အာစရိယပူေဇာ္ပြဲ

Posted on 3.1.2014 by komoethae00

Discussion

on 1.1.0001 says:
komoethae00 on 8.9.2017 says:

ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းကြီးသည် (၁၉၆၄-၆၅) ပညာသင်နှစ်တွင် တွဲဖက် အလယ်တန်းကျောင်းအဖြစ်မှ စတင်၍ တွဲဖက်အထက်တန်းကျာင်း၊ အထက်တန်းကျောင်း စသည်ဖြင့် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ပြီး ယခုဆိုလျှင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအဖြစ် ဂုဏ်ယူဝင့်ထည်စွာ ခေတ်အဆက်ဆက် နိုင်ငံ့သားကောင်း၊ သမီးမွန်များမွေးထုတ်ပေးရာ ကျောင်းတော်ကြီး အဖြစ် ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း(၅၀)ကျော်ကာလသို့ပင် ရောက်ရှိလာပြီ ဖြစ်ပါသည်။

 

            ပန်းပုဆရာ၏ စိတ်ကူးဖန်တီးမှုနှင့် ထုဆစ်မှုကြောင့် လှပတင့်တယ်ရှုချင်စဖွယ်သော ပန်းပုရုပ်များ ဖြစ်လာရပါသည်။ အိုးထိန်းသည်၏ ပုံဖော်မှုကြောင့် ဒေါင်ဒေါင်မြည်သော အိုးများပေါ်ထွန်းလာရသည်။ မီးပြတိုက်၏ လမ်းညွှန်မှုကြောင့် ပင်လယ်ကူးသင်္ဘောတို့ ဘေးရန်ကင်းရှင်းစွာဖြင့် ပန်းတိုင်ခရီးသို့ ရောက်နိုင်ကြသည်။ ဥယျာဉ်မှူး၏ ပြုစုပျိုးထောင်မှုကြောင့် ပန်းမျိုးစုံတို့သည် ရောင်စုံတင့်ဆန်းကာ ပွင့်လန်းလာကြသည်။ ထို့အတူပင် ဆရာသခင် ကျေးဇူရှင်တို့၏ ဆုံးမပဲ့ပြင်၊ ပညာသင်ကြားပေးမှုကြောင့် အနာဂတ်၏ လူငယ်မျိုးဆက်သစ်များသည် ပညာတတ်ပွန်၊ လူရည်မွန်များ ဖြစ်လာကြရသည်။ သို့ဖြစ်လေရာ ဤကျောင်းတော်ကြီးတွင် ခေတ်အဆက်ဆက် ပန်းပျိုးလက် အလင်းရှင်များအဖြစ် အလင်းတံခါး ဖွင့်ပေး ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများမှာ အသက်အရွယ်အားဖြင့် ကြီးရင့်နေကြပြီး အငြိမ်းစားယူသွားကြ သူများ၊ ကျောင်းတော်ကြီးမှ ပြောင်းရွေ့သွားကြရသူများ၊ တာဝန်ထမ်းဆောင်ဆဲ ဆရာ၊ ဆရာမများ အဖြစ်နှင့် အားတက်သရော ပညာအမွေပေးခဲ့ကြသူ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များအဖြစ် ရောက်ရှိနေကြပေပြီး။ ကျောင်းတော်ကြီးမှ ပညာရည်နို့ သောက်စို့ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူဟောင်းများမှာလည်း အသီးသီးသော လုပ်ငန်းခွင်တို့၌ ကျရာကိုယ်စီတာဝန်များကို ထမ်းဆောင်ရင်းဖြင့် ဆရာများ၏ အနန္တဂုဏ်ကျေးဇူးကို အောက်မေ့သတိရ ပူဇော်ကန်တော့ခဲ့ကြ ဆောင်ရွက်ခဲ့ကြသည်မှာ ယခုဆိုလျှင် ဆဋ္ဌမအကြိမ်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ 

precio123 on 11.9.2014 says:

My name is precious. i am a female i was impressed when i saw your profile today, and i will like to established a long lasting relationship with you. in addition, i will like you to reply me through my private email box; preciousadlanbaby@gmail.com ) so i can give you my picture, for you to know whom i am and i believe we can move from here! waiting to hear from you soonest. (remember the distance or colour does not matter but love matters a lot in life) and a business proposal for both of us. please contact me here preciousadlanbaby@gmail.com ) Precious.

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
Return to blog
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.