
linyongshein
သို့လော.....သို့လော
ဖယ်ရီဂိတ် ကျောင်းကားပေါ်တွင်
လူတွေစုရုံး တ၀ုန်းဝုန်းနှင့်
ဖဲချပ်ရိုက်သံ တစ်ညံညံ
တဖတ်ဖတ်သံ မိုးသို့ညံ
ကားပေါ်ရုတ်တရက် တက်လာသံ
အပြင်လူလော ကျောင်းသားလော......။
ရုတ်တရက် တ၀ုန်းဝုန်း ထလို့ပြေး
အဘယ်ကြောင့်များနည်း...။
လှည့်အကြည့်မှာ တွေ့မိတာ
တိုက်ပုံကြီးနဲ့ လူကြီးပါ
မော်ကွန်းထိန်းလော.....ပါချူပ်လော.....??
ရာမလုလင်
ဒီကဗျာက ၂၀၀၄-၂၀၀၅ပညာသင်နှစ် ရန်ကုန်စီးပွားရေးတက္ကသိုလ်က ရာမလုလင်ဆိုတဲ့ ကျောင်းသားလေးတစ်ဦး ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ အနော်တို့ရဲ့ စီနီယာတွေပေါ့။ ကဗျာကောင်းတစ်ပုဒ်မို့ ဖော်ပြလိုက်ပါတယ်။
လင်းရောင်ရှိန်