ကျွန်တော်နှင့် ပျော်စရာများ

12-11-2009 တွင် တင်ထားသည်။ yb

သူငယ်ချင်းနမ်းမ၀ တိုက်တွန်း၍ ငြိမ်းမဟော်ဖိတ်ခေါ်ခဲ့ခြင်း ပင် ဖြစ်သော်လည်း ကျွန်တော်ကိုယ်တိုင် ခံစားမိခဲ့ရသော ပျော်စရာများ ကို ဖော်ပြချင်လာပါသည်။ သူငယ်ချင်းများ မျှဝေခံစားနိုင်အောင်လည်း သည်စာကို ရေးမိပါသည်ခင်ဗျာ။

1။    ကျွန်တော်ငယ်ငယ် ကလေးဘ၀က ဆိုလျှင် မနက်မိုးလင်းအိပ်ရာနိုးသည်နှင့် ကျွန်တော့ဘွားဘွား ၀ယ်ထားသော မုန့်စိမ်းပေါင်း အထုပ်ကလေး မြင်လျှင် အုန်းသီးနံ့ မွှေးမွှေးကလေး၊ မုန့်ကိုထုပ်ထားသော အင်ဖက်ရွက် အနံ့ သင်းသင်းကလေး ရမိသည်နှင့် အရမ်းပျော်ပါသည်။

2။    ငယ်စဉ် မူလတန်းကျောင်း တက်စဉ်က ကျောင်းများဖွင့်ခါစ ဆရာဆရာမများက ကျွန်တော်တို့နှင့် သက်ဆိုင်သော ဘာသာရပ်စာအုပ်များ ထုတ်ပေးစဉ်က ဆိုလျှင် ဖတ်စာအုပ်အသစ်များမှ ရရှိသော မိမိ နားမလည်သေးသော်လည်း အိမ်မှ ယူလာသည့် လွယ်အိတ်အသစ်ထဲ ၎င်းဖတ်စာအုပ်များ ထည့်ထားပြီး ဆရာဆရာမများ မအား၍ စာမသင်နိုင်သေးသောအချိန် လွယ်အိတ်အသစ်ကို စာသင်ခုံပေါ် တင်ထားရင်း လွယ်အိတ်ပေါ် ခေါင်း တင်၍ စာအုပ်ရနံ့ကလေးအား ခံစားရင်း ပျော်မိပါသည်။

3။     ဒဿမတန်း စာမေးပွဲအောင်တုန်းက စိတ်ထဲတွင် ဘာမှ မထူးခြားသော်လည်း တက္ကသိုလ် မေဂျာများ လျှောက်လွှာတင်ချိန်တွင် ကျွန်တော်သင်ယူလိုသော ဘာသာရပ်သည် မေဂျာ ကျသဖြင့် အဲဒီတစ်ကြိမ်တွင်လည်း ပျော်ပါသည်။

4။     ကျွန်တော် အိမ်မှထွက်၍ ပြင်ပလောကတွင် ကျင်လည်လှုပ်ရှားရင်း တစ်ရံတစ်ခါ အိမ်သို့ ပြန်သည့် အချိန်များအတွက် ခရီးသွား ဘတ်စ်ကားများ စီး၍ ပြန်လာရာ လမ်းတစ်လျှောက် လယ်ကွင်းပြင်များ ကြည့်ရင်း မွေးရပ်ဒေသ အရသာကို ခံစားရလျှင် ပျော်မိပါသည်။

5။     ပြင်ပတွင် လူချင်းမဆုံမိသော်လည်း အွန်လိုင်းပေါ်မှတဆင့် အရောင်မဆိုးသော ခင်မင်မှုဖြင့် ဖြူစင်စွာခင်မင်ခွင့်ရှိသော သူငယ်ချင်းများနှင့် သိကျွမ်းရသည့် အခါ ကျွန်တော်ပျော်မိပါသည်။

6။     တစ်ခါတစ်ရံ အယူအဆတစ်ခုအတွက် စိတ်ဓါတ်တိုက်ပွဲလေးများ ရင်ဆိုင်ရသည့်အခါ ကျွန်တော် တင်ပြလိုသည့်အကြောင်းအရာကို တစ်ဖက်သူ နားလည်သဘောပေါက်သွားသည့် အချိန်မျိုးတွင် ကျွန်တော် ပျော်ပါသည်။

7။     တစ်ခါတစ်ရံ လမ်းဘေးတွင် အစားအသောက်တစ်ခုတည်းအတွက်သာ အလုပ်လုပ်သော သူများအား ကျွန်တာ်၏ ချွေးနှီးစာ လေးများထဲမှ တစ်ချို့တစ်လေ စွန့်ကြဲပေးကမ်းလှူဒါန်းလိုက် သောအခါတွင်လည်း ထိုသူအတွက် ကျွန်တော် ပျော်မိပါသည်။

8။     လောကအကြောင်း ဘာဆိုဘာမျှ မသိသေးသော ချစ်စဖွယ် ကလေးငယ် တစ်ဦးဦး၏ ပါးပြင်ကို သဘောကျနှစ်ခြိုက်စွာ နမ်းမိသော အခါတွင်လည်း ကျွန်တော်ပျော်ပါသည်။

9။    တစ်ခါတစ်ရံ ညီလေးနှင့် ရန်ဖြစ်ခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် ကျေလည်အောင် အပြန်အလှန် ချော့ကြသောအခါတွင်လည်း ကျွန်တော်ပျော်ပါသည်။

10။   အဝေးမှ ပြန်လာတိုင်း မိသားစုအတွက် လက်ဆောင်ပစ္စည်းကလေးများ တနင့်တပိုး သယ်လာတတ်ပြီး ၎င်းပစ္စည်းများကို မိသားစုဝင်များ စိတ်ဝင်တစား ကြည့်ရှု ယူငင်ကြသည်ကို တွေ့မြင်ရသော အချိန်တွင်လည်း ကျွန်တော် ပျော်တတ်ပါသည်။

11။    လိုအပ်နေသောသူအား တတ်နိုင်သမျှ ပေးစွမ်းဖြည့်ဆည်း ပေး၍ ထိုသူ ကျေနပ်သည်ကို တွေ့ရလျှင်လည်း ကျွန်တော် ပျော်ပါသည်။

12။    ငယ်ငယ်ကဆိုလျှင် ဥပုသ်နေ့တိုင်း ဘိုးဘိုးနှင့် ဘုန်းကြီးကျောင်းအတူသွား၍ ဖိုးဖိုးက တရားနာ၊ ကျွန်တော်က ဘုန်းကြီးကျောင်းမှ ပေးသောလဘက်ရည် သောက်ရလျှင် ကျွန်တော်ပျော်ပါသည်။

13။   ရပ်ကွက်စေတီဖြစ်သော ရန်ကင်းစေတီ၊ ချမ်းသာကြီးစေတီ စသဖြင့် ဂေါပကသာရှိ၍ ဘုန်းကြီးမရှိသော စေတီများအား ပြုပြင်၊ ပြင်ဆင် မွမ်းမံရာတွင် ကုသိုလ်ပါဝင် တစ်တပ်တစ်အား လုပ်အားပေးရသောအခါများတွင် ကျွန်တော် ပျော်ပါသည်။

14။    ရံဖန်ရံခါ မိုးများအုံ့ဆိုင်း၍ ပတ်ဝန်းကျင်တစ်ခွင်လုံး မည်းမှောင်နေကာ အေးစိမ့်သော ရာသီဥတုမျိုးနှင့် ကြုံတွေ့ရလျှင် နေ့ခင်းဖက်ပင်ဖြစ်ပါစေ နှစ်ခြိုက်စွာ အိပ်ရတော့မည်မို့ ကျွန်တော် ပျော်ပါသည်။

15။    ကျွန်တော့ဘ၀တွင် ပထမဦးဆုံး အကြိမ် လေယာဉ်ပျံကြီး စီးပြီး ခရီးသွားရသော အခါ ကျွန်တော် ပျော်ပါသည်။

16။    တစ်ခါတစ်ရံ ကျွန်တော်မသိသေးသောအကြောင်းအရာတစ်ခုကို သိထားနှင့်ပြီးသော သူတစ်ယောက်ထံ မေးမြန်း၍ တဆင့်သိလာရသောအခါ ကျွန်တော်ပျော်ပါသည်။ ကျွန်တော် သိထားပြီးသော အကြောင်းအရာတစ်ခုအား မသိသေးသောသူမှ မေးမြန်းလာ၍ ပြန်လည် ဖြေကြား ပေးရသော အခါမျိုးများတွင် ကျွန်တော် ပျော်ပါသည်။

17။    ဘ၀တွင် နှစ်သက်သော ပျော်စရာများစွာ ဖြတ်သန်းခဲ့ပြီး ထိုပျော်စရာများအား အကုန်မမှတ်မိ တော့သော်လည်း အကြောင်း တိုက်ဆိုင်၍ ပြန်လည် စဉ်းစားမိသော အခါတိုင်း အခါတိုင်းတွင်လည်း ကျွန်တော် ပြန်လည် ပျော်မိပါသည်။

18။    တစ်ရံတစ်ခါ ကျွန်တော့မေမေအတွက် အင်္ကျီ၊ ထဘီ အစရှိသည့် ပစ္စည်းလေးများဖြင့် ကန်တော့ ရသော အချိန်များ၊ ခရီးထွက်ခါနီးတိုင်း ကျွန်တော့မေမေကို ကန်တော့သည့်အချိန် မေမေ ဆုပေးနေသောအချိန်များ တွင် ကျွန်တော်ပျော်ပါသည်။

19။    သိတတ်သည့် အချိန်မှ စ၍ ယနေ့အချိန်အထိတိုင်အောင် ကျွန်တော့ဘ၀တွင် တတ်နိုင်သလောက် မိဘစိတ်ချမ်းသာအောင် ဆင်ခြင် နေထိုင်ခြင်းအားဖြင့် မိဘကျေးဇူးဆပ် နေခြင်းအပေါ် ကျွန်တော် ပျော်မိပါသည်။

18။    သည်စာဖတ်၍ သူငယ်ချင်းနမ်းမ၀နှင့်တကွ အခြားသော သူငယ်ချင်းများလည်း ကျွန်တော်၏ ခံစားမိသော ပျော်ရွှင်မှုများ ကူးစက်ပါစေသတည်း................။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
yb on 03-12-2009 ပြောသည်။
linyongshein:

ဒီ blogလေးနဲ့ commentလေးတွေကို ကြည့်ရင်း အနော်လည်း တဖြည်းဖြည်း ပျော်လာတယ်ရှင့်။

ဒါဆိုညီမလေးလည်း ပျော်ခဲ့ဖူးတာလေးတွေ ပြန်တွေးရင်း ရေးပေါ့ကွာ

 

linyongshein on 03-12-2009 ပြောသည်။

ဒီ blogလေးနဲ့ commentလေးတွေကို ကြည့်ရင်း အနော်လည်း တဖြည်းဖြည်း ပျော်လာတယ်ရှင့်။

yb on 17-11-2009 ပြောသည်။

nainghtataung76:

လူတိုင်းတွေးတတ်နေတတ်မယ်ဆို၇င်မှာပျော်စ၇ာတွေက အများကြီးပါ တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်ချင်း ခံယူချက်ချင်းမတူညီနိုင်သလို  စိတ်ရဲ.ံခံစားချက်ခြင်းကလဲတူနိုင်မယ်မထင်ပါဘူး-ဘုန်းကြီးက ဘု၇ားဟောဒေသနာနဲ.ဟောသလို တ၇ားသူကြီးကလဲ ဥပဒေရှုထောင့်ကနေပဲ ပြောမှာ

ပဲ၊ဆ၇ာဝန်ကဆေးပညာပိုင်းဆိုင်၇ာနဲ.ပြောမယ်၊စစ်ဗိုလ်ချုပ်ကစစ်ေ၇းအမြင်နဲ.ကြည်.ပြောမယ်

ကျောင်းဆ၇ာက စာပေအမြင်နဲ.ပြောမှာပဲ- အဲလိုပါပဲ တ၇ားထိုင်တဲ့သူက တ၇ားမှတ်တဲ့  အမြင်  နဲ.ပြောသလို တ၇ားမထိုင်ဘူးသေးတဲ့သူကလဲ  သူသိတဲ့အမြင်လေးနဲ.ပြောကြမှာပဲ- ဘာပဲံပြော ပြောအားလုံးက ကိုယ့်အမြင်နဲ.ကတော့ မိမိရဲ.ခံစားချက်နဲ.ထပ်တူ မှန်နေကြမှာပါ- ဒီတော့ပျော်တာ   ပဲဖြစ်ဖြစ်၊၀မ်းသာတာပဲံဖြစ်ဖြစ် မိမိကိုယ်ကို အတိုင်းအတာတစ်ခုအထိတော့ ကျေနပ်ပီတိဖြစ်စေ   မှာကတော့ အားလုံးအတွက် မငြင်းနိုင်ဘူးလို. ယူဆမိပါတယ်-

ဟုတ်ပါတယ်ခင်ဗျာ။ ကျွန်တော်လည်း ဒီလိုပဲ ခံယူမိပါတယ်။

yb on 17-11-2009 ပြောသည်။

nyeinmahaw08:

 

nyeinmahaw08:

ကဲ အကိုရေ  အားပေးတယ်ကွာ အကိုရဲ့ အပျော်တွေ ကို ငြိမ်းမဟော် ပီတိ အပြုံးနဲ့ ဘေးက ကြည့်နေသလို့  ပဲကြည်နူးမိပါတယ်ရှင် ........................ 

အော်မေ့နေသေးလို့   မမနန်းမ၀ ကိုလဲ  ငြိမ်းမဟော်တို့  ပြန်လည် ဖိတ်ခေါ်နိုင်မယ်  ပို့ စ် တွေ ပြန်ရေးစေရအောင်  .............  နောက်တခါ မမ ကိုခေါင်းပြန်စား မယ်လေ  .........သဘောတူလား .............

 

တူပါတယ်ဗျာ၊ ကျွန်တော်လည်း ခေါင်းစဉ်ရှာလိုက်မယ်လေ။

nan_ma_wa on 16-11-2009 ပြောသည်။

ခေါင်းစားတာနောက်...

မွေးနေ့ရောက်တော့မယ်

ကဗျာလက်ဆောင် ရေးပေးအုံး...

မပေးလို့ကတော့..ဟင်း...

Cool

nyeinmahaw08 on 16-11-2009 ပြောသည်။

 

nyeinmahaw08:

ကဲ အကိုရေ  အားပေးတယ်ကွာ အကိုရဲ့ အပျော်တွေ ကို ငြိမ်းမဟော် ပီတိ အပြုံးနဲ့ ဘေးက ကြည့်နေသလို့  ပဲကြည်နူးမိပါတယ်ရှင် ........................ 

အော်မေ့နေသေးလို့   မမနန်းမ၀ ကိုလဲ  ငြိမ်းမဟော်တို့  ပြန်လည် ဖိတ်ခေါ်နိုင်မယ်  ပို့ စ် တွေ ပြန်ရေးစေရအောင်  .............  နောက်တခါ မမ ကိုခေါင်းပြန်စား မယ်လေ  .........သဘောတူလား .............

 

nainghtataung76 on 16-11-2009 ပြောသည်။

လူတိုင်းတွေးတတ်နေတတ်မယ်ဆို၇င်မှာပျော်စ၇ာတွေက အများကြီးပါ တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်ချင်း ခံယူချက်ချင်းမတူညီနိုင်သလို  စိတ်ရဲ.ံခံစားချက်ခြင်းကလဲတူနိုင်မယ်မထင်ပါဘူး-ဘုန်းကြီးက ဘု၇ားဟောဒေသနာနဲ.ဟောသလို တ၇ားသူကြီးကလဲ ဥပဒေရှုထောင့်ကနေပဲ ပြောမှာ

ပဲ၊ဆ၇ာဝန်ကဆေးပညာပိုင်းဆိုင်၇ာနဲ.ပြောမယ်၊စစ်ဗိုလ်ချုပ်ကစစ်ေ၇းအမြင်နဲ.ကြည်.ပြောမယ်

ကျောင်းဆ၇ာက စာပေအမြင်နဲ.ပြောမှာပဲ- အဲလိုပါပဲ တ၇ားထိုင်တဲ့သူက တ၇ားမှတ်တဲ့  အမြင်  နဲ.ပြောသလို တ၇ားမထိုင်ဘူးသေးတဲ့သူကလဲ  သူသိတဲ့အမြင်လေးနဲ.ပြောကြမှာပဲ- ဘာပဲံပြော ပြောအားလုံးက ကိုယ့်အမြင်နဲ.ကတော့ မိမိရဲ.ခံစားချက်နဲ.ထပ်တူ မှန်နေကြမှာပါ- ဒီတော့ပျော်တာ   ပဲဖြစ်ဖြစ်၊၀မ်းသာတာပဲံဖြစ်ဖြစ် မိမိကိုယ်ကို အတိုင်းအတာတစ်ခုအထိတော့ ကျေနပ်ပီတိဖြစ်စေ   မှာကတော့ အားလုံးအတွက် မငြင်းနိုင်ဘူးလို. ယူဆမိပါတယ်-

nan_ma_wa on 15-11-2009 ပြောသည်။

BiggrinLolRazzCool

thidange on 14-11-2009 ပြောသည်။

ပျော်တာနဲ.၀မ်းသာတာ နှစ်ခုသိပ်မကွာခြားလှပါဘူး။

အချို.တရားထိုင်သောသူများ ၀င်တယ်၊ထွက်တယ်လို. မှတ်ယူပြီးတရားထိုင်တယ်။

အဲဒါကိုဘာဖြစ်လို. ၀င်တယ်၊၀င်တယ်။ ဒါမှမဟုတ်ရင် ထွက်တယ်ထွက်တယ် ပဲရွတ်ဆို

လို.ရမလား လို.သွားမေးကြည့်ရင်ထိုသူဘာပြန်ဖြေသလဲကျွန်မကိုပြန်ပြောပြပါ။

အဲဒါပြီးမှရှင်သိချင်တဲ့ပျော်တာနဲ.၀မ်းသာတာ နဲ.ဘာကွဲသလဲဆိုကျွန်မ သေသေ

ချာချာ ရှင်းပြပေးမယ်...ဟုတ်ပြီးလား။

shwezinu1961 on 14-11-2009 ပြောသည်။

ဟိုအပေါ်ဆုံးက မမ ရေ ပျော်တာနဲ့ ၀မ်းသာတာ ဘာကွဲ သလည်းဗျာ ကျနော် တကယ်မသိလို့ပါ။ ကျေးဇူးပြုပြီးရှင်းပြပေးပါ

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← မြိုသိပ်ခြင်း   Blog သို့ပြန်သွားသည်။   အကယ်၍ သင်သာဆိုလျှင် →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။